Friday 23 September 2011

အကျွန် နောင့် ရခိုင်စာပီ ခရီး

သတ်ပိုက်ချင်ရေ….ကိုယ့်စော်ကို။ ဇာကအမြီရေလ မသိ ဗီဇ ရာလာ မသိ..။
ပျင်းစော်ကို ပြောစော်ပါ ပျင်းစော်ကို။ 
ရခိုင်စာပီ အရီးအသား၊တိုးတက်မှု၊အလားအလာ…အစအစ ဟိသဖြင့် စိတ်ကူးမှာပေါ်သမျှ ကဗျာချေစာချေပီချေရီးရေခါ ခံစားမိသမျှကိုပ ရီးပိုက်ချင်စော်…….ယေကေလေ့ ပြောခရေပိုင် ပျင်းစော်က ဟြိကခံနိန်ရေ။ 
ထိုဝင်ဒေထွက် နန့် မ၀င်ကေမနိန်နိုင်ရေ အေအမ်ပီကို ၀င်တွင်း ဒေနိ ရခိုင်သမ အစ်မတယောက် စာပိုဒ်ချေတိ ခံစားမှုချေတိကို စလို့တင်စွာကို ၀မ်းသာအားရမြင်လိုက်ရလို့ အားရပါးရ ဖတ်ပလိုက်တေ………………။သျှသျှားပပါး ရခိုင်သမ ၀ါသနာစာရီးဆရာမတိ ပေါ်လာကတ်စော် လူတိယူချင်ယူမချင်နီ..အကျွန်တော့ တပျင်းဂုဏ်ယူရေ။

သူ့စာပိုဒ်ဆုံးတိုင်းမှာမြင်လိုက်ရရေ မှတ်ချက် ….


” အကျွန်ရခိုင်စကားနှင့်စာစရီးဖို့ ကြိုးစားရေ အတွက် သတ်ပုံ စာလုံးပေါင်းမှားကေ ခွင့်လွှတ်ပီးကတ်ပါ “


မလိုအပ်ပဲ လုံးဝမလိုဘဲ တောင်းပန်နီရရေ စကား ..ဒေပိုင်မျိုး ကိုယ်လေ့ရီးဖူးခရေ။ 
အခြားလူတိ ရီးကတ်စော်ကိုလေ့ မမြင်ချင်မှ အဆုံးတ၀ မြင်ဖူးရေ။
မီးခွန်းတခုကို ကိုယ့်စော်ကိုမီးရေ စာရီးဖက် သူငယ်ချင်းမိတ်ဆွေတိကိုလေ့မီးဖြစ်တေ။

“အကျွန်ရို့ ရခိုင်စာရီးကေ သတ်ပုံမှားဖို့ ဇာတွက်ကြောက်ကတ်ရလေ။”


ဆက်လို့ပေါ်လာရေ အတွီးက ရခိုင်စာကောဟိသိယင့်လား။
ဒေပိုင်မီးလို့ ရခိုင်သမိုင်း နန့် စာပီသုတေသီတိ လာလို့သတ်ကေလေ့ခံလိုက်ရဖို့ အဂယောင့်အကျွန်ကတော့ခါ ပျောက်နီရေပိုင်ခံစားရရေ။ 
အမှန်ဧကန် စာမျက်နှာမှာ ဟိပါယင့်နန့် လက်ဟိ ရခိုင်ပြည်ဘ၀က လက်အောက်ခံ ကျွန်အဆင့်ဖြစ်နီရေ အတွက် ကိုယ်ပိုင်စာပီရေ လူပိုင်စာပ်ီဖြစ်နီရစော် ။ 
ကိုယ့်အိမ်မှာကိုယ်ငှားနီရရေ အဖြစ် နန့် အံကြိတ်နီရရေ ခံစားချက်ကို ကိုယ်ကလွဲလို့ အခြား ပြင်ကလူ ဘဇောင်သိဖို့ရောင်။
ယင်းပိုင်နည်းနန့် အုပ်ချုပ်ပုံစနစ်မပြောင်းသရွှီ့ ကိုယ်ကံကြမာ ကိုယ်စီရင်ပိုင်ခွင့်မရသရွှီ့ ငါရို့တိရေ ငါရို့စာပီ ရခိုင်အကရာတိကို အသျှင်ခံဖို့ မဖြစ်နိုင်သိလား။ 
သို့မဟုတ်ကေ ငါရို့တိ စာပီမဟိရေ လူမျိုးဖြစ်လားဖို့ဗျလ်။

ငယ်ရာက ကြီးလာရေ လူတိုင်းအမီးခံရလိမ့်မေ …ရခိုင်မှာ စာဟိလား..သြော်..ရခိုင်စာ နန့် ဗမာစာ အတူတူလား အသံပဲကွဲစွာလား။ 
အဝေး…ဒေစွာ ငါရို့စာဒေ ။ 
ငါရို့ ခောတ်အဆက်ဆက်ရီးခရေ စာဒေ လို့ ထိုးပြချင်ပိုင်ထိုးပြလီ ရခိုင်စာပီအဖြစ်မူပိုင်အသိအမှတ်ပြုခြင်းကို တရားဝင် မကြောညာနိုင်သရွှီ ငါရို့ရေ စာပျောက်နီရေ လူမျိုးလို့ ယေဘုယ ခံစားလိုက်ရရေ။ 
အကျွန်ခံစားချက်ပါရာ…ပရန်လူကို မပြောပါ။



၁။ ကောင်းဘ၀င်မကျချင် ကိုယ့်အသံ နန့်ကိုယ့်စာ ကို ကိုယ့်အက္ခရာ နန့် ရီးစွာမှာ ဇာတွက် စာလုံးပေါင်းသတ်ပုံ မှားဖို့ ကြောက်ရလေ ….အကြောင်းပြချက်ဟိရေ။
အကျွန်ရို့ရေ က၊ခ၊ဂ ဗျည်း နှင့် သရ အခြေခံ အက္ခရာ တိကို မြန်မာစာ ဆိုဗနာ အငယ်ချေ ကပင်စာသင်ရိုးညွှန်းတမ်း အတိုင်း တက္ကသိုလ်ရောက်တေ အထိ သင်ကတ်ရပါရေ။
ယေခါ မြန်မာစာ သတ်ပုံအနီအထား အဖြတ်အတောက် အထားအသို နန့် ပတ်သက်လို့ စိတ်ကူးမှာပေါ်ရေအတိုင်း စဉ်းစားရေအတိုင်းကို ချရီးကြည့်..အများအားဖြင့် သတ်ပုံ နန့် ပါတ်သက်လို့ယုံကြည်မှုဟိကတ်ပါရေ။ 
ယင်းအချိန်ခါကပင် ဗမာအသံထွက် နန့် မြန်မာစာရီးလာကတ်စော် ကျင့်သားလေ့ရနိန်ကတ်ခါ အကျွန်ရို့ရခိုင်တိရေ ကိုယ့်အသံထွက် နန့် ရခိုင်စာလို့ ဖန်တီးရီးရစော်ခါ အဓိက သတ်ပုံ နှင့်ပတ်သက်လို့ ကိုယ့်စော်ကို ယုံကြည်မှု နည်းစော်တိကို တွီ့ရပါရေ။ အကျွန်ရို့်ကကား ရခိုင်စာ လို့ အငယ်ကပင် ရီးပုံရီးနည်းတွီးပုံ တွီးနည်း အထားအသို အဖြတ်အတောက် မသင်က မသင်ဖူးပါ။ 
သင်လို့ရရေ ပြင်ပ ဘုန်းတော်ကြီးကျောင်းလို့လေ့ မဟိပါ။

၂။ နောက်တချက်က စကားအတိုင်းရီးဖို့လား စာအနီနှင့်ရီးဖို့လား ဆိုဗနာ ကွဲလာပါသိရေ။ စကားသံအတိုင်း ရီးရေခါ အရပ်သုံးသဘောformal မဟုတ်တေ ရီးသားနီး ဖြစ်လားဗနာ formal ရီးသားနီးဖြစ်တေ ယဉ်ကျေးရေအသွင်ပါရေ စာအတိုင်း ရီးကေလေ့ ဗမာသံထွက်လားရေ လို့ စာဖတ်သူတိ ခံစားရပါလိမ့်မေ။ ဂုဆိုကေ အကျွန်ရီးနီစွာပုံစံရေ စကားသံအတိုင်းရာ ဖြစ်ပါရေ။
ဒေပိုင်မျိုးစာကို ရုံးခန်းရုံးသုံးလုပ်လို့မရပါ။ ဥပမာ ထို စတိတ်မန့် ဒေစတိတ်မန့်တိ ထုတ်ကတ်တေခါ ရီးသားရရေ ပုံစံကျကေ တမျိုး စာအသွင် ဆိုဗနာရီးနီပါရေ။ 
ယင်းတွက် အကျွန်ရို့မှာ ရခိုင်စာကို အသံထွက် နန့် လိုက်လို့ရီးရရေခါ ဒေပိုင်မျိုး အခြီအနီတိကို သူသူကိုယ်ကိုယ် ကြုံတွီရကတ်ပါရေ။
နောက်တခုက ရခိုင်စာကို ထွင်လို့ ရီးနီရရေ လို့ ပြောခရေ။
ဒေချင့်ရေ အမှန်။ ရခိုင်စာ လို့ခံယူဗနာ ရီးကတ်တေခါ တမင်တကာ အတလိ ဗမာစာ နှင့်မတူအောင်ဆိုဗနာ စကားသံကို ဂျေးအားပြုလို့ ရီးလားစော်ကို တွီ့ရပါရေ။
ယေခါ ဇာဖြစ်လေ…စာမလှဖြစ်လားပါရေ။
ဝေါဟာရ မကြွီဝ စွာတိ သုံးဖို့အသုံးတိ သျှားပါးလားစော်ကို လားလို့ခံစားရပါရေ။
ပြီးကေ ဝေါဟာရ ယှုတ်ထွီးမှု ဒေစွာက ရခိုင်ဝေါဟာရလား ဗမာဝေါဟာရလား မကွဲပြားဗျလ်..တယောက်လေ့အပြစ်မဟုတ် ကုလားတောမှာနီကေ ကုလားသံကူးလာရေ ပိုင်ယာ။

၃။ ရခိုင်ပီအားနည်းလာရခြင်းမှာ အဂုအကျွန်ပြောဖို့ အချက်တိပါဝင်ပါရေ။ 
ရခိုင်စာအုပ် ဖြန့်ချီမှုတိ အားနည်းရေ။
(လာမပြောကေ့ ဖေသာ ဒင်္ဂါး ကုံးလို့ကောက်စရာမဟိ သျှားရေခောတ်မှာ ယှုံးဖို့စော်ကို သိယင့်နန့် အသူအရူးကျခံဗနာ ထုတ်ဝီဖို့လဲ)။
ဟုတ်လေ့ဟုတ်ယင့် တွက်ကြည့်ကေ လစိုင်၊အပတ်စိုင်၊နှစ်စိုင်တောင်ပုံမှန် မထုတ်ဝ်ီနိုင်ရေ ပြည်နယ် မဂဇင်းတိကို ၀ယ်လို့ ဖတ်ဖို့လူပင် သျှသျှား ယေလောက် ရခိုင်စာပီကို အားပီးကတ်တေ။
ကိုယ်လေ့ တယောက်အပါအ၀င် ဖြစ်ခပါရေ။ သမိုင်းစိတ်မ၀င်စား စာပီစိတ်မ၀င်စား စာလေ့ရီးနိုင်ဖို့မဟုတ် ဆိုဗနာ။
ယေတောင် ကကောင်းကြီး ကျေးဇူးတင်ရဖို့ ရခိုင်သားကြီးစာပီ တခု တတိန်းချေဟိနီသိလို့ ရခိုင်စာအုပ်တိ လက်ဟိ ယလောက်ကျန်လိုက်စော်။
ဂုတောင် ယင်းစာအုပ်တိုက်က ရခိုင်သမိုင်း ယဉ်ကျေးမှု ထုံးတမ်းစိုင်လာ တိကို ကွန်ပြူတာ နန့် အလှဆင်ပြုပြင်ဗနာ ခံ့ညားလှပရေ စာအုပ်တိ ထုတ်ဝီနီသံကြားပါယင့်။
ပြည်တွင်း နန့် ပြည်ပ စာအုပ်စာပီ ဖြန့်ချီရီးမှာ အဆက်အသွယ် မပြောင်မြောက်စော်ကလေ့ စာပီထုတ်လုပ်ရေးပိုင်းမှာထုတ်ဝီသူကို ပြည်တွင်းဈီးကွက် အားကိုးလောက်နန့် အယှုံးပေါ်စီ ဗနာ ပြည်ပစာပီချစ်လူတိကို ရခိုင်စာပီ နန့် ၀ီးဇီပါရေ။



၎။ ရခိုင်သား၊ရခိုင်သမ အပျော်တမ်းပင် ရီးရီး စီးပွားဖြစ်ပင်ရီးရီး စာရီးရေ လူကတော့ခါ နည်းလာပါရေ။ မှန်းကြည့်..ရခိုင်ကဗျာတိတော့ ရီးရေလူတိများလို့ တပျော်တပါးဖတ်ကတ်ရပါယင့်.။ ရခိုင်စာနန့်ရီးထားရေ ဆောင်းပါး ၀ထုတို ဖတ်ဖူးပါယင့်။ 
အချစ်ဝထုဟြည်လို့ တခါလေ့ မဖတ်ဖူး (ကိုယ်ဘဲ ဗဟုသုတ အားနည်းလို့ဟိစော်ကို မသိစော်လား) စာပီ အမျိုးအစားတိ အားနည်းလာစော်ကို ပြောပြစော်ပါရာ။
ပြီးကေ ရခိုင်စာရီးရဖို့စော်ကို ဟြက်ကတ်တေလား။ ဇာတွက် ကိုယ့်စာကို ပြန်လို့ အသက်သွင်းဖို့ ရခိုင်စကားနန့် အရီးအသားကို ဒေခောတ် ကိုယ့်လက်ထက်မှာ မစကတ်ရစွာလေး။
အပြစ်တင်စောမဟုတ် အားမရစော်ပါရာ။

တနားတနားချေပါ…….အကျွန်စကားမဆုံးပါသိ။ ဗမာစာ နန့် ရီးရခြင်းရေ လူတိုင်းနားလည်ရေ ဘုံကျရေ အရီးအသားလို့လက်တွိ့ကျကျ ငြင်းလာဖို့စော်ကို အကျွန်လက်ခံပါရေ။ 
အကျွန်ရို့ပြည်မှာ သံတွဲရို့ ဂွရို့က လူတိရေ ရခိုင်ပိုင်ရီးကေ နားမလည်လတ်……..ယင်းတွက် ဗမာပိုင်ရီးခြင်းရေ အသင့်တော်ဆုံးဖြစ်တေလို့ ပြောလာကတ်လိမ့်မေ ရခိုင်တိက။
စိုင်းစားကြည့်ကေ ကုလားပြည်မှာနီရေ ရခိုင်တိ တောင် ရခိုင်စကားနန့် ရီးကေ နားလည်ကတ်တေ(ဖေစ့်ဘွတ်ခ်မှာ)..ရခိုင်ပြည်မှာနီရေ ရခိုင်သားတိ နားမလည်စရာ အကြောင်းမဟိ။ ဒေစကားပြောလို့တကိုယ်ကောင်းဆန်စော်မဟုတ် ..အကျင့်ကို ပျင်လားကေ ရပါရေ။
ဗမာမှာတောင် စကားပုံဟိပါသိရေ ။
ပျက်အစဉ် ပြင်ခဏ ဆိုဘဲ။ 
ယင်းတွက် ရခိုင်ကို ပျက်အောင် ရခိုင်ရာ ဖျက်နီစော် ဖြစ်တေ။ 
မယုံကေ စမ်းကြည့် စစ်တွေသားတောမှာနီတွင်း စစ်တွေစကားတတ်လားပိုင် ရခိုင်စာဖတ်တွင်း ဖတ်တတ်လားဖို့ အတွက် အကျင့်လုပ်ပီးဖို့ရာလိုပါရေ။

ယင်းတွက် တခုတည်းသော စာပီဖြန့်ချီရေး ရခိုင်သားကြီးစာပီက စာအုပ်တိုင်းမှာ ရခိုင်သံနန့် ရီးသားရေ ဆရာတိုင်းကို ဂါရ၀ ပြုလိုက်တေ…အမြင်မကျယ် ခောတ်နောက်ဆွဲရေ သမိုင်းအကျန်ကို ရီးနီကတ်တေလို့ ခေတ်သစ် ပညာတတ်တိ ဝေဖန်ပြစ်တင်သံကြားက ယုံကြည်ချက်အတိုင်း ရခိုင်စာပီ ပြန်လို့ ပေါ်ထွန်းအောင် ဒေဆရာကြီးတိ ချန်နီစော်ဖြစ်တေ။
(အခြင်းပြောရေ ပိုင်ကျမေ ဆက်ပြောကေ..ရခိုင်အသံထွက် နန့်ရီးထားရေ စာကို ဗမာ အပါအ၀င် အခြားတိုင်းရင်းသားတိ ဖတ်ကေ ၈၀ ရာခိုင်နှုန်းလောက်ကို အအီးဆဆီး နားလည်ကတ်ပါရေ။
ဗမာတိ အင်အဲဘာလဲ လာပျင်နီစော် နတ်ယောင်ကား မထီမဲ့မြင်လုပ်စော်ရာဖြစ်တေ…။
ကိုယ်တွီ့။

ရခိုင်စာကို ကိုယ်ဖော်မှ ပေါ်ဖို့အခြီအနီ ဖြစ်တေအတွက် စာပီပြန်လည်ပေါ်ထွန်းအောင်အားပီးဖို့်လေ့ အမျိုးသားရေးစိတ် ပြင်းပြရေ ရခိုင်တိမှာ လိုအပ်တေ။
မပြောဗျလ် ဗမာစာကတော့ခါ ကိုယ်မရီးကေလေ့ ရီးဖို့လူတိ တပုံရာ။
ဒေကြားထဲမှာမှ ဗမာစာ နန့် ရီးရစော်ရာ ချောပါရေ ဆိုရေ လူတိ ရီးချင်ကေ ဆက်ရီးလီ ။ 
ကိုယ်ပိုင်ရွီးချယ်မှု နှင့် လွတ်လပ်ခွင့်ရာ။
ဒေါ်စု မိန့်ခွန်းပီးဖို့ ပိုင်အခြီအနီမျိုးမှာတော့ ရခိုင်ပိုင် လားမပြောကေ့ ရခိုင်ပိုင်မိန့်ခွန်း လားမရီးပါကေ့…အခြီအနီအရ ပတ်ဝန်းကျင်ကို လိုက်လို့တော့ ရီးကတ်ပါ ဘုံစာဖြစ်တေ ဗမာစာကို။

ယေဒါလေ့ အကျွန်ပိုင်လကောင်း ရခိုင်စာပီ ပြန်လည်ဟြင်သန်ရီးကို စိတ်ဝင်စားရေ အားပီးချင်ရေ လူတိ က ရခိုင်အသိုင်းအ၀ိုင်းမှာ ရခိုင်စာအားကောင်းလာအောင် ဘဇောင်ပိုင် ပြုပြင် ပြင်ဆင်လားဖို့ ဟိရေစိတ်ကူး နန့် အကြံပြုချက်ကို အကျွန်စတင်ရီးလိုက်ပါရေ။




၁။ အတတ်နိုင်ဆုံး ရခိုင်သားအတွက် ရီရွယ်ရေ ကိုယ်ရီးသမျှစာရေ ရခိုင်ပိုင်ဖြစ်ရဖို့။


၂။ ကဗျာ၊၀ထု၊မှတ်တမ်း တိအပါအ၀င် ကိုယ်ပိုင် ဘလောခ့်တိကို စီးပွားဖြစ် လုပ်ထားစော်မဟုတ်ဆိုကေ ရခိုင်ပိုင်ရာ ရီးသင့်ပါရေ။


၃။ ရခိုင်စာပီနန့်ရီးရေ စာအုပ်တိကို ရခိုင်သားတိ ပုံမှန် ဖတ်ယှုံ့အားပီးသင့်ရေ။


၎။စာရီးဆရာတိလေ့ စီးပွားဖြစ်အောင် ရခိုင်စာပီဖြန့်ချီမှု ဈီးကွက်ကိုချဲ့သင့်ပါရေ။ ပြည်တွင်းပြည်ပ အချိတ်အဆက်မိသင့်ပါရေ။ ရခိုင်စာအုပ်ကို လူတိုင်းလက်လှမ်းမီသင့်ပါရေ။
(ရခိုင်စာရီးဆရာတိ အီးမေးလ်သုံးဖို့ လိုအပ်နီဗျလ်)

၅။ သတင်း ဆောင်ပါး စာအုပ်တိကို ရခိုင်ပိုင် ဘာသာပြန်ရီးသားခြင်းကို စတင်သင့်ပါဗျလ်။


၆။ ရခိုင်စာပီ နန့် သမိုင်း အခြီအမြစ်ကို ရခိုင်သားတိုင်း လေ့လာသင့်ပါဗျလ်။


၇။ ဖွင့်ခွင့်ပီးပီး မပီးပီး နွီရာသီ ရခိုင်စာသင် ကျောင်းတိဖွင့်သင့်ပါဗျလ်။
ဖွင့်ဖို့မကြိုးစားကတ်လို့ရာ။

၈။ အငယ်ချေကပင် အခြီခံခြင်းရေ အကောင်းဆုံးဖြစ်တေ။
ယေနန့်လို့ ရခိုင်ပိုင် အချေဝထုတိ ရီးသင့်ရေ။

၉။ ရခိုင်စာနန့် ရီးရေခါ ကိုယ့်ဒေသိယ စကားကိုလေ့မဖျောက်သင့်..ယင်းမှစာရီးရေလူဇာနေရာလူဆိုစော်ကို ဖော်ပြပနာ တယောက်နန့်တယောက် ဒေသိယ အသံတိ ဖလှယ်နိုင်ကတ်ဖို့။


၁၀။ ရခိုင်သားတိုင်းကို ရခိုင်သားတိုင်းက ရခိုင်စာပီရခိုင်စကားနန့်ရီးဖို့ တိုက်တွန်းသင့်ပါရေ။ တိုက်တွန်းရကောင်းမှန်းလေ့ သိသင့်ပါဗျလ်။


၁၁။ ရခိုင်စာအုပ်တိကို ရခိုင်တိုင်းအားပီးရပါဖို့။
မိမိရို့အဘုချေတိကို အငယ်ကပင် ရခိုင်စာဖတ်ဖို့ အကျင့်လုပ်ရပါဖို့။

၁၂။ လိုအပ်ကေ ရခိုင်ဘာသာ ဗေဒကို တတ်ကျွမ်းသလောက် ဥာဏ်မှီသလောက် လေ့လာကတ်ရဖို့။


၁၃။ ရခိုင်စာပီ ဝေါဟာရ အသုံးအနှုန်းနန့် ပတ်သက်လို့ ဆောင်းပါးကို တတ်ကျွမ်းရေလူတိက ပိုလို့ရီးသားပီးရပါဖို့။


၁၄။( အရေးကြီးဆုံး ) ရခိုင်သားက ရခိုင်စာပီယဉ်ကျေးမှု သမိုင်းနန့် အနုပညာကို တန်ဖိုးထား ယုံကြည်ရဖို့ ဖြစ်ပါရေ။




( အကျွန်တကိုယ်တော်ခံစားချက်ရာ ဖြစ်ပါရေ။
ယုံကြည်မှုမတူရေ လူတိကို ထိခိုက်ဖို့မရီရွယ်ပါ။ 
ကျန်ရေ အကြံပြုချက်တိကို ရဲဘော်တိ ဆက်လို့ကူညီ ဖြည့်စွက်ပီးကတ်ပါ)



ကျော့ကြာညို(ရခိုင်သမီးပျို)


၁၄.၂.၂၀၁၁

ရခိုင်သမီးပျိုဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment