Monday 17 October 2011

ယုံကြည်မှု လူအရင်းအမြစ် နှင့်ရက္ခိတတို့အနာဂတ်

ခိုင်အောင်အောင်

နိုင်ငံရေး လူမှုရေးနယ်ပယ်ရပ်ဝန်းတိမှာဟိနိန်ကတ်တေ ရခိုင်သားရို့၏တိမ်းညွတ်မှု က “သွီးစစ်တေညီညွတ်ခြင်းရေ ရခိုင်သားရို့အတွက်အဓိကလိုအင်ဖြစ်တေ” ဆိုရေ ခံယူ ချက်ပင်ဖြစ်တေလို့သုံးသပ်နိုင်ဖို့ထင်ပါရေ။
အတိတ်ကာလမှာ အချင်းချင်းညီညွတ်မှုပြိုကွဲ ခြင်းကြောင့် အချုပ်အခြာအာဏာကျဆုံးလားရခြင်းနန့် လူ့အဖွဲ့အစည်းကြီးတခုလုံးဖျက် ဆီးခံနိန်ရခြင်းက ရခိုင်ရို့အတွက်မမိန့်နိုင်ရေ သမိုင်းသင်ခန်းစာဖြစ်နိန်ရေ။ ညီညွတ်ခြင်းအင် အားကရာ ရခိုင်ရို့ခေတ်ကိုပြန်လည်ဆန်းသစ်လာနိုင်စီဖို့ဆိုရေ အတွေးအခေါ်ရေ မှန်ကန် ရေအမြင်ချေတခုဖြစ်တေလို့ ပြောချင်ရေ။
ယကေလေ့ ယုံကြည်မှုဆိုရေ “စင်”ခံထားရာမှာ ညီညွတ်ခြင်းရွက်နုတိဖူးသစ်လန်းဆန်းသီးပွင့်လာနိုင်ဖို့လို့ ထင်မိရေ။ တယောက်ကိုတ ယောက်မယုံကေ တယောက်နန့်တယောက်ညီညွတ်ဖို့ဆိုစွာ လုံးဝမဖြစ်နိုင်ပါ။ 
ယင်းအ တွက်နန့်ညိညွတ်ရေးစကားလုံးကိုသုံးကေ ယုံကြည်မှုဆိုရေစကားလုံးကို အရင်ပလ္လင်ခံပနာ ပြောကတ်ရဖို့လို့ယူဆမိပါရေ။ ယေမှရာသွီးစစ်တေညီညွတ်ခြင်းနန့် ပန်းဖူးကိုရောက်နိုင်ရေ အင်အားကိုရလာနိုင်ဖို့ဖြစ်တေ။
ယုံကြည်မှုကိုခွဲခြမ်းစိပ်ဖြာကြည့်လိုက်ကေ အကောင်းမြင်ခြင်းနန့်အဆိုးမြင်ယုံကြည် ခြင်းတိကို တွိကတ်ရရေ။ အကောင်းမြင်ဝါဒကရာ အနာဂတ်ကောင်းတခုကို ဖန်တီးဖို့အ တွက် မဟာဗျူဟာတခုဖြစ်တေ ။ 
ယင်းပိုင်မဟုတ်ဘဲ အဆိုးမြင်မှိုင်းတိစွဲကပ်ဗျာလ် အနာဂတ်စွာ ကောင်းလာနိုင်ဖို့မဟုတ်လို့ ယုံကြည်လိုက်ကေ အနာဂတ်ကိုရုပ်လုံးဖော်တည်ဆောက်ဖို့ အင်အားဇွဲလုံ့လတိကို တခုလေ့မလုပ်ခင် အယင်ဖြုန်းတီးဖျက်ဆီးပစ်လိုက်ခြင်းပင်ဖြစ်တေ လို့ဆိုပါစို့။ မျှော်လင့်ချက်မဟိလို့ထင်မြင်မိကေ မျှော်လင့်ချက်ဟိလာဖို့မဟုတ်လို့ အာမခံ လိုက်ခြင်းပင်ဖြစ်တေ)။ “တခုလေးဖြစ်မလာနိုင်ဝေး” ဆိုပြီး ကေ ကိုယ့်ဦးနှောက်ကိုတန်းခါးပိတ်ပနာ ဖြစ်နိုင်ခြင်းတိကိုရှာဖို့ လမ်းတိကိုဖျောက်ပစ်လိုက် ခြင်းတိက ရခိုင်ရို့ကြားထဲမှာစိမ့်ဝင်ပျံ့နှံ့နိန်ရေ မိမိကိုယ်ကိုယုံကြည်မှုပျောက်နိန်ခြင်း အိုင်ဒီ ယာပိုင်းဆိုင်ရာအကျပ်အတည်း တခုပင်ဖြစ်တေလို့ ပြောရဖို့ထင်ရေ။ 
နာမေကြီးလူမှုသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမား က ယုံကြည်မှုစွာလူ့ဘောင်ဖွံ့ဖြိုးဖို့ အခြေခံအကျဆုံး အလိုအပ်ဆုံးနန့် အကောင်းဆုံးလူမှုစံတန်ဖိုး တခုဖြစ်တေလို့ဆိုဖူးရေ။ ယုံကြည်မှုနန့် အယူအဆအားကောင်းလားခါမှရာ နိုင်ငံရေးယုံကြည်ချက် ခိုင်မာတောက်ပလာဖို့ ဖြစ်ပါရေ။
လူ့အဖွဲ့အစည်းညီညွတ်ရေးအတွက် ယုံကြည်မှုပိုင်အာရုံစိုက်အလေးထားသင့်ရေ နောက်တခုကတော့ကေ လူမှုအရင်းအမြစ် ပင်ဖြစ်ပါရေ။ 
လူမှုဗေဒ ပညာရှင် ဂျိန်းစ်ကိုးလ်မန်းက လူမှုရင်းမြစ်ကို “အသင်းအဖွဲ့အုပ်စုတိထဲမှာ အလုပ်အတူတူလုပ်နိုင်ရေ လူတိ၏စွမ်းရည်”လို့ အဓိပ္ပါယ် ဖွင့်ဆိုဖူးပါရေ။ 
ဖရန်စစ်ဖူကူယားမားကတော့ကေ “မျှဝီထားကတ်တေစံနန့် တန်ဖိုးတိဘားမှာ အခြေခံပနာ ဘုံရည်မှန်းချက်ပန်းတိုင်ကိုလားကတ်ဖို့ ပေါင်းစပ်လက်တွဲ အလုပ်လုပ်ခြင်း” လို့ လူမှုရင်းမြစ်ကိုရှုမြင်ပါရေ။
စီးပွါေးရးပညာရှင်တိက တိုင်းပြည်လူ့ဘောင်တိုးတက်ခြင်းရေ လူသားရင်းမြစ် () ဖြစ်တေ အသိပညာနန့်စွမ်းရည် တိဘားမာရာမူတည်ရေလို့ နားလည်လက်ခံထားကတ်ကေလေ့ ဒေအ သိပညာနန့်စွမ်းရည်ပြည့်ဝရေလူတိ အတူတူလက်တွဲအလုပ်လုပ်နိုင်ဖို့ လူမှုအရင်းအမြစ် လိုအပ်သိမ့်ရေလို့ ဂျိန်းစ်ကိုးလ်မန်က ထောက်ပြပြောခဖူးပါရေ။
ဒေနိန်ရာမှာ စီမံခန့်ခွဲမှုနည်းပညာနန့် လူမှုရင်းမြစ်ကိုမှားပနာမမြင်မိဖို့ အရေးကြီး ပါရေ။ 
စီမံခန့်ခွဲမှုက နည်းပညာနန့်အသင်းအဖွဲ့တိ၏ ပြုမူဆောင်ရွက်ချက် သဘောဆန်ပ နာ လူမှုရင်းမြစ်က ကျယ်ပြန့်ရေလူ့အဖွဲ့အစည်းအတွင်းပိုင်းက ယုံကြည်မှု မျှဝီနားလည်မှု တိဖြစ်ပါရေ။ 
ရခိုင်သားတိမှာ လူမှုရင်းမြစ်တိနန့် စီမံခန့်ခွဲမှုနည်းပညာပိုင်းမှာပါ အားနည်း စွာကို တွိမြင်နိန်ကတ်ရရေ။
အသိပညာနန့် စွမ်းရည်အားမကောင်းခြင်းကပါ ခိုင်မာရေ အသင်းအဖွဲ့ အဆောက်အဦကြီးတိ မတည်ဆောက်နိုင်အောင် ဟန့် တားထားရေလို့ ပြောကတ်ရပါဖို့။ ဘုံနိုင်ငံရေးအမြင်နန့် သွီးစစ်တေ အမျိုးသားရေးစိတ် ဓါတ်တိ ရခိုင်သားတိုင်းမှာရှင်သန်နိန်ကတ်ကေလေ့ နိုင်ငံရေး တော်လှန်ရေးအဖွဲ့အစည်းနန့် နိုင်ငံရေးသမား တော်လှန်ရေးသမားရို့၏ စည်းရုံးမှုနန့် ခေါင်းဆောင်နိုင်မှုအရည်အချင်း ညံ့ဖျင်းနိန်ခြင်း အကျိုးဆက်က နိုင်ငံရေးမှာ ရခိုင်လူထု၏ ထဲထဲဝင်ဝင် လုပ်ဆောင်လာ ကတ်ဖြင်းက ကျဆင်းနိန်ရေ။
ကိုယ်မယုံကြည်ရေနိုင်ငံရေးသမားကို မထောက်ခံစွာ လူသား ရို့သဘာဝလို့ ပြောရဖို့ထင်ရေ။ 
လူမှုရင်းမြစ်ကို အားကောင်းအောင် အရင်တည်ဆောက် ပြီးခါမှရာ ရခိုင်လူထု၏ပူးပေါင်းမှု၊ မြင့်မားရေနိုင်ငံရေးနယ်ပယ်တခုကို တည်ဆောက်နိုင်ဖို့ လို့ ပြောချင်ပါရေ။
ယေကေ လူမှုရင်းမြစ်တိအားကောင်းမောင်းသန်ဖြစ်လာအောင် ဇာပိုင်လုပ်ကတ်ရ ပါဖို့လဲ။ 
အသိပညာကိုတူးဖော်ခြင်းကရာ လူမှုရင်းမြစ်ကို အားကောင်းအောင်လုပ်ဖို့ အဓိ ကလမ်းကြောင်းမှန်ပင် ဖြစ်ပါရေ။ ယပြီးကေ ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝရေ နိုင်ငံရေးခေါင်း ဆောင်သစ်တိမွီးထုတ်ခြင်းနန့် လူကိုအခြေမပြုဘဲ မူဝါဒရေးရာဘားမှာ အခြေခံရေ လူမှုရေး နိုင်ငံရေးအဖွဲ့အစည်းတိ ဖွဲ့စည်းတည်ထောင်ခြင်းကရာ ရခိုင်ရို့လူမှုအခင်းအကျင်းသစ်ကို ဖန်တီးလားနိုင်ဖို့လို့ ယူဆမိပါရေ။
လူချင်းတူကေလေ့ လူစွမ်းလူစကွာခြားနိန်ခြင်းကြောင့် အနာဂတ်မှာကြုံတွိလာနိုင် ရေ စိန်ခေါ်မှုတိကို ရင်ဆိုင်ဖြေရှင်းလားဖို့ ကမာ့ရွာထက်မှာဟိရေ လူ့အဖွဲ့အစည်းတိုင်းအ တွက် ခေါင်းဆောင်ဆိုစွာရက်ပြတ်လိုအပ်နိန်ရေ အရာတခုဖြစ်နိန်ဖို့စွာက လူသားရို့၏ သ ဘာဝနိယာမတရားတခုလို့ ယူဆမိရေ။ စုပေါင်းခေါင်းဆောင်မှု၏အကျိုးရလဒ်ကရာ လူ့အ ဖွဲ့အစည်းတခုလားနိန်ရေ အနာဂတ်လမ်းကြောင်းကို အကောင်းဆုံးလမ်းညွှန်ပြပီးနိုင်ရေ ထင်မိရေ။ သေချာနိန်စွာက ရက္ခိတရို့အနာဂတ်ကိုလှမ်းမြင်ကြည့်နိုင်ဖို့ ပစ္စက္ခကာလမှာ ကြိုတင်ပြင်ဆင်တည်ဆောက်ကတ်ဖို့ လိုနိန်စွာကအမှန်ပင်ဖြစ်တေ။ လူမျိုးတမျိုါ်၏အနာ ဂတ်စွာ ယင်းလူမျိုး၏ နိုင်ငံရေးဆိုင်ရာအခွင့်အရေး ပြည့်ပြည့်ဝဝရဟိခြင်းမာမူတည်နိန်ရေ ဖြစ်တေအတွက် အခြေခံနိုင်ငံရေးအဆောက်အဦတိ အားကောင်းလာရေးကို ဦးစားပီးလုပ် ဆောင်ပနာ လူစွမ်းလူစဟိရေ နိုင်ငံရေးမျိုးဆက်သစ်ခေါင်းဆောင်တိကို ပြုစုပျိုးထောင်ပီး ခြင်းကရာ နောင်တချိန်မှာ ရခိုင်ရို့အနာဂတ်ကို ရခိုင်တိရာပိုင်ဆိုင်လားနိုင်ဖို့လို့ ယုံကြည် လိုက်မိပါယင့်။ 

ရခိုင်အမျိုးသားသတင်စာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment