Friday 18 November 2011

The Ten Secrets of Leadership ဂေါင်းဆောင်မှုလျှို့ဝှက်ချက် ဆယ်ခု (၂)

2) Inspiring rhetoric is necessary – but only in moderation.
ဥာဏ်ရွှင်စီရေ ဟောပြောမှုအတတ်ပညာ ဟိဖို့လိုအပ်တေ။ မျှတမှုဟိဖို့လေ့လိုရေ။

တခါက နပိုလီယံပြောဖူးခရေ “ဂေါင်းဆောင်စွာ မျှော်လင်းချက်ရောင်ခြည်ကိုချပီးရေ ဖေါက်သည်တယောက်ဖြစ်တေ။”  ဂေါင်းဆောင်တယောက်ရေ မျှော်တလင်းလင်းဖြစ်စီရေ မျှော်လင်းချက်မျိုးနန့် ဟောပြောမှုကို တတ်ကျွမ်းရေ ပညာသျှင်တယောက်ဖြစ်ဖို့လေ့ လိုအပ်တေ။

စက်တင်ဘာ 9/11 မှာ ပြည်သူရို့နှစ်လုံးသားထဲ အမှတ်ရစွဲကျန်ခရေမိန်းခွန်းကို ဟောပြောပြီးနောက်မှာ လူတိုင်းကသမ္မတဘူးခ်ျကို အီရတ်ကိုဝင်တိုက်စီချင်ကတ်တေ။ အထူးသဖြင့် သူ့မိန်းခွန်းကို ဂရုတစိုက်နားထောင်လိုက်တေခါ လုပ်ဖေါ်ကိုင်ဖက်ဖြစ်တေ တိုနီဘလီယာထက် အဆပေါင်းများစွာ အပြောဆိုသွက်လက်တေ။
လေးနက်အဓိပ္ပါယ်ဟိရေ။ ယေကေလေ့သွင့် အလွန့်အလွန်လှပရေ မိန်းခွန်းချွဲးခြင်းမျိုးက အကျိုးရလာဒ်နည်းစီပြီးကေ အန္ဒရာယ်ဘက်ကို ဦးတည်လားတတ်တေ။
ဥပမာ…အာကာသဟင်းလင်းပြင် ထိမ်းချုပ်မှုအန္ဒရယ်နန့်ပါတ်သက်လို့ သမ္မတရယ်ဂန်မိန်းခွန်းကိုကြည့်ပါ “သေချအောင် ပထ၀ီမြီကြီးကို တိတ်တိတ်ချေ လက်ထိတ်ခါတ်ထားလိုက်ကတ်မေ။”

ဘဲလ်ကလိန်တန်အားသန်ရာ စိတ်အာရုံကိုအထူးစောင်းပီးပြီးကေ အရာရာတိုင်း ချောမွီ့ပြေပြစ်လှပရေ အပြောအဟောမျိုး။
ငယ်သည်ဖြစ်စီ၊ ကြီးသည်ဖြစ်စီ-အကယ်၍-သင်၏မိန်းခွန်းဟောပြောမှုတိုင်း လှပချောမွီ့နီပါက ပြည်သူရို့ သံယောင်လိုက် တုန့်ပြန်တတ်တေ။
နောက်တခု လှပရေစကားစုတိကို ဖြုံးတီးသုံးစွဲထားမှုကြောင့် ထူခြားရေအံ့တုမှုမျိုးနန့် ရင်ဆိုင်လာရရေခါ သင်မှာပြောဆိုရမည့်စကားစုတိ ကုန်ခန်းမှုနန့် အကြီးအကျယ်ရင်ဆိုင်ရတတ်တေ။
ဖြန်ကလိန်ဒီရိုးစ်ဘဲလ်က အခါအားလျှော်စွာ မိန်းခွန်းတိထဲမှာ၊ အလွန့်အလွန်အရေးကြီးရေအခါမျိုးမှာ၊ နားထောင်သူပရိတ်သတ်တိကို စိတ်ဝင်တစား နားထောင်လာစီရန် ချင်းလင်းပြတ်သားရေ အသုံးအနှုန်းတိကို သုံးလေ့ဟိရေ။ လူတိုင်းကစံထားထိုက်တေ ရိုးစ်ဘဲလ်၏တိုက်တွန်းနှိုးဆော်၊ ဆုံးမရေစကားတခုမှာ “ကျန်တော်ရို့တခုကိုလေ့ ကြောက်နီစရာမလို၊ ကိုယ့်ကိုကိုယ်ကြောက်နီစွာရာ။” ပြည်သူတရပ်လုံးနှစ်လုံးသားထဲမှာ အမှတ်ရကျန်ခရေ။
သူ့ပိုင်ငါ့ပိုင် ပြောနိုင်ရေစကားလုံးပါရာ။

ယင်းအပြင် လူထုဟောပြောပွဲ့တိမှာ စွန့်လွှတ်အနစ်နာခံပြီး စိတ်ဓါတ်ကြံခိုင်အောင်၊ အကျင့်ဇာရိတ္တကောင်းမွန်လာအောင်၊ ပြုပြင်လာနိုင်အောင် ပြောင်ပြောင်ပွင့်ပွင့် ပြောဆိုသင့်ရေ။
စီမံခန့်ခွဲတီးဖြတ်သူတယောက်ပိုင် သီအိုဒိုရိုးစ်ဘဲလ်က သန်းပေါင်းများစွာသောလူထုကို အရေးမထားဘဲ “သူခိုးတိ၊ သူခိုးတိ” လို့ ခေါ်လိုက်တေ။
ဒေါမာန်ထလာရေ မျက်လုံးတိကိုမြင်လိုက်တေခါ အရောင်မဟိရေ အရိုးခံအမှန်တရားကို ပြောလိုက်တေ။
ဥာဏ်အမြှော်အမြင်ကြီးနီခြင်းထက် အနှစ်သာရအပြည့်နန့် အားမာန်ဟိစီရေ စကားတိက ထိထိမိမိ ဖြစ်စီရေ။
စွဲမက်စီရေ။
သမ္မတလိန်ကွန်- သူ၏ပြင်းထန်ရေ စိတ်ဆိုးမှုကို စကားလုံး ၈ လုံးနန့် ဖေါ်ပြခရေ- “ကပ်ဖားစားကောင်တိရာ မမှားခကေ၊ မှားစရာအကြောင်းတခုလေ့ မဟိ။
” သူ့နိုင်ငံရေးလုပ် သက်တန်းကိုတခုလုံးကို အေစကားလုံးနန့် ချုံပြောခရေ။
ဂေါင်းဆောင်တိုင်း သဘောပေါက်နားလည်ထားဖို့စွာတခုက ပကတိအမှန်ကိုဆန့်ကျင်ပြီး စကားလုံးတိုင်း စကားလုံးတိုင်း စွမ်းရည်ပါဝါမဟိဆိုစွာကို ကောင်းကောင်းသိထားဖို့လိုရေ။

၂၀၀၈ ခုနှစ်အတွင်းက မူလန်းကျောင်းတခုမှာ ဆီးနိတ်လျွတ်တော်အမတ် ဟဲလာရီကလိန်တန်က အိုဘားမ၏ အဘိုးတန်စကားလုံးတိကို ဝေဖန်လိုက်တေ။
အိုဘားမ သွက်သွက်လက်လက် တုန့်ပြန်ခရေ။
အပြောအဟောကျွမ်းကျင်ရေ တက္ကသိုလ်ကဌိကချေတယောက်ပိုင် ဒီမိုကရေစီနိုင်ငံတခုမှာ မပစ်ပယ်နိုင်ရေပြည်သူလူထုကို ကောင်းကောင်းလှုံ့ဆော်၊ ပြောဆိုစည်းရုံးနိုင်ခရေ။

ဟဲလာရီကလိန်တန်ကလေ့ ထောက်ပြစရာအကွက်ချေတိ ဟိခပြန်ရေ။
တတ်စွမ်းနိုင်ရေ ဂေါင်းဆောင်ကြီး ဂျဲဖာဆွင်၊ လိန်ကွန်၊ မာတိန်လူသားကိန်းရို့ပိုင်- အမြှာ်အမြင်ဟိရေစကားလုံးတိနန့်၊ တခါတခါမှာ ပြိုင်ဖက်ကိုအနိုင်ရစီဖို့၊ အလုံးစုံနှိမ်နင်းဖို့၊ တခါတခါမှာ သူမနိုင်ကိုယ်မသာ ဖြစ်စီဖို့၊ တခါတခါမှာ နှစ်ဦးနှစ်ဘက်မျှတစီဖို့၊ သဟဇာတကျစီဖို့ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခရရေ။


ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
 
ကိုခိုင်မြသိန်းဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment