Wednesday 16 November 2011

မြို့အစစ်မှာကျွတ်တေ၀ါကို မြို့အတုကလွမ်းရေငါ


ဝါကျွတ်ဗျလ်လား။ တန်းဆောင်ဘုန်းဗျလ်လား။ 
ရခိုင်ပြက္ခဒိန် မဟိရေ ကျောင်းသမချေတယောက်အခန်းက အိမ်မဟုတ် ယာမဟုတ်ဆိုခါ ကကောင်းပင် ပျင်းစာရိစာ။
                                                                  ၁။
တာဝတိံသာစော် ယင်းအချိန်ခါကျိန်းနီအောင်မည်းလို့မှောင်နီရေလို့မဟိ။ လပြည့် ပြည့် မပြည့်ပြည့် မီးပုံပျံတိနန့် ပြည့်နီရေ။ 
တကိုယ်ရည်လုံးချင်းတီး မီးပုံပျံလား။
သားသမီးတွဲလီတွဲလောင်းနန့် မီးပုံးပျံလား။ ဇာပင်ဖြစ်ဖြစ် အာကာတခုလုံး ၀ါကျွတ်မီးပုံတိ အပြည့်နန့် ကိုးနှစ်သမီးချေတယောက်ဘ၀မှာ ကြည်နူးမှု၊ ပျော်ရွှင်မှုတိကို အဓိပ္ပါယ်မသိကေလေ့ တ၀စားခရရေ။ 
အိမ်ရှိမှာ ဖယောင်းတိုင်ကို အသည်းပုံဖော်ကတ်တေ။
ဝလုံးပုံဖော်ကတ်တေ။ နာမေချေတိရီးကတ်တေ။ 
ရောင်စုံဖယောင်းတိုင်တထုတ်လုံးကုန်အောင် တန်းထားတိမှာ တန်းစီထွန်းကတ်တေ။ သစ်ပင်ချေတိမှာ တက်ထွန်းကတ်တေ။ 
ပျော်လိုက်တေ။
အကျွန်ရို့အတွက် လျှပ်စစ်မီး ယင်းအချိန်ခါသမယမှာ မလိုပါဝေ။ ဘုရားသျှင်ကို ဖယောင်းတိုင်နန့် ကြိုဆိုဂါရ၀ ပြုကတ်တေ ဆိုစော် ၀ါတွင်းကာလမှာအကျွန်ရို့ ဗုဒ္ဓဘာသာတိ ယုံကြည်ရေဓလေ့ထုံးစံလေ။
အခင်ကြီးက၀ါကျွတ်တိုင်ကေ အရက်မသောက်ပါ။ တူချေတူမချေတိအတွက် မီးပန်းတိ၊ မီးပုံးအငယ်စိကေချေတိ၊ ဗြောက်အိုးတိ ၀ယ်လာပါရေ။ 
ကဲကဲ၊ ၀ိုင်းစု၊ ခိုင်ချွန်၊ ရဲဟိန်း နန့် မီးငယ်ရို့ မောင်နှမတိ တတူတူ မျှလို့ ကစပ်ကတ်ပါရေ။
ဝါကျွတ်ရက်မှာ နိန့်စိုဉ်၊ နိန့်စိုဉ် အခင်ကြီးပြန်လာဖို့စော်ကိုရာမျှော်နီကတ်ရပါရေ။
ပြီးနာ ဗန်ဒါပင်အောက်ချေမှာ အိမ်ရှိလမ်းမထက်မှာ ရပ်ကွက်လိုက်ရပ်ကွက်လိုက် အကျီ င်္အသစ်ချေတိဝတ်လို့ အဘုချေတိ ညာဇာသားဆိုကေ အလှဆင်လို့အလှပြကတ်တေ။ ဘာဘာမေမေရို့ရေ ၀ါမကျွတ်ခင် သားချေသမီးချေတိအတွက် စစ်တွေ ဈီးကြီးက ၀တ်စုံအဆန်းတိလားလို့ဝယ်ပီးထားကတ်စော်လေ့ မမိန့်နိုင်သိမ့်ရေ ရခိုင်ပြည်ဓလေ့ထုံးဓမ်းချေတိပါ။
ဇာကရာ ကကားချေလား၊ မော်ဒန်ချချပ်ချေလား။ ချူးဖိနပ်လား၊ ဒေါက်ဖိနပ်လား။ 
ဘုတ်ဖိနပ်လား။ နေထက်လင်းအကျီ င်္လား။
ဒွေးဘောင်းဖီလား။ ညဥ့်မရောက်ခင် ညဇာသား နိန်ဝင်သရူးဆီးဆာအချိန်ကပင် အလှဘားသီးမီးတွဲလဲတွဲလဲချေတိသစ်ပင် ၀ါးပင် ပန်းပင် နန့် အိမ်ဗရံဒါထက်မှာ မီးလင်းရေ အချိန်အထိ အဘုချေရို့ရေ ၀တ်ရုံအသစ်တိဝတ်လို့ ပြီးကတ်လွှားကတ်တေ။ တယောက်အရောင် တယောက်ကြည့်ဗျလ် ကြွားလူကကြွား၊ လှလူကလှ နန့် အမျိုးမျိုး အရောင်ရောင်စုံလို့ပါရာ။
                                                            
                                                            ၂။
လပြည့်နိန့်မရောက်ခင် အကျွန်ရို့မောင်နှမတိ မေမေနန့်တတူ စုကတ်တေ စုဗူးကိုဖောက်ပါရေ။ အဘိုးသျှင်၊ အဘောင်သျှင်၊ မေမေ၊ ဘာဘာ၊ နန့် မိသားစုမှာဟိရေ သက်ကြီးသက်ငယ်ရွယ်အိုလတ်ပျို ရို့ကို ပွဲပတ်ဖို့မလားခင် အသက်အရွယ်အလိုက် ရှိခိုးရပါရေ။ ၀ါကြီးဝါကြီးမတိ၊ မထွီးမအရီးမတိ၊ ၀ရီးတိ ဆုပီးကေ အနည်းပျော်ရေမဟုတ်။ မုန့်စားဖေ့သာရကေ ပိုပျော်ရေ။ 
ဇာလောက်မြတ်လေ တွက်လိုက်ကတ်သိရေ။ 
ယင်းခါ ဗွီဗွီ အချိုရည်ဘူးခေတ်စားရေ။ 
ဗွီဗွီသောက်ချင်လို့ အဘိုးသျှင်နန့် နတ်ပင်ရင်းက ကပ်ချောင်းကျောင်းမှာ ဥပုဒ်စောင့်ဖူးပါရေ။ 
ဘုန်းကြီးကျောင်းက ထမင်းစားလို့ကောင်းရေ။ ၀က်သား၊ ကြက်သား၊ သရက်သီးပုန်းဟင်းရည်၊ သနပ်သုပ် ဆွဲဖိ၊ ရှယ်ဗျလ်။ အကျီ င်္အဖြူ၊ ကိုယ်တင်ပန်းရောင် နန့် ယောဂီထမီကို ဘာဘာကဆင်ပီးပါရေ။
ဆရာမဒေါ်ဦးမြစိန်အိမ် နောက်ဖေးကကွင်းပြင်ကိုလွမ်းရေ။
(စာဖတ်ကျောင်း) ညကျောင်းတက်ခါ စာမဖတ်လို့အသတ်ခံရစော်တိကို အောင့်မိရေ။ စာညံ့လို့ အဆင့်ဘိတ်ချီးကျလို့ ဆရာမက အချိန်ပိုသင်ပီးစော်တိကို သတိရရေ။ ရန်ကုန်ကအေးမ၀မ်းကွဲဘားက ပို့လိုက်တေ လက်ဖက်ရည်ဘူးချေမှာ အပြည့်ပါရေ လက်ဖက်ရည်ကို ဆရာမ နန့်တပည့်နှစ်ယောက်သောက်ပနာ အိပ်ပါလားကတ်တေ နိန့်ခင်းတိလေ့ဟိခဖူးရေ။ 
ယင်းလက်ဖက်ရည် ခြင်းကို မေမေ ကျောင်းမှာလာလို့စီပို့ထားပါရေ။ 
အသစ်ပြောင်းလာရေ ရဲမြတ်သိန်းဘားကသင်္ချာမခိုးချခကေ ဒေအချိန်ပိုတယောက်တည်းတက်ရဖို့မဟုတ်။ ယင်းခါလေ့ တယောက်တည်းကျန်ခလို့ရာ။ အကျွန်လေ့လူများတိပိုင် အယင်အယင်အိမ်ပြန်ချင်ပါရေ နှင်းရာ။
တယောက်ဒန်းဂါး မေသေလောက်နန့် ဆန်တဗူးစီ ယူခကတ်
 ဆရာမဒေါ် ဦးမြစိန်ရို့အိမ်မှာထမင်းပေါင်းချက်စားကတ်ဖို့လတ်။ ကျောင်းတက်လမ်းကျောင်းအမှတ်(၂၃)က သူငယ်ချင်းတိ အားလုံးလာကတ်တေ။ ထမင်းမကျက်ခင် (၂၃)က ဆရာမကြီးမြီး မင်းသိမ်း (ခေါင်းကြီး)နန့် ကုန်တန်းက လှလှဝေ(ဂျပုမ)ခေါ်လို့ မီးငယ် ပွဲပတ်ပလိုက်ဗျလ်။
ယင်းသူရို့နှစ်ယောက်ပေါင်းလို့ စောလှိုင်မုန့်ဝယ်ကျွေးကတ်တေ။ သျှားစီးကတ်တေ။
ဟေးငါ စက်သီးစီးဖို့။ နင်ဝါ
ငါမြင်းစီးဖို့ဟေး..မီးငယ်
ငါကတော့ခါ"ဆိုဗျလ် ဝေတယောက်တနားတိမ်းလားပါရေ။ ပြီးနာ "ဟေး မီးငယ် ငါနန့် တတူ နှစ်ယောက်ထိုင်လို့ရရေ ကားစီးကတ်မေ ဗလင်”  (ဒေဂျပုမ ချကြောက်ပူ)
"အေးအေး….ငါလေ့ကားရာစီးဖို့ဗျလ်..ယေကေ"
                                                              ၃။
"ဟိုင်း မီးငယ် နင် ဆီကျော်မုန့်မ၀ယ်လာ.."
"ငါ့မှာဖေ့သာမပါလတ်ဟေး..နင်ရို့ခေါ်လို့လိုက်လာစော်လေ'"
"မျောက်စိန် ဒေလောက် ၀က်ခြီထောက် တရန်ဝတ်ထားဗနာ"…(အကျွန့် လေဒီချူးကို ၀က်ခြီထောက်ဆိုဗနာ ဒေသူရို့ရက်ပြတ်စကတ်တေ၊ ဘာဘာရန်ကုန်က၀ယ်ခစော်ချင့်)
"ယင်းပိုင်မပြောကေ့ဗလင် မင်းသိမ်း နင်ကလေ့"…(ဝေေ၀ ကနဂိုအတိုင်း သနားကောင်းထမန်းအသံချေနန့် ပြောလိုက်တေ)
ဝင်္ကပါကွင်းကိုအကျွန်ရို့ရောက်လားပြီးရေအချိန်မှလူတိတပျင်းစည်လာစော်။ အလာခါ စောသိမ့်လို့ ကျောင်းတက်လမ်းကျောင်းလမ်းမမှာ လူတိတန်းစီမတိုးခရ။ ဒေအချိန်လောက်ဆိုကေတော့ခါ ကျကျိတ်တိုးနီဗျလ်။ 
မပြည့်တပြည့် လပချေလေ့ ခေါင်းထက်ကိုရောက်နီပါယာမနား။
မေမေရို့ပါကေ ပုတီးသတိထား လက်စွပ်သတိထားနန့် ပြောနီကတ်ဖို့ချင့်။ ကျားရုပ်ကျောင်းနားလောက်ရောက်ကေ တော့ခါ အသက်ရှုချောင်လားပါယာ။ အမှန်ဆို ဘုရားကြီးကိုအယင်ဝင်ဖူးရဖို့။
ပြီးနာ အေးစေတီ။ ပြီးမှ မုန့်စား၊ ပွဲပတ်။ အကျွန်ရို့ အချေတကျိုင် ဘုရားဇိသျှင်မတင်ဘဲ မုန့်စား၊ ကစပ်ပလိုက်ကတ်ယာ။       
                        “ အပြစ်ဆယ်ပါး အမှားကလွတ်ပါစီ အသျှင်ဘုရား
ဇတ်ပွဲတခါလေ့မကြည့်ဖူးခ၊ ဖျာမပါလို့။ 
တန်ဗူလာတခါလေ့မထိုး။
မပေါက်ဖို့စော်ကိုသိလို့။ လူများတိပေါက်စော်မြင်ကေတော့အားရ၀မ်းသာနန့် မောလို့ကြည့်ခဖူးရေ။ 
မောင်ချေအငယ်ကို မေမေရွက်ဗနာ ဘာဘာက မီးငယ်ကိုရက်ပြတ်ရွက်ရေ။ 
လိုချင်စော်ကို အားလုံးဝယ်ပီးရေ။
အဖသေဗျလ် သားသမီးတိကိုဖျက်ဆီးရေ၊ အလိုလိုက်တေ..မပီးနိုင်ရေတရက်ခါယေ ကြည့်ကတ်မေ.. မေမေတိုင်းဘားကကြားဖူးရေအသံတိ။
ပွဲကပြန်လို့အကျွန်အိမ်ကိုရောက်ကေ မအိပ်သိ။ 
အဘောင်သျှင်ရို့ ချောင်းနားပိုင်းကိုကူးရေ။
ယင်းမှာ တန်ဗူလာအငယ်စားဟိရေ။ အရူးမောင်ဝိုင်းကအကျွန့်ကိုသူ့အစားထိုးခိုင်းလို့ ထိုးလိုက်သိမ့်ရေ။ ယေလေ့မပေါက်။ 
နောက်တရက်ခါ ယင်းအရူးက အကျွန့်ကို ကြိုက်တေ ဆိုဗျလ် နောက်ကနီဗြီးလိုက်တေ။ 
အကျွန်ကြောက်လိုက်တေဆိုစော်မှာ ဖြားတက်ခါ ရီမြှပ်စော်ထက် ကြောက်တေ။ 
ယေကေပုပါအောင်ပြီးရေ နန့်ရာ။ 
အသူခေါ်လို့လေ့ မသိ ရဲကျော်သူကျောင်းမှာ ၀င်္ကပါပတ်ခီစော် မွီ့လို့ပါလတ်တေ။ ညဥ့်ခါအခင်တုံးရို့နန့် အုန်းသီးလိုက်ခိုးရေ။ 
ဘူးသီးလိုက်ခိုးရေ။ လူပျိုတိ ထမင်းချက်စားစော်မှာ မျှောင်နီခီရေ။ အသျှေခါ လူရာမ၀င်စော်လေ့ စိတ်ဒဏ်ရာတမျိုးပါယာချင့်။
                                                                  ၄။
ဒေအိမ်သားရို့စေတနာ လာပါလိမ့်မေ လေးငါးခြောက်ကျပ်။ လေးငါးခြောက်ကျပ်ငါရို့မလို။ တဆယ်တန်ကို ထုတ်ပီးပါလား။ တဆယ်တန်ကို ငါရို့မလို ငါးဆယ်တန်ကို ထုတ်ပီးပါလား
အိုးကိုတီးဗုံကိုတီးဗျလ် ကလေချေတသိုက် တအိမ်ဝင်တအိမ်ထွက် ထမင်းချက်စားဖို့ ဖေ့သာအလှူခံရေအသံတိပါ။ 
ဓလေ့ရိုးရာချေတိပါမနားချင့်။
ဒေပိုင်ကာလာသားတကျိုင်နောက်ကိုလေ့ လိုက်ခဖူးရေ။
ကကောင်းမြွှက်လို့ကောင်းစော်မနား။ တခုကျန်သိမ့်ရေ။ တခုပိုင်လေ့ မိန့်လို့မရ။
လှလိုက်တေ အရုပ်ကြီး။ ခေါင်းတချိန်းဝေ့လို့ဝှဲ့ပါလတ်ကေလား ကိုက်စားလတ်မေ ကြောက်စော်။ 
မောင်ချေကို ခါးမှာ ခတင်ကျိတ်ဗျလ် အရုပ်ကြီးနောက်က လိုက်စော် ကံကောင်း အဘောင်သျှင်ကယ်လို့ မေမေဘားမှာ ဖွတ်သတ်မခံရစော်။ 
ဇာကမ္ဘာမှာလေ့ မမြင်ရပါ။ 
အကျွန်ရို့ရခိုင်ကမ္ဘာမှာရာမြင်ရကေ ရရောင်းသတ် ပျော်ကြီးကျ မြင်ကွင်းချေပါ။ 
မြွက်စရာတိဆိုကေ ရှိဆုံးကအတွက်ပေါ်ဗနာ ဘုရားတရားဆိုကေ နောက်ဆုံးမှစီအတွက်ပေါ်ခီရေ။ 
ဆွမ်းတော်ကြီးလောင်းပွဲမှာ အကျွန်ရို့တိက အချေဖြစ်လို့နေရာမရ။ 
အပျိုတိစီ အရှိကမြင်ယင့်။ ကိုတော်တိ၊ ပန်းဇင်းတိ၊ ဘုန်းကြီး ကိုရင်တိ တန်းစီဗနာ တပါးပြီးတပါး တပါးပြီးတပါးတန်းလို့လာကတ်တေ။
အကျွန်ယင်းအချိန်ခါ ကြည့်လို့မရဆုံးလူက ဘုန်းကြီးတိဘေးနားကကပ်လိုက်နီကတ်တေ ကလေချေတိ။ သူရို့တိကျကေ လူများတိလှူသမျှကို အိတ်ထေးမှာ ထည့်လားကတ်တေ။
အကျွန့်မှာ အကိုကမဟိ။ 
ယေကေမုန့်တိ၊ သကလုံးတိ၊ သဗုံတိ၊ လက်ကိုင်ပုဝါတိ၊ တခုလေ့မရ။ အိမ်ဘေးနားက ကိုစစ်နိုင်ဦးကတော့ခါ ကျွေးပါရေ သကလုံးချေဘာချေ။
"၀ါကျွတ်ဗျလ် ..သူငယ်ချင်းရောင်းရင်းရို့နန့် ဆီမီးထွန်းကတ်တေ..အာကာကိုမီးပုံးပျံလွှတ်တင်..အောင်ပါစီဆုတောင်း ဓလေ့ရိုးရာချစ်ဖို့ကောင်း ရပ်ရွာတိုင်းမှာစုရုံးပျော်ကတ်တေ။" "လာဝေ လားကတ်မေ..၀င်္ကပါကွင်းဖုရားပွဲ နန့် အပြိုင်နွှဲကတ်ဖို့လေ..အစိုဉ်အလာကိုထိန်းသိမ်းစောင့်လားမေ၊ ဆွမ်းတော်ကြီးလောင်းပွဲ အပြိုင်အဆိုင်ဆင်ယင်နွှဲ ဘာသာ၊သာသနာ ကိုင်းရှိုင်းပါယင့်လေ။"
  ( အချေခါဆိုစော်)
စစ်တွေဝါကျွတ်၊ တန်းဆောင်ဘုန်းပွဲရက်တိမှာ အချေခါတောင်ယေလောက်ပျော်ဖို့ကောင်းခကေ အပျိုပေါက် လူပျိုပေါက်အရွယ်မှာ အထာတိနန့် ဇာလောက်ပျော်ဖို့ကောင်းမေမသိ။ ကောင်းစော်ကတော့ ကောင်းစော်ဗျလ်။ 
အရသာချင်းဇာတူဖို့လေး..ဟုတ်တယ်မဟုတ်ပါလား။ အကျွန်လေ့ အလှပနတ်ယောင်ကား။
"ချစ်ရဖို့ဖူးစာရှင်ချေ တွီ့တွီ့ဗျလ်...ထိုမှာမြင်ဗျလ် အဝေသူငယ်ချင်း.. ရခိုင့်ရိုးရာအစိုဉ်အလာကို ထိန်းသိမ်းသူ ယိုဉ်ကျေးသူ့အလှဂုဏ် စံထားလောက်ယင့်လေ..ဒေမောင်ရင်မှာစွဲလန်းပါယင့်ဝေ" (ကြီးခါဆိုစော်)

ရခိုင်တေးခြင်းလောကထေးဝင်လာရေ ပထမဆုံး ရခိုင့်ဂီတ ကျေးဇူးရှင်တိကြား ကတယောက်ဖြစ်တေ အဆိုတော်ခိုင်ကျော်လင်း ကိုယ်တိုင်ရီး ကိုယ်တိုင်ဆိုထားရေ "ဓလေ့ရခိုင် ၀ါကျွတ် တန်ဆောင်တိုင်" တေးခြင်းပါ။ 
တပုဒ်လုံးဆိုပြလိုက်ရကေ စာတပိုဒ်ရီးလို့ပြီးလိုက်ဖို့မဟုတ်ဗျလ်။ ယင်းတေးခြင်းချေက "ရိုးရာက မမ" တေးခြင်းပိုင် ရက်ပြတ်ဆိုလို့ကောင်းရေ တေးခြင်းမျိုး။ ကကောင်းမြူးရေ။ ကကောင်းချစ်ဖို့ကောင်းရေ။
                                                                 ၅။
စစ်တွေကအတိတ်ပုံရိပ်တိကိုပြန်ကောက်လက်စ နန့်ကောက်လိုက်ရဖို့ဆိုကေ သန္တာချေရို့အိမ်မှာ ညဥ့်စာဖတ်ကွန်ဆောင်ယင်း နို့မှုန့်ခိုးစားခကတ်စော်ကိုအတွက်ပေါ်ပါယင့်။
ဝေဋ္ဌုကျော် မွီးရေအခါ အမိနို့တိုက်မရလို့ နို့ဗူးတိုက်ခါ အကျွန်နန့် သန္တာချေ ကညာနန့် ဇာလီ စာအုပ်ကိုခိုးဖတ်၊ နို့မှုန့်ခိုးစား၊ ကုတင်အောက်ကနီ တတိန်းချေ တတိန်းချေ တွားလို့တွားလို့လား..အချေခါ အတတ်မျိုးစုံတတ်ခကတ်ပါရေမနား။
  (သူ့မောင်ချေ ငိုအားကြီးလို့ အကျွန်ရို့အငိုမင်းသား နာမေကိုပီးထားကတ်တေ)
ကျောင်းပြန်ဖွင့်စော်နန့် စိုဉ်းစားမိစော်က ယုမွန်ကျော်ရို့ခြံက ဇသီးခိုးစားဖို့။ ယင်းအိမ်နောက်က ရခဲစက်မှာ ရခဲချောင်းအလကားစားရအောင် အကြွီခတ်ဟိကေလေ့ယူမလားဘဲ ဖေ့သာအကြီးသန်ယူလားဖို့။
ယေကေ အကြွီမဟိဆိုဗနာ သူရို့အလကားပီးဖို့ချင့်။
အထက ()ကျောင်းက အေးမကြီးတိအကိုကြီးတိ ကျောင်းဆင်းလာကေ ပုရွက်ဆိတ်ချေတိပိုင် တရွီရွီများကများနန့်။
ယေကေလေ့ သူရို့ ကျောင်းပိတ်ရက်မှာ ကျောင်းရှိကအုတ်ပုံမှာ ငရုပ်သီးကြိတ်ဖို့ လားရဖို့သိမ့် (ကျောက်သီးအနီခဲချေတိကို)။ မြမြပြောပြရေ အထက()က ဆိတ်ဆီအကြောင်းတိကြောက်ကေလေ့ နားထောင်ချင်သိမ့်ရေ။ အူး..ထွီးထွီးရို့ဖေ့ချာကောက်ဖို့လားခါ ချာပူအာပူလိုက်စားရဖို့။
အရီးမသာနုဆိုင်က ကောက်ညှင်းထုတ်နန့် လက်ဖက်ရည် မိုးသောက်တိုင်ကေ မကြိုက်ကေလေ့စားဖိ။ 
ဘာဘာ နန့်ကမ်းနားလမ်းကို ထဗြီးရေ နိန့်တိမှာတော့ခါ လှော်စာ၊ ကောက်ညှင်းထမင်း၊ ပါပရာ၊ ဆွဲပလိုက်ဖိ။ ပိုလီယိုကာကွယ်ဆီး အစက်ချေတိသောက်ရေဆောင်းတွင်းရက်တိကိုအတွက်ပေါ်မိရေ။ 
စစ်တွေမြို့ချမ်းရေအခါ မိုးသောက် (၆)နာရီ ကျောင်းတက်ဖို့လမ်းလျှောက်ချိန် တလမ်းလုံးမြူတိမှိုင်းဝေစီလို့ အရှိတလံလောက်ကိုမမြင်ရ။
ခေါင်းစွပ်အကျီ င်္ပန်းရောင်ချေကိုအောင့်မိယင့်။
မေယုဈီးက အရုပ်ပါရေ ဘောင်းဖီအရှည်တိ၊ လက်အိတ်၊ ခြီအိတ်ချေတိနန့် ကိုးရီးယားဒီဇိုင်းတိမပေါ်သိခင်က မော်ဒန်ကျရေ အကျွန်ရို့အဖြစ်တိကို ပြန်လို့ဓါတ်ပုံရိုက်ကြည့်မိယင့်။
ညဥ့်ခါစက်သီးစီးလေ့ကျင့်ကေ ဒူးထပ်ကွဲလို့မဖြစ်။ 
နောက်တခါ ကျောင်းသို့မာန်ပါဗနာ ထမင်းမစားဘဲမလားယာ။ 
မေမေ ကျောင်းတို့လာခေါ်ရေ။
အိမ်မှာလားလို့အသတ်ခံရသိမ့်ရေ။ 
ထမင်းစားရရေ။ မျက်ရည်စစမ်းနန့်ကျောင်းကိုပြန်လာရရေ။
ဒေတခါစာမေးပွဲဖြေဖို့လားခါ ဘာဘာလိုက်ပို့ရေ။ 
ဇယျစကောဂါထာ တလမ်းလုံးဆိုလို့လားရရေ (စာမေးပွဲအောင် ဂါထာ)လတ်။ 
စာမေးပွဲဖြေဖို့ အိမ်ကထွက်လာရေလောက်ကပင် အမိနန့်အဖကို ရှိခိုးကတ်ရစော် ရခိုင်ပြည်က သဘာဝတခု။ ကောင်းချစ်ဖို့ကောင်းရေ ယင်းအကျင့်ချေတိ။
မဆီမဆိုင် တခုထပ်တွေးမိရေ။ 
ဆယ်တန်းတိစာမေးပွဲဖြေပြီးကေ နောက်ဆုံးနိန့်မှာ ရီလောင်းဖို့ အကျွန်ရို့ဗုံးချေတိနန့် စောင့်လို့။ ရီအလောင်းမခံချင်ရေ ပဲမမတိက ဆောင်းဝတ်အကျီ င်္တိဝတ်ပနာ နီမကောင်းကွန်ဆောင်ကတ်တေ။ 
ဟေဟေဇာရဖို့လေး။ 
နောက်ကနီ တိမ်းလို့ချေ ယင်းမမရို့အ၀ီးကိုရောက်ခါ လားလို့လောင်းပလိုက်ကတ်တေ။
ဂစ်တာကိုင်လို့ အခင်တုံးဘားမှာအဆဲခံရပါရေ။
မမချေဆိုကေ ဂစ်တာမကိုင်ရလတ်။
မမချေဆိုဗျလ် ဖယ်ချန်ခလို့ စိတ်ပါကေတောင် ၀ါသနာပါကေတောင် ပညာတခုမရခတတ်ပါယေ။ 
သင်ကြားမှုပိုင်းဆိုင်ရာမှာ အချေတိအတွက် လွတ်လပ်မှုဟိဖို့ဆိုကေ ကောင်းအကျိုးဟိဖို့။
အသက်လေးနှစ်လောက်ကပင် ဘာဘာနောက်ကနီ ကရာတေးပြိုင်ပွဲတိကို လိုက်ယင့်။ အခွင့်အရီးဟိခဖို့ဆိုကေ အကျွန်လေ့ကြိုးဝိုင်းထက်ကို ရောက်နီလောက်ဗျလ်။
                                                                  ၆။
ဟင်းးးးးးးးးး။
မှုတ်ထုတ်လိုက်တေ အသံအားကြီးသော သက်ပြင်း...
လမ်းတဖက်က အဖြူရောင် နှစ်ထပ်အိမ်လုံးချေ နန့် သန့်ရှင်းရေ ခြံဝင်း...
လမ်းတလျှောက်လုံးမှာ ညို့ပါလားအောင်စိမ်းနီကတ်တေ သျှရားရွက်တိ တချင်းချင်းပွတ်ခတ်သံ...
မကြားရကေလေ့ ကြားကွန်ဆောင်လိုက်တေ သာနီသောလပ စုတ်ထိုးသံ...
အကျွန်ခေါင်းထက်က ဟတ်လီကော်ပတာ ညဥ့်ပိုးချေတိ...
တယောက်တည်း ငုတ်စုတ်ထိုင်နီရေ ရှပ်အဖြူနန့် အကျွန့်ကိုကြောက်လို့ ထွက်ပြီးလားရေ ခွီးလီခွီးလွင့်တိ...
အကျွန်နူခမ်းချေစူလို့ အလိုမကျရေခံစားမှုတခုကို ခံစားမိလားဗျလ်။
မျက်စိရှိတည့်တည့်မှာမြင်ရရေအရာတိက ဂုနက အချေခါ ဘ၀ အပိုင်းအစတိနန့်တခြားစီပါ။
ညဥ့် ၁၂ တီးဗျလ်ဆိုခါ ကားသံတိကောင်းမကြားရဗျလ်။ 
 တက္ကသိုလ်လမ်းမ၀င်းထေးမှာဖြစ်လို့ လမ်းချေတိ အပင်တိကြားမှာ ညီးစီးစီး။
တက္ကစီသံတိ တအီအီဖြစ်လားဗျလ်။.. တ၀ီဝီမမြည့်လိုက်ဗျလ်။
ညဥ့်သံ နန့် နိန့်ခင်းသံ အခြားလူတိအတွက်မပြောတတ်။ 
အကျွန့်အတွက်ကတော့ခါ ကွာခြားပါရေ။ 
 မာကျူရီမီးလုံးမဟုတ်ကေလေ့ ဓါတ်တိုင်တိမှာ မီးအထင်းသား။
အိမ်တိုင်းအိမ်တိုင်း အိပ်မောကျနီချိန်ထင်ရကေလေ့ ပြတင်းပေါက်ကနီ မီးရောင်တိမြင်နီရတုန်းသိမ့်။
အကျွန်တယောက်တည်းစကားပြောနီတတ်တေအကျင့်ကိုဖျောက်ကေကောင်းဖို့လား မဖျောက်ကေကောင်းဖို့လား။
တိုက်ပေါက်ဝချေမှာ တနားတဗိုလီညှင်းလီအီးခံဗနာ တတိမ်းချေထိုင် မျက်စိတဆုံးက မြင်ရာကိုကြည့်နီမိကေလေ့ ကြည့်ရာကိုမမြင်။
အငယ်ကအာရုံတိရာ မျက်ဝါးထင်ထင်။
ကွန်ပျူတာတလုံးဟိကေ စကြာဝဌာတခုလုံးကိုပတ်နီလီရပတ်စီအုံ့ လားချင်စော်က အဖရခိုင်ပြည်။ 
Dream World နန့် Disney LandSion Paragon နန့် Bowling Game Centre ဇာလောက်ပင်ပျော်ဖို့ကောင်းလီ ခတ်ကျောက်သီးပစ်ရစော်လောက်၊ သျှရစိကစပ်ရစော်လောက်၊ ထုတ်စီးတိုးရစော်လောက်၊ ပုန်းတမ်းဝှက်တမ်းကစပ်ရစော်လောက်၊ အိုးချေခွက်ချေကစပ်ရစော်လောက်၊ ယမင်းချေအရုပ်ကစပ်ရစော်လောက်ကို ဇာပိုင်မှီခီဖို့လေး။
ဂျိမ်း…..ဂလောက်...
တန်းခါးကြီးပိတ်သံ....
အကျွန်ရို့အယင်ခေါက်ကအိမ်မှာ အိပ်ရာဝင်ဖို့တန်းခါးပိတ်ကေ ကြိကြိ ကျွိလို့ရာမြည်ရေ။
"၀ါးပျစ်သံ" ယေချင့်။
နီရာဒေသ၊ ကာလံဒေသံ၊ မြို့အစစ် နန့် မြို့အတု တခုလေ့မတူခါ အိပ်တန်းတက်ချိန်တောင် တန်းခါးပိတ်သံမတူ။ ယင်းဂျိမ်း”…ဆိုရေအသံ သံတံခါးအသံက အိမ်မက်လှလှမက်စီဖို့ အာမခံချက်မပီးနိုင်ဝါ။
ဂုနက စိတ်ကူးနန့်ထင်ဟပ်ထားရေ အတိတ်ပုံရိပ် တိတောင် အရာသာပျက်လားပိုင်တွီ့ရေ…..ပြောနီကေစိတ်ပင်ပန်းဖို့.. စိုဉ်းစားနီကေ ကြာဖို့သိ..မထူးဗျလ်ဆိုရေဘ၀မှာ..ဂို့နိုက်ပါဝေး မြို့ညအလှကမ္ဘာချေ။
ငါအိပ်ဖို့ဆိုဗနာအိပ်ရာဝင်သိတိုင် ရရိုက်စစိုက်အိပ်ပါလားဖို့မသေချာသိဝေ....။။                                                                                   

ကျော့ကြာညို (ရခိုင်သမီးပျို)  

ရခိုင်သမီးပျိုဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment