Saturday 12 November 2011

ဦးရွှေဇံ ရခိုင်သမိုင်းသုတေသီ ၏နောက်ဆုံးခရီး

ရခိုင်သမိုင်းသုတေသီ ဦးရွှေဇံ(B.Sc, B.C.S)၊အသက်(၈၄)နှစ်၏နောက်ဆုံးခရီးဈာပန အခမ်း အနားကို ရန်ကုန်မြို့၊ရေဝေးသုဿာန် အခန်း(၁)၌ ၂၂-၁ဝ-၂ဝ၁၁ ရက် နိညဇာဘက်(၃)ချက်တီးအချိန် ကျင်းပပါရေ။ ရန်ကုန်မြို့၊ဓညဝတီသာသနာပြုကျောင်းတိုက်မှပဓာနနာယက ဆရာတော်ကြီးနှင့် သံဃာ တော်များ၊ မယ်သီလရှင်များ၊ကြွရောက်တော်မူကတ်ပြီးကေ SB Maritime Co,Ltd, Fortune Inter Ltd, ILBC Christian Family, U Tin Mg Win & Family တူတူမများ၏ပန်းခြင်း၊ မိသားစု ပန်းခြင်းရို့နန့် ဂါရဝပြုကတ်ပါရေ။ ယပြီးကေ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်တိုင်း လုံခြုံရေးနှင့်အုပ်ချုပ်မှု ကော်မတီ အတွင်းရေးမှုး(ငြိမ်း)ဗိုလ်မှူးကြီးပီကျော်ဟန်(ငြိမ်း)၊ နိုင်ငံတော်ရှေ့နေချပ်(ငြိမ်း) ဦးအေး မောင်၊ရခိုင်ပြည်ပြည်သူ့ကောင်စီဥက္ကဌ(ငြိမ်း)ဗိုလ်မှူးကျော်မောင်၊ရန်ကုန်တိုင်းဒေသကြီး- ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားလူမှုရီးအသင်းအဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်တေဌာနဆိုင်ရာအကြီးအကဲအငြိမ်းစားများ၊ဆွီမျိုးမိတ်သင်္ဂဟများကလေး တက် ရောက်နှုတ်ဆက်ဂါရဝပြုကတ်ပါရေ။ 
ဆရာကြီးကွယ်လွန်စွာကိုသိရေချက်ခြင်းပင် နေရဉ္စရာသတင်းဌာနက စုံစမ်းသတင်းထုတ်လွှင့်ပနာ အမေရိကန်နိုင်ငံရောက် နိုင်ငံတကာရခိုင်အမျိုးသားအသင်း(World Arakanese Organization) က ဆရာ ကြီး ကွယ်လွန်ခြင်းအတွက် ရခိုင်တစ်မျိုးသားလုံးအဖို့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရကြောင်းသဝဏ်လွှာပီးပို့ပါရေ။ နေရဉ္စရာသတင်းဌာနကထုတ်ပြန်ချက်နန့် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း၏သဝဏ်လွှာရို့ကို မှတ်တမ်း အဖြစ်ပါဝင်နိုင်စီဖို့ဖော်ပြလိုက်ပါရေ- Narinijara Burmese News Online News Date : 10/21/2011 မောင်ရမ္မာ ဆရာကြီးဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ကြောင်း ရခိုင်အမျိုးသားများက ပြောကြား မောင်ရမ္မာ ရခိုင်သမိုင်းသုတေသီပညာရှင်စာရေးဆရာကြီးဦးရွှေဇံကွယ်လွန်သွားခြင်းမှာ ရခိုင်လူမျိုးများအတွက်အစား ထိုး မရနိုင်သောဆုံးရှုံးမှုကြီးဖြစ်ကြောင်း ရခိုင်အမျိုးသားများကပြောသည်။ စစ်တွေဒီဂရီကောလိပ်နှင့်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခဟောင်းဒေါက်တာကျော်သိန်းက ဆရာကြီးကွယ်လွန်သွားခြင်းမှာ သာမန်ဆုံးရှုံးမှုမျိုးမဟုတ်ကြောင်း ယခုလိုနေရဉ္စရာသို့ပြောပြသည်- “ဆရာကြီးဦးရွှေဇံ ကွယ်လွန်သွားတာဟာ သာမန်ဆုံးရှုံးမှုမျိုးမဟုတ်ဘူး။ 
အစားထိုးမရတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ သူ့ဘဝတလျောက်လုံးမှာ အများအကျိုးအတွက်ရွက်ဆောင်သယ်ပိုးခဲ့သလို ဆရာကြီး ရေးသားခဲ့သော စာပေများမှာ အလွန်တရာတန်ဖိုးရှိကြောင်းပြောလိုပါတယ်“ ဟုပြောသည်။
၎င်းပြင် ဆရာကြီး၏ဘဝ တစိတ်တဒေသကိုလည်းဒေါက်တာကျော်သိန်းက ယခုလိုဆက်ပြောသည်။
“ဆရာကြီးဟာ ၁၉၅၂ခုနှစ်မှာြ.ှခ အောင်ပြီးတော့ နိုင်ငံဝန်ထမ်း(အကြီးတန်း)ကို ၁၉၅၄ခုနှစ်မှာ နယ်ပိုင်ဘဝကစပြီးတော့အမှုထမ်းပါတယ်
။ နယ်ပိုင်ဘဝအမှုထမ်းပြီးတော့ နောက်ပိုင်းမှာခရိုင်ဝန် အထိ ဖြစ်ခဲ့ပါတယ်။ 
အရေးပိုင်ဖြစ်ပြီးတော့နိုင်ငံအနှံ့နေရာတွေမှာ ၂၄နှစ်တိုင်အမှုထမ်းခဲ့ပါတယ်။
နောက်ပြီး တော့ ၁၉၇၈ခုနှစ်မှာကျရင် ရခိုင်ပြည်နယ်ကောင်စီအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာရခိုင်ပြည်နယ်တရားသူကြီးဥက္ကဌတာဝန်ကိုယူခဲ့ပါတယ်
။ပြည်နယ်ကောင်စီအနေနဲ့ ၁၂နှစ် အမှုထမ်းခဲ့ပါတယ်
။ပြည်နယ်ကောင်စီခေတ်မှာဘဲ သူက ရခိုင်ပြည်နယ်မဂ္ဂဇင်းထုတ်တာတွေရှိခဲ့သလို၊ မြောက်ဦးလမ်းညွှန်စာအုပ်ကိုလည်း ၁၉၈၈ခုနှစ်မှာထုတ်ခဲ့ပါတယ်။
နောက်ပြီးတော့ ရခိုင်စတိတ်ဂဇက် တီယာသတင်းတွေကိုပြန်ပြီးတော့ရေးသားတာမှာ(ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း သမိုင်းကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍ၊စီးပွားရေးကဏ္ဍ၊လူမှုရေးကဏ္ဍ၊ယဉ်ကျေးမှုကဏ္ဍ ကိုဆိုလိုစွာဖြိုက်ပါရေ)ဥက္ကဌအဖြစ်လုပ်ဆောင်ခဲ့ပါ တယ်။“ ၄င်းအပြင်ဆရာကြီးဦးရွှေဇံရေးသားခဲ့သော စာအုပ်များမှထင်ပေါ်ကျော်ကြားသောစာအုပ်များကိုလည်း မှတ်မိသလောက် ဒေါက်တာကျော်သိန်းကပြောကြားသည်။ 
“သူရဲ့ ထင်ပေါ်ကျော်ကြားတဲ့စာအုပ်တွေ The Golden Mrauk - U စာအုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်က အင်္ဂလိပ်လို ထုတ်တာရှိပါတယ်။ ၂ဝဝ၈ခုနှစ်မှာကျတော Wethali: The Land of Historic Finds ဝေသာလီ၏တူးဖော်ရာတွေ့ရှိချက်များ စာအုပ်ကိုအင်္ဂလိပ်လိုရေးသားခဲ့ပါတယ်။ သူထုတ်ဝေခဲ့ တဲ့ စာအုပ်တွေ တော်တော်များပါတယ်။
နောက်ပြီးတော့ ရိုဟင်ဂျာအကြောင်းနဲ့ပတ်သက်လို့လည်း ထုတ် ဝေခဲ့တာရှိပါတယ်။
အထူးသဖြင့် ဝေသာလီခေတ်က ဦးရွှေဇံရေးသားခဲ့တဲ့စာအုပ်ကတော့အပြည့်အစုံဖြစ်ပြီး တော့ သမိုင်းကြောင်းတွေအားလုံးပြန်ပါ ပါတယ်။ရခိုင်တန်ဆောင်၊ရခိုင်အမျိုးသမီးမဂ္ဂဇင်းစသည်အားဖြင့် အဲဒီမဂ္ဂဇင်းတွေမှာလည်းအများကြီးရေးခဲ့ပါတယ်။ 
ရှေးခေတ် ဓညဝတီခေတ်ရခိုင်သမိုင်းကိုလည်း ဦးရွှေဇံ နှင့်ဦးမောင်ကျော်တို့ပေါင်းပြီးတော့ရေးခဲ့တာတွေရှိပါတယ်။
ကျွန်တော်လက်လှမ်းမှီသလောက် ပြောပြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရခိုင်သင်္ကြန်ပွဲတော်ကျင်းပရေးမှာလည်း နာယကအဖြစ်တာဝန်ယူခဲ့ပါတယ်။“ ဆရာကြီးဦးရွှေဇံသည် ဦးရွှေဇံရေးသားထုတ်ဝေသောThe Golden Mrauk - U: An Ancient Capital of Rakhine စာအုပ်အပါအဝင် ရှေးခေတ်ရခိုင်သမိုင်းစဉ်နှင့်ခေတ်အဆက်ဆက်ယဉ်ကျေးမှု(ဓညဝတီခေတ်)၊Wethali: The Land of Historic Finds, Study of Muslims Infiltration into Rakhine State အစရှိသည့်စာအုပ်စာတမ်းများအပါအဝင် သုတေသနဆောင်းပါးများစွာကိုရေးသားထုတ်ဝေခဲ့သည် သာမက ရခိုင်သမိုင်းအလင်းပြကျမ်းကြီးကိုလည်းရေးသားခဲ့ပြီးပုံနှိပ်နေစဉ်အတွင်း ဆရာကြီးကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ 
ရခိုင်သားကြီးစာပေမှဦးလှမြင့်က ဆရာကြီးကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူတရပ်လုံးအတွက် လမ်းပြကြယ်ကြီးတလုံြးေ<ွကကျသွားသကဲ့သို့ခံစားရသည် ဟုပြောသည်။
“ကျွန်တော်တို့ရခိုင်ပြည်သူတရပ်လုံးအတွက်ကတော့ လမ်းပြဓူဝံကြယ်ကြီးတလုံးဆုံးရှုံးသွားသလိုခံစား ရပါတယ်။
ဆရာကြီးဟာ ကျွန်တော်တို့အတွက် အမှောင်ထဲက အလင်းကြယ်တပွင့် ၊ရှားပါးတဲ့သမိုင်း ပညာရှင်ထဲကတယောက်ဖြစ်တာကြောင့် ဆရာကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက်အထူးကြေကွဲမဆုံးဖြစ်ရ ပါတယ်။ အသက်အရွယ်ကြီးလို့ကွယ်လွန်သွားခဲ့ပေမဲ့ ကျွန်တော်တို့ရခိုင်ပြည်သူတရပ်လုံးကတော့ တမ်းတမ်းတတ သူ့ရဲ့ကျေးဇူးကို နှစ်ရာချီပြီးသတိရနေကြမှာဖြစ်ပါတယ်။ 
ဆရာကြီးဟာ ရခိုင်သမိုင်း မှာထင်ရှားခဲ့တဲ့ ဆရာတဆူပါ။ 
မျိုးရိုးစဉ်ဆက်အရလည်း ဆရာကြီးတို့ရဲ့မျိုးရိုးဟာ ပညာတတ်မျိုးရိုး ဖြစ်တဲ့အတွက် ဆရာကြီးဟာ ကိုယ့်မျိုးရိုးကိုပါထိန်းသိမ်းပြီးတော့နေလာခဲ့သူဖြစ်ပါတယ်။
ဆရာကြီးတို့ မိသားစုထဲမှာ ဆရာကြီးဟာအငယ်ဆုံးသားဖြစ်တယ်လို့ ကျွန်တော့ကိုပြောဖူးပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ဒီလောက်ပဲပြောချင်ပါတယ်“ ဟုပြောသည်။
ဆရာကြီးဦးရွှေဇံသည် အာရှတော်ဝင်အထူးကုဆေးရုံကြီး၌အောက်တိုဘာလ ၂ဝ ရက်နေ့နံနက် ၄နာရီ အချိန် တွင်အနိစ္စမမြဲသဘောကိုရင်ဝယ်ပိုက်ရင်းကွယ်လွန်သွားခဲ့ပါသည်။ ဆရာကြီး၏နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီးသိရသည်မှာ နှလုံးရောဂါဖောက်လာသဖြင့်ရန်ကုန်မြို့ အာရှတော်ဝင်အထူးကုဆေးရုံကြီးသို့အောက်တိုဘာလ ၁၇ ရက်နေ့ကပင်တက်ရောက်ဆေးကုသခံနေရာမှ အောက်တိုဘာလ ၂ဝ ရက်နေ့တွင်ကွယ်လွန်သွားခြင်းဖြစ်သည်။
ဆရာကြီးဦးရွှေဇံအား အဖစက်ရှင်တရားသူကြီးဦးသာဇံဦးနှင့်အမိ ဒေါ်မဘုတို့မှ ၁၉၂၈ခုနှစ်ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်စစ်တွေမြို့တွင်မွေးဖွားခဲ့သည်။ 
ကွယ်လွန်ချိန်တွင်ဆရာကြီးမှာအသက်(၈၃)နှစ်ရှိပြီး ဇနီး ဒေါ်လှခင်နဲ့သားသမီး(၆)ယောက်ကျန်ရစ်ခဲ့ကြောင်းသိရပါသည်။ နိုင်ငံတကာရခိုင်အမျိုးသားအသင်း(World Arakanese Organization)၏ဝမ်းနည်းကြောင်း သဝဏ်လွှာ ကျေးဇူးသျှင် ရခိုင့်သုတေသီဆရာကြီးဦးရွှေဇံသည် အေနိန့်ဒေသစံတော်ချိန်မိုးထ ၄ချက်တီးအချိန် မှာ ရန်ကုန်မြို့ အာရှတော်ဝင်အထူးကုဆီးရုံကြီး၌ကွယ်လွန်အနိစ္စရောက်လားကြောင်းကြားသိရပါသည်။ အေဂုပိုင် ရခိုင့်အဖိုးတန်ပညာသျှင်တယောက်ဆုံးရှုံးလားရလို့ အမေရိကန်ရောက်ျွှဗဥ (နိုင်ငံ တကာရခိုင်အမျိုးသားအသင်း)မိသားစုဝင်တိကလည်း ဆရာကြီး၏မိသားစုနန့်အတူ အထူးကြွီကွဲ ဝမ်း နည်းရပါသည်။
ဆရာကြီးသည် နက်ရှိုင်းလှရေ ရခိုင်အမျိုးသားအမွီအနှစ်တိကို ရခိုင်တမျိုးသားလုံးပိုမိုနားလည် တန်ဖိုးထားလာအောင်ရာမက နိုင်ငံတကာကလည်းတန်ဖိုးထားကာကွယ်နိုင်အောင် စိတ်ရှည် လက်ရှည် ကြိုးပမ်းခပါသည်။ 
စာအုပ်ပေါင်း၊ ဆောင်းပါးပေါင်းတပုံကြီးကို အပင်ပန်းခံရီးသားခသူဖြစ်သည်။
မကွယ်လွန်မီလပိုင်းအချိန်အထိ ရခိုင်သမိုင်းခေတ်ကြီး(၄)ခေတ်နန့် ရခိုင့်ယိုင်ကျေးမှုအမွီအနှစ်တိပါဝင်ရေ စာမျက်နှာပေါင်း ၁ဝဝဝ ကျော်ပါ “ရခိုင်သမိုင်းအလင်းပြကျမ်း“ ကိုပြီးစီးအောင်ကြိုးစားခသူဖြစ်သည်။ ယင်းကျမ်းမူချောကိုရာမြင်ခရပြီးကေ ဆရာကြီး စာအုပ်အဖြစ်ပုံနှိပ်စွာကို မမြင်လီရပါ။ ယကေလေ့ နောင် လာ ရခိုင်သူရခိုင်သားတိနန့် ရခိုင့်အရီးလိလာရေလူတိကတော့ မကြာမီ မြင်ကတ်ရပြီးကေ ရခိုင် လူမျိုး အတွက် အစုံလင်ဆုံးကျမ်းတစောင်ကို ရီးသားခရေလူအဖြစ် မှတ်တမ်းတင်ကတ်ရဖို့စွာက အမှန်အကန် ပင်ဖြစ်ပါသည်။
ဆရာကြီး၏ ရခိုင်သူရခိုင်သားတိအပေါ် တာဝန်ကျေပွန်မှု၊ အနစ်နာခံမှု၊ မဆုတ်မနစ် ကြိုးစားမှု တိကို အကျွန်ရို့ ရခိုင်သူရခိုင်သားတိအနိန်နန့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဆရာကြီး ကောင်းရာသုဂတိ လားပါစီ ။ 
ဝမ်းနည်းမှုအပြည့်နန့် အမေရိကန်ရောက်(WAO) မိသားစု။ ဆရာကြီးကိုချစ်မြတ်နိုးကတ်တေအသင်းအဖွဲ့၊လူပုဂ္ဂိုလ်တိကလေ့ သတင်းစာများ၊ဂျာနယ်များမှာ ဝမ်းနည်းကြောင်းဖော်ပြခကတ်ပါရေ။
(၁)ဦးခင်မောင်စော၊ ရခိုင်သမိုင်းပညာရှင်၊ ဘာလင်မြို့၊ ဂျာမဏီနိုင်ငံ (၂)ခိုင်အောင်ကျော်၊ နယူးယောက် ၊ အမေရိကန်နိုင်ငံ။
(၃)ရခိုင်သဟာယအသင်း(ရန်ကုန်) (၄)ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) (၅)ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ရန်ကုန်) (၆)ဦးဇော်အေးမောင်၊ဒေါ်လှမြင့်သန်း၊ဝန်ကြီး၊ရခိုင်တိုင်းရင်းသားရေးရာ၊ရန်ကုန်တိုင်းဒေသကြီး (၇)ရခိုင်သားကြီးစာပေ (၈)၁၉၇၉ခုနှစ်စီးပွားရေးတက္ကသိုလ်ဘွဲ့ရသူငယ်ချင်းများ (၉)ဦးကျော်စိန်၊ဒေါ်သန်းနွဲ့၊စောမြင့်သန်း(ပေါက်တော)တို့မိသားစုများ ဆရာကြီးရေ အင်္ဂလိပ်တိရွီးရေ ရခိုင်သမိုင်းသက္ကရာဇ်မှားယွင်းမှုကြောင့် ခေတ်သက်တမ်းနန့် မင်းဆက်တိပြောင်းလဲ နိန်စွာတိကိုဖော်ထုတ်ပနာ မြန်မာနိုင်ငံသမိုင်းကော်မရှင်မှာ ယုတ္တိတန် အောင်ကိုယ်တိုင် လား ရောက် ရှင်းလင်းတင်ပြခလို့ သက္ကရာဇ်မှန်ကိုဖော်ထုတ်နိုင်ခပါရေ။ ယင်းအတွက်နန့် (ရခိုင်သမိုင်းခေတ်ကာလ ပိုင်းခြားမှု-မြေကြီးကသက်သေတည်သရွေ့) စာအုပ်ကို ၂ဝဝ၆ခုနှစ်မှာ ထုတ်ဝီကပနာ ရခိုင်သမိုင်း၏ခေတ်(၄)ခေတ်သက်တမ်းကာလ အမှန် ကိုတည့်မတ်ပီးခသူလေး ဖြိုက်ပါရေ။ 
သူ၏စာအုပ်တိကား ရခိုင်ပြည်သူ ရဟန်းရှင်လူအားပီးရေ စာအုပ်တိပင်ဖြိုက်ပါရေ။ 
ရခိုင်အမျိုးသားတရပ်လုံးအတွက် ဆုံးရှုံးမှု အမှန်ပင်ဖြိုက်ကြောင်း တင်ပြလိုက်ရပါရေ။ ။
မင်းစောမွန်(ရခိုင်ပြည်) 

လေးဝတီးဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment