Wednesday 26 October 2011

ဗုဒ္ဓကို စော်ကားသော မိတ္ဆာတစ်ယောက်အား ဆုံးမခြင်း

(၁)အဘယ်ကဲ့သို့ ကုသိုလ်ကောင်းမူကို ပြုပြီး နိဗ္ဗာန်ရောက်နိုင်မလဲ?????
ကောင်းမှုပြုရုံ(ဒါန)နဲ့ ဘယ်နိဗ္ဗာန်ကိုမျှ မရောက်ပါ။
သီလဆိုတဲ့ အကျင့်၊ ဘာအကျင့်တွေလဲဆိုတော့ မဂ်ဂင်ရှစ်ပါးအကျင့်တဲ့၊ အကျင့်ရပ်မသွားအောင် အထောက်အပံ့တွေများလာအောင် ဘာဝနာပွားတဲ့။ 
ဒါနပြုတဲ့အတွက် စိတ်ချမ်းသာမှုရတယ်၊ တဖက်သားမှာလဲ အကျိုးရှိသွားတယ်။ 
အခုကောင်းရင် နောင်ကောင်းဖို့ ပူစရာမလိုဘူး။
သိပ်လောဘ မထားနဲ့။ သူများကို ကူညီမိရင် တွေးမိတိုင်း သတိရစရာပေါ်လာတိုင်း နှစ်သိမ့်မှုပီတိဖြစ်ရတယ်၊ စိတ်ချမ်းသာတယ်၊ တော်ပြီပေါ့။
မဂ္ဂင္ရွစ္ပါးကေတာ့၊
မွန္ကန္တဲ့ အယူ

မွန္ကန္တဲ့ အေတြးအႀကံ
မှန်ကန်တဲ့ အပြော
မှန်ကန်တဲ့ ဆောင်ရွက်မှု
မှန်တဲ့ အသက်မွေးဝမ်းကြောင်း
မှန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ အောက်မေ့နိုးကြားမှု
မှန်ကန်တဲ့ တည်ကြည်မှု စူးစိုက်မှု တဲ့။
ကဲ ကြည့်၊ မဂ်ဂင်ရှစ်ပါးမှာ ဒါနဆိုတာ သီးခြားမပါဘူး။ 
မှန်ကန်တဲ့ ဆောင်ရွက်မှုထဲမှာ ထည့်လိုက်ပေါ့။ လိုအပ်တဲ့သူကို ပေးကမ်းစွန့်ကြဲတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ။


(၂)နိဗ္ဗာန်ကို ဘယ်သူဖန်တီးထားတာလဲ (သို့) ဘယ်သူဖန်ဆင်းထားတာလဲ..(ကျိန်းသေတာတော့ နိဗ္ဗာန်ကို ဂေါတာမကိုယ်တိုင် ဆောက်လုပ်ထားခြင်းမဟုတ် တဦးတယောက်ဆိုလျှင်လဲ သူ၏အမည်ကို ဖော်ပြပေးပါ)
ငတုံး၊ နိဗ္ဗာန်ဆိုတာ ကစားကွင်းမဟုတ်ဘူး၊ ဒစ္စနေလန်းဒ် မဟုတ်ဘူး။ သူ့အလိုလို သဘာဝအတိုင်းတိုင်း ရှိနေတာ၊ အလိုလို ငြိမ်းချမ်းနေတာ၊ အဲဒါကို နိဗ္ဗာန်လို့ ခေါ်တာ၊ နိဗ္ဗာန်လို့ စကားအရာ အမည်တပ်ပေးထားတာ၊ ပရမတ်မှာက ဘယ်ဟာမှ ဘာမှမဟုတ်ဘူး။
ဗုဒ္ဓက အဲဒီရှိပြီးသားကြီးကို သိပြီးသားကြီးဖြစ်အောင် ဒီလက်ရှိကမ္ဘာသက်တမ်းမှာ ဘယ်ဆရာရဲ့ အကူမှမပါပဲ ကျင့်ကြံပေါက်မြောက်သွားတာ။
အဲဒီနောက် အိုကြီးအိုမ သေခါနီးအထိ တပည့်တွေ သတ္တ၀ါတွေကို ကျင့်မှရတယ်ဆိုတာကို ဆုံးမ လမ်းညွှန်သွားတာ၊ ဘယ်သူ့ကိုမှ ပုခုံးနဲ့ထမ်းပြီး ပို့ပေးတာမဟုတ်ဘူး။ 
ကိုယ့်ကိုယ်ကို အားကိုးကြ၊ တခြား အားကိုးစရာမရှိဘူးလို့ အရင်းခံအထိ ပြောသွားတာ။
မင်းက ဘယ်နှစ်ဦးလောက်များ စေတနာမှန်မှန်နဲ့ ကူဘူးသလဲ၊ ပြန်စဉ်းစား။ မင်းလို ခွေးလှေးလောက် သတ္တ၀ါက ဗုဒ္ဓကို ညစ်ကျယ်ကျယ် လျှောက်ပြောတာ မင်း သေတဲ့အထိ သေပြီး ဟိုဖက်ရောက်အောင် ဆက်ခံရမှာစိုးလို့ ငါ သတိပေးလိုက်တာ။ ကိုယ်နားမလည်သေးရင် နားလည်အောင် အားထုတ်၊ သိသူကို မေးမြန်းမှတ်သား။ မေတ္တာစိတ် အကြင်နာစိတ် သူတပါးကို မစော်ကားလိုစိတ် မွေး။ နောက်ဆုံး ကိုယ်မယုံလဲ ဒီအတိုင်းနေ၊ အာမချောင်နဲ့။

(၃)လူသတ်သမား နိဗ္ဗာန်ရောက်နိုင်မလား???
လူသတ်သမား အမြင်မှန်ရပြီး အကျင့်မှန်ကျင့်ရင် နိဗ္ဗာန်ရောက်နိုင်တယ်။ အင်္ဂုလိမာလသုတ်ကိုဖတ်၊ အဲဒါကို ဆင်ခြင်စဉ်းစား။ မင့်အတွက်လဲ လမ်းမဆုံးသေးဘူး။

(၄)မိန်းမငါးယောက်ယူထားတဲ့သူ နိဗ္ဗာန်ရောက်နိုင်မလား????(ဥပမာ ဂေါတမလို့လူမျိုးပေါ့)
မင်း ဗမာလူမျိုးဟုတ်ရဲ့လား။ ငါတို့တတွေ (တိုင်းရင်းသားအားလုံး)မှာ ဂါရ၀တရားဆိုတာ နားလည်ကြတယ်။
မင်းကတော့ မင်းမိဘရဲ့ မျက်နှာကို ချေးနဲ့သုတ်တဲ့ အကောင်မျိုးပဲ။ 
ဒါပေမဲ့ မင့်ကို သနားသောအားဖြင့် ဖြေလိုက်တယ်။ 
ဆက်ဖတ်။
မိန်းမ ငါးယောက်မကလို့ တစ်ရာပဲယူယူ အမြင်မှန်ရ၊ အကျင့်မှန်ကျင့်ရင် နောက်ဆုံးမဂ်မရောက်ခင် အနာဂါမိမဂ်မှာ ကာမတဏှာကို အပြီးပယ်သတ်တယ်။ နိဗ္ဗာန်ဆိုတာ ရောက်ဖို့ ဆိုက်ဖို့ အခက်ဆုံးဖြစ်တယ်၊ အဲဒီလောက် အဖိုးထိုက်တဲ့အရာကို စတိလောက်ကျင့်ရုံနဲ့မရဘူး။ 
လနဲ့ချီပြီးလဲ ကြာနိုင်သလို နှစ်နဲ့ချီပြီးလဲ ကြာနိုင်တယ်၊ အယူအကျင့်မမှန်ရင် ဘ၀ပေါင်းများစွာ ကြာနိုင်တယ်။ 
တကယ်ကျင့်တဲ့သူဟာ ရမှ အကျင့်ကနေထတယ်၊ ဒီကြားမှာ မရခင် သေသာသွားချင်သွားမယ်၊ အကျင့်ကနေ မထဘူး။
နာမည်ကြီးချင်သူတချို့သာ တစ်နှစ် နှစ်နှစ် တောရဆောက်တယ်၊ ဘာညာနဲ့ ပြီးတော့ တရားလည်ဟော၊ စာအုပ်တွေထုတ်နဲ့။
ဒါ ဗုဒ္ဓအဆုံးအမနဲ့ မညီဘူးဆိုတာ သူတို့ သိတန်သလောက် သိတယ်။ 
ဗုဒ္ဓက ရဟန်းကိစ္စမပြီးပဲ မဂ်မဆိုက်ပဲ တရားမဟောရဘူးလို့ ပညတ်ထားတယ်၊ ဟောရင် အဲဒါ ယုတ်မာသော လောဘလို့ ပိဋကတ်မြန်မာပြန်မှာ အတိအလင်းပါတယ်။
ဘုန်းကြီးတချို့လုပ်တာကြည့်ပြီး ဗုဒ္ဓကို စော်ကားရင် မင်း အမှန်ပဲ ကံကြီးထိုက်မယ်။ မင့်မိခင် ဖခင်လဲ မင်းလို သားမျိုးမွေးမိတဲ့အတွက် ကြီးစွာသော အရှက် ရလိမ့်မယ်။ 
မင်း အသေအချာ စဉ်းစားပြီး၊ ဇာတ်မြှုပ်နေ၊ ဆက် မစော်ကားနဲ့၊ စော်ကားမိတာကို တောင်းပန်ရဲရင်တော့ မင်းလဲပဲ အာဂလူထဲ အပါအ၀င်ဖြစ်မယ်။

(၅) အရက်သမား နိဗ္ဗာန်ရောက်နိုင်မလား???? (ဘာလို့လဲဆို မြန်မာပြည်မှာ အရက်သမားတကယ်များတာ သူတို့အတွက် စာနာထောက်ထားပြီး မေးခွန်းမေးပေးတာပါ)
အထက်မေးခွန်းမှာ ဖြေခဲ့သလိုပဲ၊ အရက်သမားလဲ တနေ့မှာ ကျွတ်တန်းဝင်နိုင်တာပဲ။ အသိမှန် အကျင့်မှန်ပြီး ဇွဲရှိရင်၊ ၀ိရိယရှိရင် သေချာပေါက် နိဗ္ဗာန်ရောက်မယ်လို့ တထစ်ချမှတ်။

(၆)ရောက်နိုင်မယ်ဆိုရင်လဲ လူသတ်သမား/မိန်းမအများကြီးယူသော်သူ/အရက်သမား က မည်ကဲ့သို့ ခံယူချက်ကို မွေးပြီး အကျင့်သီလကိုစောင့်ထိန်းပြီး နိဗ္ဗာန်ရောက်နိုင်မလဲ????
ဘယ်လိုကျင့်ရမလဲဆိုတဲ့အမေးရောက်လာရင် အတော် အောင်မြင်ပြီ။ ကျင့်ချင်ရင် ကျင့်နည်းကို နာခံရတယ်။ သာမာန်ဘုန်းကြီးကို မကြည့်နဲ့၊ မကပ်နဲ့။ ၀ိပဿနာစခန်းတွေရှိတယ်။
မဟာစည်၊ စွန်းလွန်း၊ ချမ်းမြေ့ရိပ်သာ၊ ကျောက်သင်္ဘော၊ ဆရာကြီး ဦးဘခင်တည်ထောင်တဲ့ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာ စခန်း၊ သူ့တပည့် ဦးဂိုအင်ကာထောင်တဲ့ ၀ိပဿနာစခန်း (သူ့စခန်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက နိုင်ငံပေါင်း ၄၀ကျော်မှာ ဖွင့်ထားတယ်။ 
အဓိကက နည်းလမ်း (တရားထိုင်နည်း)ကို ကျကျနန လေ့လာ၊ ထိုင်ရင် အလွယ်လိုက်ပြီး တ၀က်တပြက်ပဒုမ္မာကြာ ထိုင်နည်းမထိုင်နဲ့၊ ဗမာထိုင်နည်းလို့လဲ တချို့အင်္ဂလိပ်တရားထိုင်စာအုပ်တွေမှာ ညွှန်းကြတယ်။
ဗမာတွေ ပြီးစလွယ်လိုက်ခဲ့လို့။
တခါတည်း အပင်ပန်းခံပြီး ပဒုမ္မာကြာ အပြည့်ပုံ၊ ဗုဒ္ဓဆင်းတုတော်ကိုကြည့်၊ အဲဒီအတိုင်းထိုင်။ 
အဓိက အာနာပါနကို လေ့ကျင့်။ ပထမပိုင်းမှာ စိတ်ကို ချည်တိုင်မှာ ချည်ဖို့ အလွန်ခက်ခဲကြောင်း တွေ့လိမ့်မယ်။ မလျှော့နဲ့။
ဆက်ပြီးကျင့်၊ များများ အချိန်မပေးနိုင်ရင် ၁၅ မိနစ်ဆိုလဲ ၁၅မိနစ်ပဲ။ 
စိတ်အင်အားတွေ တက်လာလိမ့်မယ်။ 
တဖြည်းဖြည်းနဲ့ လောဘ၊ ဒေါသ ထွက်တော့မယ်ဆိုရင် နည်းနည်းလေးဖြစ်ဖြစ် ကြိုသိလာလိမ့်မယ်။ ဒါဆို ထိန်းချုပ်ဖို့ အချိန်တိုးတိုးရလာမယ်။
နဂိုက ထစ်ကနဲရှိ စိတ်က ထောင်းကနဲ ထရာကနေ၊ တဖြည်းဖြည်း ငြိမ်လာလိမ့်မယ်။ လေ့ကျင့်မှ သိတယ်။ 
ဒါ ဗုဒ္ဓရဲ့ကျေးဇူးပဲ။ ငါအခု အကျင့်ပြတ်နေလို့ မင့်စာဖတ်ပြီး နည်းနည်းစိတ်တိုချင်တယ်။
မင်းပြောတဲ့ ဘုန်းကြီးတွေ အဆဲသန်တာ ကိုယ်တွေ့ဆိုရင် မင်းလဲ ဆင်ခြင်၊ မင်း ဗုဒ္ဓအပေါ် ဘာမသိညာမသိနဲ့ စော်ကားတာ ဗုဒ္ဓက ဘာမှမလုပ်ဘူး၊ မတုန့်ပြန်ဘူး၊ ပတ်ဝန်းကျင်ကသာ သိသွားရင် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်တယ်။ (အသားလွတ် ခြိမ်းခြောက်တာလို့ထင်ရင် ကြေငြာသာကြည့်လိုက်မောင်၊ မင့်ကို အခွံနွှာချင်တဲ့လူတွေ တပုံပဲ)။
ဘာသာရေးဟာ အလွန်ဆွပေးလို့ ကောင်းတယ်ဆိုတာ မင်းလဲ ရိပ်မိမှာပါ။ 
ဒီတော့ အခုအချိန်ကနေ ပညာရှိမဖြစ်ခင် အတုခိုးတဲ့အနေနဲ့ မင်းပါးစပ်ကို နိုင်သလောက် ပိတ်ထား။
စိတ်ကောင်းမွေး၊ အကျင့်သီလ ဆောက်တည်၊ မသတ်ဘူး၊ မခိုးဘူး၊ သူများ သားမယား၊ မှားယွင်းတဲ့ကာမ မဆက်ဆံဘူး၊ စိတ်နဲ့တောင် မပစ်မှားဘူး၊ လိမ်ညာမပြောဆိုဘူး၊ မူးရင်မှားတတ်တဲ့ သေရည်သေရက်ကို မသောက်ဘူး၊ ဆိုတဲ့ အခြေခံသီလ လုံရင်ကို ကိုယ်ရောင်ကိုယ်ဝါထွက်ပြီ၊ ငါ ဒီသီလတွေ လုံပါကလားလို့ တွေးပြီး စိတ်ချမ်းသာမှုရပြီ။


(၇)နိဗ္ဗာန်မှာ ဘာရှိလဲ????
နိဗ္ဗာန်မှာ ငြိမ်းအေးမှုကလွဲလို့ ဘာမှမရှိဘူး။
လောကဓံအတိုက်ခံရပါများမှ ငြိမ်းအေးမှုတန်ဖိုးကို သိတာ။ 
ဆိတ်ဆိတ်ငြိမ်ငြိမ်လေးထိုင်ပြီး အတွေးစတွေဖြတ်ကြည့်၊ နည်းနည်းဖြတ်နိုင်ရင် နည်းနည်း ပိုအေးတာ တွေ့လိမ့်မယ်။ နိဗ္ဗာန် မင့်စိတ်ထဲမှာရှိတယ်။
လောကီနဲ့တွဲပြီး ရှိနေတယ်။ ဒါပေမဲ့ အတူတူမဟုတ်ဘူး။ 
တခုက ဆင်းရဲတယ်။ တခုက ချမ်းသာတယ်၊ အေးတယ် ငြိမ်းတယ်။ လူတိုင်းရဲ့ ပင်ကိုယ်သဘာဝမှာ နိဗ္ဗာန်လဲပါတယ်၊ ငရဲလဲပါတယ်။
အဲဒါကြောင့်မို့ ရှိပြီးသားကို သိပြီးသားဖြစ်အောင် ကျင့်ရတာ။ 
ပါရမီရှိသူ ရင့်သူများဟာ ဗုဒ္ဓလက်ထက်တော်တုန်းက တမဟုတ်ခြင်းတောင် နိဗ္ဗာန်ကို ဆိုက်တာ ရှိတယ်။ 
မင့်မှာလဲ ပါရမီမပါဘူးလို့ ပြောလို့မရဘူး၊ စောစောကပြောခဲ့တဲ့ အင်္ဂုလိမာလဟာ ဘုရားနဲ့မတွေ့ခင် လူတစ်ထောင်နီးပါး (၉ ၉ ၉ )ကို သတ်၊ လက်ညှိုးဖြတ်တဲ့ လူဆိုး၊ သူကတော့ ကံကောင်းလို့ ဗုဒ္ဓနဲ့ တွေ့တယ်။ 
ငါကတော့ ဗုဒ္ဓရဲ့ခြေဖ၀ါးက မြူမှုံလောက်သာ အသိရှိတယ်။ 
သို့ပေမဲ့ အခုငါပြောတဲ့ အစကိုနင်းပြီး မင်းရဲရဲလျောက်သွားပါ။ အဖြေကို မင်းကိုယ်တိုင် သိလာလိမ့်မယ်။ 
မိဖကျေးဇူးကို ဆပ်ရာ အရောက်ဆုံးလဲ ဖြစ်မယ်။ 
အေး ကွန်မြူနစ်ကိုတော့ သွားပြီးမယောင်နဲ့၊ ဒို့ယဉ်ကျေးမှု၊ ဒို့ဘာသာအခံနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ 
စနစ်က ကောင်းချင်ကောင်းလိမ့်မယ်။ စဉ်းစားပြီး ချရေးထားတာ။ 
တကယ်လုပ်တဲ့စခန်းမှာကြတော့ လူဟာ လူပဲဆိုတာ ထည့်ရလိမ့်မယ်။ မရဘူး။

(၈)နိဗ္ဗာန်နှင့် နတ်ပြည်၏ ကွာခြားချက်ကို ဖော် ပြပေးပါ. နတ်ပြည်ကိုရောက်လျှင် နတ်သမီးဘယ်ညာ အပါးငါးရာယောက်ဖြင့် နေရမည်ဆိုတာ တကယ်လား လေရွှီးထားတာလား????
(နတ်သမီးဘယ်ညာ အပါးငါးရာဆိုလျှင် စာရေးသူ စိတ်ဝင်းစားမိတယ် အပါးငါးရာ မလိုပါဘူး ဟိုဘက်ငါးယောက်ဒီဘက်ငါးယောက်ဆိုရင် တော်ပါပြီ ဟီဟီ)
မဖောက်နဲ့ ကောင်ကလေး၊ အဲဒါကို ရှင်းဖို့ဆိုရင် ကာဠာမသုတ်ကို ဖတ်။
ဗုဒ္ဓက သူပြောတာ သူဟောတာမို့လို့လဲ အလွယ်မယုံနဲ့ဆိုတာ ထည့်ပြောထားတယ်။ ကိုယ်နဲ့တိုက်ကြည့်၊ ကျင့်သုံးကြည့်။
ကျင့်ကြည့်လို အဲဒီတရားဟာ ငြိမ်းအေးမှုကို ဆောင်ချဉ်းပေးတယ်၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်ဖျောက်ပေးတယ်၊ စိတ်ချမ်းသာမှုကို ပေးတယ်၊ ပူပင်ကြောင့်ကြရတာတွေ ကင်းဝေးတယ် စသဖြင့် ကိုယ်တိုင် ခံစား သိရှိလာရင် ကောင်းတဲ့တရားကို ကျင့်သုံး၊ မကောင်းတာကို လွှင့်ပစ်၊ ဘယ်သူ့မျက်နှာမှ မကြည့်နဲ့တဲ့။ ဗုဒ္ဓက သံသယဖြစ်ခွင့်ပေးတယ်၊ ဒါ့ကြောင့် ပိဋကတ်ထဲပါကာမျှဖြင့် အားလုံးဗုဒ္ဓအဟော လုပ်မပစ်ကြနဲ့။
နတ်ပြည်ရှိလား ငါ့ကို မေးရင် ငါမသိဘူး။ ငါမသိလဲ အရေးမကြီးဘူးလို့ ဖြေမယ်။ အခုမြန်မာပြည်မှာ နားလည်နေတဲ့နတ်မျိုးရှိခဲ့ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ဗမာတွေ ဘုရားဒါယကာမင်းတွေကို (ဗုဒ္ဓဘာသာဝင်တွေအဆိုအရ) အယူတိမ်းမှားနေတဲ့ နယ်ချဲ့မိစ္ဆာတွေက နိုင်လိုမင်းထက် သတ်ဖြတ်နှိပ်စက်ပြီး မြန်မာပြည်ကို ကျွန်သဘောက်ဘ၀ ဆွဲချတာကို မကူမကယ်ပဲ ဇိမ်ခံပြီး ကြည့်နေလိမ့်မယ်လို့လဲ မထင်ဘူး။ 
ဒီဘက်ခေတ် (ဟိုတခေတ်တော့ထားလိုက်၊ အလှမ်းဝေးလို့) မှာ နတ်နဲ့တွေ့ဘူးသူလဲ မရှိဘူး၊ တခါမှလဲ အသံမကြားဘူးကြဘူး။ 
ဒါ့ကြောင့် အဲဒါတွေကို ဘုရားဟောလို့ မှတ်ပြီး ဗုဒ္ဓကို ကံဓကောဇမတိုက်နဲ့၊ မှားမယ်။
ဗုဒ္ဓက အခုကိုယ့်မှာ ဘာဖြစ်နေသလဲဆိုတာသာ ကြည့်တဲ့၊ ဥပမာအနေနဲ့ အဆိပ်လူးမြားမှန်တဲ့လူကို ဆောင်ပြတယ်၊ ဘယ်သူပစ်သလဲ၊ ငဖြူလား၊ ငနီလား။ မြတ်တဲ့အမျိုးလား၊ ယုတ်တဲ့အမျိုးလား၊ စသဖြင့် အဲဒီမေးခွန်းတွေ ဖြေမှ မြားအနှုတ်ခံမယ်၊ ဆေးအလိမ်းခံမယ်လို့ ကလန်ကဆန်လုပ်နေမယ်ဆိုရင် အဲဒီအဖြေမရခင် သေဖို့သာပြင်တဲ့။ 
အခု ကိုယ့်မှာရှိနေတဲ့ အပူကို၊ ဒွိဟကို၊ စိုးရိမ်ကြောင့်ကြမှုကို အခုအေးအောင်လုပ်ရမှာဖြစ်တယ်။
တခြားဟာ စဉ်းစားဖို့မလိုဘူး။ 
ကျင့်လို့ မဂ်ဆိုက်တဲ့အခါမှာ နတ်ပြည်ရှိမရှိ ကိုယ်တိုင် သိလာလိမ့်မယ်။
တဏှာကို ဖြတ်၊ မဖြတ်နိုင်ရင် လျော့အောင်လုပ်။


(၉)မိန်းမမယူဘဲ သင်္ကန်းခြုံပြီး ဖာချနေသော ဘုန်းကြီးများ ဖာမချဘဲ ကိလေသာကို မိမိစိတ်ဖြင့် မိမိလက်ဖြင့် ပြုလုပ်နေသော ဘုန်းကြီးများ နိဗ္ဗာန်ရောက်နိုင်ပါသလား????
အဲဒီနှစ်မျိုးလုံးဟာ အာပါတ်သင့်တယ်။
အပြစ်ရှိတယ်။ 
ရဟန်းဝတ်မချွတ်သော်လည်း ရဟန်းမမည်တော့ဘူး။ ပါရာဇိကကံထိုက်တယ်လို့ခေါ်တယ်။
ပိဋကတ်တော်ထဲက ၀ိနယပိဋကတ်မြန်မာပြန်ကို ရှာ ဖတ်ကြည့်၊ အင်တာနက်မှာ မြန်မာလို တင်ထားတာတွေလဲ ရှိတယ်။
အဲလို ဘုန်းကြီးတွေရှိတာ အမှန်ပဲ။ 
ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ ဗုဒ္ဓလက်ထက်မှာလည်း အဲဒီအမှုတွေပေါ်ခဲ့တယ်၊ တိရိစ္ဆာန်နဲ့စပ်ယှက်တဲ့ ရဟန်းလဲ ရှိတယ်။
အားလုံးကို ပညတ်ထားခဲ့တယ်။ သူတို့တတွေကိုလဲ သံဃအဖွဲ့အစည်းကနေ မောင်းထုတ်ခဲ့တယ်။

(၁၀)မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိုသာ ဂရုစိုက်ပြီး တောမထွက် အိမ်၌ပင် တနေ့တနာရီစာမျှ ကမ္မာဌာန်းရူတဲ့လူများကော နိဗ္ဗာန်ရောက်နိုင်မလား???(သို့) နိဗ္ဗာန်မရောက် နောက်ဘ၀ရောက်မယ်ဆိုရင်လဲ ဘယ်ဘ၀ကို ရောက်နိုင်မလဲ?????
ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ 
လူဝတ်ကြောင်နဲ့ ကျင့်ရင်လဲ အကျင့်မှန် အကျင့်သန်ခဲ့ရင် ခုဘ၀မှာပဲ မဂ်ဖိုလ်ဆိုက်နိုင်တယ်၊ စွန်းလွန်းဆရာတော် လိုပေါ့။ 
သောတပတ္တိမဂ်၊ သဂဒါဂါမိမဂ်၊ ဒီမဂ်နှစ်ခုရတဲ့အချိန်အထိ ကာမတဏှာမပြတ်ဘူး။ အခုဘုန်းကြီးအများတကာ့အများစုဟာ ဘာမဂ်မှ မဆိုက်ကြဘူး၊ ကျောင်းကို မက်တယ်၊ အလှူဝတ္ထုကို မက်တယ်၊ လှတာ ချောတာကို ကြည့်ချင်တယ်၊ အစားအစာ ကောင်းတာကို စားချင်ကြတယ်၊ ကားစီးချင်ကြတယ်၊ တီဗွီကြည့်ချင်ကြ၊ ရေဒီယိုဆောင်ချဉ်ကြ၊ တယ်လီဖုန်း ဆောင်ချင်ကြနဲ့ တချို့များ လက်ပတ်နာရီတောင် ပတ်နေကြပြီ၊ ကင်မရာဆောင်နေကြပြီ။
နောက်ဘ၀ကိစ္စကတော့ တကယ်လို့ နောက်ဘ၀ရှိခဲ့ရင် အခုဘ၀ကောင်းမွန်စွာနေထိုင်ကျင့်ကြံသွားတဲ့ ပုဂ်ဂိုလ်ဟာ ကောင်းတဲ့ မြင့်မြတ်တဲ့ဘ၀ကို ရောက်မယ်။
ဒီလိုဘ၀တွေကို မြင်နိုင်စွမ်းဟာ မဂ်လေးတန် ဖိုလ်လေးတန်ဆိုက်ရုံနဲ့တောင် မရဘူးလို့ ကြားနာဘူးတယ်။
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့၊ မြန်မာစကားမှာရှိတယ်။
အခုမကောင်းတာ ကောင်းတာ ပြု၊ ဒီကံအသစ်ဟာ နောက်ဘ၀မှာလည်း အကျိုးထင်ရှားပေါ်လိမ့်မယ်တဲ့။
ဖြစ်သူအဟောင်းကတော့ ဟိုဘ၀က ပြုခဲ့တဲ့ ကံဟောင်းကြောင့် အခုဘ၀မှာ ခုလိုဘ၀မျိုးကြုံရတာလို့ဆိုတယ်။ 
အဲလို မလိုချင်တဲ့ဘ၀မျိုး ကြုံရရင် သတိထား၊ ကံကောင်းအောင် ကောင်းတဲ့ကာယအလုပ်၊ ၀စီအလုပ်၊ မနောအလုပ်နဲ့ ပြန်ဆယ်။ 
ဒါ ဗုဒ္ဓအလိုကျ နည်းလမ်းပဲ။ 
လက်စားခြေဖို့များ မစဉ်းစားနဲ့။
အခု ဂျပန်ကဘုန်းကြီးတပါးဆိုရင် တရားကို ရက်ပ်နဲ့ သီဆိုနေပြီ၊ ဒီမှာတော့ ဘုန်းကြီးဆိုတာ စီးပွားလုပ်တယ်၊ အခွန်ကင်းလွတ်ခွင့်ရတယ်။ သားမယားယူကြတယ်။ 
မင်းပြောသလို ဖာခန်းနဲ့လဲ လုံးပုံပါပဲ။ အရက်ကလဲ တစွပ်စွပ်ပေါ့။
ဒါတွေနဲ့စာလိုက်တော့လဲ ဒို့ဘုန်းကြီးတွေ ဗုဒ္ဓစကား အကုန်နားမထောင်ပေမဲ့ အများကြီးတော်သေးတယ်လို့ဆိုရလိမ့်မယ်။ 
အကျင့်ဖက်ကို မလိုက်သော်ငြားလည်း နှိုင်းယှဉ်ကြည့်ရင် ဒို့နိုင်ငံက ဘုန်းကြီးတွေဟာ ကမ္ဘာမှာ အတော်ဆုံး၊ စည်းကမ်းအရှိဆုံးပါပဲ။
ဝိပဿနာစခန်းက ဆရာတော်တွေကတော့ ထိပ်ဆုံးက ပေါ့ကွာ။
မေတ္တာဖြင့်
ညွန့်ရွှေ

ရခိုင်အလုပ်သများသမဂ္ဂဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment