Friday 7 October 2011

လွတ်လပ်ခြင်းလမ်းစကို ရှာကြည့်လိုက်တေခါ......

ရခိုင့်လူမှုကွန်ယှက် ၀ပ်ဆိုဒ် ဘလော့ခ်တိစွာ ရခိုင်ပြည်ထဲမှာ ဟိနိန်ကတ်တေ ရခိုင်ပြည်သူပြည်သားတိအတွက်တောင်မက ပြည်ပမှာရောက်နိန်ကတ်တေ ရခိုင်မျိုးဆက်သစ်မျက်နှာသစ်ချေတိအတွက်ပါ ဆုံရပ်စုရပ်ဆွေးနွေးအဖြေရှာကတ်တေ နိန်ရာကောင်းချေတိဖြစ်ပါလတ်တေ။ 
ကွန်ပျူတာနည်းပညာနန့် ဆိုက်ဘာကမ္ဘာ၊ လူမှုကွန်ယှက်
နန့် အိန်တာနတ်ရွာလို့ တင် စားခေါ်ဝေါ်နိန်ကတ်တေ မျက်မှောက်ခေတ်ပတ်ဝန်းကျင်အသစ်၊ အခင်းအကျင်းအသစ်ထဲမှာ ရခိုင်မျိုးဆက်သစ်ရို့ လေ့ မညံ့ကတ်ပါဆိုရေ အောင်လံတိုင်ကိုထူပနာ အွင်လိုင်းထက်မှာ တစ်နိန်ရာစာဖျာခင်းထိုင်ထားနိုင်ခြင်းက ရခိုင်ခေတ်သစ်သမိုင်းမှာ စာတစ်မျက်နှာ မော်ကွန်းတင်လိုက်ခြင်းပင် ဖြစ်ပါရေ။


အယင်နှစ်တိက အသံချေတသံမထွက်ခရေ အီဂျစ်နိုင်ငံကို လူမှုကွန်ယှက်နန့် အိန်တာနတ်ကို အသုံးပြုပြီးကေ ကမ္ဘာ့သူကမ္ဘာသားရို့ ၏ မျက်စိတိရှိမှာ ပြောင်းပစ်လိုက်ကတ်တေခါ အွင်လိုင်း၏စည်းရုံးခြင်းမြန်ဆန်မှုကို အံ့သြဖို့ ကောင်းလောက် အောင်တွိမြင်လာကတ်ရပါရေ။ မယုံနိုင်ခြင်းနန့် လက်ခံလာကတ်ရပါရေ။
အိန်တာနတ်ထက်မှာ တော်လှန်လုပ်လို့ ရဖို့ လား ဆိုရေ သံသယတိနန့်  ခေတ်ရီစီးကြောင်းကို ဆန့် ကျင် နိန်ကတ်တေ လူတိကို အသိတရားတိရလားကတ်အောင် ၂၀၁၁ ခုနှစ်က တရားချပြပနာ လက်တွိပြလားခပါရေ။


အာဏာရှင်တိကို ဖြိုချနိုင်ရေ တော်လှန်ရေးအင်အားကို အွင်လိုင်းကတဆင့်စုစည်းပီးလို့ ရရေ ဆိုရေ အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ် မဟာဗျူဟာအသစ်နန့်  ကမ္ဘာရွာက ခရီးဆက်လားဖို့ ပျင်နိန်ရေ အချိန်မှာ အမှောင်ထဲမှာ နှစ်ပေါင်း နှစ်ရာကျော်ထိုင်နိန်ရရေ ရခိုင်သူရခိုင်သားတိက အမှောင်ကိုဖြိုချ အလင်းရလာဖို့  ဇာပိုင်ပြင်ဆင်ထားကတ်ပါဖို့ လဲ။ 
လွတ်လပ်ခြင်းလမ်းစကို ဘဇောင်ပိုင် ရှာကတ်ပါဖို့ လဲ။
စူးစမ်းလေ့လာ ဝေဖန်အမှန်တွိ ဆိုရေပိုင် လွတ်လပ်တေဘ၀ကို ကိုယ်တိုင်တည်ဆောက်ဖို့  လွတ်လပ်ခေတ်မှီတိုးတက်ဖွံ့ ဖြိုးရေ ရခိုင်ပြည်သစ် အာရှတိုက်မှာ ပေါ်ထွန်းလာဖို့  ဦးနှောဏ်ကိုဖွင့်ပနာ တချက်ချေလောက် လှမ်းကြည့်လိုက်ပါမေ...။


လူ့ သမိုင်းမှာ လူတိဖြတ်သန်းလာကတ်တေ နိုင်ငံရေးတော်လှန်ရေးပြောင်းလဲမှုဖြစ်စိုင်တိအတိုင်း အပြောင်းအလဲတခုကို ဖန်တီးဖို့  အအုပ်ချူပ်ခံနိန်ရရေ ဂုတ်သွီးစုပ်ခံနိန်ရရေ အဖြစ်ဆိုးကလွတ်မြောက်ဖို့  အပြောင်းအလဲကိုလိုရေ အပြောင်းအလဲကို ကြိုက်တေ အပြောင်းအလဲကိုဖန်တီးဝံ့ရေ အပြောင်းအလဲအတွက်အသက်ပါပီးရဲရေ လူတိလိုပါလတ်တေ။
ယေပြီးကေ ပန်းဖူးကို ရောက်ဖို့  ရှိက တက်မကိုင် အလယ်ကပါပြိုင်တူ တက်ညီလက်ညီလှော်လားရေ ပြိုင်လောင်းပိုင် အမျိုးသားတော်လှန်ရေးတရပ်လှုပ်ရှားမှုကြီးတခုကို အကောင်အထည်ဖော်ဖို့  ဂေါင်းဆောင်တိလိုရေပိုင် နောက်လိုက်တိလေ့ လိုပါရေ။


ဒေနိန်ရာမှာ ဖြည့်ပနာ ပြောချင်စွာတခုက ဂေါင်းဆောင်ဆိုစွာ ဥက္ကဌတိကို ပြောခြင်းမဟုတ်ပါ။ အဂုခေတ်ကာလ ရခိုင်သားရို့ မှာ ဥက္ကဌတိပေါပြီးကေ ဂေါင်းဆောင်နိုင်ခြင်းအရည်အချင်းအပြည့်နန့် ဂေါင်းဆောင်တိရှားပါရေ။
ရခိုင်ပြည်နန့် ရခိုင်လူ့ ဘောင်ကို ပြောင်းလဲနိုင်ရေ အမျိုးသားဂေါင်းဆောင် (Statesman) က ရှာနိန်တုန်းပါသိမ့်လို့ ပြောရပါဖို့ ။ 
ယင်းအတွက်နန့်  အေဆောင်းပါးစွာ ရခိုင်အမျိုးသားဂေါင်းဆောင် မွီးထုတ်ပြုစုပျိုးထောင်ပီးဖို့  လမ်းစချေတခုရှာကြည့်ခြင်းပင် ဖြစ်ပါရေ။


လူတိစွာ အမိဝမ်းက ထွက်ကျပါလတ်တေခါ တခုလေ့မပါကတ်။ 
ယင်းပိုင်ဗျာယ်.. ဂေါင်းဆောင်ဆိုစွာရေ အရှင်မွီးပါလတ်တေ အမျိုးမဟုတ်ပါ။ 
အင်ပါယာပိုင်ရှင်ကြီးဖြစ်ဖို့  လက္ခဏာအင်္ဂါရပ်တိပါရေလို့  ဗေဒင်ကထွက်တေအတိုင်း ရှင်ဘုရင်ဖြစ်လာခြင်းရေ ဒဏ္ဍာရီဝထုထဲမှာရာ ဟိပြီးကေ နှစ်ဆယ့်တစ်ရာစုခေတ်ပြင်ပကမ္ဘာမှာ မဟိသလောက်ရှားပါရေ။ 
အမှန်က ဂေါင်းဆောင်ဖြစ်လာဖို့  လေ့ကျင့်ပျိုးထောင်ပီးရပါရေ။ 
ကိုယ်တိုင်လေ့ကျင့်ပျိုးထောင် မဟုတ်ကေ တခြားလူတိက လမ်းညွှန်ပီး ဒေနည်းလမ်းနှစ်ခုရာ ဟိပါရေ။


ကွန်မြူနစ်လို့ ပင်ခေါ်ခေါ် အနီလို့ ပင် အရောင်သုတ်သုတ် အာဏာရှင်လို့  ပင်သတ်မှတ်မှတ် မော်စီတုန်း ဆိုရေ လူတစ်ယောက် က သန်းပေါင်းရာနန့် ချီပနာ လူဦးရေတိ ဟိနိန်ရေ တရုတ်ပြည်ကြီးကို လွန်ခရေ နှစ်ပေါင်း (၅၀) လောက်က ပြုပြင် ပြောင်းလဲပီးပစ်ခပါရေ။ 
ဒေနိန့် တရုတ်ပြည်ကြီး ဒုတိယကမ္ဘာ့စီးပွါးရေးအင်အားအကြီးဆုံးတိုင်းပြည် ဖြစ်လာခြင်းရေ မော်စီတုန်း ၏အကျိုးကျေးဇူးမကင်းပါ။
မော်စီတုန်းစွာ တရုတ်အမျိုးသားဂေါင်းဆောင်ကြီးဖြစ်လာအောင် ဇာတိလုပ်ခလဲလို့  လေ့ လာကြည့် လိုက်တေခါ တွိလာရစွာက ပီကင်းတက္ကသိုလ်စာကြည့်တိုက်ကြီးပင် ဖြစ်ပါရေ။
စာကြည့်တိုက်က စာအုပ်တိစွာ သူ့ အတွက် အကောင်းဆုံးဆရာတိ ဖြစ်ခပါရေ။
ယေကေလေ့ အေပုဂ္ဂိုလ်စွာ စာအုပ်တိထဲက သီအိုရီ အိုင်ဒီယာတိကြားမှာ စိတ်ကူးယိုင်နိန်ခရေ လူတစ်ယောက် မဟုတ်ခပါ။
လက်တွိကျရေ တော်လှန်ရေးကို တည်ဆောက်၊ လက်တွိဖြတ်သန်းမှုက ရလာရေ အတွိအကြုံတိကို စာရွီးပြုစု၊ တရုတ်ဘိန်းစား စာမတတ်တေလူတိကို ပညာသင်ပီးခရေ ဘက်စုံထူးချွန်ရေ ဂေါင်းဆောင်မှုအရည်အချင်းနန့် ပြည့်ရေ လူတော်တစ်ယောက်ပင် ဖြစ်ပါရေ။
လူဦးရေ သုံးသန်းလောက်ရာ ဟိရေ ရခိုင်ပြည်နန့် ရခိုင်လူမျိုး ဂုတ်သွီးစုပ်ခံနိန်ရရေဘ၀ဆိုးက လွတ်မြောက်ဖို့  အမှောင်ထဲရုန်းထွက်နိုင်ဖို့  မော်စီတုန်းကို ဆယ်ပုံ ပုံလို့ တစ်ပုံလောက်ရာ အစွမ်းအစဟိရေ ရခိုင်ဂေါင်းဆောင်မျိုး ရကေ ရခိုင်ရို့ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုကြီး အောင်ပွဲဆင်လာနိုင်ဖို့ စွာ ကျိန်းသီနိန်ပါရေ။


ရခိုင်ဂေါင်းဆောင်ဖြစ်ချင်ရေ လူတစ်ယောက်အတွက် အဓိက နံပါတ် (၁) လိုအပ်ချက်က... ရခိုင်သားတိ ဇာလိုချင်လဲ၊ ဇာဖြစ်ချင်လဲ၊ ဇာပိုင်အခြေအနေမျိုး ရခိုင်ပြည်ကို ပြုပြင်ပြောင်းလဲချင်စွာလဲ ဆိုစွာကို ရှင်းရှင်းလင်းလင်းနားလည်သိဟိထားမှုဟိခြင်း ပင်ဖြစ်ပါရေ။ 
ဒေနိန့်  ရခိုင်နိုင်ငံရေးသမားလို့  နာမေခံထားကတ်တေ ပုဂ္ဂိုလ်တိ ရနိန်ရေ ရောဂါဆိုးက ငါဇာလမ်းကို လားနိန်စွာလဲ ဆိုရေ ပြတ်သားရေ ခြီလှမ်းနန့်  ကိုယ်ပိုင်ပန်းတိုင်မဟိခြင်း ပင်ဖြစ်ပါရေ။
အင်္ဂလိပ်ပိုင် ပြောရဖို့ ဆိုကေ ( a clear vision) မဟိခြင်းပင် ဖြစ်တေ။ 
ဗမာ နိုင်ငံရေးကို ရခိုင်နိုင်ငံရေးလို့  ထင်ပနာ ဗမာက ဒီမိုကရေစီ လို့ အော်ကေ ရခိုင်နိုင်ငံရေးသမားဆိုရေ ပုဂ္ဂိုလ်က ဒီမိုကရေစီ လို့ ထ အော်ရေ။ 
ဗမာက ဖယ်ဒရယ် ဆိုကေ ရခိုင်သားဥက္ကဌ အတွင်းရေးမှူး ဆိုရေ ပုဂ္ဂိုလ်ကလေ့ ဖယ်ဒရယ်... အေပိုင်နန့်  အမောင် တောင်မှန်း မြောက်မှန်းမသိရေ အဖြစ်ကိုရောက်ပနာ ရခိုင်ပြည်သူပြည်သားတိ၏ခံယူချက် ခံစားချက် ယုံကြည်မှုနန့်  လမ်းလွဲ လမ်းခွဲပြီးကေ အမောင်ရခိုင်သား နိုင်ငံရေးသမား ဗမာကြားမှာ သီရေခါ တစ်ကောင်တည်းပါ ဆိုရေ နိဂုံးနန့်  ဇာတ်သိမ်းလားရဖို့ စွာက သေချာပါလတ်တေလို့  ပြောရပါဖို့ ။


အထက်ကပြောခရေပိုင် ရခိုင်ဥက္ကဌ အတွင်းရေးမှူးဆိုရေ ပုဂ္ဂိုလ်တိမှာ ကိုယ်ပိုင်နိုင်ငံရေးအတွေးအခေါ် ကိုယ်ပိုင်စံ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ခံယူချက်နန့် ကိုယ်ပိုင်လမ်းမဟိကတ်ခြင်းကြောင့် လူများနောက်လိုက် မှီခိုဘ၀ကိုရောက်လားပြီးကေ အေလူတိ၏အားနည်းချက်ပျော့ညံ့မှု တိကြောင့် ရခိုင်နိုင်ငံရေးအဆောက်အအုံကြီးတခုလုံးပါ မတိုးတက်မဖြိုးနိမ့်ကျယိုဆင်းလားရရေ အဆင့်ကိုရောက်လားရပါရေ။ 
အေလူတိမှာဟိနိန်ရေ ကပ်ပါးဝါဒ အယူအဆတိကို ရခိုင်သူရခိုင်သားအများစုက အားမပါ အားမကိုး လက်ခံယုံကြည်ဖို့  ငြင်းကတ်တေခါ ရခိုင်ဥက္ကဌ အတွင်းရေးမှူးတိရေ ဂစ္ဆပနဒီ ချောင်းခြားရေပိုင် ရခိုင်ပြည်သူလူထုနန့်  တဖက်တကမ်းစီ ဖြစ်လားကတ်ရရေ။


အင်္ဂလိပ်ပြောရဖို့ ဆိုကေ (Identity crisis) စံချော်စံလွဲ ကိုယ်ပိုင်ရပ်တည်မှုမဟိခြင်းနန့် ရခိုင်လူထုဘားမှာ အခြီမပြု ထားနိုင်ရေ အခက်အခဲအကျပ်အတည်းဆိုးကို ရခိုင်ဂေါင်းဆောင်ဖြစ်ချင်ရေ မျိုးဆက်သစ်ချေတိက သတိပြုရပါဖို့ ။ ရှောင်ရပါဖို့ ။ 
ကိုယ်ပိုင်လမ်းစိုဉ် ကိုယ်ပိုင်ဦးတည်ချက်နန့် ရာ ရခိုင်ပြည်ကို ပြောင်းလို့ ရနိုင်ဖို့  ဆိုစွာကို သဘောပေါက်ထားရပါဖို့ ။


လေ့လာထားရဖို့  နောက်တချက်က ကိုယ့်ရန်သူ၏အနိန်အထားပင် ဖြစ်ပါရေ။ 
ရန်သူ၏အားနည်းချက် အားသာချက်ကို သိထားရပါဖို့ ။ 
ရန်သူကို ဇာနည်းနန့်  ဖြိုချနိုင်ဖို့ လဲ။ 
ရန်သူဗမာစစ်အုပ်စုကို ရခိုင်ပြည်က ဇာပိုင်တိုက်ထုတ်လို့  ရနိုင်ဖို့ လဲ ဆိုရေ မဟာဗျူဟာနည်းဗျူဟာတိကိုပါ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါရေ။


ဥပမာ- ၀လူမျိုးမှာ ရခိုင်သားပိုင် ကြီးကျယ်မြင့်မြတ်ရှည်လျားရေ သမိုင်းပုံရိပ်မဟိပါ။ 
ယေကေလေ့ အင်အား နှစ်သောင်းကျော်ရေ စစ်တပ် ဟိပါရေ။
ယင်းသူရို့ နိန်ရေ ၀ပြည်ထဲကို ဗမာတိ တယောက်ချေလေ့ ၀င်လို့ မရပါ။ 
ဝင်ခွင့်မပီးပါ။ 
ပြောရဖို့ ဆိုကေ ၀ပြည်ရေ မြန်မာနိုင်ငံထဲက သီးခြားလွတ်လပ်တေ တိုင်းပြည်ချေတစ်ပြည်ပင် ဖြစ်ပါရေ။ ၀လူမျိုးက ၀ပြည်ကို အုပ်ချူပ်ထားနိုင်ပါရေ။ 
Territorial Sovereignty Power သူရို့ မှာ ဟိပါရေ။
ဝပြည်က စီးပွါးရေးကို ၀တိအားလုံး ထိန်းချူပ်ထားပါရေ
။ ၀မျိုးဆက်သစ်ချေတိကို တရုတ်ပြည်က အကောင်းဆုံးတက္ကသိုလ်တိမှာ ကျောင်းတက်ဖို့  ထောက်ပံ့ပီးထားနိုင်ပါရေ။
ဝတိအတွက် အောင်ဆန်းစုကြည်မလိုရေပိုင် ဒီမိုကရေစီလေ့ မလိုအပ်ပါ။
ကိုယ်ပိုင်အတွေးအခေါ် အမျိုးသားရေးဝါဒနန့်  ကိုယ်ပိုင်နိုင်ငံရေးကို တည်ဆောက်ထားပါရေ။ 
ဝတိရာ အောင်ဆန်းစုကြည်နောက်ကိုလိုက်ပနာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးလမ်းစိုင်၊ လက်နက်ကိုင်စွာ မကောင်းလို့  လားအော်နိန်ကေ အဂုအချိန်မှာ ၀မချေတိစွာ ဗမာစစ်သားတိဘားမှာ မုဒိမ်းကျင့်ခံရပနာ ၀အမျိုးသားတိစွာ ရခိုင်သားတိအရက်သမားဖြစ်နိန်ရရေပိုင် ဘိန်းစားတိဖြစ်နိန်ပနာ လူရုပ်ပေါက်နိန်ကတ်ဖို့ မဟုတ်စွာက သေချာပါရေ။ 
စစ်အင်အား နှစ်သောင်းကျော်လောက်ဟိရေ အတွက် ဗမာစစ်အုပ်စုက ၀ပြည်ကို ၀င်မတိုက်ဝံ့ပါ။ 
လက်နက်ကိုင်ပါဝါဟိခြင်းက နိုင်ငံရေးအစစ်ပင် ဖြစ်ပါရေ။


ရခိုင်သားအများစုက ရခိုင်စာကိုတန်ဖိုးထား ရွီးလာကတ်တေ အချိန်မှာ ရခိုင်တော်လှန်ရေးနိုင်ငံရေးပါတီအဖွဲ့ အစည်းတိနန့် ဥက္ကဌ အတွင်းရေးမှူးဆိုရေ ပုဂ္ဂိုလ်တိက ဗမာစာကိုရွီးပြီးကေ ယောက်ဖကိုကြက်ဥလားတိုက်နိန်ကတ်ကေ ဖောင်စီးပနာရီငတ်နိန်ရေပိုင် နိုင်ငံရေးတော်လှန်ရေးအော်ပနာ နိုင်ငံရေးတော်လှန်ရေးပျောက်တေ အဖြစ်မျိုး ရောက်လားနိုင်ပါရေ။


နိဂုံးချူပ်ရဖို့ ဆိုကေ အနာဂတ်မှာ ပေါ်ထွန်းလာဖို့  ရခိုင်ဂေါင်းဆောင်သစ်တိရေ ကိုယ်တိုင်လေ့ကျင့်ပျိုးထောင်ပနာ ကိုယ်စွမ်းကိုယ်စ ရှင်သန်ပါလတ်တေ ပင်ပျိုဖြစ်ဖို့  လိုအပ်တေပိုင် ကိုယ်ပိုင်ရနံ့  ကိုယ်ပိုင်အဆင်းနန့်  ပတ်ဝန်းကျင်မှာ အလင်းဆောင်ရေ ပုဂ္ဂိုလ်မျိုးဖြစ်ပနာ ရခိုင်ပြည်သူပြည်သားရို့ ၏နှလုံးသားနန့် တထပ်တည်းကျရေ ဂေါင်းဆောင်တိ ဖြစ်လာကတ်ပါစီလို့  အကြံပြုတိုက်တွန်းလိုက်ပါယင့်။ ။ ။


ခိုင်အောင်အောင်
၂၀၊၀၂၊၂၀၁၁ 

ရခိုင်အနာဂတ်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment