Wednesday 19 October 2011

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ၄င်းတို့မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ၄င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ် ငန်းစဉ် စသည်တို့ကို အောက်တိုဘာလ ၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟော ပြောတင်ပြခဲ့သည်။ အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံုံမုာ အောက်ပ်ပါအတိုင်းဖြစ်ပါသည်။
Dr.Aye-Maung-RNDP
ပြည်ထောင်စုနိုင်ငံသားအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။ ကျွန်တော်က ရခိုင် တိုင်းရင်း သားများတိုးတက်ရေးပါတီ RNDP ရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် ဖြစ်ပါတယ်။

ပြည်ထောင်စုသားများခင်ဗျား။

ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ်ဟာ ရှည်လျားပြီး သမိုင်းကြောင်း ခိုင်မာတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး အမျိုးသား သွေးစည်းညီညွတ်ရေးဟာ ရခိုင် တိုင်းရင်းသားများ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းခေတ်များနဲ့အတူ ကျစ်လျစ် ခိုင် မာခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ် အပါအဝင် ဒုတိယကမ္ဘာစစ်နဲ့ ခေတ်အဆက်ဆက် နိုင်ငံရေး မတည်ငြိမ်မှုအမျိုးမျိုးကိုလည်း အမျိုးသားသွေးစည်း ညီညွတ်ရေး အခြေခံစိတ်ဓာတ်နဲ့ပဲ ခိုင်မာစွာ ရပ်တည်ခဲ့ ပါတယ်။ ကျွန်တော်တို့ပါတီကို အမျိုးသားသွေးစည်း ညီညွတ်ရေးသာလျှင် ရှေ့လာမယ့် ပြည်ထောင်စု နိုင်ငံ ရေးဖြစ်စဉ်တွေမှာ ခိုင်မာစွာရပ်တည်နိုင်ဖို့ လိုအပ်ချက်ဖြစ်တယ်လို့ ယုံကြည်တဲ့ လူပုဂ္ဂိုလ်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရည်ရွယ်ပြီး တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီရဲ့အခြေခံမူဝါဒ (၃)ရပ်မှာ

- ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေး (Development)
- ပြည်ထောင်စုနိုင်ငံတော်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီမျှမှုရှိစေရေး (Equality)
- ပြည်ထောင်စုနိုင်ငံတော်အတွင်း လစ်ဘရယ်ဒီမိုကရက်တစ်ဝါဒ ဖြစ်ပေါ်ထွန်းကားလာရေး Democratization တို့ဖြစ်ပါတယ်။
- ရခိုင်ပြည်နယ်ကို အဓိကအခြေခံပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရခိုင်အမျိုးသားများကို ကိုယ်စား ပြုနိုင်ဖို့အတွက်ပါ ရွေးချယ်ခံမှာဖြစ်ပါတယ်။
- ရန်ကုန်တိုင်းဒေသကြီး တစ်နေရာအပါအဝင် ရခိုင်ပြည်နယ်အတွင်း လွှတ်တော်သုံးရပ်မှာ စုစုပေါင်း (၄၄)နေ ရာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကတစ်ဆင့် ရွေးကောက်ပွဲလွန်ကာလမှာ ပြေပြစ်ချောမွေ့တဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ ရခိုင်တိုင်းရင်းသား များရဲ့ ဆန္ဒကို ဖော်ပြနိုင်ဖို့ ရည် ရွယ်ထားပါတယ်။ ပါတီအမှတ်တံဆိပ် ဟာ သီရိဝစ္ဆရခိုင်ဒင်္ဂါးဖြစ်ပါတယ်။
အခုဆက်ပြီး ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်နှင့်ပတ်သက်တဲ့ ရည်မှန်းချက် မူဝါဒများကို တင်ပြ ပါမယ်။
(၁) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများ ပိုင်းခြားသုံးစွဲရာတွင် ထင်သာမြင်သာ ရှိစေ၍ အပြန် အလှန် ထိန်းကျောင်းနိုင်သော စွမ်းအားရှိစေရေး။
(၂) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်တိုင်း ဒေသကြီးလွှတ် တော်များသို့ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေး အာဏာများကို ကျင့်သုံးရာတွင် အများဆန္ဒအရ ဆုံးဖြတ်ရမည် ဖြစ်သော်လည်း အနည်းစုဆန္ဒများကိုလည်း ထည့်သွင်းစဉ်းစား နေရာပေးရေး။
(၃) ပြည်ထောင်စုတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ အနုပညာ၊ စကား၊ သမိုင်းအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းရာတွင် လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိစေရေးနှင့် တိုင်းရင်းသားအသီးသီး၏ သမိုင်းနှင့်စာပေများအား ဖော်ထုတ်သင်ကြားနိုင်ရေး။
(၄) လယ်ယာမြေ နိုင်ငံတော်ပိုင်ဆိုင်သည့်စနစ်အား လယ်သမားများကိုယ်တိုင် လွတ်လပ်စွာ ရောင်းဝယ်ပေါင် နှံခွင့်၊ အမွေဆက်ခံခွင့် စသည့်မိမိလယ်ယာမြေအား ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိသည့် လယ်ယာမြေမူဝါဒဖြင့် အ စားထိုးနိုင်ရန် လယ်ယာထွက်ကုန် တိုးမြှင့်ထုတ်လုပ်နေကြသော ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်လျက် ပညာရှင် များမှ ဦးစီးရေးဆွဲရေး။
(၅) လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထူးစီမံကိန်းဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းရပါမယ်၊ မျိုးစေ့၊ ခေတ်မီ နည်းပညာ၊ စိုက်ပျိုးရေး ကိရိယာများ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ လောင်စာဆီစသည်များကို အထူးစီမံကိန်းဖြင့် ပံ့ပိုးခြင်း၊ အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးရေး စရိတ်ချေးငွေ အထူး ခံစားခွင့်၊ ရေမြေသဘာဝ၊ ဈေးကွက် လိုအပ်ချက်နှင့်အညီ လွတ်လပ်စွာ သီးနှံရွေးချယ်စိုက်ပျိုးခွင့်၊ ထုတ်လုပ်သိုလှောင် ကြိတ်ခွဲ သယ်ယူ ရောင်းချ ပိုင်ခွင့်ရရှိရေး ဥပဒေပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး။
(၆) နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ မိမိတို့၏ အရည်အချင်းနှင့်အညီ လူမျိုး ဘာသာမခွဲ ခြားဘဲ ရာထူးအဆင့်မှန်ကန်စွာ ထမ်းဆောင်ခွင့်ရရှိရေး၊ ထိုက်တန်သည့် လုပ်ခလစာ စရိတ်နှင့် အဆောင် အယောင်များအား အနည်းဆုံး အာဆီယံ စံနှင့်အညီ ခံစားခွင့်ရရှိရေး ဆောင်ရွက်သွားရေး။
(၇) အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေမှု သက်သာချောင်ချိရေးအတွက် အထူးရန်ပုံငွေထူ ထောင်ရေး၊ အငြိမ်းစားယူခဲ့သည့်ကာလ မခွဲခြားဘဲ တစ်ပြေးညီ လစာနှုန်းထားဖြစ်ရေး။
(၈) မိမိတို့နယ်ပယ်အလိုက် အခြေခံအခွင့်အရေး ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်နိုင်ရန် လွတ်လပ်သည့် အလုပ် သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများစသည့် စစ်မှန်ပြီး အမှန်တကယ် လွတ်လပ်သော လူထု အခြေပြုအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ပေါ်ပေါက်ရေး။
(၉) ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဈေးကွက်စီးပွားရေးစနစ်အား အပြည့်အဝ အကောင်အထည် ဖော် ဆောင်ရွက်ရေး။
(၁၀) အစိုးရ၏ ပြည်ထောင်စုအခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြည်သူလူထုအား ရုပ်ပိုင်း စိတ်ပိုင်း ဖိစီးမှုများ မဖြစ်ပေါ်စေရေး၊ ထိခိုက်မှုများအတွက် ဖြေလျော့နှစ်သိမ့်ပေးနိုင်သော အစီအစဉ်များ ပြည့်စုံစွာ ဖြည့်သွင်းရေး။
(၁၁) ပညာရေး ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်သောမူဝါဒနှင့် လုပ်ငန်းစဉ်များရေးဆွဲရန် သက် ဆိုင်ရာ ပညာ ရှင်များသို့ ယုံကြည်စွာအပ်နှံရေး။
(၁၂) တက္ကသိုလ်ပညာရေးကို သုတေသနအခြေခံသော ပညာရေးစနစ်ဖြစ်အောင် ဖြည့်ဆည်းမြှင့်တင်ရေး၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ပညာရေးအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ရရှိစေရေး။
(၁၃) အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံကုသမှုတို့ကို အခမဲ့ရရှိစေရေး၊ ဆေးဝါးကုသမှုနှင့်ဆိုင် သော ဆေးရုံ၊ ဆေးပစ္စည်း၊ ခွဲစိတ်ကုသရေးကိရိယာနှင့် ခေတ်မီရောဂါရှာဖွေရေး စက်ကိရိယာများ စုံလင်စွာ ရှိစေရေး၊ ကျန်းမာရေးမူဝါဒနှင့် လုပ်ငန်းစဉ်ရေးဆွဲရေးကို ကျန်းမာရေးဆိုင်ရာပညာရှင်များလက်သို့ အပ်နှံရေး တို့ဖြစ်ပါတယ်။

ပြည်ထောင်စုသား ပြည်သူများခင်ဗျား

ဆက်လက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်ထောင်စုနိုင်ငံတော်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြပါမယ်။

(၁) ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုစီရင်စုဒေသအသီးသီးသို့ အခြေခံ စီးပွားရေးလုပ်ငန်းများဖြစ်သော လယ်ယာ၊ ရေလုပ်ငန်း၊ မွေးမြူရေး၊ စိုက်ပျိုးရေး စသည့် လုပ်ငန်းကဏ္ဍများ အတွက် အခြေခံများ၊ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်။
(၂) မိမိကြိုက်နှစ်သက်သော သီးနှံများကို လွတ်လပ်စွာ စိုက်ပျိုး၍ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်နှင့် ဈေး ကွက် အခွင့်အရေးကို လွတ်လပ်စွာခံစားခွင့်ရရှိရေးစီစဉ်ပေးရန်။
(၃) လယ်ယာနှင့်စိုက်ပျိုးရေး၊ မွေးမြူရေး ရေလုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေး ပံ့ပိုးပေးနိုင်ရေး အရင်း အမြစ်များ လွယ်ကူစွာရရှိနိုင်ရေး စီစဉ်ပေးရန်၊ စိုက်ပျိုးရေးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သည် ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများကို မထိခိုက်စေရန်။
(၄) စက်မှုနှင့်နည်းပညာ ကုန်ထုတ်လုပ်ငန်းများအတွက် ဘဏ္ဍာငွေနှင့် နည်းပညာရရှိရေး စီစဉ်ပေးရန်။
(၅) စွန့်ဦးတီထွင် မျိုးဆက်သစ်စီးပွားရေးလုပ်ကိုင်သူများ ပေါ်ပေါက်လာရန်အတွက် အထောက် အကူပြု ရန်ပုံ ငွေများ တည်ထောင်ပံ့ပိုးပေးရန်။
(၆) အသေးစားနှင့်အလတ်စား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း ကန့်သတ်ပမာဏ ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်ထောင်စုစီရင်စုဒေသများ၏ သဘာဝအားသာချက်အလိုက် လုပ်ပိုင်ခွင့် ပေးရန်။
(၇) အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအပါအဝင် အဆင့်မြင့် ပညာရေးနှင့် ပညာရေးနှင့် နည်းပညာမြှင့်တင်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍကို အားဖြည့်မြှင့်တင်ရန်တို့ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားပြည်သူများခင်ဗျား
ဆက်လက်ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်မူဝါဒများကို တင်ပြပါမယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံသည် လယ်ယာ၊ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများဖြစ်ပါတယ်။
ဒါကြောင့်
(၁) လယ်ယာ၊ ရေလုပ်ငန်း၊ ဆောင်းသီးနှံ၊ မွေးမြူရေးလုပ်ငန်းများ၊ ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ် ငန်းများ တိုးချဲ့မြှင့်တင်ရေး။
(၂) တောင်ပေါ်ရှိ စိုက်ပျိုးမြေများ ဖော်ထုတ်ရေး၊ စက်မှုကုန်ကြမ်းသီးနှံများစိုက်ပျိုးထုတ်လုပ်ကာ စိုက်ပျိုးရေး ထုတ်ကုန်အခြေခံ စက်မှုလုပ်ငန်းများဖော်ထုတ်ရေး။
(၃) ရေငန်တား တာတမံကြီးများ တည်ဆောက်၍ မြစ်ဝမြေနုကျွန်းပေါ်မြေရိုင်း၊ မြေသစ်များ ဖော်ထုတ်ရေး။
(၄) ရခိုင်ပြည်နယ် အမျိုးသားစီးပွားရေးအစီအစဉ်များ။
(၅) ရခိုင်ပြည်နယ် အမျိုးသားကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ။
(၆) ရခိုင်ပြည်နယ် အမျိုးသားလျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးအစီအစဉ်များ။
(၇) အငယ်စားနှင့် အလတ်စား ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမျိုး သားရေး အစီအစဉ်များ။
(၈) ကွန်ပျူတာ၊ အင်တာနက် ဆက်သွယ်ရေးပညာရပ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍများ လွယ်ကူစေ ရေး။
(၉) သစ်တော၊ ဒီရေတော ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် အရှည်သဖြင့်ဖွံ့ဖြိုး တိုးတက်ရေး။
(၁၀) ရခိုင်ပြည်သူ လူထုများ သဘာဝမြစ်ချောင်း တောတောင်များကို မှီခို၍ ဝမ်းစာရှာဖွေ စားသောက် နေရသော အခြေအနေမှ လွတ်မြောက်ရေး။
(၁၁) ပင်လယ်ဆိပ်ကမ်း တံတားများ ဖွံ့ဖြိုးအောင် တည်ဆောက်၍ ပြည်နယ်၏ ကုန်သွယ် ရေကြောင်း လုပ်ငန်း များ ဖွံ့ဖြိုးလာစေရေး။
(၁၂) ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော လူမျိုးမရွေး၊ ဘာသာမရွေး လူမျိုးအသီးသီး၏ ဘာသာ၊ ယဉ်ကျေးမှု စားဝတ်နေရေး ရှာဖွေရမှုနှင့် အခြေခံလူ့အခွင့်အရေးများ လုံခြုံမှုရှိစေရန် ကာကွယ်စောင့် ရှောက်မှုပေးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ခံစားခွင့်များကို အာမခံချက် ပေးရေးတို့ဖြစ်ပါတယ်။
လေးစားအပ်ပါသော ရခိုင်ပြည်သူလူထုအပေါင်းတို့ခင်ဗျား

ယခု ဆက်လက်ပြီး လွှတ်တော်အဆင့်ဆင့်နှင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့အား ရခိုင်ပြည်သူလူထု အကျိုးစီးပွားအတွက် တွန်းအားပေးဆောင်ရွက်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏လုပ် ငန်းစဉ်များကို တင်ပြသွားပါမယ်။

(၁) ရခိုင်ပြည်နယ်၏ စီးပွားရေးအသက်သွေးကြောဖြစ်သော လယ်ယာနှင့်ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ဘဏ္ဍာငွေလုံလောက်စွာရရှိစေရန်၊ လိုအပ်သော နည်းပညာများ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ကျွဲ၊ နွား၊ လယ်ထွန်စက်များ လုံလောက်စွာ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးရန်၊ လယ်ယာနှင့် ရေလုပ်ငန်း အရေးပေါ်၌ အသေးစားငွေချေးယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။
(၂) မျိုးစပါးများကို သင့်တော်သလို အသစ်လဲလှယ်နိုင်အောင် စီစဉ်ပေးရန်၊
(၃) ရေလုပ်ငန်းအခြေခံ ရေခဲစက်၊ အအေးခန်းစက်ရုံ၊ ကုန်ချောထုတ်စက်ရုံ၊ အမှုန့်ကြိတ် စက်ရုံများကို မိမိတို့ ၏ အမျိုးသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလာနိုင်အောင် အရင်းများ ဖန်တီးပေးပါမယ်။
ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံသူများကိုလည်း ရခိုင်အမျိုးသားလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် သို့မဟုတ် ဖက်စပ်ရင်းနှီးမြှုပ်နှံ နိုင်ရန် စီစဉ်ပေးရန်။
(၄) ရခိုင်ပြည်နယ်၏ သဘာဝအရင်းအမြစ်ဖြစ်သော သဘာဝဓာတ်ငွေ့များကို အခြေခံ၍ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲခွင့်ရရှိရေး၊ ဈေးနှုန်းချိုသာစေရေးများကို ဆောင်ရွက်ပေးရန်။
(၅) ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား ဈေးနှုန်းသက်သာမှုနှင့် ပင်လယ်ဆိပ်ကမ်းအားသာချက်များ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကဲ့သို့ ဈေးကွက်ကြီးများနှင့် နီးစပ်ခြင်း စသည့်အားသာချက်များကို အသုံးချ၍ ပြည်တွင်း နှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဆောင်ရွက်ပေးရန်။
(၆) ရခိုင်ပြည်နယ်၏ ပေါများသော သစ်တောထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်သော စက်မှုကုန်ထုတ်လုပ် ငန်းများ ပေါ်ပေါက်လာစေရပါမယ်။ အထူးသဖြင့် ဤလုပ်ငန်းများကို ဂွ၊ သံတွဲ၊ တောင်ကုတ် စသော မြို့နယ် များတွင် လက်မှုပညာထွန်းကားသည့် အားသာချက်တစ်ခုအဖြစ် ဦးစားပေး တည်ဆောက်ပေးရန်။
(၇) တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲတို့တွင် တည်ရှိသော သဘာဝထုံး ကျောက်တောင်များ၊ ဝါးတောများကို အခြေခံ၍လည်းကောင်း။ သဘာဝဓာတ်ငွေ့များကို အခြေခံ၍ လည်းကောင်း၊ ဓာတ်မြေသြ ဇာစက်၊ ဘိလပ်မြေစက်၊ ကျောက်ပြားစက်၊ အထပ်သားစက်ရုံ၊ စက္ကူစက်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက် ပေးရန်။
(၈) မိုးရေချိန်လက်မ ၂၀ဝကျော်ရွာသွန်းသော ရခိုင်ပြည်နယ်တွင် မိုးလွန်ကာလ ရေရှားပါးသော ပြဿနာကို မြို့ပြကျေးလက်အလိုက် အမြန်ဆုံးပေးနိုင်ရန် ကြိုးစားပေးပါမယ်။
နှစ်ပေါင်း(၂၀ဝ)နီးပါး ကြာခဲ့ပြီဖြစ်သော စစ်တွေမြို့ ရေပေးဝေရေးစနစ်ကိုလည်း နည်းပညာသစ်များဖြင့် ပြုပြင်ပေးရန်။
(၉) လာမည့် ၁၅နှစ်အတွင်း ပညာတတ်လူလတ်တန်းစားအလွှာတစ်ခုပေါ်ပေါက်လာစေပြီး ရခိုင့်လူ့အဖွဲ့အ စည်းသည် ပညာအခြေခံ လူ့အဖွဲ့အစည်းဖြစ်လာစေရန်။
(၁၀) လက်လုပ်လက်စားအလုပ်သမားများနှင့် အခြေခံအလုပ်သမားများ၏ ဝင်ငွေမြင့်မားလာစေရန်နှင့် အလုပ် အကိုင်သစ်များ ဖော်ထုတ်ပေးရန်။

လေးစားအပ်ပါသော ပြည်ထောင်စုသား ပြည်သူများနှင့် ရခိုင်ပြည်သူလူထုအပေါင်းတို့ခင်ဗျား

- ရခိုင်တိုင်းရင်းသားတို့ရဲ့ ကြွယ်ဝချမ်းသာမှု သင်္ကေတနိမိတ် သီရိဝစ္ဆ ရခိုင်ဒင်္ဂါးတံဆိပ်ကို မဲပေးကြပါ။ 
- ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ရခိုင်ပြည်နယ်တွင် လွှမ်းခြုံနိုင်ပါစေ။
ပြည် ထောင်စု တစ်ဝန်းလုံးတွင်လည်း လွှမ်းခြုံနိုင်ပါစေလို့ ဆုတောင်းပြီး နိဂုံးချုပ်အပ်ပါတယ်။(နိရဉ္စရာ

No comments:

Post a Comment