Monday 17 October 2011

ကေအင်ယူတော်လှန်ရေးနေ့ နှင့်ကျေးဇူးတရား




၃၁-၁-၁၉၄၉ တွင် ဖ ဆ ပ လ အစိုးရမှာ အင်းစိန်ရှိ KNDO ဗဟိုဌါနချုပ် ကိုဝန်းရံပြီး အင်းစိန်တွင်နေထိုင်သော
ကရင်တိုင်းရင်းသားများအားစတင်တိုက်ခိုက်ရုံသာမကKNDO အားမတရားအသင်း အဖြစ် ကြေညာခဲ့ရာမှစ၍ ကရင်
တိုင်းရင်းသားများမခံမရပ်နိုင်ဖြစ်ကာဇန်န၀ါရီလ(၃၁)ရက်တွင်လက်နက်ဆွဲကိုင်တော်လှန်ခဲ့ရမှုကိုဂုဏ်ပြုသောအားဖြင့်
ဇန်န၀ါရီ (၃၁) အားကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ရာ လာမဲ့ ၃၁ ရက်နေ့ တွင် ကရင့်တော်လှန်ရေး
နှစ် (၆၀)ပြည့်ခဲ့ပါပြီ၊ အဲဒီအချိန်တိုင်းပြည်ဦးဆောင်နေသူတွေရဲ့တွေးခေါ်မှု ဆုံးဖြတ်မှုနိုင်ငံရေးမကျွမ်းကျင်မှု စတဲ့အားနည်းချက်တွေကြောင့်တိုင်းရင်းသား လူမျိုးစုတွေဟာလက်နက်ဆွဲကိုင်ပြီးသူတို့ ကြမ္မာ သူတို့ ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ခဲ့ကြရတယ် ။။



မည်သို့ ပင်ဆိုစေကာမူ ယနေ့ ထိ ကျမတို့ တိုင်းပြည်ရဲ့ တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရပိုင်ခွင့်တွေ
ဆုံးရှုံးနေကြရဆဲပါ ။။ 
ဒီထဲမှာလက်နက်ဆွဲကိုင်တော်လှန်မှုကိုစခဲ့တဲ့ အကြီးမားဆုံးသော လူမျိုးစု ကြီးတရပ်ဟာ ကရင်တိုင်းရင်းသား
တွေဖြစ်ပါတယ်။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင် ဒီပြဿနာတွေကို ဒီလောက် နှစ်တွေ မကုန်ဆုံးလောက်ခင်ကတည်းက ဖြေရှင်းနိုင်ပြီပဲ လို့ ကျမ အနေနဲ့ ယုံကြည်နေပါတယ် ။
ဒါပေမဲ့ ကျမတို့ တိုင်းရင်းသားပြည်သူတွေရဲ့ ကြမ္မာလို့ ပဲပြောရမလား အာဏာ မက်သူတွေရဲ့ ရက်စက်တဲ့စနက် ကြောင့် လို့ ပဲပြောရမလား ခုထိကို ဗမာတိုင်းရင်းသားအပါအ၀င် ဘယ်တိုင်းရင်းသားမှလွတ်လပ်ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိကြရသေးပါဘူး။
ဒါကို ဘာကြောင့်လဲအဖြေ၇ှာရင် မခက်ပါဘူး အာဏာနေရာယစ်မူးတက်တဲ့ အရှက်မဲ့ လူ့ အန္တ တွေကြောင့်ပါ ဗမာက လူမျိုးအရေအတွက်များလေတော့ ဗမာလူမျိုးကြီးဝါဒဆွဲတွေကြောင့် လို့ ယိုးစွပ် ကြပေမဲ့ စနစ်ဆိုးနဲ့စိတ်ဆိုး စိတ်ရိုင်းတွေရှိတဲ့ အဟိတ်စိတ်လောက်နဲ့ သာ ပဠိသန္ဓေ ဖြစ်တည်ခဲ့ကြတဲ့ လူ့ ငနွါးတွေကြောင့်ပါ ။

ကရင့်ခေါင်းဆောင်တွေမှာကျမ ကြားသိဘူးတဲ့ စောဘဦးကြီး ။ ကွယ်လွန်ချိန်မှာဈာပနကိုပို့ ခွင့်ရခဲ့တဲ့ ဗိုလ်ချုပ်မြ စည်းဝေးပွဲ ဆွေးနွေးပွဲတွေမှာ တွေ့ဆုံလေ့၇ှိပြီး ကျမတို့ အပေါ်ကိုပင်ပြန်လည်အသိအမှတ်ပြု ဆက်ဆံတက်တဲ့ ဖဒိုမန်းရှာလဘန်း ။ အသက် အရွယ်ကြီးရင့်သော်လည်း တော်လှန်ရေးအတွက်မနေမနားကြိုစားနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘော သူ့ တို့ တွေရ့စေတနာ သူတို့ တွေရဲ့ ကရင့်တိုင်းရင်းသားတွေအပေါ် မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ်ထားတဲ့စေတနာ - အနီးကပ် တွေ့ ရှိ ကြားသိတဲ့ အခါမှာ ကျမ ပိုလို့ ကိုလေးစားလာပါတယ် ။။

တစ်ကိုယ်ကောင်းစိတ်ရှိရင် ဒီတော်လှန်ရေး မဟာမိတ်အင်အားစုတွေကိုပစ်ပြီးဗိုလ်ခင်ညွန့်  လက်ထက်ကတည်းက အလင်းဝင် တာကြာပြီပေါ့ ။။ 
ခုတော့ စစ်အုပ်စု ရဲ့ ခိုင်းစေမှုကြောင့် တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခံရ NGO တွေဆိုတာကလည်း ကို ယ်လာတဲ့ နိုင်ငံဘာလုပ်နေတယ်ဆိုတာသိလျက် နဲ့လက်နက်ဆွဲကိုင်လို့ ဆိုပြီးလေထဲကတော်လှန်ရေးအုပ်စုလောက်သာ ထောက်ပံ့ လက်နက်ကိုင် တွေကိုရှောင်လွဲ အဲဒီ့ဒုက္ခတွေကြားမှာမားမားရပ်နေတာ ကရင့် တော်လှန်ရေးခေါင်းဆောင်တွေပါ ။။



ပြီးခဲ့တဲ့အတိတ်သမိုင်းတွေမှာအထင်အမြင်လွဲမှားမှုတွေနဲ့ အဆုံးအဖြတ် တင်းမာတာတွေရှိခဲ့သော်လည်း တကယ်တန်း (၈၈) လူထု တော်လှန်ရေးကြီးပေါ်ပေါက်လာတော့ တောထဲထွက်ပြေးလာသူ ကျောင်သား အလုပ်သမား လူထုလူတန်းစားမှန်သမျှ နွေးထွေးစွာ ကြိုဆိုပြီး ကျောင်းသားတပ်မတော်ကြီးကိုလည်းရအောင်ဖွဲ့ ပေးခဲ့တယ် ။။ 
အစိုးရအဖွဲ့ ဆိုတာလည်း ဖြစ်အောင် အသင့် တည်ဆောက်ပေး ခဲ့တယ် ။။
ဒီသမိုင်း တွေကို NGO ပေးငွေတွေ နဲ့ဖုန်းလို့ မရပါဘူး။ 
ဖျက်လို့ မရဘူး ကရင့်ခေါင်းဆောင်တွေ ကရင်တိုင်းရင်းသားတွေမှ သိ တာ မဟုတ်ဘူး အာဏာရှင် နေရာမက်သူကိုရွံ့မုန်းတဲ့ ဗမာလူမျိုးစုတွေ ကလည်းသိနေတယ်။။
ဥပမာ --သက်သေတစ်ရပ် အနေနဲ့ ကိုမိုးသီဇွန် တို့ လို လူမျိုးရှိနေ တယ် ပေါ့ --

ဒီတော့ ကျမတို့ တစ်တွေတာဝန်မကြေနိုင်ခဲ့သေးတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး တန်းတူအခွင့်အရေးရဖို့ ဘယ်လိုမူနဲ့ ဘယ်လိုပုံစံနဲ့  သွားသင့်သလဲဆိုတာ စစ်အုပ်စု မျက်စိစုံမှိတ်ထားသလို အလိုတူအလိုပါ အာဏာရူးတွေလည်း မသိဟန်ဆောင်ထားမယ် ဆိုရင်တော့ ဟော --၈၈ ကာလကျော်ကနေ ခုထိထားခဲ့တဲ့သူတို့ စေတနာ သူတို့ ရဲ့ ကရင်လူမျိုးတွေ လွတ်လပ်စေ့ချင်တဲ့မျော်လင့်ချက် တွေကိုစော်ကားရာကျပါမယ် ။။

ကျမတို့ ဗမာတွေဟာဒီလိုပါပဲလားလို့  နောက်ထပ် သမိုင်းသစ်မှာထပ်မတွင်ရစ်စေ့ချင်ရင်တော့ ကျေးဇူးတရားဆိုတာသိတက်ဖို့ အောင့် မေ့ဖို့ နဲ့ ပြန်လည်ပေးဆပ်တက်ဖို့ လိုအပ်တယ်သိတ်အရေးကြီးတယ်ဆိုတာတင်ပြရင်းကရင့်ခေါင်းဆောင်များကို အလေးအမြတ်ဂုဏ်ပြု လိုက်ပါတယ်
။။ ကရင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်ပါစေ။။

မေအိခင်(လယ်ဝေး) 

ရခိုင်အမျိုးသားတသင်းစာဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment