Friday 30 September 2011
နားကြားလွဲသောနားပင်းစဉ်
ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။
၎င်းတွင် သားသမီးမဖြစ်ထွန်းသ ဖြင့် ၀က်ကလေးတစ်ကောင်ကို မွေးစားထားခဲ့လေ၏။ 
ထိုဝက်ကလေးကို သားသမီးအလား လွန်စွာချစ်ခင်လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ 
ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ 
ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။
တစ်နေ့သ၌ ထိုဝက်သည် အိမ်မှထွက်သွားလေရာ ပျောက်ရှသွားခဲ့ရတော့၏။
နေ၀င်သော်လည်း ပြန်မရာက်သည့်အတွက် စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။
စိုးရိမ်တကြီးဖြစ်လာသဖြင့် စားမရသောက်မ၀င် သောကဝေဒနာဖြစ်ခဲ့ရလေ၏။ 
တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။
“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစားလျက် ရှိလေသည်။
ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။
ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာတင်လျက် အရှာထွက်ခဲ့လေသည်။ 
ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ ရောက်သွားမိလေသည်။ 
ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့လေသည်။
ထိုစဉ် ထန်းတက်သမားသည် ထန်းပင်ရင်းသို့ရောက်ရှိလာလေ၏။ 
ထန်းပင်များကို လှည့်လည်ကြည့်ရှုလေလျှင် ၀က်ရှာသမားကို ငုတ်တုတ်မှီကာ အိပ်ပျော်နေသည်ကို တွေ့ရလေသည်။ 
ထိုအခါ ထန်းတက်သမားက စဉ်းစားမိသည်မှာ-
“ဤလူသည် ထန်းရေကို ခိုးသောက်ပြီးလျှင် ယစ်မူးနေသည်။ 
ဧကန္တ မူးယစ်သမားဖြစ်ချေရာတည့်” ဟုအောက်မေ့လေ၏။
ထို့နောက်အနီးကပ်သွားလျက် ကြည့်ရှုလေသည်။ 
ထန်းတက်သမားရောက်လာခိုက်နှင့် ထိုလူနိုးခိုက် တည့်တည့်ဆုံကြလေ၏။ 
ထိုအခါ( အိပ်မွှမ်းစဉ်ထ) အိမ်မှုန်စုံမွှားဖြင့် ယောင်ယမ်းခဲ့လေသည်။
ထန်းတက်သမားသည် နားလေးထိုင်းမှိုင်းလေ၏။
ထိုသူ၏ ကယောင်ချောက်ချား ပြောဆိုသံကို“အစ်ကိုတို့ ထန်းတောလော” မေးသည်ဟု ထင်မိလေ၏။
ထို့ကြောင့်“ဟုတ်ပါသည်၊ ကျွန်ုပ်ယောက္ခမထန်းတောပါ” ဟုပြန်ပြောခဲ့လေသည်။
ထိုစကားကို ၀က်ရှာသမားက နားကြားတစ်မျိုးလွဲ၍ ကြားမိလေ၏။
“တောင်ဘက်သို့သွားလေသည်” ဟုကြားကာ တောင်ဘက်စူးစူးသို့ ထွက်ခွာသွားလေ၏။ 
တောချုံပုတ်တစ်ခု ကိုဝင်၍ ရှာမိလေရာ တကယ်ပင် ၀က်ကိုတွေ့ရလေ၏။ 
သို့ရာတွင် ၀က်မှာ ခွေးကိုက်သောဒဏ်ရာဖြင့် သောဆုံးနေပြီဖြစ်လေသည်။
ဝက်သေကိုမြင်လျှင်ဝက်ရှင်လည်း များစွာဝမ်းနည်း ကြေကွဲခဲ့လေ၏။ 
ဝက်ကိုပွေ့ဖက်ပြီးလျှင် ရှိုက်ကြီးတငင်ဖြစ်လိုက် ငိုကြွေးလိုက်ဖြစ်နေလေ၏။ 
ထိုနောက် ၀က်သေကောင်ကို ပခုံးပေါ်တင်လျက် ထမ်းယူလာခဲ့လေ၏။ 
သွားရင်းပင်လျှင် လမ်းတွင် အမျိုးမျိုးကြံစည်၍လာခဲ့လေ၏။
“ငါ့မှာ ငယ်ရာကပင်တယုတယမွေးစားလာခဲ့သည်။
သတ်စားဖို့ဝေးစွ ရောင်းချရန်ပင် စိတ်မကူးဘူး၊ယခုတော့ရန်သူလက်ချက်ဖြင့် အသေဆိုးသေရချေသည်။
မြေကြီးတွင် မြှုပ်နှံပစ်ရန်လည်း မသင့်တော်၊ကုသိုလ်တစ်ခုခုဖြစ်ပွားစေမှ ကောင်းမည်”ဟုအကြံဖြစ်ခဲ့လေ၏။
ထို့ကြောင့်ဘုန်းကြီးကျောင်းကို လှူရန် ကျောင်းထဲသို့ ၀င်သွားခဲ့လေသည်။
ဆရာတော်သည် ဆွမ်းစားပြီးခိုက်ဖြစ်၍ နေ့သန့်စင်ကာလဲလျောင်းလျက် နေလေသည်။ ၀က်ရှင်သည် ကျောင်းပေါ်ဆရာတော်ရှိရာသို့ဝက်ကောင်ကိုတင်ယူလာသည်။ 
ဘုရားရှေ့တွင်ထိုဝက်ကောင်ကို ချထားကာ ဆောင့်ကြောင့်ထိုင်နေလေ၏။
လူသံကြား၍ ဆရာတော်လည်း ထကြည့်မိရာ ထိုလူကိုမြင်လေသည်။
ထိုအခါ ဆရာတော်က ထပြီးသော်“ဒါယကာဘယ်ကလဲ”ဟုအမိန့်ရှိလေ၏။ 
ဝက်ရှင်က ဆရာတော်သိလို၍မေးသည်အထင်ဖြင့် ဖြစ်ပျက်သမျှကိုရှင်းလင်း လျှောက်ထားလေသည်။
ထို့နောက် ၀က်ရှင်သည်နေရာမှထလျက် ဆရာတော်ကို“၀က်ကိုလှူပါ၏။
”ဟုလျှောက်ထားလေ၏။
ထိုစကားကိုဆရာတော်က နားလေးသဖြင့် တစ်မျိုးကြားခဲ့လေ၏။
“ဆရာတော်ကျောင်းကခွေးကိုက်၍ ၀က်သေခဲ့ရသည်၊၀က်ဖိုးအလျော်ပေးရမည်”ဟုနားကြားလွဲခဲ့ရလေသည်။ 
ထို့ကြောင့်ဒေါသထွက်လျက်-
“ဟေ့...တကာ....မဟုတ်မရာ လာ၍စွပ်စွဲဘိသည်”ဟုပြောလိုက်လေ၏။
ဝက်ရှင်ကလည်း“အဲ...အဲ...တကာကောင်းလှသည်၊ ထားခဲ့လော့”ဟုနားကြားမိလေ၏။
ထိုအခါ ချထားမြဲနေရာထားကာ ကျောင်းအောက်သို့ဆင်းလာခဲ့လေ၏။
ဝက်ရှင်ဆင်းသွားလေသော်ဆရာတော်သည် ဒေါသထွက်ပေါ်လာခဲ့လေ၏။ 
အလျော်မရလောဟူ၍ သဘောဖြင့်ဝက်သေကိုထားခဲ့သည်ထင်နေ၏။
ထို့ကြောင့် ကျောင်းနေဦးပဉ္ဇင်းအားအသိပေးရန် အသံကျယ်လောင်စွာဖြင့်“ဟဲ့...ဦးပဉ္ဇင်းကြီး၊ဦးပဉ္ဇင်ကြီး”ဟုခေါ်လေ၏။ ဦးပဉ္ဇင်းကတိုက်ခန်းမှထွက်လာလျက် ဦးချလေ၏။
ထိုနောက် ခေါ်ရခြင်းအကြောင်းကို လျှောက်ထားလေ၏။ 
ထိုအခါဆရာတော်က...
“ယခုဆင်းသွားသောတကာသည် အလျော်တောင်းလာသည်၊ သူ၏၀က်ကို ကိုက်သတ်သေလျှင် အလျော်ပေးရမည်သာဖြစ်သည်၊ ကျောင်းတကာကြီးကိုခေါ်၍ ပြောချေလော”ဟု အမိန့်ရှိလိုက်လေသည်။
ဦးပဉ္ဇင်းမှာ နားထိုင်းသူဖြစ်လေသည်။ 
ဆရာတော်စကားကို “၀က်သားချက်ရန်အလို့ငှာ ကျောင်းတကာကြီးထံ သို့သွားချေ၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်၊မဆလာ တောင်းယူခဲ့လောဓဟု တလွဲတချော် ကြားသွားခဲ့ရလေ၏။ ဦးပဉ္ဇင်းရောက်သွားစဉ် ကျောင်းတကာကြီးသည် ရွာလယ်ကောင်ဇရပ်တွင် စပါးထည့်စရာပုတ်ကို ရက်လုပ်လျက်ရှိလေ၏။
တကာမကြီးလည်း အားအားရှိလေသဖြင့် ကလေးကို ခါးစောင်းတင်၍ ရွာလှည့်လည်လျက် သွားနေလေသည်။ 
ထို့ကြောင့် မတွေ့ရသဖြင့် အိမ်ကို ၀န်းလှည့်ကြည့်၍ ရှာလေ၏။
ထိုအခါ အိမ်အောက်တွင် (၁၅)နှစ်ခန့်ရှိအပျိုပေါက်အရွယ်သမီးငယ်တစ်ယောက်ကို တွေ့မြင်မိလေသည်။ သူငယ်မသည်၇က္ကန်းစင်တွင်ရက္ကန်းရက်လျက်ရှိနေလေ၏။
အမျိုးသမီးငယ်ထွက်လာသောအခါ ဦးပဉ္ဇင်းကြီးသည် မောင်းထောင်းဆုံထက်၌ထိုင်လျက် နေလေသည်။
အမျိုးသမီးအနီးရောက်လာလျှင်...
“တကာမငယ်၊ ယခုတကာတစ်ယောက် ကျောင်းကို ၀က်သားပံ့သကူလာလှူသွားသည်။ 
ချက်ရန်အတွက် ဆီ၊ဆား၊လိုနေ၍ ဆရာတော်က တောင်းခိုင်းလိုက်သည်။ 
တကာကြီး၊တကာမကြီးကိုလည်း မတွေ့မရှိ၊တကာမငယ်က ပေးနိုင်မည်လော။
ရကားရမည်လော” ဟုပြောဆိုခဲ့လေ၏။
ဦးပဉ္ဇင်းကြီးပြောသောစကားကို တကာမငယ်က နားကြားလွဲလေ၏။ 
ထို့ကြောင့်...
“အို...တကာမငယ် ယခုရက်ကန်းရက်နေသည့် ယဉ်သွား၊အနံယဉ်သွားစေ့ ဘယ်နှစ်ရာရှိသနည်း” မေးသည်ဟုထင်မှတ်သွားလေ၏။
သူမ၏နားကြားအတိုင်း....
“တစ်ထောင့်နှစ်ရာ ယဉ်သွားအနံပါဘုရား”ဟုဖြေကြားခဲ့လ၏။
ထိုသို့ဖြေကြားခြင်းကို ဦးပဉ္ဇင်းကြီးက...
“အရှင်ဘုရား၊တပည့်တော်မ အလုပ်မအားလပ်ပါ၊အရှင်ဘုရားပင်လျှင် တက်ရောက်၍အလိုရှိရာကို ယူဆောင်သွားတော်မူပါ” ဟုတလွဲတချော်ကြားခဲ့ရလေ၏။
ထို့ကြောင့် အိမ်ပေါ်သို့တက်၍လိုအပ်သမျှ ဆီ၊ဆား၊ငရုတ် စသည်တို့ကို ရှာဖွေယူသွားလေတော့၏။
ဦးပဉ္ဇင်းကြီးထွက်သွားသည်ကိုမြင်လေသော် သူငယ်မသည် စိတ်ဆိုးမာန်ပါ ဖြစ်ခဲ့လေ၏။
“သူများအိမ်ကိုလာပြီးလျှင်မဆီမဆိုင် မေးသည်သာမက အားပင်မနာမိ၊ အတင်းအိမ်ကိုတက်ပြီးလျှင် ယူလိုရာယူသွားသေးသည်။
ကောင်းပြီ နေပါစေ၊အမိရောက်က တိုင်ကြားသိစိမ့်မည်” ဟုမကျေမချမ်းပတောက်ပရစ် ရေရွတ်ပြောဆိုလိုက်လေ၏။ 
မကြာမီ မိခင်ဖြစ်သူ လည်း ကလေးချီမလျက်အိမ်သို့ပြန်လာခဲ့လေ၏။
မိခင်ဝင်လာသည်ကိုမြင်ရလေသော် ချက်ချင်းပင် အဝေးမှ လှမ်းခေါ်လေ၏။ အမိကြားလျှင် ကိစ္စအထူးရှိသည်အထင်ဖြင့် မေးမြန်းလေ၏။ 
arakanfolksဆိုဒ်မှ ကူယူထားပါသည်။
No comments:
Post a Comment