Friday 7 October 2011

နိုင်ငံရေးကိုမမြင် အသင်ဇာလမ်းကိုလားဖို့ လဲ

လေဘရယ်ဒီမိုကရေစီနန့် လူသားတစ်ဦးချင်းစီ၏အခွင့်အရေး၊ ဈီးကွက်လွတ်လပ်ခွင့်၊ စီးပွါးရေးလောကကို အစိုးရက လုံး၀၀င်မရှုပ်ကေ့ ဆိုရေ စကားလုံးတိ အယူအဆတိ အတွေးအခေါ်တိစွာ အမေရိကန်ကုမ္ပဏီကြီးတချို့  ဒေ၀ါလီခံလိုက်ရရေနောက်ပိုင်း ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနန့် ရင်ဆိုင် လာကတ်ရရေအချိန်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်လားခကတ်တေ။
ဒေကာလမှာ ခေတ်အစားဆုံးစကားလုံးက စီးပွါးရေးကိုအစိုးရက ၀င်ပနာထိန်းကျောင်းပီးရေး၊ ကုမ္ပဏီတိကို အစိုးရက အရင်းအနှီးစိုက်ထုတ်ပီးလို့  ပြန်ပနာ တည့်မတ်ပီးရေး ဆိုရေ အော်သံတိပင် ဖြစ်တေ။
နိုင်ငံရေးသမား အလကားရာဝေ ဆိုရေနိန်ရာမှာ နိုင်ငံရေးသမားတိ ကယ်ပါဖိတချက် ဆိုရေ တောင်းပန်ခြင်းက အစားထိုးဝင်ပါလတ်တေ။
ဒုက္ခရောက်မှ အမိတ ဆိုရေ စကားပုံပိုင် နောက်ကုန်းကို ဒုတ်ကျခါမှရာ အယင်ခါအထင်သေးခရေ နိုင်ငံရေးသမားတိကို ဘုရားပိုင်ကိုးကွယ်လာကတ်တေ။ 
ယင်းအတွက်နန့်  ကယ်တင်ရှင်တိဖြစ်တေ ဥပဒေပြုရေလူတိ (၀ါ) နိုင်ငံရေးသမားတိက ဒေကမ္ဘာ့ဒုက္ခကို ဖြေရှင်းဖို့  အဂုအချိန်မှာ ရှိတန်းကို ရောက်ပါလတ်ရရေ။

ကမ္ဘာ့လူ့ သမိုင်းကို လေ့လာကြည့်လိုက်ဖို့ ဆိုကေ လူ့ အဖွဲ့ အစည်း တိုင်းပြည်နိုင်ငံတိ၏ အရေးအခင်းကိစ္စရပ်တိအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပီးနိုင်စွာက နိုင်ငံရေးပင် ဖြစ်တေ။ ယေကေလေ့ တခါတခါ လူတိစွာ ပကတိဖြစ်တည်နိန်မှုကို
မိန့် ပနာ ငန်းတက်သားပိုင် ကိုယ်ထင်စွာကိုရာ ကုတင်ရွှီနန်းလို့ မှတ်ပနာ တယူသန်တဘက်သတ်အတ္တတိနန့်  လားတတ်ကတ်တေ။
နိုင်ငံရေးစွာ အရေးမကြီးဝေ စီးပွါးရေးက ပထမ သာရေးနာရေးဘာသာရေး လူမှုရေးကိစ္စတိကို အယင်လုပ်ကတ်ရဖို့ ဆိုရေ အယူအဆတိကို နဖူးမှာ ကပ်ပနာ အော်ကတ်တေ။ 
ဒေပိုင် လက္ခဏာရပ်တိကို
ရခိုင်လူ့ အဖွဲ့ အစည်းမှာလေ့ တွိကတ်ရရေ။

ရခိုင်ရို့ သမိုင်းကို ပြန်ပနာ လှန်ကြည့်လိုက်ဖို့ ဆိုကေ ၁၇၈၄ ခုနှစ်မှာ ဗမာပဒေသရာဇ်ဘုရင် မောင်ဝိုင်း ရခိုင်ပြည်ကို ၀င်သိမ်းရေ။ 
ယင်းကာလက ရခိုင်ပြည်မှာ ဟိရေ လူဦးရေ တ၀က်ကို မောင်ဝိုင်းဦးဆောင်ရေ ဗမာစစ်တပ်က သတ်ပစ်လိုက်ကတ်တေ။ 
ကျန်ရေတ၀က်က စစ်တကောင်းဖက်ကို ထွက်ပြီးလို့ လွတ်လားရရေ။ 
ယင်းအတွက်နန့်  ဗမာက ရခိုင်ပြည်ကို နယ်ချဲ့ ပနာ ၀င်တိုက်တေကာလမှာ ရခိုင်ပြည်မှာ အလောင်းကောင်တိနန့် အပုပ်နံ့ တိရာ ကျန်လိုက်တေလို့  မှတ်တမ်းတင်ထားကတ်တေ။

ပထမ အင်္ဂလိပ်-ဗမာစစ် ဖြစ်ပြီးကေ ၁၈၂၄ ခုနှစ်မှာ ရန္တာပိုစာချူပ်အရ ရခိုင်ပြည်စွာ အင်္ဂလိပ်လက်အောက်ကို ရောက်လားခရေ။ 
အမှန်က ရခိုင်တော်လှန်ရေးသမားတိ အင်္ဂလိပ်
နန့် သဘောတူညီမှုယူပနာ ရခိုင်ပြည်မှာဟိရေ ဗမာတပ်တိကို တိုက်ထုတ်အောင်နိုင်ခခြင်းပင် ဖြစ်တေ။ ယေကေလေ့ အင်္ဂလိပ်က ကိုလိုနီဝါဒနန့်  သဘောတူညီမှုကို ချိုးဖောက်ပနာ ရခိုင်သားတိကို လိမ်လားခရေ။
ရခိုင်ပြည်ကို လက်ဝါးကြီးအုပ်လားခရေ။ 
၁၈၆၉ ခုနှစ်မှာ ရီးခရေ မှတ်တမ်းတစ်စောင်အရ အသက် ၁၇ နှစ်ကပင် ၃၅ နှစ်ကြား ရခိုင်ပြည်မှာ ဟိရေ ယောက်ကျားလူဦးရေ၏တ၀က်စွာ ဘိန်းစားနန့် ဆီးစွဲ နိန်ကတ်တေလူတိလို့ ပြောရေ။
အယင်ခါ ရိုးသား အလုပ်ကြိုးစား ယုံကြည်ရရေ ရခိုင်သားတိစွာ အဖအဘိုးအဖီးရို့ နန့် မတူပဲ အင်္ဂလိပ်အစိုးရလက်အောက်မှာ ဘိန်းစား ဆီးစွဲနိန်ရေ လူတိဖြစ်လားခကတ်တေ။ နိုင်ငံရေးအစိုင်အလာတိပျက်၊
လူ့ ကျင့်ဝတ်သီလတိပျောက်၊ လောကနီတိလူ့ ဘောင်တန်ဖိုးတိ မဟိအောင် အင်္ဂလိပ်က လုပ်ပစ်လိုက်တေ။ ဒေပိုင် အကျင့်ပျက်ခြစားနိန်စွာတိကို ပြုပြင်ဖို့  ယင်းခေတ်ကရခိုင်ပညာတတ်တိစွာ ရခိုင်သမိုင်း၊ နိုင်ငံရေး၊ စာပီ၊ ရှိဟောင်းအတွေးအခေါ်အယူအဆလူ့ မှုကျင့်ဝတ်သီလ အကြောင်းတိကို ဖော်ထုတ်ရီးသားလာကတ်ပနာ ကြိုးစားအားထုတ်ခကတ်တေ။ 
အင်္ဂလိပ်ကိုလိုနီလက်အောက် ရခိုင်ပြည်မှာ ရခိုင်နန့်  အင်္ဂလိပ်ပိုင် ရီးထားရေ သတင်းစာ ၁၂ စောင်နန့်  ဂျာနယ် ၂ စောင် ထုတ်ဝီခကတ်တေလို့  မှတ်တမ်းတိမှာ ဖတ်ရရေ။

၁၉၄၈ ခုနှစ် အင်္ဂလိပ်ဘားက မြန်မာနိုင်ငံလွတ်လပ်ရေးရလို့  ရခိုင်ပြည် နောက်ထပ်တစ်ခါ ဗမာကိုလိုနီနယ်ချဲ့  လက်အောက်ကို ရောက်လားရရေခါ အခြေအနေက အဆိုးကနိန် အဆိုးဆုံးကို ဦးတည်လားခရေ။ 
ဗမာမဆလနေ၀င်းခေတ်မှာ အခြေအနေက စာရီးပြလို့ မကောင်းလောက်အောင်ကို ဆိုးပါလတ်တေ။ ထုံးစံအတိုင်း ဗမာကိုလိုနီနယ်ချဲ့ က ရခိုင်သားတိနိုင်ငံရေးကို စိတ်မ၀င်စားအောင် နိုင်ငံရေးစွာ ရခိုင်သားတိနန့် မဆိုင်ဆိုရေ အတွေးအခေါ်မျိုး ရခိုင်သားဂေါင်းထဲကို ၀င်လားအောင် စနစ်တကျမှိုင်းတိုက်ဝါဒဖြန့် ချီ ပါလတ်ကတ်တေ။ 
အယင်ခါ အင်္ဂလိပ်ကိုလိုနီက ရခိုင်သားတိကို ဘိန်းနန့် ဘ၀တုံးလားအောင် ဖျက်ဆီးခရေပိုင် အဂုဆိုကေ ဗမာနယ်ချဲ့  ပဒေသရာဇ်စစ်အုပ်စုက ရခိုင်တမျိုးလုံး မျိုးပြုန်းပျောက်ကွယ်လားအောင် အရက်
နန့် ဖျက်ဆီးပါလတ်တေ။ 
အရက်ပုလင်းထဲမှာ ဂေါင်းဝင်စိုက်ပနာ နိုင်ငံရေးဖက်ကို မလှည့်လာနိုင်ကတ်အောင် လုပ်ထားရေ။

အကျိုးဆက်က ရခိုင်သားတိစွာ နိုင်ငံရေးစကားကို ကြားကေ နားခါးကတ်တေ။ 
နိုင်ငံရေးလုပ်ကေ တပြားလေ့မရ ထမင်းမစားရ ထောင်ကျဖို့ သိမ့်ဆိုရေ အမြင်မှားအထင်မှားတိရိုက်သွင်းထားလို့  ရခိုင်လူ့ ဘောင်မှာ အရက်သောက်တေလူတိများလာကေလေ့ နိုင်ငံရေးသမား နည်းပါလတ်တေ။ 
အကျင့်သီလတိပျက်ပနာ ဘေးထိုင်ဘုပြော အချင်းချင်းအပြစ်တင် ဝေဖန်အပုပ်ချရေ လူတိများလာကေလေ့ နိုင်ငံရေးကို ခံယူချက် ယုံကြည်ချက်နန့်  ခိုင်ခိုင်မာမာ ထဲထဲဝင်ဝင် လုပ်တေလုပ်တိနည်းပါလတ်တေ။ အမျိုးသားအကျိုးစီးပွါးကို ဇောင်းပီးရေ ကိုယ်ပိုင်နိုင်ငံရေးကို မတည်ဆောက်လာနိုင်အောင် ဗမာက စနစ်တကျဝါဒဖြန့်  ချီစိတ်ဓါတ် စစ်ဆင်ရေးလုပ်ထားခြင်း ကြောင့် ရခိုင်သားတိကြားမှာ တယောက်ကိုတယောက်မလေးစား တန်းဖိုးမထား သံသယတိနန့် ရာကြည့်တတ်တေ အကျင့်စရိုက်ဆိုးတိဖြစ်ပါလတ်ပနာ ညီညွတ်ရေးကို တည်ဆောက်လို့ မရနိုင်ရေ အဖြစ်ဆိုးနန့်  ရင်ဆိုင်ပါလတ်ရရေ။ 
အကျိုးဆက်က ရခိုင်နိုင်ငံရေးတော်လှန်ရေးလောက မတိုးတက် မဖွံ့ ဖြိုး ဖြစ်ပါလတ်တေ။ လူထုပါဝင်မှုများလီလီ နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့  မြန်လီလီပင် ဖြစ်ကေလေ့ တချို့ ရခိုင်သားတိစွာ ဗမာစစ်ကိုလိုနီအုပ်စုက လမ်းကြောင်းချပီးထားရေအတိုင်း နိုင်ငံရေးကိုနောက်လှည့်ထိုင်ပနာ အရည်မရအဖတ်မရ သာရေးနာရေးဖက်ကို ဦးတည်ပြီးကေလားနိန်ကတ်လို့  ပျော်ကြီးကျအဖွဲ့ ထမင်းပေါင်းချက်စားရေးအဖွဲ့ တိရာ များပါလတ်ပနာ နိုင်ငံရေးနန့်  အပြောင်းအလဲစွာ ရခိုင်သားတိနန့်  အ၀ီးဆုံးအရပ်ကို ထွက်ပြီးလားခရေ။

ရခိုင်ပြည်ထဲမှာ ဗမာနယ်ချဲ့ စစ်အုပ်စုက သီနတ်တိကိုင်ပြီးကေ ဂုတ်သွီးစုပ်ဖိနှိပ်နိန်လို့  နိုင်ငံရေးကိုအော်လို့  မရပါဆိုကေ လက်ခံလို့ ရသိမ့်ရေ။ 
အဂုက လွတ်လပ်တေ ဗမာတိထိန်းချူပ်မှုကကင်းလွတ်တေ ပြည်ပတိုင်းပြည်တိမှာတောင် တချို့ ရခိုင်ပညာတတ်လို့ နာမေခံထားကတ်တေ ပုဂ္ဂိုလ်တိရေ နိုင်ငံရေး ဆိုရေ အသံကိုကြားကေ ကျားကိုမြင်ရေပိုင် ကြောက်ကတ်တေ။
ဒေပိုင် ကျွန်စိတ်ပေါက်နိန်ရေ အကြောက်တရားကို အရင်းတည်ပနာ မဆလညှီနံ့ မစင်သိမ့်ရေ အကျင့်စရိုက်တိနန့်  တချို့  ရခိုင်သားတိရေ ညွန့်  ဖူးချေတိ ထွက်ပါလတ်တေ ရခိုင်မျိုးဆက်သစ်ချေတိကို နိုင်ငံရေးကနိန်လမ်းလွှဲပြီးကေ လူမှုရေးယောင်ယောင် တောင်မရောက်မြောက် မရောက်အဖွဲ့ တိဖွဲ့ ပနာ ဗမာစစ်အုပ်စုက လမ်းကြောင်းချမှိုင်းတိုက်ထားရေအတိုင်း လုပ်ဆောင်နိန်ခြင်းရေ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအနာဂတ်အတွက် စိုးရိမ်ရရေအဆင့်ကို ရောက်ပါလတ်တေ။

ရခိုင်တမျိုးလုံး၏ လူ့ အဆင့်အတန်း လူ့ ဂုဏ်သိက္ခာ လူ့ တန်ဖိုးတိ အဖျောက်ခံထားရပနာ လူတောမတိုး အောက်ကျနောက်ကျ ဖြစ်နိန်ရခြင်းရေ ဗမာက နိုင်ငံရေးအရ ဖိနှိပ်အုပ်ချူပ်ဂုတ်သွီးစုပ်ထားလို့ ပင် ဖြစ်တေ။ အဂုဆိုကေ ရခိုင်ပြည်ရေ အမှောင်ကြီးကျပနာ ဖွဲပြာထနိန်ပြီးကေ အာဖရိကတိုက်က အဆင်းရဲဆုံးတိုင်းပြည်တိထက် မွဲနိန်ရရေ အဆင့်ကိုရောက်နိန်ရေ။
ရခိုင်ပြည်က သဘာဝဓါတ်ငွိ၊ ပင်လယ်ထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းတိ နိုင်ငံခြားကို ရောင်းချ
လို့ ရရေ ဒေါ်လာသန်းထောင်နန့် ချီရေ ဖဲသာတိကို ဗမာစစ်အုပ်စုက အသာချေယူပနာ ထိုင်စားအဆီခံနိန်ရေ။ 
ရခိုင်သားတိ ပိုင်ဆိုင်ရေ အေဖဲသာတိကို ရခိုင်ပြည်နန့် ရခိုင်လူမျိုး တိုးတက် ဖွံ့ ဖြိုးရေးအတွက် အကျိုးဟိဟိ အသုံးပြုနိုင်ဖို့  ရခိုင်ပြည်ကို ရခိုင်သားက အုပ်ချူပ်နိုင်ရေ နိုင်ငံရေးအာဏာလိုအပ်တေ။ 
ဗမာနန့် ရခိုင်ကြားမှာ ဖြစ်နိန်ရေ နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ ဖြေရှင်းခါမှရာ ရနိုင်ဖို့ ။
ယင်းအတွက် ရခိုင်သားမှာ နိုင်ငံရေးအင်အားက အရေးတကြီး လိုအပ်ပါလတ်တေ။

နိုင်ငံရေးကိုမမြင် နိုင်ငံရေးကိုမသိ နိုင်ငံရေးမနိုးကြားကေ ရခိုင်သားအတွက် ရှိဆက်ပနာ လားစရာလမ်းမဟိပါ။ ဗမာကိုလိုနီ
နယ်ချဲ့ စစ်စနစ်ဆိုးအောက်မှာရာ ရလာရေဘ၀ကို လိုင်စင်းခံပနာ အလကားချပီးနိန်ရရေ ကျွန်သံသရာက လွတ်မြောက်လီ
ဖို့ မဟုတ်ပါဗျာယ်။ 
နိုင်ငံရေးနိုးကြားမှုကရာ နိုင်ငံရေးမှာပါဝင်ပတ်သက်လုပ်ဆောင်ခြင်းကရာ ရခိုင်လူမျိုးလွတ်မြောက်ရေး လှုပ်ရှားမှုကို လက်တွိကျကျ အကောင်အထည်ဖော်ပီးလာနိုင်ပါရေ။ 
နိုင်ငံရေးကရာ လွတ်မြောက်ရေးပန်းတိုင်ကို
အရောက်ပို့  ပီးနိုင်ကြောင်းကို ပြောချင်ပါရေ။ ။ ။


ခိုင်အောင်အောင်
၃၀၊၁၊၂၀၁၁ 

ရခိုင်အနာဂတ်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment