ဘ၀သစ်ရခိုင်
(၁)
ကောင်းကင်(အာကာ) ကိုမော့ကြည့်လိုက်ရေခါ ခမ်းနားထည်ဝါနီရေ မိုးတိမ်တိုက်ကြီးဇာနန့် အက်ကျလားလေမသိ။
အစိပ်စိပ် အမြွာမြွာပြိုကွဲလားခဗျလ်။
မိုးရွာဖို့လို့ထင်နီရစော်က မရွာဖြစ်ဆိုစော် သေချာလားခဗျလ်။
မိုးမျှော်သူရို့အတွက် မျှော်လင့်ချက်တိက အ၀ီးကြီး။
ဘိုကလေးမြို့ ။
မြို့ဆိုကေလေ့ ရွာပုံသဏ္ဍန်ရာဟိသိမ့်ရေ။ညဇာဖက် ၆နာရီလောက်မှာဘိုကလေးမြို့ကိုရောက်စော်ဖြစ်လို့ တမြို့လုံးကိုမြင်ရပါရေ။ ဗွီအိုင်ပီ ခရီးစိုဉ်ဟိလို့ကားရေ လားနီကျလမ်းကြောင်းမဟုတ်ဘဲ မြို့ကိုပတ်လို့လားရရေ။ ယင်းကြောင့်လည်းဘိုကလေးမြို့အနီအထားကိုမြင်ရရေ။
ဘိုကလေးမြို့နန့်ရန်ကုန်မြို့စော် မိုင်(၁၀၀)လောက်ရာဝီးရေလို့ဆိုကေလေ့ကားနန့်လားစော်တောင်လမ်းမကောင်းလို့(၆)နာရီလောက်ကြားလားခရေ။ ညဥ့်(၈)နာရီမာထွက်ပါဖို့လို့ဆိုထားရေဘုတ် မိုးလင်းအရုဏ်(၁)နာရီ လောက်မှရာ ထွက်ဖို့ဗျလ်လတ်။ ဒေအရပ်ကလူတိ ဘုတ်တစိချေကြီးချေကေ သင်္ဘောလို့စီ ခေါ်ပစ်ကတ်တေကာ။
မြို့ချေရေ လမ်းနန့်အိမ်နန့် ထင်သလောက်မကောင်းကေလေ့တမြို့လုံးမှာ စားသောက်ဆိုင်တိပြည့်နီရေ။
မိုးထအရုဏ်မှာအောင်ညွှန့်မေသဘောင်္နန့် အမာမြို့ကို တဖွဲ့သားလုံးချီတက်ကတ်ပါရေ။
ရီစုန်မျှောလို့ထွက်ပါလတ်တေ အောင်ညွှန့်မေ။
တစ်နာရီမှာ ရီမိုင်ဇာလောက်လားမှန်းလေ့ မသိရ။ ကောင်းကင်(အာကာ)တခုလုံးကလေ့မိုက်နီရေ။
ပါလာရေ မိန်းမတိ အိပ်ဖို့နီရာ ရလို့က တော်ပါသိမ့်ယင့်။ ယောင်္ကျားတိကတော့ သဘောင်္ခေါင်ထက်မှာ မိုးတလင်း။
မိုးထ(၇)နာရီမှာ အမာမြို့ကိုရောက်တေ။
အောင်ညွှန့်မေခမျာ လမ်းမှာဇာတိတွိလေမသိ။
တညဥ့်လုံးတပူပူနန့် မြည်ရေထော။
သူခမာဒေခရီးလမ်းဒုက္ခကို သူရာသိဖို့။
ကေသရိနန္ဒာရာမ ကျောင်းရေကြီးကေလေ့သွင့် အိုနီဗျလ် ဟောင်းနီဗျလ်
။ယောင်္ကျားတိကိုသိမ်မှာထားလို့ မိန်းမတိကို အိမ်တအိမ်မှာတည်းခိုင်းရေ။ကျောင်းသျှင် အသျှင်ဘုရားရေ တွီ့တွီ့ချင်း …..
“ငါရို့လိပ်သျှေခုံရွာသားတိ၊ဆွေတိမျိုးတိ တွီ့ရလို့ကောင်းဝမ်းသာရေ တကာ။ ခောတ်ပျက်လို့ဘ၀ပျက်ခရရေ။
ငါရို့အဇူအဇာတိ အ၀ကျွန်းကိုရောက်လားကတ်တေအခါက လူသူကင်းရေကျွန်းမှာ တောရှင်း၊ ကိုင်းရှင်းဗျလ် ဘ၀ကိုရှင်သန်ဖို့ အတွက်အလုပ်လုပ်ခကတ်ရရေ။
အဆိုးဆုံးက မိကျောင်းအန္တာရာယ် နန့် ကျားအန္တာရာယ် ရို့က ပိုဆိုးရေ။ ဒေအန္တာရာယ်တိကိုငါ့ရို့ခါးစီးခံကတ်ရရေတကာ။
နှစ်ပေါင်း(၇၅)လောက်ကြာပြီးခါမှငါရို့ ကိုယ့်ပြည်ကို ကိုယ်ပြန်ရောက်ကတ်တေလတ်။
စစ်တွေကိုရောက်လာရေခါလည်း လုပ်ကိုင်စီးပွားက အဆင်မပြေ။
ငါရို့အ၀ကျွန်းသားတိရေ စာကားမတတ်၊ယင်းကြောင့်နန့်လေ့ အောက်ခြီအလုပ်ကြမ်းတိကိုလုပ်ကိုင်စားသောက်ရပြန်ရေ။ စပါးထမ်း၊ထင်းပေါက်၊ကူလီအလုပ်တိကို
ကြိုးစားလုပ်ကေလေ့ စားဝတ်နီရေး အဆင်မပြေရေငါရို့ဘ၀၊ငါရို့မိဘတိ ရီကြိုင်ရာ မြက်နုရာကို ထပ်ရှာဖို့ ကျရယေ။”
(၂)
“ယေနန့်ရန်ကုန်ကိုရောက်လာရေ။ရန်ကုန်တညင်မှာအ၀ကျွန်းသားတိစုဖို့ကျရေ။
တညင်မှာလေ့ ကြိုးစားလို့လုပ်ကိုင်စားသောက်ယင့်။ အ၀ကျွန်းသားတိအဆင်ပြေစော်မမြင်ရ။
ယင်းကတဆင့် ဧရာဝတီတိုင်းကို ရွင့်ကတ်ရပြန်ရေ။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ဝေးကြီးဘ၀သစ်ရွာ၊ရွာတန်းသျှေရွာရို့ကိုရောက်တေ အ၀ကျွန်းသားတိများလာပြန်ရေ။
ဝေးကြီးဘ၀သစ်ရွာ ၀န်ကြီးချုပ်ဦးနုလက်ထက်က အလင်းဝင်တိလုပ်ကိုင်စားသောက်ဖို့ နီရာချပီးရာနီရာ။ မြေရိုင်းတိ၊ကိုင်းတောတိ၊ကျုပ်တိ၊အင်းတိ၊အိုင်တိ၊များရေနီရာဖြစ်တေ။
ဇာပင်ဖြစ်ဖြစ် ယင်းနီရာမှာ ဒုက္ခခံဗနာ နီကတ်ပြန်ရေ။
စားဖို့သောက်ဖို့ အဆင်ပြေရေလူတိပြေရေ။
အဆင်မပြေရေလူတိလုံးဝ မပြေ။
အဆင်မပြေရေလူတိထဲကဦးထွန်းအောင်နန့် ဒေါ်မသာဦး၊ ဦးစိန်လှအောင်နန့် ဒေါ်စံညှင်းဖြူရို့ မိသားစု ရှစ်ယောက် ဒေအမာ ဘ၀သစ်ကို (၁၉၆၃)ခုနှစ်မှာပြောင်းလာကတ်တေတကာ။”
ဒေအမာအရပ်ဒေသမှာ ဘ၀သစ် (၁) (၂) (၃)ဆိုဗျလ် ရွာသုံးရွာဟိရေ။
ရွာကိုပြောင်းလာခါစက ဗိုလ်ကြီးတယောက်ဘားမှာဦးထွန်းအောင်ရို့မိသားစု နန့် ဦးစိန်လှအောင်ရို့မိသားစု ခြံစောင့်ဘ၀နန့်ရောက်လာကတ်စော်ပါ။
ခြံစောင့်ဘ၀မှာစားဖို့ဆန်ပီးရေ။
သုံးဖို့ဒင်္ဂါး(၃၅)ပြားပီးရေလတ်။
ပင်လယ်နန့် ချောင်းနန့်ပါးရေ အရပ်ဒေသဖြစ်လို့ရှာစားလို့ အဆင်ပြေရေ။သား၊ငါး၊ပုဇွန်တိလေ့ ပေါရေ။
ယင်းနှစ်မာပင် ဆရာတော် ကေသရိန္ဒာရာမ အသျှင်ဘုရားရေဘ၀သစ်ကိုရောက်လာရေ။
ဆရာတော်ရေ ဦးထွန်းအောင်၊ဒေါ်မသာဦးရို့ ဆွေမျိုးဖြစ်တေ။ တစ်နှစ်လောက်ကြာရေအခါ ဆရာတော်ဦးဝဏ္ဏနန့် ဦးမဲထွန်းရို့မိသားစု ရောက်လာကတ်ပြန်ရေ။
ယင်းအခါက ဒေဘ၀သစ်(၁)မှာရာ ရခိုင်ဟိရေ။
(၂) နှစ်လောက်ကြာပြီးခါ ဦးမောင်သောင်း၊ဒေါ်မညိုဖြူနန့် ဦးသာဇံမိသားစု၊ ဦးဖြူသီးမိသားစုရို့ ရောက်လာကတ်ပြန်ရေ။
ယေနန့်တဆတ်ဆတ်များလာစော်။
မှတ်မိသလောက်က ဦးသာစိန်ထွန်း၊ ဦးသာဟံမောင်၊ဒေါ်လှသနာ၊ဒေါ်လှမျိုးစိန်၊ ဒေါ်ဦးစိန်ကြာညို၊ဒေါ်ထွန်းမေစိန်၊ဒေါ်စိန်ချေ ရို့မိသားစုဖြစ်တေ။
တခုလေ့မပါဘဲလက်နန့်ဖ၀ါးရောက်လာရေငါရို့ဘ၀ကို တခေါက်တကာစိုဉ်းစားကြည့်လိုက်ဖိ။ ကြုံရာကျဘန်း အခိုင်းအစီဘ၀ နန့် စခရေဘ၀၊လယ်လုပ်၊ထင်းခွတ်၊ငါးရှာ၊ဖားရှာလုပ်ယင်း နန့်ဖဲသာစုရေတကာ။ ယင်းခောတ်က ဒေနီရာမှာ ငါးဧကကျော် ခြံတခြံကို ဒင်္ဂါး (၃၀၀) လောက်ရာ ပီးရရေ။
ဖဲသာစုလို့ တယောက်ပြီးတယောက်ခြံဝယ်ကတ်တေ။ ရောက်စကလောက် တောရိုင်းတိရစာန် အန္တာရာယ်တိ မဖြစ်လိုက်ဗျလ်။
အယင်က ဒေအရပ်မှာ ကျားတိကိုတောင်တွိရရေ။
လုပ်စားလို့လေ့ ကောင်း ရှာစားလို့လေ့ ရရေခါ ဆွေမျိုးတိကိုခေါ်ယူကတ်တေ။အဂုထိအ၀ကျွန်းက ရခိုင်သားတိရောက်နီတုန်းသိမ့်။
ငါရို့ဘ၀သစ်ကိုရောက်ပြီးလို့(၁၀)နှစ်(၁၂)နှစ်ထိ စာသင်ကျောင်းလုံးဝမဟိ။ အချေတိ စာမသင်ကတ်ရ။ စာမတတ်ပီမတတ်ဖြစ်တေငါရို့ဘ၀ကို အသျှင်ဘုရား ကေသရိန္ဒာ မမြင်နိုင်။ သီစာ ရှင်စာဖတ်တတ်ဖို့အတွက် အသျှင်ဘုရားရေ ဘုန်းကြီးကျောင်းမှာသင်ပီးရေ။
အသျှင်ဘုရားရေ (၁၉၇၈) ခုနှစ်လောက်မာ ဆီးမှူးဦးကျော်အေးကို ဘိုကလေးကိုလွှတ်လို့ မူလတန်းစာသင်ကျောင်းတစ်ခုရအောင် လျှောက်ခိုင်းရေ။
ယင်းနှစ်ဘ၀သစ်(၁)မှာ မူလတန်းကျောင်းချေတကျောင်းရရေခါ အသျှင်ဘုရားရေ ကိုယ့်ဖေ့သာ နန့် အုန်းမိုးဝါးကာ စာသင်ကျောင်းဘ၀ ကိုစပီးခရေ တကာ။
ဘ၀သစ်(၁)မှာ ဓမ္မသုခ လို့ဆိုရေ ရခိုင်ဘုန်းကြီးကျောင်းတကျောင်းလေ့ ဟိသိမ့်ရေ။
လက်ဟိဘ၀သစ်(၁)မှာ ရခိုင်လူဦးရေ (၁၈၅၄)ယောက်ဟိရေ တကာ။
(၃)
ဘ၀သစ် (၁) နန့် ဘ၀သစ် (၂) ရွာစော် (၅)မိုင်လောက်ဝီးဖို့။ ဘ၀သစ်(၂) နန့် ဘ၀သစ်(၃) စွာ (၁၀) မိုင်မက ၀ီးရေ။ဒေသုံးရွာပေါင်းကေ ရခိုင်အိမ်ခြီ လေးငါးရာလောက် ဟိဖို့ဟန်။ ငါရို့ရခိုင်သားတိကရင်တိနန့်ရောနီကတ်စော်ကြာဗျလ်။ ဗမာတိက အဂုနောက်ပိုင်းရောက်လာစော်ရာ။
အမာရွာကိုလေ့ အမာမြို့လို့ပြောင်းစော် ဇာကြာသိမ့်ရောင်။အဂုဆိုကေ ငါရို့ရွာစော် အမာမြို့အတွင်းကျနီဗျာလ်မနားယေ။
ရန်ကုန်မြို့ နန့် အမာမြို့ကို မြေသားကားလမ်းပေါက်တေ။
မိုးခါဆိုကေ ကားလားလို့မရ။
နွီခါဆိုကေကားလားနိုင်ရေ။ အမာ-ရန်ကုန် ကားလမ်းမထက်မှာ ဘ၀သစ်ရွာတိတည်ဟိကတ်တေ။ ဘိုကလေးကရီလမ်းခရီးနန့်လာဖို့ဆိုကေ အမာမြို့ကိုရောက်ပြီးမှ ငါရို့ဘ၀သစ်(၁)ကို သုံးမိုင်ကျော်လောက်လာရဖို့။ ဘ၀သစ်အားလုံးမှာ ရခိုင်အိမ်ခြီထောင်ဂဏန်းလောက် ဟိဖို့ဟန်။
ငါရို့အားလုံး အ၀ကျွန်းသားပြောရေ ရခိုင်စကားကိုပြောနီတုန်းသိမ့်။ ဗမာစကားက မပီကာ။
ကိတ်စမဟိ။ ရန်ကုန်ကိုလေ့ တနှစ်နှနှစ်မာ တခါက မရောက်၊ ဒေမှာနီဖို့ထိုင်ဖို့ကောင်းရေ၊ တကာမြင်ရေ အတိုင်းဗျလ်။
အပင်ဝါးပင် အရိပ်အောက်မှာ နီကတ်ရစော်မနား။ ရွာမှာလျှပ်စစ်မီးမဟိ၊မီးခွက်ဖယောင်းတိုင် နန့် နီကတ်တေ။
တီဗွီမဟိ၊ တီဗီမလို၊ ကြည့်ချင်ကေဗွီဒီယိုရုံကိုလားကတ်တေ။
တအိမ် နန့်တအိမ် တခြံနန့်တခြံ ငါးဧက လောက်စီဝီးရေ။
ကိုယ့်ခြံမှာ ကိုယ်နီရေ ကိုယ့်ခြံမှာ ကိုယ်စိုက်တေ။
စိုက်ပျိုးရေးလုပ်ငန်းက အဓိက၊အုန်းစိုက်တေ၊ ကွမ်းသီးစိုက်တေ၊ခြံလုပ်တေ၊စပါးစိုက်တေ၊ အိမ်တိုင်မှာ ၀မ်းစာဟိရေ။
ကွမ်းခြံစိုက်တေ၊ကွမ်းခြံကို အိမ်က အိမ်သျှင်မနန့် အချေတိစိုက်ကေလေ့ ရရေ။
သူ့ကိုဂရုတစိုက်ရီပီးရေ။
ကွမ်းပင်တထောင်စိုက်ထားကေ ရက်(၂၀)မှာ လေးငါးသောင်းအသာချေ။
ကွမ်းပင်အများစိုက်တေ လူတိရက်(၂၀)မာ လေးငါးသိန်းတောင်ဝင်ရေ။
ကွမ်းပင်သက်တမ်းကလေ့ တနှစ်နှနှစ်လောက်ကို စိုဉ်းစားဖို့တောင်မလို။
ဒေအရပ်မှာ ငါးရှာ၊ဟင်းခူး၊ မပျင်းမရိလုပ်စားကေ ဇာလုပ်လုပ်စားရရေ။
အေး…..အချေတိက စာမတတ်။
အဂုမှရာဆယ်တန်းအောင်စော် ဒေရွာမှာ စကေ ဟိဖို့။ ကိုယ့်ကိုယ်ကို ရခိုင်လို့တော့ သိကတ်တေ။
ဇာကြောင့်ရခိုင်ခေါ်ရေ ယိုဉ်းကျေးမှုတိက ဇာလေမသိကတ်။
ယင်းကြောင့်သိချင်ရေလူတိများလာရေတကာ။
စစ်တွေ၊မြောက်ဦးကို ရောက်ဖူးရေ အချေတိ မဟိသလောက်ဗျလ်။
အသက်(၅၀) ကျော်(၆၀) တန်းတိကတော့ စစ်တွေမြို့ရို့မှာ နီဖူးရေ။
ယင်းလူတိ ဘားကစီရာ အချေတိမိန်းနိန်ကတ်စော်ကို မြင်ရရေ။
ငါရင်ကျိုးရေ တကာ။ ယင်းကြောင့်လေ့ တကာရို့ကိုခေါ်ဗျလ် ဒေဟောပြောပွဲကိုလုပ်စော်။
ငါတိုက်တွန်းရေ ဇာလောက်ကုန်ကုန်လုပ်ကတ်ရဖို့။ အဂုတကာရို့ ကိုယ့်ဖေ့သာနန့်ကိုယ်အကုန်အကျခံလို့လာကတ်တေအတွက် ကျေးဇူးတင်ရေတကာ။ နီစော်ထိုင်စော်စားစော်သောက်စော် အဆင်မပြေခကေလေ့ ခွင့်လွှတ်ကတ်ဝေ။
နောက်နှစ်နောက်နှစ်တိမှာ ဒေထက်အဆင်ပြေအောင် ငါစီစိုဉ်မေ။ အဂုကကျောင်းခြံထဲမှာလုပ်ထားရေ စင်ထက်မာရာ တခေါက် ဟောပြောလီကတ်ဖိ တကာရို့။
ယောင်္ကျားလေးယောက် မိန်းမလေးယောက် လာကတ်တေဆိုရေမနား။ အားလုံးသူဟောပြောဖို့လား။
အော်…ယောင်္ကျားနှစ်ယောက်၊ မိန်းမတစ်ယောက်ရာပြောဖို့လား..။။ ကျန်စော်တိက အဖော်လိုက်လာစော်လာ………………။။
အသျှင်ဘုရားရေ သူပြောချင်ရေအကြောင်းတိကို တလီမှာတလီ ရီပက်မ၀င်အောင် မနားတမ်းပြောပြရေ။
အဖြစ်အပျက်နန့် သမိုင်းကြောင်းတိကို နားထောင်လို့ရမငြီး။
(၄)
ဟောပြောပွဲကို (၂-၁၀-၂၀၀၉) ညစာ(၇)နာရီမှာ စဖြစ်အောင်စကတ်တေ။ ရွာကအချေတိအားတက်သရောဖြစ်နီစော်က လွန်ရေ။ ဆရာမ ဌေးဌေးဝင်းက အခမ်းအနားမှူးလုပ်ဗျလ် အစီအစိုဉ် စရေ။
ဘ၀သစ် လူငယ်နှစ်ယောက်က ဟောပြောပွဲဖြစ်ပေါ်လာပုံ နန့် ကျေးဇူးပြုရဖို့လူတိ အကြောင်းကိုပြောရေ။
ပြီးကေ ကိုနေစိုးက ရခိုင်ရို့ ရင်ခုန်ည ခေါင်းစီးနန့် ပြောရေ။
ပြောသူရင်ခုန်ပုံ၊ နားထောင်နီရေလူတိ ငြိမ်ဗနာ နားထောင်ကတ်လို့ သူပိုလို့ ရန်ခုန်ရပုံ အကြောင်းတိကိုပြောရေ။
အပြီးနာ ဆရာမ ဒေါ်ခင်စောတင့်က ရခိုင်ကဗျာတိ အကြောင်းကိုသမိုင်းကြောင်းနန့် ချီလို့ပြောရေ။
ရခိုင်ကဗျာတိကို ရခိုင်အသံအတိုင်း အပိုဒ် (၂၀)လောက်ဆိုပြရေ။ ပြီးကေ ရခိုင်ရိုးရာ နန့် ယိုဉ်ကျေးမှု အကြောင်းဆိုရေ ဖက်မမှီ လုံးမမှီ ခေါင်းစီးနန့် ပြောဖို့ကျရေခါ ပွဲစီစိုဉ်သူ ကိုမျိုးကျော်၊ ကိုထွန်းရင်နန့် ဟောပြောသူ ကိုနေစိုး၊ ဆရာမ ဒေါ်ခင်စောတင့်နန့် ဘ၀သစ် အထိ အဖော်လိုက်ပီးရေ မိန်းမချေ၊ ဆရာမကြီး ဒေါ်ဧဧစံရို့ နန့် ရွာသူရွာသားအားလုံးကို ကျေးဇူးတင်စကားဆိုခပါရေ။
ဒေပွဲကို မနှစ်ကပင် စီစိုဉ်ကတ်စော်ပါရာလတ်။
စကော်လာ(Scholar English Language Center) က အချေတိ ဒေအရပ်မှာ အင်္ဂလိပ်စာပြဇောင်လာယင်း ရခိုင်ယိုဉ်ကျေးမှု အကြောင်းကိုပြောယင်း ဆရာမချေ ခိုင်မြတ်သူကတဆင့် ဒေပွဲဖြစ်လာစော်။
ကျွန်တော် အ၀ကျွန်း လိပ်သျှေခုံရွာက “ဂူရှိ”။ ဘောင်ဘောင်က တောင်ကုတ်မြို့နယ်၊ ပဒင်းကျွန်းက အနွယ်။
အ၀ကျွန်းကို ဘ၀ပျက်လို့ရောက်လားရေသူရို့အထဲက။
ယင်းကပြည်တော်ပြန်ရခိုင်သားက ဘာဘာ။ အဂုကျွန်တော်က ရန်ကုန်ရောက်ရခိုင်သား။
ဒေဘ၀သစ်မှာ လိပ်သျှေခုံရွာသား ရခိုင်သားရို့ ဟောပြောရေပွဲသုံးပုံ တပုံလောက်ရေ ကျွန်တော့် အမျိုး။
ဟောပြောပွဲ မစခင်ကပင် သိချင်စော်တိဟိလို့ မိန်းရေမိန်းခွန်းတိ အများကြီး။
ပညာသျှင်မဟုတ်ပါ။
ဖတ်ထားသမျှ မှတ်ထားသမျှကို သတိတရနန့် ဖြေကြည့်ပီးပါရေ။
သဘောကျရေ အချေတိက လက်ခုပ်လုပ်ဝါးတီးလို့ ရခိုင်ရို့၏ ကိုးကိုယ်မှုဆိုင်ရာ ဗုဒ္ဓဘာသာ အကြောင်း၊ မဟာမုနိအကြောင်း၊ ရခိုင်ဒင်္ဂါးအကြောင်း၊ ရခိုင်စာပီအကြောင်းတိကို ဇွဲ နန့် မာန်နန့် ဟောပြောရေ အတွက် အားလုံးက ကျေနပ်ကတ်တေထင်ပါယင့်။ ညဥ့်ရေ သန်းခေါင်ကိုရောက်ဗျလ်။
ဘ၀သစ်ကို ရောက်လားရေ ရခိုင်တိ နန့် ဘ၀ဟောင်းမှာ ကျန်ခရေ ကျွန်တော်ရို့က…………………။။
ရခိုင်လှမြင့်
၂၄.၁၁.၂၀၀၉
ဦးရာဇ်မြေမဂ္ဂဇင်း
ရခိုင်သမီးပျိုးဆိုဒ်မှ ကူယူထားပါသည်။
No comments:
Post a Comment