Friday 23 September 2011

ဘ၀သစ်ရခိုင်အတွက်ရခိုင်သမီးပျို၏အမှာစာ

အကျွန့်ရခိုင်တိဘားသို့..............


အကျွန်ရေ အမှာစာမရီးဖူးပါ။ ရီးဖို့လေ့ အစီအစိုဉ်မဟိပါ။
ယေဒါလေ့သွင့် ဒေ ရခိုင် ဦးလှမြင့်ရီးသားရေ “ဘ၀သစ်ရခိုင်” ဆောင်းပါး နန့် ပတ်သက်လို့ စာဖတ်လူ ပရိသတ်တိကို ၀န်ခံစရာ စကေတဗွေဟိနီစော်က တကြောင်း ဒေရွာအကြောင်း တစိတစောင်းချေကို စာဖတ်ယင်းနားလည်သျှင်းလင်းအောင် ရွယ်ရည်ဗနာ အကျွန်ရေ ဒေဟြိမျက်နှာစာ ကိုရီးလိုက်ရခြင်းဖြစ်ပါရေ။


ဘ၀သစ် ရွာစိုဉ်တန်းရေ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာတည်ဟိပါရေ။
ရခိုင်ပြည်နယ် အ၀ီးရောက်ရခိုင် အမျိုးအစားအများကြီးထဲက Internal displaced people လို့ခေါ်နိုင်ပါရေ- ကိုယ့်ရီမြီဒေသ နန့် အနီးစပ်ဆုံးမှာ နေရာအတည်တကျ မဟိပြောင်းဟြွိကတ်ရရေ လူတိထိုင်နီရေ ရွာချေတိဖြစ်ပါရေ။ 
ဧရာဝတီတိုင်းအပြင် ဟိုင်းကြီးကျွန်းရို့ဖက်မှာလေ့ ဒေပသျှောင်မျိုး ရီကြိုင်ရာမြက်နုရာ ဟြာဖွီနီထိုင်ကတ်ရရေ ရခိုင်အမျိုးတိ အစုလိုက် အစုလိုက် အုပ်စုဖွဲ့ဗျလ် ဟိကတ်စော်ကို နာဂစ် အလွန် ကယ်ဆယ်ရေးတိအချိတ်အဆက် နန့် သိခကတ်ရပါရေ။


ဒေဆောင်းပါးကို အခင်ရခိုင်လှမြင့်ရေ ၂၀၀၉ စက်တင်ဘာလက ဘ၀သစ်ကျေးရွာ အမာမြို့ကို ရခိုင်စာပေဟောပြောပွဲ တခု ကျင်းပစောင်လားတွင်း အ၀ကျွန်းသားဟြွိပြောင်းရခိုင်ရို့တိ သမိုင်းကို မှတ်တမ်းတင်ပီးခစော်ဖြစ်ပါရေ။
ဖွင့်ဟ၀န်ခံပြောဆိုရကေ အခင်ရေ အကျွန့်ကို ဒေရွာအကြောင်းကို ယင်းနှစ်ဂျူလိုင်လကပင် အကျွန်(၃)လတာ နွင်္ီရာသီ ပညာဒါန စာလားသင်ပြီးအပြန်မှာ မှတ်တမ်းတခု ရီးဖို့တိုက်တွန်းပါရေ။
အကျွန့်ကိုယ်တိုင်၏ကိုယ့်စော်ကိုယုံကြည်ချက်နည်းပါးမှုကြောင့်တကြောင်း စာရီးလေ့ရီးထ တစိလေ့ မဟိသိရေအတွက် အကျွန်ရေ အခင့် ဆန္ဒ္ဒကိုအကောင်အထည်မဖော်နိုင်ခပါ။ ၀မ်းနည်းပါရေ။ 
အကျွန်မှာ ရခိုင်စာပီ အရေးပါပုံ နန့် သမိုင်း ယိုဉ်ကျေးမှုကိုပြန်ဗနာ အသက်သွင်းဖို့ စိတ်ကူးတိရေ ယင်းအချိန်အထိ မဟိခပါ။
ယင်းတွက် အကျွန်ရေ အဂုပြန်စိုဉ်းစားကေ အသိတခုအသစ်ရလို့ပျော်ရပိုင် မျက်စိကွယ်နားကန်းကုန်လွန်ခရေ အနှစ်မဲ့ သက်တမ်း(၂၀) ကျော်ကို ကောင်းနှမြောမိပါရေ။
ယေဒါလေ့သွင့် အကျွန်အဂု နောက်မကျပါသိမ့်။


ဒေဆောင်းပါးကိုဦးရာဇ်မြေမဂ္ဂဇင်း
မှာ ဖော်ပြပြီးသားဖြစ်ပါရေ။
စာစောင် အမှတ်စိုင်ကို မမှတ်မိပါ။ စာပိုဒ်တိထဲမှာအမှားတိပါကောင်းပါနိုင်ပါရေ ။ တကယ်လို့ ဒေဆောင်းပါးကိုဖတ်ဖူးပြီးသားလူတိများ ဟိခကေ အကျွန့်ကို ဆောင်းပါးပြန်လည်ပြုပြင်ဖို့ သတိပီးနိုင်ပါရေ။ 
အကျွန်ရေ အခင်ဘားက ယူခရရေ ဆောင်းပါးမူကြမ်းကို ၂၀၀၉ ခုနှစ်ကပင် သိမ်းထားရရေ အတွက် စာတိတချို့ပျက်ချချင် မှုန်ချချင် နန့် သုံးပုံတပုံလောက်ရေ လုံးစိပတ်စိ မမြင်ရပါ။ 
အကျွန့်မှာ မှတ်တမ်းတင်ချင်အားကြီးလို့ ကြိုးစားပြီးကေ အကျွန့်မျက်မှန်အားကိုး နန့် ရီးထားရစော်ဖြစ်ပါရေ။


တလုံးသင်လေ့ဆရာ နှစ်လုံးသင်လေ့ဆရာဆိုပိုင် အခင်ရခိုင်လှမြင့်ရေ အကျွန်ဒေပိုင်ရခိုင်စာပီဖက်ကို ပါဝင်လာအောင် အားနန့်အင်နန့် တိုက်တွန်းပီးခရေ ပထမဆုံးပုဂိုလ်ပါ။
ဒေပုဂိုလ်ကို အကျွန်ရေ သင်္ဘောထက်(ရခိုင်သဟာယ မောင်တင်စွန်း) ခရီးစဉ်မှာ စလို့တွီ့ဆုံခစော်ဖြစ်ပါရေ။ 
ဒေပုဂိုလ်ရေ အိပ်မငိုက်အောင် အ၀ါမသန်းအောင် စကားပြောကောင်းရေ ပုဂိုလ်ဖြစ်ပါရေ။ 
မင်းသားဒေါင်မာတင် အကြောင်းကို အိမ်မက်သယောင်ဖန်တီးပြောဆိုပါရေ..အဂင့်မိုးလင်းအောင် ပြောနိုင်ရေ အခင်ပါ။ လေးစားရပါရေ။


ရခိုင်စာပေဟောပြောပွဲရေ ဒေရွာချေမှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါရေ။
ဒေရွာချေရေ ရခိုင်ဆိုစော် နာမေတလုံးကလွဲကေ ရခိုင်နန့် ပတ်သက်တေ လက်ခဏာတိ ဗီဇတိ ပျောက်နီရေ နေရာချေဖြစ်ပါရေ။
ကောင်းစိတ်ဝင်စားဖို့ကောင်းပါရေ။ 
ယင်းနေရာမှာ အကျွန်ရို့ ရိုးသားမှုကို တွီ့ရရေ။
ပျော်ရွှင်မှုတိကိုတွီရရေ။ 
လူတိဆိုစော် ချစ်ဖို့ကောင်းရေဆိုလို့….အကျွန်ယင်းရွာချေကပဲသင်ယူခစော်ဖြစ်ပါရေ။


စာပီဟောပြောပွဲ အပြင်အကျွန့်မှာ အိမ်မက်တခုဟိပါသိမ့်ရေ။ 
အကျွန်ရခိုင်စတိတ်ရှိုးပွဲတခု ချချင်ပါသိမ့်ရေ ယင်းရွာမှာ။
ဒေရွာကလူတိရေ မြောက်ဦးကို မြင်လေ့မမြင်ဖူးဘဲ ချစ်နီကတ်တေလူတိပါ။ 
စစ်တွေကိုရောက်လေ့မရောက်ဖူးဘဲ စစ်တွေအကြောင်းပြောနီကတ်တေလူတိပါ။ 
အကျွန့်ဘ၀မှာ အကျွန်လုပ်နိုင်သမျှထဲက အကောင်းဆုံးကို ထုတ်ပြဆှိုနာ လာချင်ရေအချိန်မှာလာမိန်း အကျွန် အမာရွာအကြောင်းဘဲပြောမိပါဖို့။
အကျွန်တသက်မှာ အကျွန်ဂုဏ်အယူဆုံး။ အကျွန်ရခိုင်ဖြစ်ရကျိုးတောင်နတ်လားဗျလ်။ ရခိုင်ပီသလားဗျလ်လို့တောင် ဘာဘာ ဘားမှာပြောဖူးပါသိရေ။


အကျွန်ယင်းရွာချေမှာ နှစ်နှစ်တိတိ (နွီရာသီ) တာဝန်ထမ်းဆောင်ခပါရေ။ ယေဇူးနန့်

စာပီဟောပြောပွဲ အပြင် အကျွန်ရို့ရေ ၂၀၁၀ စာသင်နှစ်မှာ ပထမဆုံးအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်
ရီလောင်းမဏ္ဍတ်နန့် ဒုတိယ အကြိမ်မြောက်နံသာသွီးပွဲကို ရက္ခိတမောင်မယ် (တက်သစ်စလူငယ်) အဖွဲ့တပ်ပေါင်းစုက ဦးဆောင်ဗနာ ကျင်းပခကတ်ပါရေ။ 
ကကောင်းအောင်မြင်ခဗနာ ဘုန်းကြီးပျော်လူပျော် ခွီးချေတိပါ ပျော်ရေပွဲပါ။
ယင်းသင်္ကြန်နိရက်ချေတိကို အကျွန်ရေ ဂုစာဖွဲ့ယင်းနန့် အလွမ်းဖြေနီရပါရေ။
မှတ်တမ်း ဗွီဒီယိုတိ ရိုက်ယူနိုင်ခရေအတွက် အကျွန့်မှာ သိမ်းထားထိမ်းထားရေ ချစ်စရာ အမာသင်္ကြန်မှတ်တမ်းချေတိဟိပါရေ။ ကိုယ်တိုင်က နည်းပညာပိုင်းဆိုင်ရာ အားနည်းရေခါ ဒေဗွီဒီယိုဖိုင်ချေတိကို မျှဝီပီးနိုင်ဖို့ အတွက် အကျွန်ရေအကျွန့်ကို ကူညီဖို့လူတယောက် ပေါ်လာနိုင်ပါစီကြောင်း ဆုတောင်းနီပါရေ။ ကံမကောင်းခလို့ ဒေနှစ် မတင်ပြပီးနိုင်ခေကေ အကျွန်ရေ ၀မ်းနည်းလီရပါဖို့ဗျလ်။


ဇာပိုင်ပင်ဖြစ်ဖြစ်..ပထမဆရာ ရခိုင်လှမြင့်ကြောင့် အကျွန်ရေ ငါစာရီးသင့်ရေ ဆိုစော်အသိ ကို အေအမ်ပီနောင့်တွီ့ခါမှ ပိုလို့အကောင်အထည်ဖော်ဖြစ်စော်ကို တစိပိုင်လေ့ ငြင်းလို့မရပါ။ 
၂၀၁၀ စက်တင်ဘာကနိန် ဂု ၂၀၁၁ အေပရယ်လအထိ အေအမ်ပီကို ရောက်တေ (၇)လအတွင်းမှာ အကျွန့်စာအရီးအသားနန့် ပတ်သက်လို့ ဟိလာရေ ယုံကြည်မှု နန့် တိုးတက်လာရေ ကိုယ့်စာပီယိုဉ်ကျေးမှုဆိုင်ရာ လေ့လာချင်စိတ်တိကြောင့်အကျွန်ရေ ဒေအမှာစာနန့် အကျွန့်၏တုနှိုင်းမမှီရေနှလုံးလှဆရာအမိနန့်အဖ၊ အနွံတာခံရေမောင်ချေတိ၊ အကျွန့်ကို အားပီးအားမြှောက်လုပ်တတ်တေထွီးထွီး၊ အကျွန့်မိဘက အကျွန့်ကို စာမသင်ပီးနိုင်ခါ စာသင်ပီးခရေ၊ ထမင်းမွတ်တေငတ်တေခါ ထမင်းပီးခရေ အဘောင်ရှင်၊ အကျွန့်ကို အငယ်ချေကပင် ဂုချိန်ထိပညာ သင်ကြား လမ်းညွှန်ပီးလာရေ ဆရာသမား လူကြီးမိဘတိ၊ အကျွန့်အနားမှာ ဆိုးတူကောင်းဖက် ဟိနီကတ်တေ သူငယ်ချင်းတိ၊ အကျွန့်ကို ကိုယ်တိုင်ကိုယ်ကျဟြင်သန်ပေါက်ရောက်နိုင်ရေ အပင်ချေတပင်ဖြစ်လာအောင်ပျိုးထောင်ပီးရေ ရခိုင်လူငယ်ပညာရေးအဖွဲ့ ၀ိုင်ဒင် (YDIN, Youth Development Initiative Network)၊ ဘ၀သစ်ကျေးရွာက အကျွန့် အားအင်(ကျောင်းသားချေတိ)၊ ချစ်ခင်ဂရုစိုက်ကတ်တေ ရွာသားတိ၊ ပြီးကေ လက်ဟိအေအမ်ပီက အကျွန့်စာပီမောင်နှမတိအားလုံးကို လက်အုပ်ချီ နှုတ်ဆက်တွင်း နှစ်သစ်မှာ ဘေးဘယာဖီးဝီးကွာဗနာ ကိုယ်ကျန်းမာစိတ်ချမ်းသာပါစီကြောင်း ဆုမွန်ကောင်းတောင်းယင်း…………………………..။


ကျော့ကြာညို(ရခိုင်သမီးပျို)

၁၀.၀၄.၂၀၁၁

ရခိုင်သမီးပျိုးဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment