Monday 17 October 2011

“ယုံကြည်မှု လူမှုရင်းမြစ်နန့် ရက္ခိတရို့ အနာဂတ်” ခိုင်အောင်အောင်

ခိုင်အောင်အောင်
နိုင်ငံရေး လူမှုရေးနယ်ပယ်ရပ်ဝန်းတိမှာ ဟိနိန်ကတ်တေ ရခိုင်သားရို့ ၏တိမ်းညွတ်မှုက “သွီးစည်းညီညွတ်ခြင်းရေ ရခိုင်ရို့ အတွက်အဓိကလိုအင်ဖြစ်တေ” ဆိုရေ ခံယူချက်ပင်ဖြစ်တေလို့ သုံးသပ်နိုင်ဖို့ထင်ရေ။ အတိတ်ကာလမှာ အချင်းချင်းညီညွတ်မှုပြိုကွဲခြင်းကြောင့် အချူပ်အချာအာဏာ ကျဆုံးလားရခြင်း နန့်လူ့အဖွဲ့အစည်းကြီး တခုလုံး ဖျက်ဆီးခံနိန်ရခြင်းက ရခိုင်ရို့အတွက် မမိန့်နိုင်ရေ သမိုင်းသင်ခန်းစာ ဖြစ်နိန်ရေ။ ညီညွတ်ခြင်းအင်အားကရာ ရခိုင်ရို့ ခေတ်ကို ပြန်ပနာဆန်းသစ်လာနိုင်စီဖို့ဆိုရေ အတွေးအခေါ်ရေ မှန်ကန်ရေ အမြင်ချေတခုဖြစ်တေလို့ ပြောချင်ရေ။ 
ယကေလေ့ ယုံကြည်မှု ဆိုရေ “စင်” ခံထားခါမှရာ ညီညွတ်ခြင်းရွက်နုတိ ဖူးသစ်လန်းဆမ်း သီးပွင့်လာနိုင်ဖို့လို့ထင်မိ ရေ။ 
တယောက်ကိုတယောက် မယုံကေ တယောက်နန့် တယောက်ညီညွတ်ဖို့ဆိုစွာ လုံးဝမဖြစ်နိုင်ပါ။ 
ယင်းအတွက် နန့်  ညီညွတ်ရေးစကားလုံးကို သုံးကေ ယုံကြည်မှုဆိုရေ စကားလုံးကိုအရင် ပလ္လင်ခံပနာပြောကတ်ရဖို့လို့ ယူဆမိပါ ရေ။ 
ယေမှရာ သွီးစစ်တေညီညွတ်ခြင်းနန့်  ပန်းဖူးကိုရောက်နိုင်ရေ အင်အားကို ရလာနိုင်ဖို့ ဖြစ်တေ။

ယုံကြည်မှုကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ကေ အကောင်းမြင်ယုံကြည်ခြင်းနန့် အဆိုးမြင် ယုံကြည်ခြင်းတိကို တွီ့ ကတ် ရရေ။ 
အကောင်းမြင်ဝါဒကရာ အနာဂတ်ကောင်းတခုကို ဖန်တီးဖို့ အတွက် မဟာဗျူဟာတခုဖြစ်တေ (Optimism is a strategy for making a better future)။ 
ယင်းပိုင်မဟုတ်ပဲ အဆိုးမြင်မှိုင်းတိစွဲကပ်ဗျာယ် အနာဂတ်စွာ ကောင်းလာ နိုင်ဖို့ မဟုတ်လို့ ယုံကြည်လိုက်ကေအနာဂတ်ကို ရုပ်လုံးဖော်တည်ဆောက်ဖို့ အင်အားဇွဲလုံ့လတိကို တခုလေ့မလုပ်ခင် အယင်ဖြုန်းတီး ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်တေလို့ဆိုရပါဖို့။ 
မျှော်လင့်ချက်မဟိလို့ ထင်မြင်မိကေ မျှော်လင့်ချက်ဟိ လာဖို့မဟုတ်လို့ အာမခံလိုက်ခြင်းပင် ဖြစ်တေ (If you assume that there is no hope, you guarantee that there will be no hope)။ “တခုလေ့ဖြစ်မလာနိုင်ဝေး” ဆိုပြီးကေ ကိုယ့်ဦးနှောဏ်ကို တန်းခါးပိတ်ပနာ ဖြစ်နိုင်ခြင်းတိ ကိုရှာဖို လမ်းတိကိုဖျောက်ပစ်လိုက်ခြင်းက ရခိုင်ရို့ကြားထဲမှာ စိမ့်ဝင်ပျံ့နှံ့နိန်ရေ မိမိကိုယ်ကို ယုံကြည်မှုပျောက်နိန် ခြင်း အိုင်ဒီယာပိုင်းဆိုင်ရာအကျပ်အတည်း (Ideological crisis) တခုပင် ဖြစ်တေလို့ ပြောရဖို့ထင်ရေ။
နာမေကြီး လူမှုသိပ္ပံပညာသျှင် ဖရန်စစ် ဖူကူယားမား(Francis Fukuyama) က ယုံကြည်မှုစွာ လူ့ဘောင်တိုးတက်ဖွံ့ဖြိုးဖို့ အခြေခံအကျဆုံး အလိုအပ်ဆုံးနန့် အကောင်းဆုံး လူမှုစံတန်ဖိုး (Social virtue) တခုပင်ဖြစ်တေလို့  ဆိုဖူးရေ။ 
ယုံကြည်မှုနန် အယူအဆအားကောင်းလာခါမှရာ နိုင်ငံရေးယုံကြည်ချက်(Political conviction) ခိုင်မာတောက်ပလာဖို့ ဖြစ်ပါရေ။


လူ့ အဖွဲ့ အစည်းညီညွတ်ရေးအတွက် ယုံကြည်မှုပိုင် အာရုံစိုက်အလေးထားသင့်ရေ နောက်တခုကတော့ကေ လူမှုရင်း မြစ် (Social capital) ပင်ဖြစ်ပါရေ။ 
လူမှုဗေဒပညာရှင် ဂျိမ်း(စ်)ကိုး(လ်)မန် (James Coleman) က လူမှုရင်းမြစ်ကို “အသင်းအဖွဲ့  အုပ်စုတိထဲမှာ အလုပ်အတူတူလုပ်နိုင်ရေ လူတိ၏စွမ်းရည်” လို့ အဓိပ္ပါယ်ဖွင့်ဆိုဖူးပါရေ။ 
ဖရန်စစ်ဖူကူ ယားမား ကတော့ကေ “မျှဝီထားကတ်တေ စံနန့်တန်ဖိုးတိဘားမှာ အခြေခံပနာ ဘုံရည်မှန်းချက်ပန်းတိုင်ကိုလား ကတ်ဖို့ ပေါင်းစပ် လက်တွဲ အလုပ်လုပ်ခြင်း” လို့ လူမှုရင်းမြစ်ကို ရှုမြင်ပါရေ။ 
စီးပွါးရေးပညာသျှင်တိက တိုင်းပြည်လူ့ ဘောင်တိုးတက်ခြင်းရေ လူသားရင်းမြစ် (Human capital) ဖြစ်တေ အသိပညာနန့်စွမ်းရည် (Skills and Knowledge) တိဘားမှာရာ မူတည်နိန်ရေလို့ နားလည်လက်ခံ ထားကတ်ကေလေ့ ဒေ အသိပညာနန့်စွမ်းရည်ပြည့်ဝ ရေ လူတိအတူတူ လက်တွဲအလုပ်လုပ်နိုင်ဖို့ လူမှုရင်းမြစ် လိုအပ်သိမ့်ရေ လို့  ဂျိမ်း(စ်)ကိုး(လ်)မန် က ထောက်ပြပြော ဖူးခပါရေ။


ဒေနိန်ရာမှာ စီမံခန့်  ခွဲမှုနည်းပညာနန့်  လူမှုရင်းမြစ်ကို မှားပနာ မမြင်မိဖို့အရေးကြီးပါရေ။ 
စီမံ ခန့်ခွဲမှုက နည်းပညာနန့်  အသင်းအဖွဲ့  တိ၏ ပြုမှုလုပ်ဆောင်ချက်သဘောဆန်ပနာ လူမှုရင်းမြစ်က ကျယ်ပြန့်ရေလူ့အဖွဲ့  အစည်းအတွင်း ပိုင်းက ယုံကြည်မျှဝီနားလည်မှုတိ ဖြစ်ပါရေ။ 
ခိုင်သားတိမှာ လူမှုရင်းမြစ်နန့် စီမံခန့်  ခွဲမှုနည်းပညာပိုင်းမှာပါ အား နည်းနိန်စွာကိုတွီ့ မြင်နိန် ကတ်ရရေ။အသိပညာနန့်စွမ်းရည်အားမကောင်းခြင်းကပါ ခိုင်မာရေအသင်းအဖွဲ့အဆောက် အအုံကြီးတိ (Institutions) မတည်ဆောက်နိုင်အောင် ဟန့်တားထားရေလို့ပြောကတ်ရပါဖို့။ 
ဘုံနိုင်ငံ ရေးအမြင်နန့်သွီးစစ်တေ အမျိုးသားရေးစိတ်ဓါတ်တိ ရခိုင်သားတိုင်းမှာ ရှင်သန်နိန်ကတ်ကေလေ့ နိုင်ငံရေး တော်လှန် ရေးအဖွဲ့  အစည်းတိနန် နိုင်ငံရေး သမားတော်လှန်ရေးသမားရို့ ၏ စည်းရုံးမှုနန့်  ခေါင်းဆောင်နိုင်မှုအရည် အချင်းညံ့ ဖျင်းနိန်ခြင်း ၏အကျိုးဆက်က နိုင်ငံရေးမှာ ရခိုင်လူထု၏ထဲထဲဝင်ဝင်လုပ်ဆောင်လာကတ်ခြင်းက ကျဆင်း နိန်ရေ။ 
ကိုယ်မယုံကြည် ရေ နိုင်ငံရေးသမားကို မထောက်ခံစွာက လူသားရို့ သဘာဝလို့ ပြောရဖို့ ထင်ရေ။
လူမှုရင်းမြစ် ကို အားကောင်းအောင် အရင်တည်ဆောက်ပြီးခါမှရာ ရခိုင်လူထု၏ပူးပေါင်းမှု မြင့်မားရေ နိုင်ငံရေး နယ်ပယ်တခုကို တည်ဆောက်နိုင်ဖို့ လို့  ပြောချင်ရေ။


ယကေ လူမှုရင်းမြစ်တိ အားကောင်းမောင်းသန်ဖြစ်လာအောင် ဇာပိုင်လုပ်ကတ်ရပါဖို့ လဲ။ အသိပညာကို တူးဖော် ခြင်းကရာ လူမှုရင်းမြစ်ကို အားကောင်းအောင်လုပ်ဖို့  အဓိကလမ်းကြောင်းမှန်ပင်ဖြစ်ပါရေ။ 
ယပြီးကေ ခေါင်းဆောင် မှုစွမ်းရည်ပြည့်ဝရေ နိုင်ငံရေးမျိုးဆက်သစ်တိမွီးထုတ်ပီးခြင်းနန့်  လူကိုအခြေမပြုပဲ မူဝါဒရေးရာဘားမှာ အခြေခံရေ လူမှုရေးနိုင်ငံရေးအဖွဲ့ အစည်းတိ (Principles based social and political organizations) ဖွဲ့  စည်းတည်ထောင် ခြင်းကရာ ရခိုင်ရို့ လူမှုအခင်းအကျင်းသစ်ကို ဖန်တီးလာနိုင်ဖို့ လို့  ယူဆမိပါရေ။


လူချင်းတူကေလေ့ လူစွမ်းလူစ ကွာခြားနိန်ခြင်းကြောင့် အနာဂတ်မှာ ကြုံတွီ့ လာနိုင်ရေ စိန်ခေါ်မှုတိကို ရင်ဆိုင်ဖြေ ယှင်းလားဖို့  ကမ္ဘာ့ရွာထက်မှာဟိရေ လူ့ အဖွဲ့ အစည်းတိုင်းအတွက် ခေါင်းဆောင်ဆိုစွာ ရက်ပြတ်လိုအပ်နိန်ရေ အရာတခုဖြစ်နိန်ဖို့ စွာက လူသား ရို့ ၏သဘာဝနိယာမတရားတခုလို့ ယူဆမိရေ။ 
စုပေါင်းခေါင်းဆောင်မှု၏အကျိုးရလဒ် ကရာ လူ့ အဖွဲ့  အစည်းတခုလားနိန်ရေ အနာဂတ်လမ်းကြောင်းကို အကောင်းဆုံးလမ်းညွှန်ပြပီးနိုင်ရေ ထင်မိရေ။ 
သေချာနိန်စွာတခုက ရက္ခိတရို့  အနာဂတ်ကို လှမ်းမြင်ကြည့်နိုင်ဖို့  ပစ္စက္ခကာလမှာ ကြိုတင်ပြင်ဆင်တည်ဆောက် ကတ်ဖို့ လိုနိန်စွာက အမှန်ပင်ဖြစ်တေ။ လူမျိုးတမျိုး၏အနာဂတ်စွာ ယင်းလူမျိုး၏နိုင်ငံရေးဆိုင်ရာအခွင့်အရေး ပြည့် ပြည့်၀၀ရဟိခြင်းမှာ မူတည်နိန်ရေဖြစ်တေအတွက် အခြေခံနိုင်ငံရေးအဆောက်အအုံတိ အားကောင်းလာရေးကို ဦးစားပီးလုပ်ဆောင်လားပနာ လူစွမ်းလူစဟိရေ နိုင်ငံရေးမျိုးဆက်သစ်ခေါင်းဆောင်တိကို ပြုစုပျိုးထောင်ပီးခြင်းကရာ နောင်တချိန်မှာ ရခိုင်ရို့ အနာဂတ်ကို ရခိုင်တိရာ ပိုင်ဆိုင်လာနိုင်ဖို့ လို့  ယုံကြည်မိလိုက်ပါယင့်။ ။ ။ 
 
ရခိုင်အမျိုးသားသတင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment