Saturday 24 September 2011

ရခိုင်သမီးပျို နောင့် မှတ်မိသမျှ သင်္ကြန်ရက်


နွီ……………သည်ဆောင်းဟေမာန် ချိန်တန်သူကုန်လို့

နှစ်သစ်ကို ခုန်ကူး ရောက်လတ်ပြန်ဗျာလ်...

မရီးချေ၊ မောင်းမောင်ချေရို့ အတာသင်္ကြန်။။။။။။



နှစ်ဟောင်းတနှစ်ကို အဆုံးသတ်လို့ နှစ်သစ်တနှစ်ကို ကူးပြောင်းကြိုဆိုဖို့…. ဒေရာသီနွီက လွှမ်းစရာ၊ မောစရာ၊ အတိတ်ကဒါဏ်ရာ၊ မျှော်လင့်ချက်၊ မမြင်နိုင်ရေ ကံကြမ္မာ အိုးးးးးးးးးးးအို... အများကြီးအများကြီး သူက ယူဆောင်လာပါရေ။



+++



ရာသီနွီ… ဒေအချိန်ကိုဆိုကေ အဘုချေတိအကြိုက်ဆုံး…။ ကျောင်းပိတ်ရက် လေ... ပူရမှန်း ဇာကသိဖို့။ အိမ်မကပ်၊ ယာမကပ် မျောက်သျှုံးအောင် ကဇတ်ကတ် တေ။ ကြွီချေကောက်တမ်း၊ ထုတ်ဆီးထိုးတမ်း၊ ပုန်းတမ်းဝှက်တမ်း၊ မုန့်ရောင်းတမ်း အစုံပါ့။



ရုံးသမား၊ ကမ်းသမားတိ၊ အစိုးရဝန်ထမ်းတိ၊ အလုပ်သမားတိ၊ လယ်သျှင်၊ ပိုက်သျှင်တိလေ့ ဒေအချိန်ဆို နားကတ်ဖို့ထင်ရေ။ ပူရပင်ရရေ၊ ရုန်းရကန်ရရေ တ နှစ်လုံး။ သားချေစားဖို့ သမီးချေစားဖို့ အဖအအို၊ အမိအအိုအတွက် ဆီးဖိုး၊ ပေါင်တ တုတ်၊ လက်တတုတ်ထိုင်စားကတ်တေ ဝမ်းရီဆာတိလေ့ ကတ်လို့ပါချင်ပါဖို့သိ။



အကျွန်ရို့ အချေခါဆိုကေ စစ်တွေမာက အိမ်တိမာ ဆန်ဆီဆားငြုပ်၊ ကြက် သွန်တိကို သင်္ကြန်မကျခင် အယင်ဖြည့်ထားကတ်ရရေဆိုယင့်။ သင်္ကြန်တွင်းဈီးခက်

တေဆိုဝါ။ အတွက်ပေါ်မိယင့်ထော မေမေနန့်ယင်းခါ စစ်တွေ ဈကြီးမာ သားအမိနှစ် ယောက် ချော့ပင်း ထွက်ကတ်တေ ဆိုက်ကားနန့်။



ရွာတိမာဆိုကေတော့ခါ မြင်ခဖူးပါယင့် ဘုန်းကြီးကျောင်းတိမာလူတိစုနီကတ်

ယာ။ အလှူအတန်း အချက်၊ အပြုတ်တိ အတွက်။ မျက်ရိပ်လေ့ ပြစရာမလို မျက်ခြီ လေ့ ပြစရာမလို မောင်းထောင်း၊ တုန်းထုစရာမလိုဘဲ အသျှိုသျှို ကိုယ့်အသိနောင့် ကိုယ် ရောက်လာကတ်ပါယင့်။



တဖြည်းဖြည်းနန့်သက်တော်တိကြီးလာဗျာလ်… အချေဘ၀ ရခိုင်ပြည်မာပါ့။ အပျိုပေါက်စချေဘဝ ရန်ကုန်ရွှီမြို့တော်ကြီးမာပါ့ ဖြတ်သန်းလာစော်ပြောပါရေ။ အမှတ်တရချေတိ၊ အတွိအကြုံတိ၊ ပြောစရာချေတိ မကန်ဟိ ကတ်ပါရေ လူတိုင်းလူတိုင်းမာ။ စိတ်ထဲတိမာ ဓါတ်ပုံတိ တဖြတ်..ဖြတ် ရိုက်ထားရေပိုင် စိုဉ်းစားလိုက်ကေ ကွင်းခနဲ.. ကွင်းခနဲ ပေါ်လာပါရေ။ ယင်းတွက် သင်္ကြန်အမှတ် တရအနိန်နန့် အကျွန်ရခိုင်သမီးပျို မှတ်မိသမျှချေတိကို ချရီးလိုက်ချင်သိမ့်ရေ။



+++



အိုးလူရို့……… အိမ်ကို အောင့်မိလိုက်တေနန်း။ အကျွန်သင်္ကြန်ကျတိုင်း အိမ် နန့် မိဘညီအကိုမောင်နှမတိနန့် ဝီးနီရရေအချိန်ကာလစော် သုံးနှစ်ဟိလားပါဗျာလ်။

အခြားလူတိနန့် နှိုင်းစာလိုက်ကေတော့ အနည်းချေရာသိမ့်။ ယေဒါလေ့ ကိုယ့်ပိုင်

အားငယ်တတ်တေ သမီးပျိုတယောက်အတွက်တော့ခါ ငရဲမက ပူလောင်ကြီးကျ

လွန်းပါရေ။



သြော် သုခ.. သုခ .. အသက်ကြီးလာကေ မိဖနန့် ခွဲခွာရရေ၊ မောင်နှမတိနန့် ခွဲခွာရရေ၊ ချစ်ဦးသူချေတိနန့် ခွဲခွာရရေ။ ရင်နာကောင်းထမန်း။ ပြည်ရခိုင်မာ ငါ့ချစ်

သူချေ စစ်သားတိရီလောင်းစော်များခံနလီရဖို့လား သင်္ကြန်မာ.. ငါတောင်မလောင်း ဖူးသိ။။။။။။။။ (တချို့မောင်းမောင်ရို့ မစိုးရိမ်ဘဲဟိဖို့လား..ဒေပိုင်)…



ဂုအကျွန်က ရန်ကုန်မာ ရိုးလွန်းအားကြီးရေ အမိရင်ခွင်မာကြီးလို့ အဆင်အ

ပျင်ဖက်စိတ်မရောက် အချစ်ရေးအချစ်ရာ ဘာညာကွီကွ စိတ်မရောက်ဘဲ တစာစာ (ဂျကန်းတော့မဟုတ်ပါ) ပညာဟြာလာရစော်…….အိခ်ျ!!! ပျင်းကောင်းထမန်း!!! အပျိုချေရာမနား ဒေအချိန်မလှကေ ဇာအချိန်ခါလားလို့ လှခီရဖို့လဲ ဒေအချိန်စိတ်ကူး မယဉ်ကေ ဇာအချိန်ခါစိတ်ကူးယဉ်ခီရဖို့လေး……။။ (စောတကတက်စော်တိ စောတကတက်စော်တိ) နီအုံ့သိ ကောင်းပြောချင်နီရေ

ဒေအချစ်အကြောင်း နောက်ဆုံးမှ ပ ရိသတ်လေ သျှု့စားတော်မူပါ။။။



+++



“ဒေ..ဇိချေမလေ လူကရာငယ်ရေ ကကောင်းအလှလိုစော်မနား”

“…..ပဲကလဲ များသလားမမိန်းကေ့….”



ဟမ်း..မကြားလိုက်ပဲနီဖို့လား..ဒေအခြင်းနှက်သံကို..ဇိချေမရာမှတ်။ ကမ္ဘာမာနားပါးယင့်။ လူရို့ပြောကတ်တေယေ အခြင်း ။

အချေကိုတောင်မချန်ကတ်။ အကျွန်အချေခါ မေမေမာ ညမတိက အပျိုသိမ့်။ ကောင်းအလှပတိ။ အကျွန်က သူရို့နန့်တ တူ အိမ်ဟြိ မင်းဘာကြီးလမ်းထိပ်က မဏ္ဍပ်မာ ရီကစပ်တေနှစ်တိုင်း..။



ကောင်းလောင်းကတ်တေမြင်ယင့် လပျိုချေတိ သူရို့ကို။ မိတ္တာရီမှန်း ဇာ မှန်းညာမှန်းလဲမသိ..ဘေးကအရီးကြာဖြူဆိုင်က ကြာဆံသုတ်ခေါက်ဆွဲသုတ်တိကို စီရာ လျှာရည်ကျနီစော်။ အိုင်း..တခုရာ.. သူရို့ကတရက်မှာတခါရာအလှဆင်ရေ။ အကျွန်က ရီတဖလားနှစ်ဖလားစွတ်လို့ နှုခမ်းဆိုး စကေပြယ်လားစော်နန့် လားဗျလ်အလှဆင်ဖို့.... အနည်းဆုံး (၅) ခါလောက်တော့ကျဖို့ထင်ရေ အလှဆင်စော်တရက် ကို။ ယင်းတွက်ထွီးထွီးရို့မာမာရို့က မိတ်ကပ်တိဘာတိကို နောက်ဆိုဝှက်ထားကတ်

တေ။

မေမေက သင်္ကြန်အလယ်နိမာ ဆတ်နံ ချက်ပါရေ။ ယေကေ ရခိုင်ရို့ ထုံးစံအ တိုင်း အိမ်တိကိုလိုက်လို့ ဝီပီးရပါရေ။ အကျွန်လောက်အအိပ်ကြီးရေ မ၊မက အင်္ကျီ အသစ်၊ ဖိနပ်အသစ်နန့် ပဲများရဖို့လို့ စစောထလိုက်တေ အိပ်ရာက ။ မုန့်တောင်မ ကျက်သိ အကျွန်က ဆင်ပြီးနီဗျာလ်……။ တော်ရေနန်း အစော်မာ ရခိုင်သမတိက အလှမကြိုက် ပုံတုံးလို့ ပြောကတ်တေ.. ကြည့်ဖိချ အကျွန်ဆိုကေ ပိစိကလောင်ချေ သိမ့်။။။



+++



ဘာဘာကောင်းမှုနန့် ဘူးသီးတောင်မဏ္ဍပ်မာတော့ခါ ဆယ်တန်းပြီးလောက် ကပင် သုံးနှစ်မဏ္ဍပ်ဝင်ဖူးပါရေ။ အူးးးးးးယင်းခါ ဟြက်ဖို့သီအောင်တတ်နီယာ။



ရီလောင်းဖို့ ခေါ်မရလို့၊ ပုန်းနီလို့ မဏ္ဍပ်သျှင်မတိ မာန်ပါကတ်နန့်။ ပြောခရေ ပိုင် ရန်ကုန်မာကြီးလာရေ မေမေလောင်းရိပ်အောက်မာ နီရရေခါ မိတ်ကပ်လေ့မ လိမ်းတတ် နှုခမ်းဆိုးလေ့မဆိုးတတ်နန့် မဏ္ဍပ်ဝင် အလှတိအပတိ၊ ပပဝတီတိကြား မာ အကျွန်က မင်းကုသ ညမယောင်ယောင် ဟြက်ပါရေနန်းရာ။



ယေဒါလေ့သွင့် ကျေးဇူးအနုမောဒနာ တင်ဟိပါရေ။
ရန်ကုန်သိမ်ဖြူကွင်းမာ သုံးကြိမ်ရီလောင်းမဏ္ဍပ် ဝင်ခရေအတွိအကြုံရေ အကျွန် ၂၀၀၉ - ၂၀၁၀ နှစ်တိမာ ပညာဒါန လားလို့ပို့ချရေခါ ကောင်းအသုံးဝင်လားစော်ပါမနား။
ဘဝသစ်ကျေးရွာလို့ခေါ်ရေ ရခိုင်ပြည်အဝီးရောက် ရခိုင်သားတိရေ ရခိုင်စကားကလွဲလို့ ကျန်ရေအမျိုး သားရေး လက္ခဏာတိ ယဉ်ကျေးမှုထုံးတမ်းစိုဉ်လာတိ ခြောက်သွိပျက်သုန်းဗနာ ဇာနန့်တူလေဆိုကေ……….

အသီးအရွက်ဝဝီဆဆာမဟိရေ သစ်ခြောက်ပင်နန့်လားလို့သဏ္ဍာန်တူနီပါရေ။



ယေခါ အကျွန်ရို့သင်္ကြန်ချဖို့ နံသာသွီးပွဲကျင်းပဖို့ ဘုရားရီချိုးဖို့ စရေအဆင့် ဆင့်ကို စနစ်တကျ နှနှစ်ဆက်တိုက် ရွာသူရွာသား၊ ကျောင်းသူကျောင်းသားတိ အင်

အားနန့် ကကောင်းအားရပါးရ စစည်ကကား မဏ္ဍပ်နန့် လောင်းနန့် သင်္ကြန်ဖွင့်ပွဲတိ နန့် သသိုက်မြမြိုက် ကျင်းပနိုင်ခရေ။



ရခိုင်စာပီနန့် ယိုဉ်ကျေးမှုအဖွဲ့ကထုတ်တေ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် လက် ကမ်းကြော်ငြာစာစောင်ချေကြောင့် အကျွန်ရေ.. နံသာသွီးပွဲနန့် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနိ တိမာ ရခိုင်သူရခိုင်သားတိ အလယ်မာ ရခိုင်ရို့၏ သင်္ကြန်ဆိုရေအဓိပ္ပါယ်၊ သင်္ကြန်

ဖြစ်ပေါ်လာပုံသမိုင်း နံသာသွီးပွဲဆိုစော်ဇာလေ ဇာကြောင့်နံသာသွီးရလေ ဘုရားဇာ ကြောင့်ရီချိုးရလေ အစသျှိစော်တိကို သျှင်းပြပြောဆိုခွင့်ရခရေအတွက် အကျွန်ရို့

ရခိုင်ပြည်အဝီးရောက် ရခိုင်သားတိရေ မိမိရို့မာ ဒေပိုင်ချစ်ဖို့ကောင်းရေ ရိုးရာတိကို

ပပျော်ရရွှင် ဆင်နွဲခွင့်ရကတ်တေ။
အကျွန်လေ့ပျော်တောင်ကဖို့လား တပည့်မချေ တိ ကကတ်ပါစီကြောင်း ကိုယ်လေ့တခါလေ့မကဖူး…ဝင်ကရရေ…ကောင်းရယ်ရရေပျော်ဖို့လေ့ကောင်းပါရေ။



ယင်းချင့်နန့် မလုံလောက်ပါသိ။
အကျွန်ရို့မိတ္တာ ရီလောင်းရေသရုပ်သဏ္ဍာန် ကို ပြရပါရေ။ အဆင့်ဆင့် ဇာပိုင်လောင်းရရေ။
လူပျိုက အပျိုကို ဇာပိုင်ချစ်ကြောင်း ဇာလောက်ချစ်ကြောင်း၊ မိတ္တာအကြောင်းတိကို သင်္ကြန်မာ ဖွင့်ဟနိုင်ကြောင်း၊ ရွာ

သားချေ၊ ရွာသမချေတိ ရင်တိနှလုံးတိ ခုန်လားအောင်ထိ စွမ်းဆောင်ခ ကတ်ရပါသိ

ရေ။ အဘာ….ရွာက လပျိုသိုးတိကိုများအထင်လားဗနာအယင်မသည်းလိုက်ပါကေ့။
ဇာအချိန်က တိုက်ထားရေ သံချပ်တိ

နန့်မသိ အကျွန်ရို့အပျိုတသိုက်ကို လာလို့ခနဲ့ခကတ်ပါသိရေ။



….မှတ်မိသိရေ…ဇာဟင့်....



“ချိုင်ဇိုနံရေ အိမ်ကဝါကြီးမ” “နိဗ္ဗာန်မှာလေ ဗိုကင်လုပ်ပြီးသား”



၂၀၀၈ ခုနှစ်ကတော့ခါ ဘဝမာ အအီးချမ်းဆုံးကာလလို့ပြောလို့ရပါရေ။

သင်္ကြန်တွင်း ၁၁ ရက်မှာ ဘာဘာနောင့်တတူ ဒုလ္လဘ ရဟန်းခံဗနာ သာသနာရိပ်ကို ခိုလှုံခကတ်ပါရေ။



+++



ထော..ဂုလေ့ကြည့် ဒေနှစ်သင်္ကြန် ကျပြန်ဖို့ဗျာလ်။
အပျိုချေတိ၊ လူပျိုချေတိ ဘေးဘေ ရို့၊ အရီးချေရို့အားလုံး လလှုပ်ရရွ ဖြစ်လာကတ်ဗျာလ်။ အိမ်ကိုပြန်ရေလူကပြန်.. မပြန်ရရေလူ တိကမပြန်ရ..ကိုယ့်နီရပ်မာမဟုတ်လို့ ဗွီဒီယိုကြည့်ပနာ အလွမ်းဖြေရေလူကဖြေ…။
အင်း..သုခ ..သုခ။ မျန်မာနိုင်ငံတော်သားများ၏ ဘဝ။



“အပြုံးမျက်နှာ နံ့သာရောင် ပပဝတီတောင်သျှုံးလောက်ပါယင့် နှစ်သစ်မှာတိုင်းရက္ခ အတိုင်းအဆမဟိ အီးချမ်းစီကြောင်းပါ.."

ဝေ... လေ... လေ... လေ...

"အသူ့သမီးမဆိုနိုင် လပျိုတကျိုင်ဝိုင်းဝိုင်းလည်လို့ ”



“ ကိုကိုတယောက်ပျောက်လို့နီ မျှော်သူမော ဒေါသပိုမိ ငိုချင်စိတ်နန့်

မျက်ရည်စို… ဘဇောင်လဲကိုကို...

စိတ်ကူးဆတ်ဖို့ကောင်းလိုက်တေ ဒေအချိုး.. မကြိုက်နှင်းကိုကို ”



“ မိတ္တာရီတပေါက်လောင်းချင်သိမ့်ရေ.. မင်းဖလားနန့်လောင်းရစီဗလင် ”



“ မဏ္ဍပ်တကာ လောင်းကြီးထဲမာ ရီကိုဖြည့်လို့လေ ဆင်တူဝတ်စုံဝတ်ပြီးကေ အတာရီလောင်းကတ်စော် စိတ်ဘဝင်တိဟြွင်လန်းစီပါရေ…အယင်ကသင်္ကြန်ပြန်လွမ်းမိပါရေ ”



“ ရီမွန်းလားဗျာလ်လား.. ချမ်းလို့စကားမပြောစော်လာ.. မင်းချစ်သူက စောင့်ယက်ကြည့်နီလို့ရာလာဝေ… မင်းမျက်နှာကနီမြန်းလို့ ဟြက်သွီးဖြာစော်လား ”



“ ခွင့်ပြုပါမေမေ ကိုယ့်ရိုးရာမပျက်ရအောင်.. ကျောင်းပိတ်ရက်မာမပျင်းရအောင် မဏ္ဍပ်ဝင်ဖို့ခွင့်ပြုပါမေမေ ”



“ ဒေမဏ္ဍပ်ထဲမှာ လူလေ့မသျှိ လတာတိုး လတာတိုး ……………….။။ ”



ဆိုင်းသံဗုံသံ၊ ပတ်တလားသံတိ.. အခန်းချေအငယ်ချေထဲကနီလို့ ကြားနီရစော်…. သြော်.. သုခ.. သုခ.. ကံကောင်းလို့ ကွန်ပြူတာတလုံးဟိနီလို့ မဟုတ်ကေ သင်္ကြန်အနံ့တောင် ရနိုင်ဖို့မဟုတ်။



“ကိုင်း.. ရခိုင်သမီးပျိုမာ နောက်ဆုံးအပိုက်ရောက်ဗျာ ဇတ်သိမ်းပိုင်းရောက်ဗျာ.. အစွာ ပိုင်သိမ်းဖို့ရောင်ဇတ်က”



ကွေကွင်းရရေ ချစ်သူတိအကြောင်း..မချစ်လိုက်ရဘဲ ဝီးလားရရေ ချစ်သူတိအကြောင်း … ယေဟာချေတိကို နှလုံးသားကအချစ်စိတ်တိ နိုးကြားလာရေအထိ ကြည့်နီ ဖွဲ့ပလိုက်မေ ကား..။



အဟမ်း…အဟမ်း…..။။။။



အဝေချစ်သူ.. အံ့သြစရာမင်းနန့်ငါကံကြမ္မာက သင်္ကြန်မာ နှစ်ယောက်တတူ တခါလေ့ ပျော်ပွဲမနွဲရသိမ့်ဝါယေနန့်။
မင်းဘုန်းကြီးဝတ်တေအချိန် ငါကမဏ္ဍပ်ဝင်ရေ။
ငါသီလသျှင်ဝတ် တေခါ မင်းကသင်္ကြန်ကျရေနန်း။
ငါရွာတိကို လားရရေအချိန်တိမာတော့ခါ ပြောမနီကေ့ဖိ.. ငါကရွာသားချေတိနန့်ပါ့………။ (အဂင့်မဟုတ်ပါဝေ.. စစွာရာ) လွမ်းချိန် နွမ်းချိန်တောင် မရ လိုက်ပါချစ်သူ.. ယင်းနှစ်တိက အချိန်တိ ငါ့တပည့်ချေတပန်းချေတိနန့် ပြည့်နီလို့။



ယေကေ ဇာရဖို့ဒေနှစ်စာမေးပွဲလေ့ပြီး အအီးသသာဆိုခါ လွမ်းကွန်ဆောင်လို့ လွမ်းပြ ချင်ရေ။
ချစ်သူငါ့မာ လုပ်စရာအလုပ်မဟိလို့ရာ။
မင်းကတော့ခါ ကိုယ့်ပြည်ကိုယ့်ရွာမာ ကိုယ့် လူမျိုးတိကို အသိတိ၊ ပညာတိ မျှဝီပီးဖို့ တာဝန်ယူ လားရေပါ့ ဒေနှစ်။
ငါမြင်နိယင့် ရွာက ကလိမ့်မေချေတိဟြိမာ ပဲများနီဖို့စော်ကို။
အစကပင် မင်းက မမချေတိဟြိရောက်ကေ ဂိုက်က တပိဿာနန့်လေ။



နောက်နှစ်တိများ သင်္ကြန်မာဆုံတွိဖြစ်ကေ မိတ္တာရီချေတပေါက်လောက်တော့ခါ နှဖူး စာ ဂဟေဆက်ဖို့ အကျွန့်ပက်ခုံးထက်ချေ မောင်က ငွီဖလားနန့် သွန်းလောင်းပီးပါ။
ခေါင်းငုံ့လို့ ဟြက်ပြုံး ပြုံးပြလိုက်ကေ သိလိုက်ဖိ.. ချစ်သူ။ တသက်စာအတွက် နှလုံးသားကို ဆက်သ လိုက်စော်ဖြစ်တေ။ သင်္ကြန်ရက်မြတ်အလွန်မာ မောင်နန့် မယ် လက်ထပ်ကတ်ပါမေ။။။။။။။။



။။။။။။။။ +++ ။။။။။။။။



ကျော့ကြာညို(ရခိုင်သမီးပျို)

၀၅၊၀၄၊၂၀၁၁

ရခိုင်သမီးပျိုဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment