Wednesday 5 October 2011

ရခိုင်အမျိုးသားနိုင်ငံရေ: ပကတိဖြစ်စဉ်ကို နိုင်ငံရေအရ ရှု မြင်ခြင်း (သို့) အမျိုးသားလွတ်မြောက်ရေး လမ်းစရှာဖွေခြင်း

ရခိုင်တို့၏ ရှေးသမိုင်းသည် ဗက်ဘေလုံ၊ မေဆိုပိုတေမီးယား၊ မိုဟန်ဂျိုဒါရို စသည့် ကနဦးပေါ်ထွန်းခဲ့သော အစောပိုင်းလူ့သမိုင်းယဉ်ကျေးမှုများနှင့် မရှေးမနှောင်းပင် စတင်ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။လူ့ယဉ်ကျေးမှု ထွန်းကားလာသည် နှင့်အမျှ ရခိုင်လူ့ အဖွဲအစည်းထဲတွင် စာပေယဉ်ကျေးမှု၊ နိုင်ငံရေး၊စစ်ရေး စီးပွါးရေး၊ လူမှု့ ရေး၊ဘာသာရေး၊ သိပ္ပံ နှင့် နည်းပညာများ လည်းယှဉ်တွဲ တိုးတက်ထွန်းကားလာခဲ့ပေသည်။
ရခိုင်လူ့ အဖွဲ အစည်းသည် ကမ္မာလူ့ ပတ် ဝန်းကျင် အဝန်းအဝိုင်းထဲတွင် ပါဝင်ထိုးဖောက်၍ ရှေးတမ်းရောက်နေခဲ့ရာ၊ ရခိုင်လူမျိုးတို့ ၏ ဆန္ဒ၊ လိုလားချက်၊ မျှော်မှန်းချက် တို့ သည် ကမ္မာ့ လူသားဆန္ဒ၊ နိုင်ငံရေးဝါဒ အဝန်းအဝိုင်း နယ်ပါယ်ထဲတွင် အရေးပါ၍နေခဲ့ပါသည်။ နိုင်ငံရေး ရုပ်တရား နာမ်တရားဆက်စပ်မှု၊ နိုင်ငံရေး ပညတ် နှင့် ပရမတ် ဆက်နွယ်မှုတို့သည် ရခိုင်တို့အတွက်ဟူ၍ သီးသန့် ခြားနား ဖြစ်ပေါ် ထားရှိခြင်း မရှိပေ။ အခြေအနေ၊ အကျဉ်းအကျပ်၊ လက်ရှိဖြစ်နေသည့် နိုင်ငံရေး အနုလောမတရားအရ ကွာဟခြင်းသာ အထိုက်အလျောက်ရှိပေသည်။
မနုဿလူသားများပင်ဖြစ်ကြသည့် ရခိုင်လူမျိုးတို့သည်၊ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှု နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ ဆက်စပ်မှု၊ အစဉ်ကို ယထာဘူတကျကျ၊ လက်တွေ့ ပကတိ အနု့ လုံပတိလုံ ရှု့ မြင်သုံးသပ်နှိုင်မှသာလျှင် လက်ရှိရခိုင် နိုင်ငံရေး နှင့် အမျိုးသားလွတ်မြောက်ရေး နိုင်ငံရေး လှုပ်ရှားမှု့ ဖြစ်စဉ်ကို သိမြင်နှိုင်မည် ဖြစ်သည်။ 
ထိုမှတဆင့် မည်သို့လုပ်ဆောင်ရမည်ကို သိ့နားလည်လာမည် ဖြစ်ပါသည်။ 
ထိုသို့အဖြေမှန်ကို ရရှိရန် နိုင်ငံရေးကို နိုင်ငံရေး နည်းအရ အနှစ်သာရကျကျ ပကတိအခြေအနေအတိုင်း ရှု့ မြင်သုံးသပ်ကြရပါမည်။
သို့ ဆိုပါလျှင် ရခိုင်လူမျိုးတို့ ၏ ဆန္ဒသည် လူသားတို့ ၏ ဆန္ဒ နှင့်ထပ်တူထပ်မျှဖြစ်သည်။
ငြိမ်းချမ်းပျော်ရွှင် ချမ်းမြည့်သော ဘဝကိုလိုလားပြီး၊ နောင်တမလွန်ဘဝ ငြိမ်းချမ်းမှုအထိ မျှော်လင့်တောင့်တတတ်ကြသည်မှာ လူသားတိုင်း၏ အခြေခံဆန္ဒပင်ဖြစ်ပါသည်။
ခြုံငုံတင်ပြရလျှင် လက်ရှိဘဝထက် ကောင်းမွန်သော ဘဝကိုလိုလားပြီး၊ နိုင်ငံရေးလွတ်လပ်မှု၊ တရားမျှတမှု၊ လွတ်လပ်စွာဖေါ်ပြပိုင်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊တန်းတူခွင့်၊ အသက်အိုးအိမ် အာမခံခွင့်၊ မိ့သားစု့ ဘဝလွတ်လပ်စွာထူထောင်ခွင့်၊ မိမိသားသမီး များကိုအဌာရသ သက်မွေးဝမ်းကျောင်း အတတ်ပညာမျိုးစုံ တပ်လိုခြင်း၊ လူရာဝင်ဆန့် လိုကြခြင်း၊ဥမကွဲသစ်မပျက် နေလိုကြခြင်း၊ လူ့သိက္ခာ နှင့်အညီနေထိုင် ဆက်ဆန်လိုကြခြင်း သည် လူသားတိုင်း၏ဆန္ဒ္မပင်ဖြစ်သည်။
ထိုထိုဆန္ဒများ ပြည့်ဝစေရန် နိုင်ငံရေးအရ ဖြေရှင်း ဖြည့်စွက်မှသာလျှင် အများဆုံးအကျိုးရလဒ်ကို ခံစားကြရမည်။ 
လူမှုစီးပွါးရေးဘဝတိုးတက် ပြည့်စုံမှုသည် နိုင်ငံရေး မူဝါဒ လမ်းစဉ် ချမှတ်ကျင့် သုံးမှ့၏ အကျိုးရလဒ်ပင်ဖြစ်သည်။
သို့ ဖြစ်ပါ၍ နိုင်ငံရေးကို နာမ်ပိုင်း ဖြစ်သည့် မူဝါဒရေရာ အပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်သုံးမှု့ စနစ်အပိုင်း ဟူ၍ ခွဲခြားရှုမြင် နှိုင်ပါသည်။
နာမ်ပိုင်းဆိုင်ရာတွင် (political philosophy and political ideology)၊ နိုင်ငံရေး အဘိဓမ္မာ နှင့် နိုင်ငံရေး အတွေးအခေါ်များ ဖြစ်ကြပြီး၊ နိုင်ငံရေး ရုပ်ပိုင်းဆိုင်ရာတွင် (political system)၊ နိုင်ငံရေကျင့်သုံးမှု စံနစ်ပင်ဖြစ်သည်။
နိုင်ငံရေးဆိုသည်မှာ လူသားတို့ ၏ ဆန္ဒများ ပြည့်ဝပြီး၊ အများစုဘဝ ပျော်ရွှင် ကောင်းစားရေး နှင့် မည်သူတဦးတယောက်ကိုမှ နောက်ချန် မထားရစ်လိုသည့် အပြုသဘော မျှော်မှန်းချက်များအပေါ်အခြေခံ ပေါက်ဖွားလာသည့် အတွေးအခေါ်တရပ်ကို “မူဝါဒ” ချမှတ်အကောင် အထည်ဖေါ်ခြင်း ပင်ဖြစ်သည်။ တစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွါးကို လေးစား အသိအမှတ်ပြု့ ၊ တန်ဘိုးထားသည်။ 
တချိန်တည်းတွင် ဘုံအကျိုးစီးပွါးအတွက် ဘုံဝါဒစံနစ်များ ချမှတ်ကာ အုပ်ချုပ်ရေး၊ စီမံခန့် ခွဲရေး၊ ဥပဒေပြု့ ရေး၊ တရားစီရင်ရေး စံနစ်များဖြင့် အကောင်အထည် ဖေါ်ခြင်းဖြစ်သည်။
နိုင်ငံရေးစနစ် အဆင့်ဆင့် ပြောင်းလဲမှု ဖြစ်စဉ်သမိုင်းကို ပြန်လည် ကြည့်လျှင်၊ ကျေးပိုင် ကျွန်ပိုင်စံနစ်၊ သက်ဦးဆံပိုင် ဘုရင်စံနစ်၊ ပဒေသရဇ်စံနစ်၊ ကိုလိုနီနယ်ရှေ့ စံနစ်၊ ဖက်ဆစ်အာဏာရှင်စံနစ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် နှင့် ဒီမိုကရေစီ စံနစ်များကို တွေ့ ရှိရပေသည်။
ထိုသို့ပြောင်းလဲ တိုးတက်ရာတွင် (Evolution) အဆင့်ဆင့်တိုးတက် ပြောင်းလဲခြင်းနှင့်၊ (Revolution) တော်လှန်တိုက်ခိုက်ယူရသော ပြောင်းလဲခြင်းဟူ၍ နှစ်မျိုးရှိသည်။ 
လူ သမိုင်းတလျှောက်တွင် အသက်ပေါင်း များစွာစတေးပြီး နိုင်ငံရေးကို ပြောင်းလဲ ယူခဲ့ကြရ သည်များလည်းရှိ၏။ 
အထူးသဖြင့်လူအများစု၏ ဘဝ မဖုံလုံမှု၊ ဆန္ဒပြည့်ဝမှုမရှိတော့လျှင် ရုပ်ရော နာမ်ပါ ပဋ္ဋိပက္ခ စတင်လာခြင်းကြောင့်ဖြစ်သည်။ 
ထို ပဋ္ဋိပက္ခ ကိုဖြေရှင်းရန် (သို.) အစါးထိုးဖြည့်စွက်ရန် အဆင့်ဆင့်တိုးတက် ပြောင်းလဲခြင်းနှင့်၊ တော်လှန် တိုက်ခိုက် ပြောင်းလဲခြင်း များကြားဝင်လာကြရသည်။
ပဋ္ဋိပက္ခများဆိုရာတွင် ပစ္စည်းရှင်နှင့် ပစ္စည်းမဲ့တို.အကြား ပဋ္ဋိပက္ခ၊ အုပ်ချူပ်သူနှင့် အုပ်ချုပ်ခံတို.အကြား ပဋ္ဋိပက္ခ၊ ဖိနှိပ်သူနှင့် တွန်းလှန်သူ တို့ အကြား ပဋ္ဋိပက္ခ၊ ဘာသာရေး အစွမ်းရောက် နှင့် လွတ်လပ်သူများ အကြား ပဋ္ဋိပက္ခ၊ တဖက်လူမျိုး ကို တခြားလူမျိုးက ကျွန်ပြု.အုပ်ချုပ် ခြင်းမှ လွတ်မြောက်ရေး လှုပ်ရှားမှု. ပဋ္ဋိပက္ခ၊ ဤပဋ္ဋိပက္ခ တို.၏အခြေခံတရားတို.သည် နိုင်ငံရေး ကြောင်.ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
သို.ဆိုပါလျှင် ရခိုင်လူမျိုးတို.၏ ပဋ္ဋိပက္ခသည် ကျွန်ုပြု.အုပ်ချုပ်သူ ဗမာလူမျိုးများ နှင်. သူ.ကျွန်ဘဝမှ လွတ်မြောက်ရန်တော်လှန်နေ ကြသည့် အမျိုးသားလွတ်မြောက်ရေး နိုင်ငံရေ လှုပ်ရှားမှု.ဟု. ရှု.မြင်ကြ ရပေမည်။ 
ရခိုင်လူမျိုးတို.၏ ကံကြမ္မာကို ရခိုင်လူမျိုးများ ဖန်တီးခွင်. ရမှသာလျှင် ရခိုင် တမျိုးသားလုံး ကောင်းစားမည် ဟု အပြည့်အဝ သက်ဝင် ယုံကြည်ကြရမည်။
ဒု.တိယကမ္မာစစ် ပြီးခါစ ကိုလိုနီကျွန်ပြု. အုပ်ချုပ်ရေးစနစ် အဆုံးသတ်ရန်နှင်. ကမ္မာ. ငြိမ်းချမ်းရေး တည်ဆောက်နှိုင်ရန် အမေရိကန်သမ္မတ ရု(စ်)ဘတ်က (Self-determination) ကိုယ်ပိုင်ပြဋါန်းခွင်. မူကိုချမှတ်ပေးခဲ့ပေသည်။ 
တဖက်တွင်လည်း ဒီမိုကရေစီလုပ်ထုံး လုပ်နည်းများအရ ယခု.လက်ရှိ အုပ်ချုပ်နေသည့် မြန်မာများက ရခိုင်လူမျိုးများ၏ ဆန္ဒကို ကောက်ခံကာ လွတ်လပ်ရေ ပေးလိုက်ခြင်းဖြင့် ငြိမ်းချမ်းစွာနှင့်. ရခိုင်အမျိုးသား လွတ်မြောက်ရေး နိုင်ငံရေး လှုပ်ရှားမှု. ပဋ္ဋိပက္ခကို ဖြေရှင်းပေးရာ ရောက်.သည်။
ထိုသို့မလုပ်ဆောင် ပေးပါက၊ ရခိုင်လူမျိုးတို.၏ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှု.သည် လုံးဝတရားမျှတသည်။ 
ရခိုင်လူထု. ဆန္ဒမပါပဲ ရခိုင်ပြည်ကို မြန်မာများ ၁၇၈၄ ခု.နှစ်ကတည်းက စစ်မကြည်ညာပဲ မတရား သိမ်းပိုက် အုပ်ချုပ်ထားခြင်းဖြစ်သည်။
ဤကဲ့သို့သော တော်လှန်ခြင်းသည် ရခိုင်လူမျိုး တမျိုးတည်း တော်လှန်နေကြ ခြင်းမဟှုတ်၊ ကမ္မာတဝှမ်းလုံးတွင်ဖြစ်ပေါ် နေသောတော်လှန်ရေး ဖြစ်သည်။ 
လပ်တလော လွတ်မြောက် ခဲ.ကြသော အရှေ.တီမော နှင်.မြောက်ဆူဒန် လူမျိုးတို.က သက်သေထူခဲကြပေသည်။
အလားတူပင် ရခိုင်များ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးနှိုင်မှသာလျှင် ရခိုင်လူမျိုးများ ကောင်းစားရေကို စွမ်းဆောင် နှိုင်မည်ဟုယုံကြည်ခြင်းသည် နိုင်ငံရေးအရ အလွန်တရာမှ လက်တွေ့ ကျလှလေသည်။ နိုင်ငံရေအရ ရင့်ကျက် တည်ငြိမ်သည့်နိုင်ငံမျိုး တည်ဆောက်နှိုင်မှသာလျှင် နိုင်ငံသား တဦးချင်းစီ၏ဘဝကို အဆုံးစွန်အထိ မြှင့်တင်နှိုင်မည်ဖြစ်သည်။
ထိုသို့သောနိုင်ငံရေး တည်ငြိမ်သည့် အဆင့်ကိုရရှိရန် အဆင့်လေးဆင်.ထား တည်ဆောက် ကြရသည်။
ပထမအဆင်.တွင် အခြေခံလိုအပ်ချက် ဖြစ်သော စားဝတ်နေရေး ဖုံလုံမှုဖြစ်သည်။ 
ဒုတိယအဆင့်တွင် လူတို.သည် စါးဝတ်နေရေး ဖုံလုံလာ သည်နှင်.အမျှ မိမိတို. အားသန်ရာကို အာရုံစူးစိုက် လာကြသည်။ တီထွင်ကြံဆလာ ကြသည်။ 
တတိယအဆင်.တွင် မိမိတီထွင်ကြံဆ ရရှိလာသော ပိုင်ဆိုင်မှု.များကို မပျက်စီး မပျောက်ပျက် စေရန် အာမခံချက် ရယူလိုကြသည်။ 
နောက်ဆုံး အဆင့်တွင် အာမခံချက် တည်ငြိမ်မှု.ရရှိ လာသည်နှင့်အမျှ မိမိ ရရှိထားသည့်အရာ၊ အတွေးအခေါ်၊ ကြံဆချက်များကို ကမ္မာနှင့်အဝှမ်း ဖြန်.ဖြူးလာ ကြသည်။
လူကိုလူချင်း တန်ဘိုးထား လာကြသည်။
အပြန်အလှန် လေးစါး အသိအမှတ်ပြု. လာကြသည်။ ထိုရင့်ကျက်တည်ငြိမ်သော နိုင်ငံသားများ စု.စည်းရာ နိုင်ငံသည် နိုင်ငံရေးတည်ငြိမ်ကာ (Evolution) အသွင်ပြောင်း လဲသည့်စနစ်ဖြင့် ဆင့်ကဲဆင့်ကဲ တိုးတက်လျှက်ရှိ ပေလိမ့်မည်။
ရခိုင်တို့အတွက် ထိုကဲ့သို့သော နိုင်ငံရေး အဆင့်ဆင့်တည်ဆောက်မှုကို ရခိုင်လူမျိုး တို့ ကိုယ်တိုင် အနေဖြင့်သာလုပ်ဆောင် ကြရမည်ဖြစ်သည်။ 
တနည်းဆိုရသော် သီးခြားလွတ်လပ်သော ရခိုင်.သမ္မတ နိုင်ငံ ထူထောင်နှိုင်မှသာလျှင် ကမ္ဘာ့လူ့ ဘောင် အလယ်တွင် ရခိုင်လူမျိုးများ ဂုဏ်ယူနှိုင် ကြပါမည်။ 
အဖိနှိပ်ခံ၊ လက်ဝေခံ ကျွန်ဘဝ၌ ရှိနေသ၍ ကာလပတ်လုံး အနှိမ်ခံ၊ အပယ်ခံ၊ အစားဆင်းရဲ၊ အနေဆင်းရဲ ဖြင့် လူလုံးမလှ၊ ဘဝရေတိမ်နစ် နေကြဦးမည်။
ဤ “ရခိုင်အမျိုးသားနိုင်ငံရေး ပကတိဖြစ်စဉ်အပေါ် နိုင်ငံရေးအရ ရှုမြင်ခြင်း” ဆောင်းပါးသည် အခန်းဆက် ၂၀ ပါဝင်သော ဆောင်းပါးရှည်ကြီး ဖြစ်ပြီး၊ ရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး၊ ပါတီ အဖွဲ.အစည်း များနှင့် ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) နှင့် ဒေသတွင်း နိုင်ငံရေး၊ ကမ္မာ့နိုင်ငံရေး အပါအဝင် အမျိုးသား နိုင်ငံရေး မူဝါဒများကို တင်ပြထားသည်။
ထပ်ဆင့်လုပ်ဆောင်ချက်များ၊ ရှေ.ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ တာဝန် ဝတ္တရား များကို စံနစ်တကျ တစုတစည်းတည်းတင်ပြနိုင်ရန် ကြိုးစား ပြုစုထားပေသည်။
နိုင်ငံရေး နိုးကြားမှုနှင့် အမျိုးသားရေး တာဝန်သိတတ်မှုများသည် မိမိတို့လူ့အဖွဲ့စည်းအတိုင်းတာဖြင့် အဆင့်မီလာမှသာလျှင် ထိုနိုင်ငံထိုလူမျိုး တိုးတက်နှိုင်မည် ဖြစ်သည်။ 
အနှီသို့သော နိုးကြားမှု၊ တိုးတက်မှုများအတွက် အထောက် အကူပြု့နိုင်ရန်နှင့်၊ ၍ အမျိုးသား လွတ်မြောက်ရေး နှင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေ ခရီးရှည်ချီတက်ရဦးမည့် ဤလုပ်ငန်းစဉ်ကြီးအတွက် တတ်အားသရွေ့ ပံပိုးနှိုင်ရန် ရာည်ရွယ်ပြီး ဤစာတမ်းကို ရေးသား ပြုစု ဖြန့်ချိရခြင်းဖြစ်ပါသည်။
(နိဒါန်း ကိုထပ်မံ ဖေါ်ပြလား ပါမည်။)
###


စာရွီးသူ///
ညီညီလွင်
(စကားချီ) 

ရခိုင်အမျိုးသားကောင်စီဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment