Saturday 15 October 2011

လက်နှိပ်စက် ကွန်ပျူတာနန့်  မျိုးဆက်ဆိုင်ရာ ယိုင်ကျေးမှုအစိုင်အလာ

မျိုးနန့် ရိုးနန့်  ရာစုနန့် ချီပါလတ်တေ ရခိုင်သားရို့ ရောဂါဆိုးတစ်ခုက ပြဿနာတိကို ထိုင်ပြောနိန်ရခြင်းမှာ အရသာတွိနိန်ကတ်ခြင်းပင် ဖြစ်တေ။
ပြဿနာတိကို အဖြေရှာဖို့  ကြိုးပမ်းရေ လူတိက ယှားနိန်သိမ့်ရေ။
ယကေလေ့ ပြင်ပ၀န်းကျင်လောကနန့် ခေတ်ကာလက ပြောင်းလဲလားနိန်ရေပိုင် ရခိုင်
ရို့  မျိုးဆက်သစ်တိကလေ့ အယင်မျိုးဆက်ဟောင်းတိနန့် မတူ အတွေးအခေါ်တိ လတ်ဆတ်တေ.. မြင့်မြတ်တေ အမျိုးသားရေးစိတ် ကြီးမားရေ .. လက်တွိကျခြင်းနန့်  အချိန်ကိုတန်ဖိုးထားကတ်တေလို့  ယေဘုယျသုံးသပ်ကြည့်ရဖို့ ထင်ယင့်။
ရခိုင်ရို့ လူ့ ဘောင်မှာ စွဲကပ်နိန်ရရေ ပဋိပက္ခပေါင်းစုံကို ဖြေယှင်းဖို့ ကျိန်းသီနိန်စွာတခုက အချင်းချင်းအပြစ်တင်သရော်ကဲ့ရဲ့  ရှုတ်ချဝေဖန်နိန်တတ်ပြီးကေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းမှာ ပျော်နိန်ကတ်တေ လူတိထက် ပြဿနာကိုခွဲခြမ်းစိတ်ဖြာလေ့လာဆန်းစစ်အဖြေရှာတတ်တေ လူတိက အဖက်ဖက်ကနိမ့်ကျနိန်ရရေ ရခိုင်သားတိအတွက် ပိုပြီးကေ တန်ဖိုးဟိဖို့ ထင်ရေ။

ဒေနိန်ရာမှာ အဓိကပြောချင်စွာက မျိုးဆက်တိုင်းမှာ ရှောင်ဖယ်လားလို့ မရ ကပ်ငြိပါလာရေ သမိုင်းပီးတာဝန်နန့်  ဒေတာဝန်တိကို ဇာပိုင်ထမ်းဆောင်လားကတ်ဖို့ လဲ ဆိုရေ အရည်အချင်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတိ အကြောင်းပင် ဖြစ်တေ။ မျိုးဆက်တိကြားမှာ ဆက်နွယ်မှုတိ ဟိကတ်ကေလေ့ ခေတ်ရီစီးကြောင်းနန့် လိုက်ပနာ ထင်မြင်ယူဆချက်တိလေ့ ကွာခြားနိန်တတ်တေ။

မျိုးဆက်တိနန့် ပတ်သက်လို့  ဥပမာချေတခုပီးချင်စွာက လက်နှိပ်စက်နန့် ကွန်ပျူတာ အကြောင်းပင် ဖြစ်တေ။ 
လက်နှိပ်စက်ကို လူတိုင်းသိကတ်တေ။ 
တခေတ်တခါက လက်နှိပ်စက်စွာ လူ့ ဘောင်အသိုင်းအ၀ိုင်းတိမှာ မဟိမဖြစ်လိုအပ်တေ အသုံးဝင်ခရေ အရာတခု။
ရုံးလုပ်ငန်းတိနန့်  ပတ်သက်ကေ သူက ဆရာကြီး။ လက်နှိပ်စက်စွာ သူထမ်းဆောင်နိုင်ရေ တာဝန်ကို သူ့ ကိုယ်စွမ်းကိုယ်စနန့်  အကောင်းဆုံးတာဝန်ကျီအောင် လုပ်ဆောင်ပီးနိုင်ခရေ။

ယကေလေ့ တန့် လို့ မနိန်တတ်တေ ခေတ်ကာလအလှည့်အပြောင်းမှာ ကွန်ပျူတာက ပေါ်ပါလတ်တေ။ 
ကွန်ပျူတာ၏စွမ်းအားက လက်နှိပ်စက်လားပြိုင်လို့ မရနိုင်လောက်အောင် မြင့်မားရေ။ 
ကွန်ပျူတာပေါ်လာခြင်းကို လက်နှိပ်စက်က လွန်ဆန်လို့ မရနိုင်ခဗျာလ်။ 
စွမ်းရည်မြင့်ရေ အရာက လုပ်ဆောင်ချက်တိအားနည်းရေ အရာကို အလွယ့်ကာချေ လွှမ်းမိုးလားနိုင်ခရေ။

လက်နှိပ်စက်၏အားနည်းချက်ကို ကွန်ပျူတာက အပြစ်တင်ကဲ့ရဲ့ မသရော်ရေပိုင် လက်နှိပ်စက်ကလေ့ ကွန်ပျူတာ လူ့  ဘောင်လောကထဲကို ၀င်လာခြင်းကို သဘောထားဖဖြူစစင်နန့်  နိန်ရာဖယ်ပီးလိုက်ရရေ။
ယင်းအတွက်နန့်  လက်နှိပ်စက်နန့် ကွန်ပျူတာကြားမှာ ငြိစွန်းပွန်းပဲ့တိုက်ခိုက်တတ်တေ တခုပြဿနာလေ့ မဟိခ။ 
သိမ်မွိညင်သာရေ လက်ဆင့်ကမ်းခြင်းနန့်  ငြိမ်းချမ်းရေ အပြောင်းအလဲရာ ဟိခကတ်တေ။

အဂုလေ့ လက်နှိပ်စက်နန့် ကွန်ပျူတာပိုင် ရခိုင်သားရခိုင်သမတိမှာလေ့ မလွေန်ဆန်နိုင်ရေ လောကသဘာဝအတိုင်း မျိုးဆက်ဟောင်းတရပ်က သူ့ သဘောကို သူဆောင်ပနာ အိပ်တန်းပြန်အနားယူဖို့  ပျင်နိန်ကတ်ဗျာလ်။ 
ဒေနိန်ရာမှာ မျိုးဆက်သစ်တိက အစားဝင်ဖို့  အချိန်ရောက်ပါလတ်တေ။
မြင့်မားရေ စွမ်းရည်လုပ်ဆောင်ချက်တိနန့်  မျိုးဆက်ဟောင်းတိ မလုပ်နိုင်ခရေ သမိုင်းတာဝန်ဝတ္တရားတိကို မျိုးဆက်သစ်တိထမ်းဆောင်လားကတ်ရဖို့ စွာက ကျိန်းသီနိန်ရေ။

မျိုးဆက်ကောင်းစွာ စစ်ကြောင်းတသောင်းနန့် တူညီရေ တန်ဖိုးဟိတတ်တေ ဆိုရေ စကားပိုင် ရခိုင်
ရို့ လူ့ ဘောင်ကို အလှဆင်ဖို့  မျိုးဆက်ကောင်းတိ လိုအပ်နိန်စွာက အမှန်ပင် ဖြစ်တေ။ မျိုးဆက်သစ်တိ၏ လုပ်ဆောင်နိုင်မှု အရည်အချင်းတိမှာ အခြီခံပနာ အနာဂတ်ကလေ့ လှပလာနိုင်ရေ။ 
တမျိုးတဖုံဆန်းသစ်တေ အခင်းအကျင်းတိကို မြင်တွိလာနိုင်ရေ။
မျိုးဆက်သစ် မျိုးဆက်ကောင်း ဇာလောက်ပီသကတ်ဖို့ လဲ ဆိုရေ မိန်းခွန်းကို နှစ်ဆယ့်တစ်ရာစုရခိုင်သားရခိုင်သမတိရာ အကောင်းဆုံးအဖြေပီးလီကတ်ပါဖိ။ ။ ။

ခိုင်အောင်အောင်
၃၊၀၇၊၂၀၀၉ 

ရခိုင်အနာဂတ်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment