Friday 30 September 2011

ဒုက္ခ၀တီနန့်ဆင်းရဲသားရောဂါ

ကျွန်တော်အပါအ၀င်ဆီးတက္ကသိုလ်၊မကွေးက နောက်ဆုံးနှစ်အပိုင်း(ခ) ကျောင်းသူ/သားတိရေ ထွက်လာဖို့ စာမေးပွဲအောင်စာရင်းကိုရင်တုန်၊ပန်းတုန်နန့် စောင့်မျှော်နီကတ်ပါရေ။
အချိန်ကတော့ခါ ၂၀၀၆ခု၊ဒီဇင်ဘာ လ ပါ။
ကျွန်တော်ရို့ခန္ဓာတိရေ ဆောင်းရာသီဆိုစွာကို မိလားခလာမသိ။
အားလုံးသူချွေးဇောတိပြန်နီ ကတ် ပါရေ။
ရခိုင်သားထဲက ကျွန်တော်အပါအ၀င် ကျောင်းသား(၆)ယောက်တစ်ဘာသာစီသျှူပါရေ။
ယေဇုနန့် ကျွန်တော်ဧ့ ပြည်တော်ပြန်ခရီးရေ နောက်ထပ်(၆)လကြန့်ကြာလားပါရေ။
ကျွန်တော်သျှူရေဘာသာရပ် ကတော့ခါဆီးပညာမှာ အခက်ဆုံးလို့ယူဆထားကတ်တေ ခွဲစိတ်ဘာသာရပ်ပါ။ယင်းခါကပင် ခွဲစိတ်ဆိုကေ နားကြောစိမ့်ရေ။
အသံကြားရေလောက်ကပင် ဒူးတုန်ပါလတ်ပါရေ။
ဆီးတက္ကသိုလ်မှာ(၅)နှစ်ခွဲကြာခပြီးကေ အလုပ်သင်ဆရာဝန်(House Officer)အတွက် အာရက္ခမြို့တော် စစ်တွေ ဆီးရုံကြီးမှာ ဆင်းရပါရေ။
ကလေး၊သားဖွား၊ခွဲစိတ်၊ဆီးပညာ လေးခုဟိပြီးကေ တစ်ခုစီမှာ သုံးလစီ ဆင်းရပါဖို့။ ကျွန်တော်ပထမဆုံးဆင်းရဖို့ Ward ၀(တ်)က ခွဲစိတ်ဆောင်မှာပါ။
နဂိုကပင်ခွဲစိတ်ဆိုကေ အလိုလိုကြောက်နီ စွာမှာခွဲစိတ်ဆောင်မှာ စဆင်းရဖို့ဆိုစွာရေ ခြင်္သေ့ဟိရေဂူကို ၀င်ရဖို့ပိုင်ပါဗျာယ်။
ယင်းလောက်စွာမှာခွဲစိတ်ဌာနကအကြီးဆုံးဆရာဝန်ဒေါက်တာထွန်းသိန်းအောင်က ကောင်းကောင်းကြောက် ဖို့ကောင်းရေလတ်။
စိတ်တိုတတ်တေလတ်။
စိတ်မခြီကေ ရစရာမ ဟိအောင်ပြောရေ လတ်။
အေပိုင်နား သန်းနားဝါကြားရရေခါ ပိုလို့တောင်လန့်ပါလတ်တေ။ ဆရာကြီး ကိုတောင် မမြင်ဖူးသိမ့်။ကြောကတော့စိမ့် ချင်နီဗျာလ်။ဗူးလီးရာ၊ဖရုံဆင့် မဟုတ်ပါ။သံတုံး၊သံခဲ ဆင့်ပိုင်တွိပါရေ။
ဆရာကြီးနန့် ၀(တ်)ရောင်း(Ward Round)ပြီးကေမိတ်ဆက်စကားပြောစွာနန့် ကျွန်တော်ထင်ထားရေ၊ ကြားရေပိုင်ကြောက်ဖို့ကောင်းရေလူတစ်ယောက်မဟုတ်ပါ။
ကျွန်တော်ရို့(House)တိကိုလေ့သော့ သားသျှေ တိ၊တပည့်သျှေတိပိုင် နွီးနွီးထွီးထွီးကြိုဆိုပါရေ။
ဆရာကြီးဧ့ အပြောအဆို၊ဒဿနတိက ဆရာကြီးရေ အပေါက်ဆိုးချင်ကေဆိုးဖို့၊လူနာတိဘားမှာတော့ခါ ကြင်နာစိတ်၊သနားညှာတာစိတ်၊ ကရုဏါတရား အပြည့် နန့်ကိုယ့်ကျိုးမဖက်ဘဲကုသနီရေ စွန့်လွှတ်အနစ်နာခံဆရာဝန်တစ်ယောက် ဆိုစွာကို ကျွန်တော်ခန့်မှန်း လို့ရပါရေ။
“ကျူတီ”ခန်းမှာထိုင်ပြီးကေ လက်ဖက်ရည်သောက်နီစဉ်မှာ Nurse န(စ်)တစ်ယောက်က NA (လူ နာသစ်)တစ်ယောက်လာရေလို့ပြောပါရေ။
ဆရာကြီးနန့်ကျွန်တော်ရို့House တိရေလူနာကိုလားကြည့် ကတ် ပါရေ။
လူနာကိုစမ်းသပ်ပြီးကေဆရာကြီးက လူနာစောင့်ကို အခုချက်ချင်း ခွဲစိတ်ဖို့လိုအပ်ကြောင်း၊ မခွဲ ဆိုကေ လူနာအသက်ရှင်ဖို့မဖြစ်နိုင်ကြောင်း ရှင်းပြပါရေ။ယင်းပိုင်ပြောစွာနန့် လူနာစောင့်မျက်နှာထက် မှာ စိုးရိမ်ခြင်း၊ကြောင့်ကြခြင်း၊အားငယ်ခြင်း၊သိမ်ငယ်ခြင်း စရေအရောင်တိကို အထင်းသားတွိလိုက်ရပါရေ။ “အကျွန်ရို့မှာ ပါရေဖေသာနန့် ဇာပိုင်ခွဲစိတ်လို့ရပါဖို့လဲ”လို့ပြောနီရေပိုင် ပါဗျာယ်။
လူနာကတော့ခါရသေ့တောင်နယ်ကပါ။
ဇာရွာလေ့ဆိုစွာတော့ခါ မမှတ်မိပါဗျာယ်။
အရောင်မဟိရေ အ၀တ် ကို ၀တ်ထားလောက်ပင် သူဧ့လူနီမှုအဆင့်အတန်းကို ခန့်မှန်းလို့ရပါရေ။
လူနာစောင့်နှစ်ယောက် (အေးမ နန့်အဖ)ကတော့ခါ လယ်ယာလုပ်ငန်းတိ၊အခြားအလုပ်ကြမ်းတိကိုပင်ပင်ပန်းပန်းလုပ်ထားရမှန်း သိသာ ပါရေ။ အာဟာရပြည့်အောင်မစားရ၊ လုပ်ရစွာတော့ခါ အားဟိသမျှလုပ်ကတ်ရရေ။
နယ်ကလူတိထုံးစံ အတိုင်း ပိန်ရှုံ့ကျနီကတ်ပါရေ။
သူရို့အ၀တ်အစားတိလေးသော့အသစ်လဲစရာမဟိဘဲ အထပ်ထပ်အခါခါ ၀တ် ထားရရေအတွက်နန့် နဂိုရုပ်ပျောက်နီကတ်ပါဗျာလ်။မီးကြည့်ရေခါ ကိုယ်ပိုင်လယ်ဆိုလို့ ဇာတစ်လဲမဟိ ဘဲနန့်လူဘားမှာ အငှားလုပ်နီရေလတ်။
အခုခေတ်ထိအောင် ကျွန်တော်ရို့ရခိုင်ပြည်မှာ Proletariat တိဟိ နီသိမ့်စွာကို တွိရပါရေ။ ဇာခါလူတန်းစားမီပါဖို့သိမ့်လဲ။
အဂုစစ်တွေကိုလာစွာတောင်မှ ရွာကလူတိက မမြင်နိုင်လို့ အလှူငွီကောက်ဗျာ ဘုတ်ငှားပြီးကေ လွှတ်လိုက်စွာပါလတ်။
န(စ်)က လူနာမှာဖေ့သာ(၁၅၀၀၀ိ/-)လောက်ရာပါရေလို့လာပြောပါရေ။
လုံးဝ poor ပါ။
အေဟင့်ကိုကြားရေ ခါ လူနာမပြောကေ့၊ ကျွန်တော်တောင်မှ ဇာပိုင်လုပ်ပီးရဖို့ဆိုစွာကို စဉ်းစားမရဖြစ်နီ ပါရေ။
ဂေါင်း ထဲမှာ မီးရထားတစ်စီး လားနီပိုင် တွိပါရေ။
ဇာဖြစ်လို့လဲဆိုကေ မိဆီးတစ်ဆပ်စာနန့်နောက်လိုအပ်တေ ပစ္စည်းပစ္စ ယတိအတွက် အနည်းဆုံး ဖေသာ(၅၀၀၀၀ိ/-) လောက်လိုပါရေ။
ခွဲစိတ်ပြီးကေလူနာအခြီ အနီကို မူတည် ပြီးကေ (၇)ရက်ကနီ (၁၀)ရက်အထိ ဆီးဆိုး၊ဆီးသွင်း၊ လုပ်ရပါဖို့သိမ့်။ မသင့်ကေ second time operation (ဒုတိယအကြိမ်ခွဲစိတ်ခြင်း)လုပ်ရပါဖို့သိမ့်။ယင်းအတွက်နန့်ဖေသာ(၃၀၀၀၀ိ/-)လောက်လိုပါရေ။
လူ နာစောင့် စားဖို့၊ သောက်ဖို့နန့် ဖေသာတစ်သိန်းခွဲလောက်ပါမှရာ ခွဲစိတ်လို့ရဖို့ အခြီအနီပါ။
ယင်းဟင့်တောင် ဆရာဝန်အတွက်ခွဲစိတ်ခ မပါပါသိမ့်။
(မှတ်ချက်-ဆရာကြီးရေဆီးရုံမှာခွဲစိတ်တေလူနာတိဘားက ခွဲစိတ်ခ လုံးဝမယူပါ)။
လူနာသျှင်မပြောကေ့ အလုပ်သင်ဆရာဝန်ဖြစ်တေကျွန်တော်တောင်မှ ကုန်ဖို့စရိတ်ကို စဉ်း စားယင်း ချွေးပြန်ပါလတ်တေ။
ဇာပိုင်လုပ်ရဖို့လဲ၊ ငွေမဟိကေသီပီးလိုက်ရဖို့လား။
ဆရာကြီးကကျွန်တော်တွေး နီစွာကို အရိပ်ကျလာမသိ။
“အေဟင့်တိက ရိုးနီဗျာယ်ဝေ။နိစ္စဓူဝ ကြုံတွိနီရရေ ပြဿနာတိရာ။
ငါရို့ခွဲစိတ်ဆောင် ကို ရောက်ပါ လတ်တေလူနာတိုင်းနီးပါးရေ ခွဲစိတ်ခကိုထား၊စားဖို့တောင်အနိုင်နိုင်။အခုမင်းရို့မြင်ရေမလား၊ ဇာပင်ပြောပြော ငါကတော့ခါ အေပိုင်FOC (အလကား)ပီးရဖို့လူနာတိနန့် နပန်းလုံးနီရစွာရာ” လို့ပြောပါရေ။ အဂုပိုင်ဖြစ်နီစွာကို ရိုးရာတစ်ပိုင်းပိုင် သဘောထားပုံရပါရေ။
ဆရာကြီးပြောပုံက ညဉ်းသံနန့်လည်းမတူ။
စိတ်ဆင်းရဲပုံလည်းမပေါက်။
ကျွန်တော့်ပိုင်အဂုမှ ဥကကွဲသိမ့်ရေ ဆရာဝန်ပေါက်စသျှေအတွက်တော့ခါ တုန်လှုပ်ဖို့ကောင်းရေ ပထမဆုံးအတွိ့အကြုံပါ။
“ဝေး-ငစော၊မင်း ဆီး“ဗီဒို”ကိုဖွင့်၊ မိဆီးတစ်ဆပ်စာရှာ၊ မပြည့်ကေ အောင်သာကျော်ဆိုင်(ဆီးရုံဆီးဆိုင်) လားယူခိုင်း၊ငါနောက်မှသျှင်းမေ၊ လူနာကို ခွဲစိတ်ခန်း ပို့ဖို့ပျင်” လို့ပြောပြီးကေအရီထူနီဗျာယ်ဖြစ်တေ ဆရာကြီးရေ လက်ဆွဲအိတ်ကိုကိုယင်ဗျာယ် ခွဲစိတ်ခန်း ကိုလားခပါရေ။ ဗီတိုထဲမှာတော့ခါ မိဆီးတစ်ယောက်စာ မပြည့်ပါဗျာယ်။
လွန်ခရေ နှစ်ရက်လောက်ကမှ poor တစ်ယောက်ကို FOC ပီးလိုက်ရလို့ပါလတ်။
အေပိုင်ပီးရစွာ လူနာရေတစ်လမှာ(၅)ယောက် ၊(၆)ယောက်လောက်ဟိပါရေလတ်။
ဇာခါ လိုက်လို့မီပါဖို့လဲ။
အေဟင့်တောင် ဆရာကြီးတစ်ယောက် ဇာလောက် အိတ်စိုက်ထားလီဗျာယ်လေမသိ။
ဇာပင်ပြောပြောခွဲစိတ်စွာက တော့ခါအောင်အောင်မြင်မြင်နန့် ကြီးလားပါရေ။
လူနာဘားကတစ်ပြား တစ်ချပ် လေ့သော့ထုတ်စရာမလိုလိုက်ပါ။
ယေပြီးကေ ပြီးဗျာယ်လား။မပြီးသိမ့်ပါ။
ခွဲစိတ်ပြီးလူနာတိကို ဆီးထိုးဆီးသွင်းလုပ်ရပါဖို့သိမ့်။
ကျွန်တော်ပစဟဖို့ ပျင်တုန်းသိမ့် “ဝေး- ငစော မင်းရို့စိတ်မပူကေ့၊ငါရို့မှာ “ဖွတ်”ဖောင်ဒေးရှန်းက လှူထားရေ ဆီးတိဟိရေ။
ဆီးစတိုကိုလား၊ပြီးကေ လိုအပ်တေဆီးတိကိုယူပီး လိုက်” ဆိုလို့ ကျွန်တော်တစ်ယောက် အလုံးကြီးကျလားပိုင် တွိ့ပါရေ။
ဆရာကြီးပြောရေ ဖွတ်(Ford-မဟုတ်ပါ) ၊ဖောင်ဒေးရှင်းဆိုစွာရေ ဆရာကြီးနန့်သူ့ကိုယုံကြည်ရေ မိတ်ဆွီဆရာဝန်တိဘားက ထည့်ဝင်ရေငွီ နန့် ထောင်ထားရေအဖွဲ့ပါလတ်။
ဥက္ကဌကတော့ခါ ပြည်နယ်ငှက်ဖျား တိုက်ဖျက်ရေးဆရာဝန်ကြီး ဒေါက် တာချမ်းသာလို့ဆိုပါယင့်။ ယင်းပိုင်နန့်ဆီးစတိုကလိုအပ်တေဆီးတိကို နိစဉ်ထုတ်ပီးရပါရေ။
လူနာအခြီအနီသက်သာလာလို့ ခုနစ်ရက်မြောက်နိခါ အာဟာရဟိရေအားဖြစ်ဖို့ အစာပျော့၊အရည်တိကို စကျွေးရဖို့လို့ ဆရာကြီးကရောင်းအလှည့်မှာပြောပါရေ။
လူနာစောင့်ကတော့ခါ အာဟာရဖြစ်တေအစား အစာတိကို သိပုံမပေါ်ပါ။
သိကေတောင်မှ ၀ယ်ဖို့ငွီဟိလီဖို့မဟုတ်ပါဗျာယ်။
“ယာ-အေငွေသုံးထောင်ကိုယူ၊ အိုဗာတိန်းတစ်ဗူးဝယ်ပြီးကေတိုက်၊ဇာဗူးလို့မသိကေ ဘေးကလူတိကိုမီးကြည့်” လို့ပြောယင်းအိတ်ကငွေကို ထုတ်ဗျာလ် လှမ်းပီးလိုက်ပါရေ။
လူနာသျှင်အပါအ၀င် လူနာစောင့်တိပါ ကောင်းကောင်းကျေးဇူးတင်ရေအကြည့်၊ ၀မ်းသာနီရေအပြုံး၊အံ့ သြနီရေမျက်နှာတိနန့် တုန့်ပြန်ကတ်ပါရေ။
ပစကထုတ်ဖော်မပြောကေလေ့ ကျွန်တော်ရို့မြင်လိုက်ရပါရေ။
လူနာရေဆီးရုံမှာ(၁၂)ရက်နီခပြီးကေ ကျန်းကျန်းမာမာနန့်ရွာပြန်လားခပါရေ။
စစ်တွေဆီးရုံမှာကြုံတွိခရရေ အဖြစ်အပျက်ကို သူရို့တိတစ်သက်လုံးမှတ်ရနီဖို့စွာတော့ခါ သေချာပါရေ။
ဆီးရုံကမဆင်းခင်မှာ ဆရာကြီး ကို ကျေးဇူးတင်စကား တတွတ်တွတ်ပြောဆိုပါရေ။
ရွာပြန်ဖို့စရိတ်ထဲက ငွေ(၂၀၀)ကိုထုတ်ဗျာ အလှူထည့် ဖို့ပျင်လို့ ကျွန်တော်ရို့House တိကမနည်းပြောပြီးကေ ပြန်ပီးလိုက်ရပါရေ။
လက်ကောက်၊ ပုတီးတိ ၀တ်ထား ပြီးကေ ဒင်္ဂါး(၅၀၀)တောင် အလှူမထည့်ချင်ရေ လူတိနန့်ဆာဖို့ဆိုကေ အဂုလူကို ဂုဏ်ပြု ဖို့တောင်ကောင်း ပါရေ။
လူတစ်ယောက်အေလောက်သီလုနီးပါးဖြစ်အောင်လုပ်တေ ရောဂါကဇာရောဂါပါလို့လဲ။
လူအများစုသိ ကတ်တေအူရောင်ငန်းဖျားရောဂါ(ခေါ်) Typhoid (Enteric)Fever ရောဂါဖြစ်ပါရေ။
မသန့်သျှင်းရေရီ ကိုသောက်ကေ အေရောဂါဖြစ်တတ်တေဆိုစွာကိုတော့ခါ အကြမ်းအားဖြင့် အားလုံးသူနီးပါး သိကတ်ဖို့ပါရာ။
EntericFeverကိုမကုသဘဲထားကေအူသိမ်မှာအနာဖြစ်ပါလတ်တေ။
ယင်းအနာချေ တိကြောင့် နောက်ဆုံးမှာ အူပေါက်ကျပြီးကေ ၀မ်းခေါင်းတစ်ခုလုံး မသန့်ရှင်းရေအစာတိ၊ မစင်တိနန့် ပြည့်လားခပါရေ။
ယင်းဟင့်ကို Enteric Perforation လို့ခေါ်ပါရေ။
အေဟင့်ကို ချက်ချင်းမခွဲစိတ်ကေ Septicaemia(တစ်ခန္ဓာလုံး ဘတ် တီးရီးယားပြန့်နှံ့ခြင်း)နန့် သီပါဖို့။
အေရောဂါရေ ရီကောင်း၊ရီသန့်သောက်နိုင်ရေလူတိ၊ ရီကို ကြို ချက်သောက်ရဖို့လို့ သိရေလူတိမှာတော့ခါ အလွန်အဖြစ်နည်းပါရေ။
ကျွန်းက၊မြို့ကသူဆင်းရဲတိကတော့ခါ ရီကိုကြိုချက်သောက်ဖို့ဆိုစွာထား၊ လက်မဆီးဘဲထမင်းစားစွာက ပုံမှန်ဖြစ်နီပါဗျာယ်။(လက်ကို“သဗုံ” နန့်မ ဆီးဘဲနန့်လက်ဆီးခွက်မှာ“ဂျုပ်ခနဲ”နှစ်ပြီးကေစားစွာကိုဆိုလိုပါရေ)။
သူရို့အတွက် ယင်းဟင့်တိရေ ငွီ ၅၀၀ိ/-ရဖို့စွာလောက် အရေးမကြီးပါ။
အေဟင့်ရေအခြီခံ ကျန်းမာရေးအသိမဟိလို့၊ပညာမတတ် လို့၊ နောက် ဆုံးငွီမဟိလို့-စရေ စရေ- ဇာသူ့ကိုလားပြီးကေ အပြစ်တင်ရဖို့လဲ။
“မသိလို့မဟိ၊-မဟိလို့မသိ” ဆိုစွာရေ ကျွန်တော်ရို့ရခိုင်သားတိကို ပြောစွာလားက မဆိုနိုင်။
ယေဇုနန့်အေပိုင် ဆင်းရဲသားရောဂါတိ နန့်နပန်း လုံးရစွာက အဆန်းကမဟုတ်ပါလို့ ဆိုချင်ပါရေ။
“မင်းရို့တွိရေမလား၊ ငါရို့ရခိုင်သားတိ ဇာလောက်စုတ်ပြတ်သတ်နီရေဆိုစွာကို။
Enteric Fever လောက်နန့် ရာသီပီးနီရရေဆိုလောက်ကပင် ငါရို့ရခိုင်သားတိရေ ဇာလောက်ကျန်းမာရေးအဆင့်အတန်း နိမ့်ကျလေဆို စွာကို မင်းရို့မြင်ဗျာယ်မလား။
ဆီးရုံတက်လာရေ poor လူနာတိုင်းကို FOC ပီးနိုင်ဖို့ ကြိုးစားရေအလုပ် ကတော့ခါ ဒေပြဿနာကို ဖြေရှင်းနိုင်ရေ နည်းလမ်းမဟုတ်မှန်းငါသိပါရေ။
ယေကေလေ့ ငါအတတ်နိုင်ဆုံး လုပ်ပီးစွာ။
ကိုယ်တတ်နိုင်စွာကို ကိုယ်လုပ်စွာ။
ငါရို့နောက်ဆို သီဖို့ဗျာလ်။
ယင်းတာဝန်တိကို မင်းရို့တိက ဆက်ခံရဖို့။
ဆက်ပြီးကေ အတတ်နိုင်ဆုံး လုပ်ပီးရဖို့။
ကူညီပီးရဖို့” လို့ ဆရာကြီးက ကျွန်တော်ရို့ House တိကို သြ၀ါဒ ပီးပါရေ။
ဆရာကြီးပိုင် Edinburgh (UK) က FRCS (ခွဲစိတ်အထူးကုသမားတော်ဘွဲ့) ရခရေ လူတစ်ယောက်တောင် က လေးရပ်ဝတီထက် အဆတစ်ရာလောက်သာရေ ရိုးမအရှိကိုမလားဘဲနန့် ကိုယ့်မွီးရပ်မြီမှာ နီနိုင်ရေ ဆိုကေ ကျွန်တော်ပိုင်M.B.B.S ပေါက်စတိက မနီနိုင်စရာအကြောင်းမဟိပါ။
(FRCS ဘွဲ့ရ သမားတော် တိုင်းရေ ရန်ကုန်၊မန္တလေးမြို့တိမှာရာ မွိပျော်ကတ်ပါရေ) အေပြဿနာမျိုးက ဇာလောက်ကြာဖို့သိမ့်လဲ။
ဇာလောက်ဟိခဗျာယ်လေဆိုစွာကိုတော့ခါ ကျွန်တော်မခန့်မှန်းနိုင်ပါ။
ယေကေလေ့ ဆရာကြီးတစ်ယောက် ဆီးရုံကနီပြီးကေ FOC လက်နက်နန့် အတတ်နိုင်ဆုံးတိုက်ဖျက်နီဖို့စွာတော့ခါ သေချာပါရေ။
လက်ဆင့်ကမ်း ဆက်ခံရဖို့စွာက ကျွန်တော်ရို့တာဝန်။
ဇာပင်ပြောပြော BC ၅-ရာစုမှာ မရီကလီ(Pericles) အပါအ ၀င် အေသင်မြို့သား သုံးပုံတစ်ပုံသီရေရောဂါ။
သျှားဒါဝင်သမီး(Annie) သီရေရောဂါ။
အနောက်ဥရောပကို ထား၊ အရှိတောင်အာရှတစ်ချို့မှာတောင် ပြတိုက်ထဲမှာ ထားရဖို့ပင်နီရေ ရောဂါ၊အေရောဂါ-အေရောဂါရေ ကျွန်တော်ရို့ဓညမြီကိုဇာခါကပင် ဒုက္ခပီးနီစွာက မဆိုနိုင်ပါ။
တစ်ချိန်က ရွှီရောင် တောက်ပြောင်ခရေ ရွှီပြည်ကြီးရေ အေပိုင် စုတ်တိစုတ်ပြတ်၊ နုံချာရေ ရောဂါကို ဇာဖြစ်လို့ ခံစားနီရရေဆိုစွာကို ကျွန်တော် စဉ်းစားလို့မရဖြစ်နီရေ။
ယင်းအတွက် ဆင်းရဲခြင်း၊ မဟိခြင်း၊ မသိခြင်းတိ သံသရာလည် နီရေ အေပြည် ကြီးရေ တစ်ချိန်က ရွှီရောင်တောက်ခစွာဟုတ်က ဟုတ်ယင့်လားလို့ သံသယ၀င်မိယင်း.....။

မောင်ကြီးသျှင် (ပုဏ္ဏားကျွန်း)

အောင်တံခွန်ဝံသရက္ခိတ မဂ္ဂဇင်း အတွဲ(၄)၊အမှတ်(၃) မှကူးယူဖော်ပြသည်။

Arakanfolksဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment