Tuesday 6 September 2011

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၀) (၁၁)

သီရိဓမ္မာသောကမင်းကြီးလက်ထက် ဓါတ်မွီတော်များပျံ့နှံ့ခြင်း။

အဇာတသတ်မင်းကွယ်လွန်ခပြီးနောက်တွင် ဥဒယမင်းဖြစ်လာသည်။
ထို့နောက် နုရုဒ္ဓါမင်း၊ မုဏ္ဍမင်း၊ နာဂဒါမင်း၊ သုသုမင်း၊ ကာဌာသောမင်း၊ သားတကျိပ်၊ နန်းကိုးဦး၊ စန္ဒဂုတ်စသည်ဖြင့် မင်းအသီးသီးနန်းစံပြီးသည့်နောက်တွင် မဟာသက္ကရာဇ် (၁၈၆) ခုနှစ်တွင် ဗန္ဓုသာရမင်းနန်းတက်သည်။
ဤမင်းသည် သက္ကရာဇ် (၂၁၄) ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ 
ယင်းနောက် သားဖြစ်သူ ဓမ္မာသောကမင်းသည် နန်းဆက်ခံသည်။
ဤမင်း၏အကြောင်းကို ဤသို့လျှင် တွိရ၏။ (ဤမင်းစဉ်သည် သမန္တစက္ခုဒိပနီကျမ်းပ-တွဲ မဇ္ဈိမမင်းကိုးဆက်မှ)

သီရိဓမ္မာသောကမင်းအကြောင်း

သီရိဓမ္မာသောကမင်းကို ပါဋလိပုတ်ပြည်၊ ဘုရင် ဗိန္ဒုသာရမင်းကြီးနှင့်မယ်တော် မောရိယသာကီဝင်အမျိုးဖြစ်သော ဓမ္မာမင်းသမီးရို့မှ မွီးဖွားသည်။ 
နောင်တော် ညီတော်ရို့ကား ကိုးကျိပ်ကိုးယောက်ဟိ၏။
ဖခင်ဗိန္ဒုသာရ မင်းကြီးသည် နန်းသက် (၂၈) နှစ် သာသနာသက္ကရာဇ် (၂၁၄) ခုနှစ်သို့ရောက်ဟိသည့်အခါမှာ မကျန်းမမာဖြစ်လတ်၏။ 
ယင်းကို သားတော်ဓမ္မာသောကမင်းက ပြုစုစောင့်လျှောက်ကျွေးမွီးပြုစု၏။ 
ဘခင်မှာရောဂါ သက်သာခြင်းမဟိခပဲ နတ်ရွာစံတော်မူ၏။ 
ဤသတင်းစကားကိုကြားကုန်သော နောင်တော်သုမကာမင်းသားနှင့် (၉၉) ယောက်သောညီတော်နောင်တော်မင်းသားရို့သည် နန်းလုရန်တိုက်ခိုက်လာကုန်၏။ 
အသောကသည် ထိုမင်းသား (၉၉) ယောက်ရို့ကို တိုက်ခိုက်နှိပ်ကွပ်ပြီးမှ သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သည်။

အာသောကမင်းဖြစ်လာသည့်အခါမှာ အိန္ဒိယပြည်၌ ဧကရာဇ်ဘုရင်များအတွင်း တန်ခိုးအကြီးမားဆုံးသော ဘုရင်တဆူဖြစ်သည်။
ဗုဒ္ဓဘာသာ၌သက်ဝင်ယုံကြည်သောဘုရင်ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် အကြီးကျယ်ဆုံးဆောင်ရွက်ခသည်။ 
အာသောကမင်းကြီးသည် မင်းအဖြစ်ကိုရဟိပြီးသည့်နောက် (၈) နှစ်ကာလကြာအောင်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုမဟိသိမ့်ပေ။ 
ကလိင်္ဂစစ်ပွဲတွင် တရားသံဝေဂရပြီး တရားဓမ္မဘက်သို့ စိတ်နှလုံးညွှတ်လာသည်။
မင်းကြီးသည် တိတ္တိခြောက်သောင်းရို့ကို အမြဲလုပ်ကျွေးနီရာမှ တနိသောအခါ ဣနြေ္ဒမဟိသော တိတ္တိရို့ကိုမြင်ရ၍ သူတော်ကောင်းမဟုတ်သည်ကို သိလီရကား အလှူခံပုဂ္ဂိုလ်ကောင်းကို ရွီးချယ်၍ လှူအံ့အကြံဖြစ်၏။

တနိသောအခါ နိကြေဓသာမဏေဆွမ်းခံလာသည်ကို မြင်လီလျှင် ပင့်ဖိတ်၍ နန်းတော်၌ထား၏။ မင်းကြီးသည်ဆွမ်းကပ်၍ သာမဏေဆွမ်းဘုန်းပီးပြီးသောအခါ မင်ကြီးက သာမဏေအားအမျိုးနှင့်တကွ အယူဝါဒကိုမီး၏။ 
ထိုအခါ သာမဏေက ဓမ္မပဒအပ္ပမာဒ၀င်္ဂကို ဟောတော်မူလတ်လျှင် သဒ္ဓါတရားထက်သန်သဖြင့် သာမဏေနှင့်တကွ ဥပဇ္ဈာယ်ဆရာ၊ ပိဋကတ်သုံးပုံကိုသင်ပီးသောဆရာ၊ သီတင်းသုံးဖော်သံဃာရို့အား သျှစ်ဝက်သောဆွမ်းကို နိတိုင်းမပြတ်ဆက်ကပ်လှူဒါန်း၏။ 
သဒ္ဓါဗလ၀ကြောင့် ခြောက်သောင်းသော တိတ္တိရို့၏ဆွမ်းဝက်ကိုပယ်၍ ရဟန္တာခြောက်သောင်းရို့အား နန်းတော်သို့ပင့်ဖိတ်ပြီးလျှင် ဆွမ်းလုပ်ကျွေး၏။
ရဟန်းရို့နီထိုင်ရန်အတွက် အာသောကရာမကျောင်းတော်ကြီးအား ဆောက်လုပ်လှူဒါန်း၏။
တခါသော် မင်းကြီးသည် သံဃာတော်ရို့အား ပစ္စည်းလေးပါးတရားတော်သည် ပဇာမှာ ဟိလီသနည်းဟုမီးလတ်ရာ ရဟန်းတော်ရို့က ဘုရားတရားတော်သည်ကား ဓမ္မ၀ိနယအားဖြင့် နှစ်ပါး၊ ပိဋကတ်အားဖြင့် သုံးပါး၊ နိကယ်အားဖြင့် ငါးပါး၊ အင်္ဂါအားဖြင့်ကိုးပါး၊ ဓမ္မခန္ဓာအားဖြင့် သျှစ်သောင်းလေးထောင်ဟိ၏ဟုဖြေ၏။
မင်းကြီးလည်း ဓမ္မခန္ဓာကို ရည်မှန်း၍ စေတီသျှစ်သောင်းလေးထောင်ကို တည်လိုကြောင်း ဓါတ်တော်ရို့ကို မီးမြန်း၏။

ဓါတ်တော်များကို ရှာဖွေပင့်ဖိတ်ခြင်း

ဓမ္မာသောကမင်းကြီးသည် ရာဇဂြိုဟ်ပြည်၌ စေတီကိုဖောက်စီ၍ ဓါတ်တော်ရို့ကို မတွိမမြင်ရလီသောအခါ ရှိအတိုင်းစေတီကို ပြုပျင်စီပြီးမှ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ သီတင်းသည်ယောက်ျား၊ သီတင်းသည်မိန်းမ ဤပရိဿတ်လေးပါးကိုယူ၍ ဝေသာလီပြည်သို့လား၏။
ဝေသာလီပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ကပိလ၀တ်ပြည်သို့ လား၏။
ကပိလ၀တ်ပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ရာမရွာသို့လား၏။ 
ရာမရွာ၌ နဂါးစောင့်သောကြောင့် စေတီကိုမဖောက်နိုင်။
စေတီ၌ကျသောပေါက်တူးသည် အပိုင်းပိုင်းကျိုးပြတ်ကုန်၏။ 
ဤသို့ဖြစ်သဖြင့် ရာမရွာ၌ ဓါတ်တော်ကိုမရလျှင် အလ္လကပ္ပပြည်သို့လား၏။ 
အလ္လကပ္ပပြည်၊ ဝေဌဒီပပြည်၊ ပါဝါပြည်၊ ကုသိန္နာရုံပြည်၊ ဤအလုံးစုံသောပြည်ရို့၌ စေတီကိုဖောက်၍ ဓါတ်တော်ကိုမရလျှင် ရှိအတိုင်းပြုစီပြီးမှ ရာဇဂြိုဟ်ပြည်သို့ပြန်လား၏။ 
ထို့နောက်ပရိဿတ်လေးပါးရို့ကို စည်းဝေးစီပြီးလျှင် တစုံတယောက်သောသူ ဓါတ်တော်ထားရာအရပ်ကို ကြားဖူးသလားဟုမီး၏။
ထိုပရိဿတ်၌ အသက် (၁၀၈) နှစ်ဟိသော မထေရ်တပါးသည် ဓါတ်တော်ထားရာ ကိုကားမသိ။ 
သို့သော် ငါ၏အဖိုးမထေရ်သည် ငါ့ကို ခုနစ်နှစ်အရွယ် ဟိသောအခါ ပန်းသုံးတောင်းကိုကိုင်ယူစီပြီး သာမဏေ၊ ဤမည်သော ခြုံတွင်းထဲ၌ ကျောက်စေတီသို့ လားကုန်အံ့ဟုခေါ်၍ ထိုအရပ်သို့လားပြီးသော် ပန်းပူဇော်၍ သာမဏေ၊ ဤအရပ်ကား မှတ်ကောင်းသော အရပ်တည်းဟု ဆိုဖူးခ၏။

ဓမ္မာသောကမင်းကြီးသည် ဓါတ်တော်ထားရာကား ထိုအရပ်ပင်ဖြစ်ပေ၏ဟုဆိုပြီးလျှင် ထိုအရပ်၌ တောခြုံကို သုတ်သင်ယှင်းလင်းစီ၍ ကျောက်စေတီမြီမှုန့်ရို့ကိုပယ်ပြီးသော် အင်္ဂတေမြီကိုမြင်၏။
အတွင်းသို့ဝင်ပြီးလျှင် အဆင့်ဆင့်သောဌာနရို့မှတဆင့် မြတ်ဗုဒ္ဓဂေါတမသျှင်၏ခန္ဓာကိုယ်မှ ကြွင်းကျန်ရစ်သော သမ္ဘိန္နဓါတ်တော်များကို ဖူးတွိရလတ်၏။

ဓါတ်တော်များကိုပူဇော်ခြင်း

မင်းကြီးသည်တွိရသော ဓါတ်တော်ရို့ကို ခုနစ်ရက်ပတ်လုံး ပူဇော်၏။ 
ဇမ္ဗုဒီပါကျွန်းကို စောင့်လျှောက်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာကစိုးစသော စတုလောကပါလနတ်အပေါင်းရို့သည် ဘုရားမြတ်စွာ ဗျာဒိတ်စကား မိန့်ကြားတော်မူခသည့်နိမှစ၍ ဗျာဒိတ်ထားရာနီရာဌာနအသီးသီးမှ လာရောက်ပြီးလျှင် ဓါတ်မွီတော်ရို့ကို ဖူမြော်၏။ ထိုသို့ဓါတ်မွီတော်များကို ဖူးမြော်ပြီးသောအခါ တည်နီရာဌာနအသီးသီးကို လျှောက်ထားကုန်၏။
ထိုအခါသီရိဓမ္မာသောကမင်းကြီးက အသို့လျှင် ဓါတ်မွီတော်များကို ခွဲခြားနိုင်ပါအံ့နည်း ဟုမီးလျှောက်လီလျှင် နတ်သားအပေါင်းရို့သည်လည်း မိမိစောင့်လျှောက်သော နီရာဌာနအပေါင်းရို့တွင် တည်လတ္တံ့သော ဓါတ်တော်ရို့ကိုပင့်ဆောင်၍ ပြလီကုန်၏။

ရခိုင်ပြည်သို့ဓါတ်တော်များပီးပို့ခြင်း

မင်းကြီးသည် လွန်စွာမှနှစ်ထောင်းအားရဟိလှသဖြင့် ထိုထိုသောဓါတ်မွီတော်ရို့၏တည်နီရာအသီးသီးတွင် အုတ်စိုးကုန်သော မင်းအပေါင်းရို့အား ရွှေပီလွှာကမ်း၍ တပြိုင်တည်းခေါ်ယူကား စေတီတည်ထား ကိုးကွယ်ရန်အတွက် ဓါတ်မွီတော်နှင့်တကွ လှူဒါန်းဖွယ်ရာရို့ကို တပါတည်းပီးအပ်သည်။ 
သီရိဓမ္မာသောက မင်းကြီးသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့အား ဓည၀တီပြည် ဗျာဒိတ်ဝင်နီရာများတွင် စေတီတည်ထားရန်အတွက် ကြွရောက်တော်မူရန်လျှောက်ထား၏။
ထို့ကြောင့် သျှင်မြတ်နှစ်ပါးသည် ဘုရားသျှင်တော်၏ဓါတ်တော်ရို့ကို ရွှေအုတ်တွင်ထည့်လျှက် ရခိုင်ပြည်သို့ကြွရောက်၏။
ရခိုင်ပြည် ဓည၀တီပြည်သျှင် သူရိယစက္ကမင်းကြီး (ဘီစီ ၃၁၆-၂၇၂) သည် ရဟန္တအသျှင်မြတ်နှစ်ပါးရို့ကို ခရီးဦးကြိုပြုလျှက် ဓါတ်တော်များကို ၀မ်းမြောက်ဝမ်းသာလက်ခံသည်။

ကျမ်းကိုး
၁။ ဦးကိတ္တိ ။ ။ အိန္ဒိယကြီးမုံကျမ်းစာ စာ- ၁၈၊၁၉
၂။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်းမကိုဋ်ဓါတ်ဦးရာဇ် စာ ၇၄
၃။ ဦးစန္ဒမာလာလင်္ကာရ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း၊ (ပ) စာ ၁၄၃
၎။ ဦးဦးသာထွန်း ။ ။ ဦးရာဇ်တောင်ဘုရားကြီးသမိုင်း

အခန်း (၁၁)

လိုင်ရိုးတော်ဓါတ်ကိုတည်ထားခြင်း

“ဗျာဒိတ်ဘုန်းခေါင် ၊ ရွှေရောင်စကြာ
မိန့်တော်မှာကား ၊ ကပေါတဂီရိ
မည်ဟိသာခေါင် ၊ ထိုသည်တောင်မှာ
ငါအလောင်းတော် ၊ စံပျော်မယွင်း
ခွာမင်းတဇစ်၊ ဖြစ်သည်ကျော်ဟိုး
လိုင်ရိုးစေတီ ၊ ခေါ်တွင်ညီမှ -”

(ရှိထုံးရခိုင်ရာဇ၀င်လင်္ကာမှ)

မြတ်ဗုဒ္ဓဘုရားသခင်သည် မဟာသက္ကရာဇ် (၁၂၃) ခု ကဆုန်လဆန်း (၁၄) ရက်နိတွင် ရခိုင်ပြည်သို့ ကြွရောက်လာခပြီး ဦးစွာပထမ ကုလားတန်မြစ်၏အရှိဘက်ကမ်း၊ ဓည၀တီမြို့တော်၏အနောက်ဘက်ဖြစ်သော သေလာဂီရိအမည်ဟိသည့် ကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။
ဘုရားသခင်သည် သေလာဂီရိတောင်ပေါ်တွင် ရပ်နားနီရင်း အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် ကြည့်ရှုတော်မူသည့်အခါ အတိတ်ဘ၀ဟောင်းရို့၏အကြောင်းကို ဆင်ခြင်သုံးသပ်သိမြင်သဖြင့် ပြုံးတော်မူသည်။
ယင်းသို့ ဘုရားသျှင်ပြုံးတော်မူသည့်အကြောင်းရင်းကို သျှင်အာနန္ဒာကမြင်သည့်အခါ အကြောင်းစုံကို လျှောက်ထားတောင်းပန်သည်။ 
ဘုရားသခင်သည် ဤဓည၀တီ ရခိုင်ပြည်ကြီး၌ နုငယ်စဉ်ဘ၀များစွာကပင် ကျက်စားနီထိုင်ခဖူး၏။ 
ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်တွင်ကား ငါ၏အသားတော်၊ အရိုးတော်၊ အသွီးတော်ရို့မှ ဖြစ်ပေါ်လာမည့် ဓါတ်မွီတော်များသည် ယခုငါမိန့်ဟခသော ဗျာဒိတ်ဝင်အရပ်ရို့၌ နောင်စေတီများတည်လာအံ့သည်ကို ယှင်းပြသည်။

ဘုရားသျှင်သည် သက်တော် (၈၀) ပြည့်မဟာသက္ကရာဇ် (၁၄၈)၊ ခု ကဆုန်လပြည့်အင်္ဂါနိတွင် ပရိနိဗ္ဗာန်ပြုသည်။
ဘုရားသျှင်၏ရုပ်ကလပ်တော်မှ ကြွင်းကျန်တည်ဟိခသော ဓါတ်တော်မွီတော်ရို့ကို (၈) ပြည်ထောင်သော မင်းအပေါင်းရို့သည် အညီအမျှခွဲဝီယူ၍ စေတီတည်ထားလတ်သည်။ 
အသျှင်မဟာကဿပမထေရ်သည် ဘုရားသျှင်၏ဓါတ်တော်ရို့မှာ မိစ္ဆာဒိဌိရို့၏အန္တရာယ်ကြောင့် နောင်ပျက်အံ့သည်ကို ကြိုတင်သိမြင်သဖြင့် အဇာတသတ်မင်းကို တခုတည်းသော ဓါတ်တော်ထားသိုရာကို ပြုလုပ်စီမံရန် မိန့်ဆိုသည်။
ကဿပအသျှင်သည် (၈) ပြည်ထောင်ရို့မှ ပျက်စီးအံ့သော ဓါတ်တော်ရို့ကို ပင့်ဆောင်စုစည်းလျှက် အဇာတသတ်မင်းကြီး စီစဉ်သော ရာဇဂြိုဟ်ပြည်၏အရှိတောင်ထောင့်အရပ် မြီထဲစေတီ၌ ဓါတ်မွီတော်များကို စုစည်း၍ဌာပနာသွင်းထားခသည်။

နောင်နှစ်ပေါင်းကြာလာသည့်အခါ ရာဇဂြိုဟ်ပြည်၌ သီရိဓမ္မာသောကမင်းသည် နန်းတက်သည်။ ဤမင်းသည်နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို အထူးကြည်ညိုလာပြီး ဗုဒ္ဓဘာသာအကျိုးကို များစွာဆောင်ရွက်သည်။ 
ယခင် သိုဝှက်ထားခသော မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်များကို ရှာဖွေစီရာ တွိရ၍ ယင်းရို့ကိုဆောင်ယူကာ ဓမ္မာသောကမင်းကြီးသည် ကိုးတိုင်းကိုးဌာနအရပ်သို့ ဓါတ်တော်များကိုစေတီတည်ထား ပျံ့နှံ့စီသည်။ 
ယင်း၌မဟိံသကအမည်ရသော ရခိုင်ပြည်သို့ သီရိဓမ္မာသောကမင်းသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့ကို ဦးဆောင်စီပြီး ဓါတ်တော်များကိုပီးပို့စီခရာ ယင်းအချိန်မှစ၍ ရခိုင်ပြည်ထဲသို့ မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်ရို့သည် ၀င်ရောက်လာလတ်သည်။

သိရိဓမ္မာသောကမင်းကြီးသည် ရခိုင်ပြည်သို့ဓါတ်မွီတော်များကို ပီးပို့လာသည့်အချိန်တွင် ရခိုင်ပြည်ဓည၀တီမြို့ကို အုပ်ချုပ်နန်းစံ လျှက်ဟိသော ဘုရင်သုရိယစက္ကမင်းကြီး နန်းစံချိန်နှင့်ကိုက်ညီနီသဖြင့် သူရိယစက္ကမင်းကြီးသည် ဓါတ်မွီတော်ရို့ကို အသျှင်နှစ်ပါးထံမှ လက်ခံရယူကာ ဘုရားသျှင် ရခိုင်ပြည်သို့ကြွရောက်လာစဉ်က ဗျာဒိတ်ပီးခသော အရပ်ဌာနအသီးသီးတွင် ဓါတ်တော်များကို စေတီတည်ရန်စီစဉ်သည်။

ဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်လာသောအခါက ကျောက်တော်တောင်၌ရပ်နားပြီး အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် မိန့်ဟမြွက်ဆိုခဖူးသော ဗျာဒိတ်ဝင်အရပ်နီရာအသီးသီးများ၌ စေတီများကိုတည်ရန် စီစဉ်ခြင်းဖြစ်သည်။ 
ဓါတ်မွီတော်များ၏ အမည်နာမအရွယ်အမျိုးများကိုလည်း အသျှင်တိဿနှင့် အသျှင်ဗာကုလရို့က ဝေဖန်ပိုင်းခြားပီးသည်။

ဤတွင်ယခုပေါက်တောမြို့မှ အနောက်မြောက်အရပ် (၁) မိုင်ကျော်ခန့်အကွာတွင် တည်ဟိသော ကပေါတဂီရိတောင်ပေါ်တွင် ဘုရားသျှင်နုငယ်စဉ်ဘ၀က ခွာမင်းတဇစ်ဖြစ်ခပြီး ခွာမင်းဘ၀ဖြင့် ဤတောင်ပေါ်အရပ်၌ ကျင်လည်ကျက်စားနီထိုင်ဖူးခရာ ယင်းကိုရည်ရွယ်လျှက် ဘုရားသျှင်၏လိုင်ရိုးတော်၊ လိုင်ရွှဲတော်မှဖြစ်လာသော ဓါတ်တော်ရို့ကို ဤတောင်ကုန်းပေါ်၌ မြီအောက်ဌာပနာ၍ အပေါ်မှစေတီတည်ရန် လက်သမားပန်းရံရို့ဖြင့် စီမံဆောင်ရွက်သည်။

ထို့ကြောင့် ဓည၀တီပြည့်သျှင် ဘုရင်သူရိယစက္ကမင်းကြီးသည် မိဖုရားရုဓိတာနှင့်တကွ ရဟန္တာအသျှင်မြတ် နှစ်ပါးရို့၏လမ်းညွှန်ချက်အတိုင်း လက်ခံရဟိသော ဓါတ်မွီတော် (၂၄၇) ဆူရို့အနက်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်မြတ်ကြီးကို ထိုနှစ် သာသနာသက္ကရာဇ် (၂၂၂) ခု တန်းဆောင်ဘုန်းလပြည့်ကျော် (၁) ရက်နိတွင် ကပေါတဂီရိတောင်ပေါ်၌ ကောင်းစွာစီမံ ဆောင်ရွက်၍ လိုင်ရိုးတော်ဓါတ်ကို စတင်တည်ထားခသည်။ ယခုပေါက်တောမြို့ ကပေါတဂီရိတောင်ပေါ်၌ ကိန်းဝပ်လျှက်တည်ဟိသော လိုင်ရိုးတော်ဓါတ်သည် မြတ်ဗုဒ္ဓနုငယ်စဉ်က ခွာမင်းတဇစ်ဘ၀ဖြင့် ကျင်လည်ခရာဖြစ်ပြီး သာသနာသက္ကရာဇ် (၂၂၂) ခုနှစ်တွင် သူရိယစက္ကမင်းကြီး တည်ထားခသော မြတ်ဗုဒ္ဓဂေါတမသျှင်တော်၏ ဓါတ်တော်တဆူဖြစ်ပေသည်။

ရခိုင်အလင်းရောင်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment