Friday 28 October 2011

မြတ်ဗုဒ္ဓ၏ရည်ရွယ်ချက်နှင့်သံဃာ့အဖွဲ့အစည်း

ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ကို ဖွဲ့စည်းတော့မည်ဟူသောသတင်းကို ကပ္ပိယသာချိုတစ်ယောက် ကြားနေခဲ့တာ ကြာပြီဖြစ်သော်လည်း တကယ်လုပ်ကောလုပ်ဖြစ်ပါ့မလား၊ ဘယ်သူတွေဦးဆောင်ပြီး ဘာတွေ လုပ်ကြမလဲဟု ကျွန်တော်စိတ်ထဲမှာ တွေးနေမိသည်။ ဘာဘဲဖြစ်ဖြစ်တစ်ဦးတစ်ယောက်ထက် အဖွဲ့အစည်းကို ဦးစားပေးသောမြတ်စွာဘုရားရှင်၏မူအရ ရခိုင်ရဟန်းတော်များ သည်လည်း မိမိတို့အမျိုးသား များစုစည်းပြီး တစ်ခုခုလုပ်ကြမည်မှာသေချာသည်။ မြန်မာနိုင်ငံ၏အနေအထားအရ ရခိုင်အမျိုးသားများ အတွက် လိုအပ်ချက် တွေကားအများအပြားပင်။
သို့သော်လည်း တစ်နေရာရာမှာ တစ်ခုခုကိုဖြည့်ဆည်းပေးနိုင် လျှင်ကား အကျိုးများ လှ၏ ။

ဘာသာရေးအရရော လူမှုရေးအရပါ ရခိုင်ရဟန်းတော်များ၏ သမိုင်းဝင် စွမ်းဆောင်မှုများကား မှေးမှိန်မသွား သေးချေ။ 
ယခုတစ်ဖန် မျိုးဆက်သစ်ရဟန်းတော်များက အားဖြည့်ကာ လက်တွဲလို့ အမျိုးဘာသာသာသနာ အကျိုးကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြတော့ မည်ဆိုလျှင်ကပ္ပိယသာချိုတစ်ယောက် လက်အုပ်မိုးကာ အကြိမ်းကြိမ်ကန်တော့နေမိသည်။
ကြီးမားလိုက်တဲ့သံဃာ့ဂုဏ်တော်။ ကျေးဇူကြီးပါဘိ မိမိတို့ရခိုင်လူမျိုးအတွက်။ ဘုရားရှင်သည် သံဃာအဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် မူသုံးချက်ကိုအခြေခံလျှက် ရွေးချယ်လေ့ရှိခဲ့သည်။
၁ ။ ညီးညွတ်ရေး၊
၂ ။အရည်အချင်းပြည့်ဝရေး၊
၃ ။ အပြစ်ကင်းစင်သန့်ရှင်းရေး၊ တို့ဖြစ်သည်။

ညီညွတ်ရေးအတွက် မြတ်စွာဘုရားရှင်သည် အမြဲတမ်း အများ၏ဆန္ဒကိုလိုက်လေ့ရှိ၏။ 
သမဂ္ဂါနံတပေါသုခေါ” ညီညွတ်ခြင်းသည် ချမ်းသာခြင်း ဟူသောမြတ်ဗုဒ္ဓ၏သြ၀ါဒတို့မှာ သံဃာတော်များအတွက်သာမက ယနေ့ခေတ် လူ့ ဘောင်အဖွဲ့အစည်းတွင် အရေးပါသော လမ်းညွှန်ချက်တစ်ခုဖြစ်သည်။ အပြစ်တစ်ခုကိုဆုံးဖြတ်တိုင်း မြတ်စွာ ဘုရားရှင်သည် သံဃာ၏ဆန္ဒကိုရယူပြီးမှ ဆုံးဖြတ်ချက် ချလေ့ရှိသည်။
ယနေ့ခေတ်တစ်ချို့ကျောင်းတိုက်ကြီး များ၌ နာမည်ကြီးဆရာတော်များတစ်ချို့သည် မိမိ၏အနီးနေတပည့် တစ်ဦးတစ်ယောက်၏စကားကို ယူ၍ဆုံး ဖြတ်ချက်ချမှုမှာ သာသနာတော်အတွက် ဆုံးရှုံးမှုများစွာရှိသည်ဟု ယူဆမိသည်။
မြတ်စွာဘုရားရှင်၏မူအရ ညီညွတ်ခြင်းကိုပျက်ပြယ်စေနိုင်သည် ။

အရည်အချင်းပြည့်ဝရေးအတွက်မူ မြတ်စွာဘုရားစတင်ဖွဲ့စည်ခဲ့သော ပထမဆုံးရဟန်းတော်များမှာ အားလုံး အသာဝေါကုန်ခမ်း ရဟန္တာများချည်းဖြစ်ကြသည်။
တကယ်တော့မြတ်စွာဘုရားရှင်သည် အစပိုင်းတွင် တရား မဟောတောဘူးဟု စိတ်ဖြစ်ခဲ့သော်လည်း၊ နောက်မှသဟမ္ပတိဗြဟ္မာ၏ တောင်းပန်လျှောက်ထားသောကြောင့် တရားဟောဖို့ဆုံးဖြတ်ချက်ချတော်မူသည်။ မြတ်စွာဘုရားရှင်သည် သူ၏တရားတော်များကို မြန်မြန် ပြန့်နှံ့စေ ချင်သောဆန္ဒရှိ၏။ ထိုကြောင့်ပင် လမ်းတစ်ကြောင်းတည်းတွင်နှစ်ပါးမသွားဖို့နှင့် တစ်ပါးတစ်လမ်းစီသွားကြဖို့ မိန့်ကြားတော်မူခဲ့သည်မှာ မြတ်စွာဘုရားရှင်သည် သူ၏တရားတော်များကို လူသားများ၏အကျိုးစီးပွါးအတွက် များများနှင့်မြန်မြန်ပြန့်နှံ့စေလိုသော ဆန္ဒရှိတော်မူသောကြောင်းဖြစ်သည်။

အပြစ်ကင်းစင်ရေးအတွက်မူ မြတ်စွာဘုရားရှင်သည် သေးငယ်သောအပြစ်ကလေးကိုပင် အကြီးအကျယ်ဟု သဘောထားကာ ရှောင်ရှားဖို့မိန့်ကြားတော်မူခဲ့၏။ 
ထိုနောက် ရဟန်းတော်များ အပြစ်ကင်းစင်ပြီး သန့်ရှင်းစင် ကြယ်ရေးအတွက် လပြည့်လကွယ်နေ့များ၌ ဥပုသ်ပြုခြင်း၊ ပါတိမောက်ပြခြင်း တို့ကို ပြုလုပ်ကြရန်ညွှန်ကြား တော်မူခဲ့သည်။ 
ရဟန်းတော်များ လပြည့်လကွယ်နေ့များ၌ သိမ်းအတွင်းစုဝေး၍ ဥပုသ်ပြု၊ ပါတိမောက်ပြခြင်းမှာ အပြစ်ကင်းစင်းသန့်ရှင်းစင်ကြယ်ရေးအတွက်သာမက ညီးညွတ်ရေးအတွက်ပါ အရေးကြီးသော အချက်တစ် ချက်ဖြစ်သည်။

အထက်ပါ တင်ပြခဲ့သောအချက်သုံးချက်ကို ဦးတည်လျှက် ရခိုင်ရဟန်းတော်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြလိမ့်မည်ဟု ကပ္ပိယသာချိုယုံကြည်ပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ရခိုင်ပတ်ဝန်းကျင်တွင် လူကြီးများထက် လူငယ်များသည် အားရစရာကောင်းလောက်အောင် ညီးညွတ်ပြီး၊တက်ကြွနေကြ၍ဖြစ်၏။ 
ထိုကဲ့သို့သော ရခိုင်မျိုးဆက်သစ် လူငယ်ရဟန်းတော်များ၊ ပညာတတ်ပုဂ္ဂိုလ်များသည် ယခုကဲ့သို့ညီညွတ်နေခြင်းမှာခေတ်ကာ လအနေအထားအရနှင့် ပတ်ဝန်းကျင် အခြေအနေအရပါ အမှန်တကယ်ဖြစ်သင့်သော အခြေအနေတစ်ရပ်ပါ။

ထိုနည်းတူစွာ ကပ္ပိယသာချိုမျှော်လင့်သောနောက်တစ်ချက်မှာ အရည်အချင်းပြည့်ဝသော၊ လုပ်ရည်ကိုင်းရည် ရှိသော ပုဂ္ဂိုလ်များကို နေရာပေးလျှက် အမျိုးဘာသာ သာသနာအကျိုးကို ဒီရဟန်းတော်များ ဆောင်ရွက်နိုင် လိမ့်မည်။ ထိုသို့ဆောင်ရွက်သောအခါမှာလည်း ဘုရားသားတော်များပီပီ မြတ်စွာဘုရားရှင်၏ မူသုံးချက်ကို အရင်းခံလျှက် လောက ဓမ္မ နှစ်မျိုးသော အကျိုးကို ဆောင်ရွက်နိုင်သော သာသနာ့ဝန်းထမ်း ဘုရားသားတော် ရဟန်းတော်များသည် မုချ မြတ်စွာဘုရားရှင်၏လမ်းစဉ်ကိုလိုက်နာကြသော ပုဂ္ဂိုလ်များသာ။

ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်နိုင်ငံ)ဆိုဒ်မှ ကူးယူထားပါသည်။

No comments:

Post a Comment