Thursday 27 October 2011

လုပ်စားမလား လှုပ်ရှားမလား

ဘလောမှာစာမရေးဖြစ်တာတောင်အတော်ကြာသွားပြီး ၊ နွေရာသီကျောင်းပိတ်ရက်မို့မြန်မာနိုင်ငံကိုရောက် နေသည်ကတစ်ကြောင်းအင်တာနက်သုံးရတာအဆင်မပြေတာ ကတစ်ကြောင်း စသည်စသည်များကြောင်း စာမရေးဖြစ်တာပါတကယ်တောကျွန်တော့်ရေးတဲ့စာတွေကိုဘယ်သူမှမဖတ် ဖူးဟုထင်နေသောကျွန်တော်သည် သူငယ်ချင်းတစ်ယောက်သတိပေးလာမှသတိထားမိလိုက်သည်၊ “ ဟ ကိုယ့်လူ ပျောက်ချက်သားကောင်းလှချည်လား ဘလောမှာဘာမှလည်းပိုစ့် အသစ်မတက်လာပါလား “ သူငယ်ချင်းတစ်ယောက်၏သတိပေးသံကြောင်း ငါရေးတဲ့စာတွေကိုဖတ်တဲ့သူတွေလဲရှိပါလားဆိုပြီးတော မိမိကိုယ်ကိုအားတက်သလိုတောရှိသွားသည် ။


မြန်မာနိုင်ငံ၏စီးပွါးရေအခြေအနေကြောင်းကြားခဲ့ရသောစကားလေးတစ်ခုက ဘာလုပ်စားရင်ကောင်းမလဲ ဟူ၍ဖြစ်သည် ။ ကျွန်တော်နှင့်အနီးစပ်ဆုံးတစ်ယောက်၏အပြောအရဆိုရင်တော “ အခုခေတ်က အရင်းအနှီးအများနဲလုပ်စားလို့ကောင်းတဲ့ခေတ် မဟုတ်တောဘူး တဲ့ ဘာဘဲဖြစ်ဖြစ်ကမ္ဘာမှာစီးပွါးရေကပ်ဆိုက်နေတဲ့အချိန်ဆိုတော ဒီရဲအကျိုးကိုတောအနည်းနှင့်အများ ခံကြရမည်မှာအမှန်ပါ ၊ အဲဒီတော လုပ်စားလို့အလုပ်မဖြစ်တဲ့သူတွေ ရှိသလို လုပ်စားလို့အလုပ်ဖြစ်တဲ့သူတွေလည်းရှိနိုင်ပါတယ် ၊ ဒီတောကျွန်တော်ပေးထားတဲ့ခေါင်းစဉ်အောက်မှာ “ လုပ်စား “ ဆိုတာနဲပတ်သတ်ပြီးအလုပ်လုပ်ပြီးစားတယ်ဆို တာကိုယူဆလို့ရသလို အကြံအဖန်လုပ်၍စားသည်ဟူ၍လည်းအဓိပါယ်ကောက်နိုင်ပါ၏ ။

ဘယ်လိုဘဲအဓိပါယ်ကောက်ကောက်တစ်ချို့ကစားရရင်ပြီးတာဘဲဟုယူဆသူများလည်းရှိသည် ။ မြတ်စွာလုရားရှင် ၏ လမ်းစဉ်အတိုင်းဆိုရင်တော ၊ လုပ်စားတာထက်လှုပ်ရှားတာကိုပိုအားပေးတယ်ဆိုရင်မှန်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော မြတ်စွာဘုရားက ၀ီရိယရဲအကျိုးကို အထူးဟောကြားထားတာတွေရှိလို့ပါဘဲ လူတစ်ယောက်ကြီးပွါးတိုးတက်ဖို့အတွက်

်အခြေခံကျတဲအချက်တွေထဲမှာ ၀ီရိယ ဆိုတာအဓိကကျပါတယ် ကျွန်တော်ဆရာသမားတစ်ယောက်သတိပေးဆုံးမဖူးတာကတော “ ဘ၀မသေးစေနဲတဲ့” အလုပ်မလုပ်တဲ့လူဟာဘ၀သေနေတာနဲအတူတူပါဘဲ ဒါဖြင့်အလုပ်လုပ်ရင်ပြီးရောလား လို့မေးစရာရှိပါတယ် ၊ မဟုတ်သေးပါဘူး မိမိလုပ်တဲ့အလုပ်အတွက် လိုအပ်တာလေးတွေရှိတယ်အဲဒါက အပြစ်ကင်းတဲ့အလုပ်ဖြစ်ဖို့အရေးကြီးတယ် ၊ “ လူမိုက်တစ်သောင်းချီးမွန်းရှောင်းလည်းလူကောင်းတစ်ယောက်ပြစ်တင်ကြောက်လော “ ဒါလေးတောသတိထားရမယ် အပြစ်ကင်းတဲ့အလုပ် ဖြစ်ဖို့အရေးကြီးတယ် ပညာရှိသူတော်ကောင်းတွေမကဲ့ရဲမဲ့အလုပ်မျိုးဖြစ်ဖို့လိုတယ် ။

လူသားအားလုံးတူညီသောအချက်တစ်ခုမှာ လူတိုင်လူတိုင်းဟာပျော်ရွင်မှု့ ကိုလိုလားကြတယ် ဆိုတာဘာဘဲ ၊ ဆိုတောကျွန်တော်တို့ဂရုစိုက်ရမဲ့အချက်က မိမိရဲ့လွပ်လပ်မှု့ဟာသူတစ်ပါးကို မထိခိုက်ဖို့ နှင့် တစ်ခြားလူတွေရဲ့ ပျော်ရွှင်မှု့နဲဘေးကင်းလုံးခြုံမှု့ရှိဖို့အတွက်ကျွန်တော်တို့မှာတာဝန်ကိုယ်စီရှိတယ်ဆိုတာဘာဘဲ ။ ဒီတောဘယ်လိုအလုပ်မျိုးတွေကိုလုပ်ရင်ပျော်ရွှင်သလဲ ဆိုရင် အပြစ်ကင်းတဲ့အလုပ်မျိုး ကိုယ်ကိုကိုယ်နောင်တမရစေမည့် အလုပ်မျိုးဖြစ်ဖို့ အရေးကြီးသည် ။


အပြစ်လေးကင်းမယ်အကျိုးဆက်ကလည်းကောင်းမယ်ဆိုရင် အဲဒါ ကုသိုလ်အလုပ် ဘုရားကြိုက်တဲ့အလုပ် အားလုံးလက်ခံတဲ့အလုပ်မျိုးဘဲပေါ့ ၊ တစ်ချိုးကပြောကြပါသေးတယ် ‘’ လှုပ်လှုပ်ရှားရှားလူငနွားတဲ့ ‘’ ဆိုလိုခြင်းတာက တစ်နေရာတည်းကနေပြီးအချက်ကောင်းကိုစောင့်ကာ တစ်ပွဲတည်းနှင့်အပြီးဆိုတဲ့ အမြင်မျိုးနှင့်တူပါရဲ့ ၊ဘယ်လိုပင်ဖြစ်ဖြစ်ကိုယ်အမြင်နှင့် ကိုယ်က ကိုယ်လမ်းနှင့်ကိုယ်စီလျှောက်နေကြတဲ့လူသားတွေပါ ၊ မာဝေါခဏံဝီရာဒေထ ဆိုတဲ့ အခွင့်အခါကောင်းကိုလက်မလွတ်စေနှင့်ဆိုတဲ့ စကားကလေးရှိနေပြန်တော ရရှိလာတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့ဆိုတာကလည်း အရည်အခြင်းတစ်မျိုးပါဘဲ ၊ လုပ်စားတာဘဲဖြစ်ဖြစ် လှုပ်ရှားတာဘဲဖြစ်ဖြစ် အနည်းနှင့်အများ ပေးဆပ်မှု့တွေကတောရှိကြစမြဲပါဘဲ ၊ အလုပ်တစ်ခုအတွက် ကိုယ်ပြန်ရလိုက်တာနည်းပေမဲပေးဆပ်ရတာများတယ် ဆိုရင် အဲဒါ ကိုယ်ကျင့်တရားဘဲဖြစ်လိမ့်မယ် အဲဒီတော လှုပ်ရှားတာဘဲဖြစ်ဖြစ် လုပ်စားတာဘဲဖြစ်ဖြစ် ကိုယ်ကျင့်တရားကိုပေးဆပ်ရတဲ့အလုပ် မျိုးကတော မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်မျိုးပါဘဲ။


အားလုံးကိုလေးစားလျှက် --

ချမ်းမြေ့ခိုင်

ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်နိုင်ငံ)ဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment