Monday 17 October 2011

“အကောင်းဘက်သို့ပြောင်းလဲမှသာ”

(အဝေးရောက်သံတမန်တဦး)

ကမBာပေါ်တွင် ဘက်ပေါင်းစုံ၌အင်အားကြီးမားသော အမေရိကန်ပြည်ထောင်စုကြီး ကို အပြောင်းအလဲပြုလုပ်ရန်အချိန်တန်ပြီဆိုသောကြွေးကြော်သံဖြင့် မဲဆွယ်လာခဲ့သော ဘာရက်အိုဘားမားနှင့် သူ၏ဒီမိုကရက်တစ်ပါတီတို့သည် အာဏာရသွားခဲ့ပါသည်။
အီ ရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲကြီးနှစ်ခုကိုအဆုံးသတ်လိုသောဆန္ဒ ကမBာ့ငွေရေးကြေးရေး ကပ်ဆိုးကြီးကိုကုစားလိုသောဆန္ဒနှင့် ရုံးတင်မစစ်ဆေးဘဲဖမ်းဆီးထားသော မူဆလင်စစ် သွေးကြွများပြဿနာကို အဆုံးသတ်လိုသောဆန္ဒတို့သည် အကောင်းဘက်သို့ဦးတည် သော အမေရိကန်ပြည်သူများနှင့် သမတကြီးဘာရက်အိုဘားမား၏ စေတနာမွန်ပင်ဖြစ်ပါ သည်။

မြန်မာပြည်သားများ၏ဆန္ဒမွန်

အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တန်းတူညီတူရရှိ ရေး အမျိုး ဘာသာ သာသနာပြန်လည်ထွန်းကားပြီး လူမျိုးတရပ်လုံး လွတ်လပ်ရေး ညီ ညွတ်ရေးနှင့် ကြီးပွါးချမ်းသာရေးတို့သည် မြန်မာပြည်သူများ၏ ဆန္ဒမွန် ပင်ဖြစ်ပါသည်။
သို့ရာတွင်မြန်မာနိုင်ငံတွင်လူဆယ်ဦးလျှင်တဦးက ထမင်းနပ်မှန်မစားရဟု ကမBာ့ကု လသမဂ္ဂအဖွဲ့ကြီး၏ စားနပ်ရိက္ခာဌာနမှကြေညာချက်ထွက်ပေါ်လာနေပါသည်။ ယနေ့ မြန် မာနိုင်ငံတွင် ကမBာမီးလောင်သားကောင်ချနင်းသည့်ကိန်းပင် ဆိုက်ရောက်နေပြီလားဟု တွေးထင်မိပါသည်။
တဝမ်းတခါးအတွက် လူသားချင်းစာနာစိတ်ကင်းမဲ့ပြီး ရွှေဆွဲကြိုးကို အ တင်းဖြုတ်ဆွဲပြေးသောသတင်း ရွှေနားကပ်ကိုအတင်းဖြုတ်ဆွဲပြေး၍ နားရွက်ပြတ်ကျန်ခဲ့ သောသတင်း ဆယ်တန်းစာမေးပွဲတွင်ခြောက်ဘာသာဂုဏ်ထူးထွက်သူ ကျောင်းသား ကျောင်းသူများ နိုင်ငံရပ်ခြားကိုထွက်လာနေသောသတင်း အမျိုးသမီးငယ်များ ပြည်တန် ဆာအမြောက်အများဖြစ်နေသောသတင်း ဓါးပြတိုက်လူသတ်သည့်သတင်း လူငယ် လူရွယ် များ နေ့စဉ်တိုင်းပြည်ကထွက်ခွါလာနေကြသောသတင်း စသည်များသည် တနေ့ထက်တ နေ့ ဆိုးဝါးလာနေသောပြောင်းလဲ ဖြစ်ပေါ်နေမှုများပင်ဖြစ်သည်။

နိုင်ငံခေါင်းဆောင်ဆိုသူဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အကြောင်းတစေ့တစောင်း

တပ်ချုပ်ကြီးဗိုလ်ချုပ်သန်းရွှေသည် ငွေရေးကြေးရေးအလွန်ချို့တဲ့ပြီး သားသမီးတပြုံ တမနှင့် အတော်ဒုက္ခရောက်ခဲ့ရှာပါသည်။ စာရေးသူ၏မိတ်ဆွေအိမ်တွင် တပ်ကထွက်ပြီး ယဉ်မောင်းလာလုပ်သော ဒုတပ်ကြပ်ကြီးတဦးက “ဒီလူကြီး ကျနော်တို့တပ်ရင်းမှာ တပ် ရိက္ခာ ဆန်တွေဆီတွေဝေပေးရတဲ့ဗိုလ်ကြီးဗျ၊ သူ့ခမျာသားသမီးခြောက်ယောက်နဲ့ အတော် ကိုဆင်းရဲရှာတယ်” ဟု ဗိုလ်သန်းရွှေအား ရုပ်မြင်သံကြားတို့ သတင်းစာတို့မှာတွေ့မြင်ရ တိုင်း ပြောပြလေ့ရှိသည်ဟု စာရေးသူ၏မိတ်ဆွေက အင်္ဂလန်လာရင်းပြောပြသွားခဲ့ပါသည်။
ဒါ့အပြင်ဗိုလ်ချုပ်ရာထူးနှင့် နဝတ ဒုဥက္ကဌဖြစ်လာသော၁၉၈၉ခုနှစ်က ဗိုလ်သန်းရွှေ၏ ဘဏ္ဍာရေးအခြေအနေမှာကို သူ့နောင်တော်အင်ဂျင်နီယာတဦးထံက သိရသည့်သတင်းကို ဖောက်သည်ချပြန်ပါသည်။
ဗိုလ်ချုပ်သန်းရွှေတွင် ၁၉၈၉ခုနှစ်ကချွေးနှဲစာဖြင့်ဝယ်ထားသော မြေတကွက်သည် ရန်ကုန်မြို့ ဆယ်မိုင်ကုန်း အေဝမ်းခြံ နှင်းဆီလမ်းတွင်ရှိခဲ့ပါသည်၊ သူ့အနေနှင့်အိမ်ဆောက်လို၍ အထက်ဖေါ်ပြပါအင်ဂျင်နီယာအား သူလိုချင်သောအိမ်ပုံစံ မျိုးကိုပြောပြပြီး ပုံဆွဲခိုင်းကာကုန်ကျမည့် စားရိတ်ကြေးငွေကိုတွက်ချက်ခိုင်းဘူးပါသည်။ အဆိုပါအင်ဂျင်နီယာက ပုံစံဆွဲ၍တွက်ချက်ပြီးငွေရှစ်သောင်းလောက် အကုန်ခံနိုင်ရင် ဆောက်ပေးနိုင်သည်ဟု တင်ပြပြောဆိုသောအခါ ဗိုလ်ချုပ်သန်းရွှေက ဒီလောက်များတဲ့ ငွေ ဘယ်ကရမလဲ ငါ့မှာမရှိဘူးဟုပြောပြဘူးသည်ဟုဆိုပါသည်။ 
အခုတော့ကျပ်ငွေရှစ်သောင်း တောင်မရှိခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ကျပ်ငွေသိန်းပေါင်းရှစ်သောင်းမက ချမ်းသာကြွယ်ဝ နေပြီဟု သူပိုင်ခြံမြေအိမ်ယာများနှင့် လုပ်ငန်းများကိုပါအသေးစိပ်ပြောပြသွားခဲ့ပါသည်။

မှောက်မှောက်ပျံပျံဗိုလ်သန်းရွှေသားသမီးများကတော့သံတမန်

တပ်ချုပ်ကြီးဗိုလ်ချုပ်သန်းရွှေ၏ သမီး(၄)ယောက်စလုံးသည် ရာထူးရွေးချယ်ခန့် ထားရေးအဖွဲ့က မစစ်မဆေးနိုင်ဘဲအအောင်ပေးရကာ အတွင်းဝန်မကြီးများဖြစ်သွားကြပါ သည်။ 
နိုင်ငံခြားရှိမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ရန်ခဏအသွားပြပြီး မြန်မာနိုင်ငံ ကိုပြန်လာကာနိုင်ငံခြားမြန်မာသံရုံးက ဒေါ်လာငွေဖြင့်ရသည့်လစာများကို ဘယ်ရုံးမှမတက် ဘဲ ရယူခံစားနေကြပါသည်။ ပညာတော်သင်သွားသည်ဟုဆိုပြီး မြန်မာသံရုံးများရှိ ပြည်သူ့ ဘဏ္ဍာအခွန်ငွေများကို နှိုက်စားလေ့ရှိသည်ဟုလည်း ကြားသိနေရပါသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးကိစ္စကိုကိုင်တွယ်သည့် ဒုတိယဝန်ကြီးဗိုလ်မှူးကြီးမောင်မြင့်သည် လည်း ဗိုလ်ချုပ်သန်းရွှေသမီးများထုတ်သည့်အမိန့်ကိုသာ လက်မှတ်ရေးထိုးပေးနေရသည် ဟု ဆိုပါသည်။ သမီးတော်များကမြင်းကြောထရန် နိုင်ငံခြားထွက်သွားသည်ကိုပင် တာဝန် အရခရီးသွားရသယောင် နိုင်ငံခြားရေးရုံးကအမျိုးသမီးအရာရှိများ လိုက်ပါစောင့်ရှောက် အခိုင်းတော်ခံနေကြရပါသည်။ ဗိုလ်ချုပ်သန်းရွှေသမက်ဦးဇော်ဖြိုးဝင်း (စိန်စီသောည) ၏ညီ မ အေးအေးမြတ်ကိုပင် သမီးတော်အမိန့်ဖြင့် လန်ဒန်မြိုမြန်မာသံရုံးတွင် ဒုတိယအတွင်းဝန် ခန့်ထားပါသည်။ 
ဘာရုံးလုပ်ငန်းမှလည်းမကျွမ်းကျင် ပျင်းကြောကလည်းဆွဲ ရုံးကိုလာချင် သည့်အခါမှလာ၍ အရည်အချင်းရှိပြီးအလုပ်ချိန်လေးစားသူများက ဝေဖန်ကဲ့ရဲ့သံများပေါ် ထွက်လျှက်ရှိနေပါသည်။ သမီးတော်များ၏မှောက်မှောက်ပျံပျံသံတမန်ဘဝကို နားနှင့်မနာ ဖဝါးနှင့်နာရမည့်ဖြစ်ရပ်တချို့ကိုတေတာ့ ရေးပြရမည်ကိုရှက်မိပါကြောင်းဟုပင် အတွင်းက သတင်းအချက်အလက်ပေးသူ ဝန်ထမ်းကောင်းများကို အသိပေးလိုပါသည်။

ဘမျိုးဘိုးတူသန်းရွှေမြေးများကမင်းမူ

ဒီမိုကရေစီဘက်တော်သားများနှင့် လူ့အခွင့်အရေးတောင်းဆိုသူများဘက်တွင် မျိုး ဆက်သစ်များကွင်းဆက်ပြတ်သယောင်ရှိနေသော်လည်း အာဏာရှင်စစ်အုပ်စုဘက်တွင် သားစဉ်မြေးဆက်ကွင်းဆက်ကြီးက ခိုင်မာလျှက်ရှိနေပေသည်။
တဗိုလ်ကျတဗိုလ်တက်မည့် သဘောရှိပါသည်။

မောင်နေရွှေသွေးအောင်

ဗိုလ်ချုပ်သန်းရွှေ၏အချစ်ဆုံးမြေးကြီး မောင်နေရွှေသွေးအောင်က အလွန်အာဏာ စက်ထက်ပါသည်။ 
ဗကျာင်းခေါ်ချိန်မပြည့်၍ စာမေးပွဲဝင်ခွင့်မရှိသူကိုပင် ဝင်ဖြေခွင့်ပေးနိုင်ပါ သည်။ အလယ်တန်းကျောင်းသားဘဝတွင်ပင် အချိန်မတော်ဘောလုံးကန်ချင်စိတ် ပေါက် လာပါက သူတက်နေသည့်တက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား ဘောလုံးနှစ်သင်းစာကျောင်းသားများကို စုဆောင်းပြီး ဘယ်ကွင်းကစောင့်နေရန်အမိန့်ပေး နိုင်ပါသည်။ သုဝÀဘောလုံးကွင်း အောင်ဆန်းဘောလုံးကွင်းတွင် ဘယ်အချိန်ဖြစ်ဖြစ် သူ ကန်ချင်လျှင် မီးဖွင့်ပြီးကန်နိုင်ပါသည်။ 
နအဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး(ကွယ်လွန်) က ကလေးငယ်ဆိုပြီးပခုံးကိုင်ပြီးနှုတ်ဆက်မိရာ ဒီကလေးကဒုတိယဗိုလ်ချုပ်ကြီးတင်ဦးအား မင်းဘာကောင်လဲ ငါ့ပခုံးကိုကိုင်ရအောင် တူသလား တန်သလားဆိုပြီးဆဲဆိုလိုက်တာ မိုး မွှန်သွား၍ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလူလယ်ကောင်တွင် အရှက်ကွဲသွားဘူးပါသည်။ စစ်ဗိုလ်ချုပ်ကြီးများအားလုံး ကျားလည်းကြောက်ရွံ့ရ ကျားချေးလည်းကြောက်ရွံ့ရသည့် သဘောတရားပင်ဖြစ်ပါသည်။

မောင်နေုပြည်ရွှေသွေး

ဗိုလ်ချုပ်သန်းရွှေ၏ ဒုတိယအချစ်ဆုံးမြေးငယ်ဖြစ်ပါသည်။ 
ယခုမှ လှိုင်သာယာ စက် မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ပါသည်။ နဝတဥက္ကဌရာထူးရပြီးမှမွေးဖွါးသူဖြစ်ပြီး နေပြည်ရွှေသွေးအမည်ကို သုံးသပ်ကြည့်ပါက ဗိုလ်ချုပ်သန်းရွှေသည် နေပြည်တော်ကို တည်ဆောက်သော တဦးတည်းသောပြည်သူ့ဝန်ထမ်းများ၏ချဉ်ဖတ် မင်းရူးရူးနေသူဖြစ် ကြောင်း ပေါ်လွင်လှပါသည်။ ၂ဝဝ၇ခုနှစ်ကဆယ်တန်းအောင်သည်။
လှိုင်သာယာ စက်မှု တက္ကသိုလ်တက်မည်ဟု ကြိုတင်စီမံကိန်းချကာ နိုင်ငံရေးနှင့်ပတ်သက်၍စကားပြောလေ့ရှိ သည်ဟူသောစွပ်စွဲချက်ဖြင့် ဆရာမတချို့ကို နယ်နှင်ကာလူရှင်းခဲ့ပါသည်။
နောက်ထပ်ပြီး ရှစ်လေးလုံးအရေးအခင်းဖြစ်စဉ်က ဆရာဆရာမဖြစ်နေသူများကိုနယ်နှင်ပြီး အသက်အရွယ် ငယ်ငယ် ဗမာပြည်ဖြစ်ပါရဂူဘွဲ့ရဆရာဆရာမများကိုသာ အစားထိုးခန့်ထားရပါသည်။ မောင်နေပြည်ရွှေသွေးက ပို၍အာဏာစက်ထက်နေပါသည်။ သူ၏မိတ်ဆွေကျောင်းသား တဦး၏အဖေနှင့်စာရေးသူတို့ ယခင်နှစ်က အကြိမ်ကြိမ်တွေ့ဆုံစကားစမြည်ပြောဖြစ်ခဲ့ပါ သည်။ စာရေးသူ၏မိတ်ဟောင်းဆွေဟောင်းလည်းဖြစ်ပါသည်။
ဒီသူငယ်က သြစတြေးလျ နိုင်ငံတွင် ပညာလာသင်ခဲ့သော ကွယ်လွန်သူစက်မှုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၏ မြေးငယ်ထံက ပြိုင်ကားကိုခဏငှါးစီးပါရစေဆိုပြီး ယာဉ်မောင်းတဦးခေါ်လာကာငှါးသွား ကြောင်း။ 
နှစ်နာရီသုံးနာရီခန့်စီးပြီးပြန်အပ်လာစဉ် ပိုင်ရှင်အားအစ်ကို့ကားကတအားမြန် တယ် လမ်းပေါ်မောင်းရတာအားမရဘူး အစ်ကိုအားတဲ့တနေ့ပြောပါ မင်္ဂလာဒုံလေဆိပ် လေယဉ်ပြေးလမ်းမှာမောင်းကြရအောင် ဘယ်လေယဉ်မှအတက်အဆင်းမလုပ်စေရဘူး ကျ နော်တာဝန်ယူတယ်ဆိုသောစကားကို သူ့သားထံကတဆင့်ကြားရလို့ အတော်အံ့သြသင့် မိကြောင်း ဗိုလ်ချုပ်သန်းရွှေ၏မြေးကြီးက ဘောလုံးကွင်းလောက်ကိုသာပိုင်တာ မြေးငယ်က လေယာဉ်ကွင်းတောင်ပိုင်တယ်ဗျာ။ 
အလိုလိုက်မိုက်စော်ကားဆိုတာ ဗိုလ်ချုပ်သန်းရွှေ ခေတ်မှာ ပိုမှန်ကန်နေကြောင်း ဒီနိုင်ငံဆင်းရဲသည်ထက်ဆင်းရဲမွဲတေလာတာ မဆန်းပါဘူး ဟုကောက်ချက်ချသွားပြန်ပါသည်။
ဒီလူတွေဘယ်တော့မှ အာဏာစွန့်မှာမဟုတ်ပါဘူးဟု လည်း ပြောဆိုသွားပါသည်။ 
အရည်အချင်းမရှိသော ရူးတူးတူးပေါတောတော ဗိုလ်ချုပ် သန်းရွှေ၏အုပ်ချုပ်ရေးယန္တရားကြီး ဖရိုဖရဲဖြစ်နေသည်ကိုတစေ့တစောင်းတင်ပြရခြင်းပင် ဖြစ်ပါသည်။ အဆိုးသံသရာလည်ပတ်နေခြင်းလည်း ဖြစ်ပါသည်။
ဗိုလ်ချုပ်သန်းရွှေ၏ဇနီး သားသမီးများနှင့်မြေးများသည် နအဖစစ်အစိုးရ ဝန်ကြီများ အပေါ်နှင့် ဥပဒေ၏အပေါ်တွင်ရှိနေပါသည်။ ဗိုလ်ချုပ်သန်းရွှေသည်လည်း ရူးတူးပေါတော တောဖြစ်ကာ လူကြီးလူကောင်းမပီသ၍ မိန်းမသြဇာ သားသမီးများသြဇာနှင့် မြေးများ၏ သြဇာကိုခံနေရခြင်းပင်ဖြစ်ပါသည်။
ဗိုလ်ချုပ်သန်းရွှေ သမတရာထူးကိုရရှိလာပါကလည်း မြန်မာနိုင်ငံတွင် စည်းကမ်းရှိသောဒီမိုကရေစီနှင့် စစ်မှန်သောဒီမိုကရေစီစနစ်များနှင့် အ လှမ်းဝေးလျှက်ပင်ရှိမည်မှာ ဟောကိန်းထုတ်စရာပင်မလိုပါ။

ဥပဒေကိုအသုံးချအုပ်စိုးသောစနစ် “္မကူန ဘပူတေ” မပေါ်ပေါက်ရေး ဒို့အရေး

တပ်ချုပ်ကြီးဗိုလ်ချုပ်သန်းရွှေ သူ၏မိသားစုနှင့် စစ်ဗိုလ်ဆိုးတစုတို့သည် ဥပဒေစိုးမိုး ခြင်း “္မကူန သ်ူတေ” ကိုလိုလားသူများမဟုတ်ကြပါ။ ဥပဒေကိုအသုံးချပြီးအုပ်စိုး သော “္မကူန ဘပူတေ” ကိုသာလိုလားသူများဖြစ်ကြပါသည်။ 
ယခုအချိန်တွင်လည်း အင်္ဂလိပ် ကိုလိုနီအစိုးရခေတ်ကပင်ရှိခဲ့သော မတရားအသင်းဥပဒေကအစ ခေတ်အဆက် ဆက်တွင်လူသားများကို ချုပ်နှေင်ပြီးစိုးမိုးခြယ်လှယ်နိုင်သော ဥပဒေပုဒ်မအမျိုးမျိုးကို ပြန် လည်အသက်သွင်းပြီး အုပ်စိုးလျှက်ရှိနေပါသည်။
ဗိုလ်ချုပ်သန်းရွှေနှင့်အပေါင်းပါတစုတို့၏ ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဖွဲစည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)သည်လည်း မြန်မာလူမျိုးနွယ်တရပ်လုံးအား ချုပ်နှောင်ပြီးစိုးမိုး အုပ်ချုပ်မည့် ဥပဒေကိုအသုံးချအုပ်စိုးသောစနစ် “္မကူန ဘပူတေ” ကို အကောင် အထည် ဖော်နေခြင်းပင်ဖြစ်ပါသည်။ 
အကောင်းဘက်သို့ပြောင်းလဲလာမည့် အခြေခံဥပဒေ မျိုးလုံဝမဟုတ်ကြောင်း ဖတ်ကြည့်လေပိုသဘောပေါက်လေပင်ဖြစ်ပါသည်။
ပြည်သူအပေါင်းတန်းတူရည်တူအခွင့်အလမ်းရှိမည့် ဥပဒေစိုးမိုးခြင်း “္မကူန သ်ူတေ” ပေါ်ပေါက်လာရေးအတွက် အသက်စတေးပြီး တိုက်ပွဲဝင်ကြရမည့် အချိန်အခါ ကာလပင်ဖြစ်ပါသည်။ 

ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment