Wednesday 5 October 2011

ရခိုင်ဝိသမလောဘသားတစ်ဦး၏ ရက်စက်ချက်ကပက်စက်ပါ၏ (ကိုယ်တွေ့ ဖြစ်ရပ်မှန်)

အခန်း (၁)
မမချေသည် မလေးရှားရဲများက လက်ထိပ်ခတ်ပြီး ခေါ်ဆောင်လာ:ရေ သူ၏လင်ယောင်္ကျားလက်ကို အတင်းဆွဲထားသည်။
ဘယ်ဘက်လက်ဖြင့်သူ၏ လပိုင်းသားငယ်ကို ရင်ခွင်ထဲဆွဲထားသည်။
]အချေက ရုန်း လင်ကိုဆွဲနှင့် မျက်ရည်ပေါက်ကြီးငယ်ကျကာ မမချေမှာ ဗျာများနေပါသည်။
သူ့ယောက်ျားလည်း ရဲများဖမ်းဆီးခေါ်ဆောင်ရာကို မလိုက်ချင် လိုက်ချင် လိုက်ပါလားရသည်။ 
မမချေမှာ ရုံးခန်းထဲမှာထိုင်ချလိုက်ပြီးကေ သူမ၏သားငယ်ကို ပိုက်ပနာ အားရပါးရငိုချလိုက်ပါတော့သည်။ တရုံးလုံးလည်း သိမ့်သိမ့်တုန်လားရေ ပိုင်ထင်လိုက်ပါရေ။
အခန်း(၂)
မတ်လ (၃၀) ရက် ည (၁၁) နာရီမှာ ဖြစ်တေ၊ ကွာလန်လာပူမြို့လယ်ဂေါင်မှာ (ဆင်ပင်းအလင်းပင်းဆိုင်)ထက်က လေးထပ်တိုက်ကြီးရေ ဟိုတယ်ကြီး မီးရောင်နှင့် ထီးထီးမားမား တည်ငြိမ်စွာ အိပ်မောကျနီလီရေ။
ယင်းအဆောက်အဦးက ၂၀၀၇ ခုနှစ်ကပင်ဖွင့်ထားရေ ANC-S & ARRC ရုံးပင်ဖြစ်ပါရေ။ ရုတ်တရက်ဆိုရေပိုင် တံခါး ကိုမိုးကြိုးနှင့်ပစ်ပွင့်သည့်အလား တဝုန်းဝုန်းနှင့် ဆက်တိုက်ထွက်ပေါ်လာပါရေ။
အသက် ၃၈ နှစ်အရွယ် အေအင်စီ ထောက်ပံ့ရေးနှင့် ရခိုင်ဒုက္ခသည် ကယ်ဆယ် ရေးအလုပ်အမှုဆောင် ကိုကျော်ကျော်ရေ ထိုရုံးခန်းအောက်ဆုံးအထပ်သို့ပြေးဆင်း ပနာ တံခါးဖျက်သူများကို ပြေးကြည့်ဖို့ဆင်းလားရေခါ၊ အိန္ဒိယပိုင် မလေးပိုင် လေးငါး ယောက် တံခါးဝက ဝါးစားမတတ် မျက်စောင်းတိနန့် စိုက်ကြည့်ပနာ မလေးပိုင် အော်ခေါ်နီကတ်ပါရေ။
ကိုကျော်ကျော်လည်း အိန္ဒိယမာဖီးယားဂိုင်း ထင်ပနာ ရုံးကိုပြန်ပြီးတက်လားရေ။
မကြာလိုက်ပါ ရဲယူနီဖေါင်း အပြည့်နန့် သေနပ် ကြီးငယ် ကိုင်ထားရေ ရဲ(၂၀) ကို ဦးဆောင်ပနာ ခိုင်မင်းချမ်း (ခေါ်) မောင်ကျော်သန်း ၊ ဆန်းကျော့ရီ (ခေါ်) ရီရီ ၊ ခိုင်လင်းချေ ၊ စစ်နိုင် ၊ ကုလားချေ ၊ စံလင်း ၊ ဇင်မြင့် ၊ မောင်သောင်း ၊ ဘုန်းဝေ ၊ ကျော်သန်းဝင်း ၊ မောင်ဝင်းလှိုင် ၊ မောင်ဇော် ၊ ခိုင်လင်းကြီး ၊ ရာဘီ (အိန္ဒိယ)လူမျိုး (မြန်မာ့ဥယျာဉ်) ရို့ ရုံးထဲကို တဟုန်ထိုးပြီးတက်လာကတ်ပနာ ဒေသူ တိကိုဖမ်း၊ အမျိုးသား သစ္စာဖောက်တ၊ိ ညီညီလွင် လူတိလို့ပြောပနာ ရုံးတွင်ရှိသမျှ ဗဟို အလုပ်မှုဆောင်တိကို ဖမ်းခိုင်းလီပါရေ။
ရဲက လက်ညှိုးထိုးခံရသူဟူသမျှကို အတင်းဆွဲချုပ၊် လက်ထိပ်ခတ် ခြေထောက်နဲ့ကန် လက်သီးနဲ့ ထိုးဖမ်းဆီးကတ်တေ။ 
ဤမြင်ကွင်းကို မြင်ရရေ မမချေတယောက် သူ့မျက်စိကိုပင် သူမယုံနိုင်လောက် အောင် ဖြစ်ရပါရေ။
ဝရုန်းသုန်းကားနှင့် ကြမ်းတမ်းတေဖြစ်ခြင်း။ 
ခိုင်မင်းချမ်း၊ရီရီ ရို့ ကလည်း ပါးစပ်က ရှိသမျှကြမ်းတမ်းယုတ်မာမှုတိကို ရွတ်ပနာ ထောင်ချပလိုက်မည၊် သတ်ပလိုက်မည၊် မင်းရို့သစ္စာဖောက်တိ သီမှအီးမည်။
ရုံးအောက်မှာလည်း ဦးစောအောင်လက်ပါးစေ အိန္ဒိယ ၊မလေးလူမျိုး ရှုဘီက ရခိုင်သား (၂၀)လောက်နှင့်ရုံးကိုဝိုင်းထားရေ။ 
ထွက်ပြေးသူကိုသတ်ပိုက်ဖို့ အဆင်သင်။့ 
ရုံးခန်းထဲမှာ ရဲတိကလည်းရှိသမျှဖိုင်တိကို ဝဲချ၊ကွန်ပျူတာတိကို ထမ်းချ၊မီးခံ သေတ္တာကိုယူ တံခါးတိကိုကန၊် ဘီဒိုတိကိုလှဲချ၊ မမချေသားချေ ကလည်း ကြောက်လို့ အသံကျယ်ပါအောင်ငိုနီလီရေ။
မြင်ကွင်းက အလွန် ကမ္ဘာပျက်နီရေ အတိုင်းပါဗျာလ်။
မမချေရေ ကျောက်တော်မြို့နယ်ကဖြစ်တေ။ 
စစ်တပ်က လယ်သိမ်း လုပ်အားပေးခိုင်း၊ ဒေကြားထဲမှာအပျော်တော်ဆက်ခေါ် လာမည့်စာရင်းထဲမှာပါလာ ကြောင်းပါလာနိုင်သိရေ။
အခြေအနေကကောင်းဖို့မမြင်။ ယင်းကြောင်း လင် ယောင်္ကျားဟိယာမလေးရှားနိုင်ငံကို သက်စွန့်ဆန်ဖျားလိုက်လာရစော်ဖြစ်တယ်။
မမချေတိပိုင် ရခိုင်ကနီလို့ထွက်ပြေးလာကတ်တယ် ရခိုင်သားရခိုင်သမ သုံးလေးသောင်းလောက်ဟိရေ။ 
ဆယ်ကျော်သက်အရွယ်ကပင် အသက်အရွယ် သုံးဆယ် နှစ်ဆယ်အရွယ်လောက်ရှိကတ်တေ။
တချို့အလုပ်ရှိရေ။ 
တချို့က မရှိ။ 
အေကြားထဲမှာ ရဲဖမ်း၊ထောင်ချ၊အလိမ်ခံ၊ကျမ္မာရေးချို့တဲ့၊ တချို့ အလဟသ သီကတ်ရရေ။ တန်ဖိုးရှိရေအချိန်တိ၊ ဘ၀တိအလဟသဆုံးရှုံးကပ်ရရေ။
ဒေလပ်တလောလူမှုဒုက္ခတိကိုဖြေရှင်းနိုင်ဖို့၊ လူသိက္ခာ၊ လူ့အခွင့်ရေး၊ အခုရခိုင်သားတိမလေးရှားမှာလုပ်ကိုင်စားသောက်နိုင်ဖို့ ANC ကဦးစီးပြီးကေ ၂၀၀၄ ခုနှစ်ကမ ANC- S & ARRC ဖွဲ့စည်း ကူညီပီးနိန်ရေယင်းပိုင်ကူညီပီးနိန်ရေအထဲမှာ ယူအင်ဒုက္ခသည်အဖြစ်မှတ်ပုံတင်ပီးခြင်း၊နိုင်ငံတကာမှာလားရောက်နိန်ထိုင်ခွင့်တိပါရေ။
၂၀၀၈ ခုနှစ်မှာ ယူအင်ဒုက္ခသည်များ မဟာမင်းကြီးရုံးကလူ ရခိုင်သုံးထောင် ကျော်ကို မှတ်ပုံတင်ပီးခရေ။
သို့သော် ၂၀၀၉ ခုနှစ်မှာ ရခိုင်သားတိ စီးပွားရေ ဒုက္ခသည်တိ၊ပါ(စ်)ပို့နှင့်လာရေလူတိဆိုပနာ မှတ်ပုံတင်ခွင့်မရ။ 
သို့သော်ယင်းအဖွဲ့ ကလူဦးရေ ငါးထောင်ကျော်ကို ၂၀၀၉ ခုနှစ်မှာ မှတ်ပုံတင်ခွင့်စာရင်းတင်သွင်းထား လီရေ။
ယင်းစာရင်းရေ ၂၀၁၀ ခု သြဂုတ်လကပင် အောက်တိုဘာ၊ နိုဝင်ဘာလမှာ ယူအင်ကမှတ်ပုံ ထင်လိုက်တေ။
ယင်းနှင့်ကြောင့် ANC-S & ARRC မှာငွေသိန်းနှင့်ချီပြီးကေ ရံပုံငွေ ကောင်ခံရရှိခရေ။ 
ယင်းငွေတိက ရင်းဂစ်တစ်သိန်း (ဒေါ်လာ သုံးသောင်းကျော်) ကိုအယင်ကဒေါင်းမင်း ကုန်ပဏီ၊ ယခု မြန်မာ့ဥယဉ်ကုန်ပဏီ ပိုင်ရှင်ဦးစောအောင်ပါးမှာ (၅) ယောက်လက်မှတ်ထိုးအပ် ကတ်တေ။စာချုပ်ကိုဦးစောအောင်က ရွီးပြီးကေ ယင်းစာမတတ် ပီမတတ်အချေတိ ကလက်မှတ်ထိုးခိုင်ရေ။
ယင်းစာချုပ်မှာအချက်လက်တိကို ကြည့်လိုက်ကေ အားလုံးဦးအောင်က ဒိုင်စားရေ။
ယင်းငွေကို အဖွဲ့ကပြန်မရဆိုရေ စာချုပ်မျိုးဖြစ်တေ၊ အထူးသဖြင့်လေးဦးစုံမှ ငွေကိုထုတ်ပီးမည်လို့ စာချုပ်မှာပါနိန်ရေ။
ပြဿနာကယင်းမှာပင်စလီရေ။
ဇာဖြစ်လို့ဆိုကေ ဦးစောအောင်ယင်းငွေကို လက်ခံကတည်းကပြန်ပီးဖို့စော်လုံးဝမရှိလို့ပါ။ 
ယင်းအချိန်ကစပြီးကေ ဦးစောအောင် ဆင်ကြံကြံ လီရေ။
အခန်း (၃)
ငွေအပ်ပြီးချိန်ကစပြီးကေ ရုံးအလုပ်လုပ်နိန်ရေလူတိကြားမှာ ၀ါဒအမျိုးမျိုးထွက် လာရေ။ 
ANC-S ကိုဘက်မလိုက်ဖိ။ု့ 
ANC ကလူကြီးတိကိုခေါ်ဖို့မလိုရာ။
ဒေ ငွေတိကို ALP ကိုပီး၊ို့၊ တချို့က ALP ကိုမပီး၊ စီးပွားရေးလုပ်ဖို့၊စသည်ဖြင့် ဇါတ်လမ်းကို စဖို့ ဇာကလှုံ့ဆော်လာကတ်တေ။
သွီးထိုးနိန်ကတ်တေ။
ယင်းပိုင်အချိန်မှာ ရုံးမှာ ဘိန်းထုတ်တိတွိရေ၊ ရုံးကမိသားစုတိကို မောင်းထုတ် တေ၊ သူတလူ၊ငါတမင်းနှင့်ထင်ရာစိုင်း၊ မြင်ရာကိုပိုင်ပနာ ညီညွတ်မှုကို ခွဲလာရေ။
အခုဦးစောအောင်ရုံးမှာ တင်ထားရေ ခိုင်မင်းချမ်း၊ မောင်ဝင်းလှိုင်၊ဇင်မြင့်၊ စမ်းကျော့ရီရို့ရေ ယင်းခါကတ်ပင် ဦးစောအောင်နှင့် အနီးကပ်တိုင်ပင်လို့ ဟိလီကတ်တေ။
အခန်း (၄)
မမချေရေ သူ့အချေနဲ့သူ ယောက်ျားရှိရာ ဘာတာဝါ့ မှာ အေးအေးလူလူ လုပ်ကိုင်စားသောက်လျှက်ရှိပါရေ။ ငွေတစ်သိန်းအပ်ထားစော်ကိုလည်းမသိ၊ ဦးစောအောင်ကိုလည်းမမြင်ဖူး၊သို့သော် အမျိုးသားရေးမှာ ပါဝင်လုပ်ကိုင်နိန်ရေ သူ့ လင်ယောက်ျား ကိုကျော်ကျော်ပြောင်းရွေ့ရာ ကွာလာလန်ပူမြို့သို့ အချေတစ်ဖက် အငယ်တစ်ဖက်ဖြင့် မတ်လတွင် ပြောင်းရွှေ့လာပါရေ။
ကွာလာလန်ပူမှာ မမချေတစ်လပင်မပြည့်သိမ့်။ 
ကံဆိုးမိုးမှောင်ကျ ယောက်ျား အဖမ်းခံလားရရေ။
ဦးစောအောင်ဆိုရေ အမည်ကို မမ ချေယင်းခါမှရာ ကြားဖူးလီရေ။ 
ဇာဖြစ်လို့ဆိုကေ ခိုင်မင်းချမ်းရှိက သူ့ယောက်ျားကိုဖမ်းပြီး နောက်နိန့်မိုးထပိုင်းမှာ မမချေအပါအ၀င် ရုံး မှာရှိနိန်ကတ်တေ အချေ၊ ယောက်ျား၊တိနဲ့အရွယ်အိုသူမကျန်ရုံးထက်ကမောင်းထုတ်ချပ လိုက်ကတ်တေ။
မမချေလည်း အချေကိုရွက်ပြီးကေ ဇာလားရဖို့လည်းမသိ။
ငွေလည်းမရှိ၊ စကားလည်းမတတ်၊ ရိုးအရေတောသူမချေတစ်ယောက် ကွာလာလန်ပူမြို့ လယ်ကောင်မှာ ယောင်ရှာရှာ။
ယင်းခါရခိုင်သားတစ်ယောက်မြင်လားပြီးကေ နင့်ယောက်ျားကို ဦးစောအောင် ဖမ်းစော်၊ ထောင်ငါးနှစ်ချလိုက်ဖို့ပြောရေလို့ပြောပနာ နင်ဇာလားဖို့လဲလို့ မိန်းပါရေ။ 
မမချေက ပူချောင်းမှာ သူ့ယောက်ျားသူငယ်ချင်းတိရှိကြောင်းပြောပြရေအခါယင်း ရခိုင်သားက မမချေကို ပူချောင်းကရခိုင်သားတိနိန်ရေ အိမ်တစ်အိမ်မှာ ပို့ပီးခရေ။ 
အချေနို့သောက်ဖို့ ရင်းဂစ် ၅၀ လည်းပီးလားခရေ။
အခန်း (၅)
တစ်ပတ်ရာပြည့်လားခရေ၊ သူ့ယောက်ျားသတင်းလည်းမရ၊ ထောင်ငါးနှစ်ရာကျဖို့ ဆိုကေဇာပိုင်လုပ်ရဖို့လည်းမသိ။ 
မမချေရင်ပူမအီးဖြစ်နိန်ရေ၊ တစ်ခုလည်းမလား တတ်၊ မလာတတ်ဖြစ်နိန်ရေ။ 
ဖုန်းပင်မဆက်တတ်၊ ယင်းပိုင်ခါ ယင်းရခိုင်သားတိ နိန်ရေအိမ်ကို ရခိုင်ရုံးကိုဝင်ခရေလူတစ်ယောက်ရောက်လာရေ။
မမချေက ယင်းရုံး ကဇာသတင်းတိကိုကြားခပါလဲ။
သူ့ယောက်ျားသတင်းကိုကြားခလားလို့မိန်းလိုက်ပါ ရေ။
အခန်း (၆)
ဦးစောအောင်က ရဲကို ငွေ (၅၀၀၀)ပီးပနာ ဆရာညီညီလွှင်နှင့် ရုံးကိုဖမ်းဖို့ အန္ဒိယလူမျိုး မလေးနိုင်ငံသား ရိုဘင်နှင့် ပေါင်းပနာ ဖမ်းစော်ဖြစ်တေ။ 
ဆရာညီညီလွှင်က လက်နက်ကိုင်အဖွဲ့ကဖြစ်တေ။
နင့်ယောက်ျားနှင့် ကျန်(၆) ယောက်က ငွေထောက်ပံ့ရေ။ 
ရခိုင်ပြည်မှာ အကြမ်းဖက်လုပ်ငန်းတိကို လုပ်နိန်ကတ်တေလို့ စွဲချက်တင်ဖမ်းထားစော်ဖြစ်တေ။ 
ယင်းလူ ကပြောပြရေ။ 
မမချေမှာ စိုးရိမ်ပူပင်လာရေ။ 
ကြောက်လည်းကြောက် လာရေ။ 
ဇာဆက်လုပ်ရဖို့လည်းမသိခါ ငိုရာငိုနိန်လီရေ။

အခန်း (၇)
ယင်းအိမ်မှာနိန်ရေရခိုင်သားတစ်ယောက်က ငါမြန်မာ့ဥယျဉ်ဆိုင်မှာကြားခရေ။ 
ဦးစောအောင်ရေ ဒေနှစ်ပိုင်းမှာ စီးပွားရေကျလာရေ။ 
ငွေတစ်သိန်းကိုပြန်မပီးချင်လို့ ရဲကိုတိုင်ပနာ ဆရာညီညီလွှင်နှင့် ရုံးကိုဝင်ဖမ်းစော်ဖြစ်တေ။ 
ရေပြီးကေ ယင်းရုံးမှာ သူဆိုင်ဖွင့်ထားရေ။
ငွေတစ်သိန်းလည်း ရဲကိုပီးလိုက် လို့ကုန်ရာလို့ပြောရေ။ 
အဖွဲ့တိ အားလုံးကိုပေါင်းပီးဖို့လို့လည်းပြောနိန်ကတ်တေ။ 
ငါကြားခစော်က ဦးစောအောင်ကို မြန်မာအစိုးရဗိုလ်ချုပ်သိန်းစိန် ရို့က ခင်ညွှန့်ကိုဖမ်းပနာ ဦးစောအောင်ကိုလည်း ၂၀၀၆ ခုနှစ်က တည်းက ဖမ်းမိန့်ထုတ်ထားရေလို့ပြောသံကြားရေ။ 
ဦးစောအောင်ရေ ဒေါင်းမင်း ကုန်ပဏီကိုထောင်ပြီးကေ ဦးနေ၀င်းသမီး စန္ဒာဝင်းရို့ ဗိုလ်ချုပ်ခင်ညွှန့်ရို့ နှင့်ပေါင်းပြီးကေ မြန်မာတစ်နိုင်ငံလုံးကို ဆီခိုးသွင်းရေ။ 
ရခိုင်ပြည်က ငါး၊ပုဇွန်တိကို မလေးရှား၊ စင်္ကာပူကို ခိုးထုတ်တေ။ 
လူလည်းသွင်းရေ၊ ဘိန်းလည်းသွင်းရေ၊ ငွေရ ကေအားလုံးလုပ်တေ။ 
ယင်းချင့်နဲ့ချမ်းသာလာစော်ဖြစ်တေ။ 
ယင်းပိုင်လုပ်နိန်စော်ကို သိလို့ ဗိုလ်ချုပ်သိန်းစိန်ရို့က ခင်ညွှန့်ကိုဖမ်းပနာဦးစောအောင်ကို ဖမ်းမိန့်ထုတ် ထားရေ။ 
ဦးစောအောင်က ယင်းသတင်းတိကို သူ့ဆရာ အလိုတော်ပြည့် ဆရာတော်ပါးကသိ လို့ သား၊မယားတိကိုခေါ်ပနာ မလေးရှား ကိုထွက်ပြီးလာရေ။
စင်္ကာပူမှာ အိမ်ဝယ်ထားရေ။
မလေးရှားမှာ ကွန်ဒို မီနီယံ တစ်ခုဝယ်ထားရေ။ 
ကိုကျော်နုမြန်မာ ဥယျဉ်ကိုသိမ်းပလိုက်တေ။
ကိုကျော်နုကားတိုက်လို့ သီရေ ခါ ကိုကျော်နုမယား မမြင့်ကို မြန်မာ့ဥယျဉ်ကမောင်းထုတ်လိုက်တေ။
ယခုမမြင့်နှင့် ကိုကျော်နုသားချေ နှစ်ယောက် ကနေဒါမှာရှိ ရေလို့ ပြောရေ။ 
မလေးမှာ ကောင်းကောင်း ဒုက္ခရောက် ခရေလတ်။
အခုနင့်ယောက်ျားရို့ ဆရာညီညီလွှင်ရို့ကို ဖမ်းစော်လည်း ယင်းရုံးကို အပိုင်သိမ်းချင်လို့၊ ငွေတစ်သိန်းကို ပြန်မပီးချင်လို့၊ အဖွဲ့တိကိုပေါင်းပြီးကေ ယင်းလူ နဲ့မဆိုင်ရေပိုင် ရှောင်ထွက်ပြီးကေ ရခိုင်သားတိပါးက ငွေလွှဲလက်ခံမှု များများ ရအောင်လုပ်စော်ရာလို့ မလေးရှားမှာရခိုင်သားတိအားလုံးပြောနိန်ကတ်တေ။
မမချေလည်း ဇာပြောရဖို့လဲ မသိဗျာလ်။
မျက်ရည်စက်လက်၊ ပါးစပ်ဟောင်း လောင်းနင့်ရာ ပွာပြီးကေ ငိုင်လားခရေ။
အခန်း (၈)
ဧပြီလ(၁၇) ရက၊် နိန်ကလည်းပူ ဒင်ဝဏ်းကြီး ရဲစခန်းမှာ လက်ထိတ်ခတ်ထား ရေ။ အမျိုးသားရေးလုပ်ကတ်တေ ကိုကျော်ကျော် အပါအ၀င် ကျန်(၆) ယောက် နိန့် ခင်း(၁)နာရီလောက်မှာ ဘူကိတ်ကျာလီ အကျဉ်းထောင်က ရဲများက ခေါ်ယူလာ ကတ်တေ။
စုံစမ်းရေး ရဲအရာရှိက မင်းရို့မှာ ဇာအပြစ်လည်းမရှိကြောင်း၊ စုံးစမ်း စစ်ဆေး မှုအရ သိရှိရသည့်အတွက် ဒေနိန့်ကစပြီးကေ ကွင်းလုံးကျွတ်လွှတ်ပီးလိုက်ပါဗျာလ်။ အခုလိုမသက်တောင်းမသက်သာဖြစ်ရသည့်အတွက် ကျွန်ုပ်တောင်းပန်ပါသည် ဟုပြောကာ လက်ထစ်များကို ဖြုတ်ပေးလိုက်သည်။
အခန်း (၉)
ကိုကျော်ကျော်၏ကိုယ်သည် တစ်ဝက်မျှပိန်ကျလားသည်။ 
အစားဆင်ရဲ အနိန်ဆင်းရဲကြမ်းတမ်းဆိုးဝါးလှသည့် နာမည်ကြီး ဘူကိတ်ကျာလီ ထောင်တွင် (၁၇)ရက် မျှ အကျဉ်းချချုပ်နှောင်ခြင်းခံထားရပါသည်။
ယခုပဲနေ့လည် (၂) နာရီကျော်လားဗျာလ်။
မနက်စာမစားရသိမ့်။ 
နေကပူ၊၀မ်းက ဆာ၊ ရီကငတ်သည့်ကြားက သားမယားဇာမှာရှိလဲ၊ ဇာပိုင်စားသောက်နိန်ထိုင်ကတ် လည်းမသိ။
ပိုဆိုးသည်မှာ ဇာကိုလားရဖို့လဲ မသိ ဖြစ်နိန်ကတ်တေ။
ယင်းခါ ANC က သူရို့ ကို ကူညီဖို့ရောက်နိန်ရေ ခိုင်ပေါ်လင်းက ရဲစခန်းကိုလိုက်လာပြီး ကျွေးမွေးပနာ လမ်းစရိတ်ပီးပြီး ကိုကျော်ကျော် အိမ်ရှင်မနှင့် သားချေ ရို့ ပူချောင်းမာ ဟိနိန်ကြတ်ကြေင်းကို ပြောပြလိုက်ပါသည်။
အခန်း (၁၀)
အချိန်က ညနေစောင်း။
မမချေတံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်သည်။ 
တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ညစ်ပတ်ပေတေ မုဆိတ်မွှေး ရှည်ပြီး ပိန်သိန် နေသော လင်ယောက်ျားကို ရုတ်တရက်တွေ့လိုက်ရသည်။ 
အံသြခြင်းတစ်ဝက်၊ ၀မ်းသာခြင်းတစ်ဝက်၊ ၀မ်းနည်ခြင်းတစ်ဝက်ဖြင့် မမချေသည် ယောက်ျားကို ဖက် ပနာ အားရပါးရ တ၀ငိုချလိုက်ပါတော့သည်။
မခင်ရီ(ကေအလ်) 

ရခိုင်အမျိုးသားကောင်စီဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment