အသျှင် ပျံလွန်တော်မူခဲ့သည်မှာ ယနှေ့ဆိုလျှင် (၇၂) နှစ်တင်းတင်းပြည့်ခဲလေပြီ၊ သို့တိုင် အာဇာနည်မျိုး သေရိုးမရှိ၊ ပြည်သူနှင့် ထာဝရအတူတကွ ရှိနေခဲ့သော အသျှင်၏ ၀ိညာဉ်သည် ဤနေ့ ဤရက်ရောက်တိုင်း အထူးတလည် နိုးထ၍ တရားဟောပြဘိသည့် အတိုင်းပင် ဖြစ်ပါသည်။
ဘ၀သည် မမြဲသော်လည်း အသျှင်၏ မှန်ကန်သော သစ္စာ၊ ခိုင်မာသော စိတ်ဓါတ် အဆောက်အဦးကား မြဲ၏၊ ခိုင်၏၊ မယိုင်မလဲ။
အသျှင်၏ မိန့်မှာချက်များသည် ရန်သူများကြားတွင် ဓားတစ်ချောင်းကဲ့သို့ ထက်မြက်စွာ တိုက်ပွဲဝင်ဆဲ၊ ပြည်သူများကြားတွင် အားအရင်းမြစ် တခုကဲ့သို့ ပျိုမြစ်တက်ကြွစွာ မားမားမတ်မတ် လမ်းညွှန်ပြဆဲပင် ဖြစ်ပါသည်။
(၇၂)ကြိမ်မြောက် အာဇာနည် အရှင်ဥတ္တမနိန့် အထိမ်းအမှတ် ဂုဏ်ပြုပွဲ

“အစိုးရလုပ်တာ မကောင်းရင် မကောင်းဘူးလို့ ဝေဘန်နိုင်တဲ့ အခွင့်ရေးရှိတယ်၊ ငုံ့ ခံမနေကြပါနဲ့”
“မတရားတဲ့ အစိုးရကို ဖြုတ်ချနိုင်တဲ့ အခွင့်ရေး၊ ပြည်သူများ လက်ထဲမှာ အပြည့်အ၀ရှိတယ်။”
အသျှင့်မိန့်ခွန်းများမှာ ရာစုနှစ် တစ်ခုနီးပါးကြာ အတိတ် တချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများပေါ်တွင် အခြေနေလိုအပ်ချက်နှင့် ချက်ထိ ရဲရဲတောက်မိန့် ကြားတော်မူခဲ့သည်ချည်းဖြစ်သည်၊ ဗြိတိသျှ ကိုလိုနီခေတ် စံနစ်ကို စောကြောဝေဘန်၍ အာခံခဲ့သော အသျှင်၏ တော်လှန်ရေး တပ်လှန်သံများသည် ယနေ့ခေတ် စစ်ကျွန်စံနစ်အောက် (ဗမာတွေ သတ္တိပြဖို့ တချက်ပဲလိုပါတော့တဲ့) မြန်မာပြည်အတွက် အထူးအားဆေးတလက်သဖွယ်ဖြစ်တုန်းပင် ဖြစ်ပါသည် ။ ဒေးဒရဲအပိုင်၊ ဆုကလပ်ရွာ တရားပွဲ မိန့်ခွန်းက ဤအတွက် သာဓကပင်ဖြစ်ပါ၏၊ “ဗမာတွေဟာ ခွေးလောက်မှ သတ္တိမရှိကြဘူး၊ ခွေးက ခွေးချင်ဆိုရင် အရေးပိုင်ခွေးလည်း ပြန်ချတာပဲ”
အမှန်ကို မသိနိုင်တော့သည့် ထိုစဉ်က မြန်မာလူထုမှာ မှောင်ထဲတွင် တိုင်ငုတ်သရဲ ထင်စွဲကြောက်ရွံ့ နေခဲ့သည့် အခြေနေဖြစ်သည်။
မှောင်ထဲတွင် ဖြစ်ပျက်နေသည်များကို ထင်လင်းစွာ သိမြင်တော်မူခဲ့သော အရှင်သည် ရဲရင့်ခြင်းဟူသည် မှန်ကန်ခြင်းနှင့် အစဉ်သဖြင့် တွဲဘက်ဖြစ်သည့် နိယာမသဘောကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့သည်။
ပထမပိုင်းတွင် လက်နက်ဖြင့်တော်လှန်ပုန်ကန်ခြင်းကို အပြတ်ချိုးနှိမ့်ခံ လိုက်ရပြီးနောက်တွင် မြန်မာနိုင်ငံ၏ သူ့ကျွန်မခံ တော်လှန်ရေး နည်းမသိ လမ်းမရှိဖြစ်လျှက်ရှိချိန်တွင် ဆရာတော်၏ တရားပွဲများက မှောင်ကိုခွင်း၍ အလင်းဆောင်ပြနိုင်ခဲ့ခြင်းဖြင့် သတ္တိခဲလူထု၊ ထက်မြက်သောလူထု၊ ဖိလျှင်ကြွ ထိလျှင်ချသော လူထုဖြစ်လာစေခဲ့သည်။
လူတိုင်းတွင် မိမိယုံကြည်ချက်အား လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပုံကို.. မိမိကိုယ်တိုင်က (ကရက်ဒေါက် ဂက်ဒ် အောက်) ဟု ရာဇ၀င်တွင် စိန်ခေါ်ပြလိုက်သည်။
အချုပ်ဆိုရပါမူ.. ဆရာတော်သည် လွတ်လပ်ရေး ဖခင်၊ လွတ်လပ်ရေး ပတိသန္ဓေ၏ မျိုးဗီဇဖြစ်သော ဒီမိုကရေစီ သဘောတရားကို ကိုလိုနီမှောက်တိုက်ထဲတွင်ပင် အလင်းရောင်ပေး၍ ပထမဆုံး မိတ်ဆက်ပေးခဲ့သူဖြစ်ပါသည်။
မိမိပေါက်ဖွားကြီးပြင်ရာ ဇာတိမြေနှင့် မိဘနွယ်ရိုး လူမျိုးတစုတည်း၏ အကျိုးကိုမငဲ့၊ မြန်မာတနိုင်ငံလုံးသာမက အာရှအနှိမ်ခံများအားလုံး ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခွင့်လမ်းကိုသာ အာရုံထား၍ တသက်လုံး ကြိုးစား အနစ်နာခံသွားခဲ့ရှာသည်။
လူမျိုး ဘာသာမခွဲ တပြေးညီ တတန်းတည်း မျှတညီညွတ် လွတ်လပ် တိုးတက်ရေးသည် ဆရာတော်၏ မျှော်မှန်းချက်များဖြစ်ခဲ့သော်လည်း လွတ်လပ်ပြီးခေတ်ဆိုသည်မှာ စစ်ခင်းသတ်ဖြတ် တဖက်သတ်ခွဲခြား မတရား မမျှတ ဗိုလ်ကျစိုးမိုး ရှင်ကြီးကျားထက်ဆိုးသော စံနစ်ဆိုးဝါဒီများအား သင်းတို့သဘောရှိ ကရောဟိပြုခွင့် ပါမစ်ကို တရားဝင်ချပေးလိုက်သည့်အတိုင်းပင်ဖြစ်ပါသည်။
အပြစ်မဲ့ပြည်သူတို့၏ လူမွေးလူရောင်ပြောင်ဖို့ အခွင့်အရေးကား အနှစ်ခြောက်ဆယ်ကျော်လာသည့်တိုင် ရွှေပြည်တော် မျှော်တိုင်းဝေးမဟုတ်တော့ အားလုံးပျောက်၍ ကုန်းကောက်စရာနှင့် ဝေးခြင်းဖြစ်နေပါပြီ။
ထိုသို့ဖြစ်ရခြင်းအတွက်အဓိကကျသော အကြောင်းတရားများကို လိုက်ရှာလျှင် အကျားကိုက်ခံရသည့်အခြေနေတွင် အချင်းချင်း ရန်ဖြစ်နေကြသည်နှင့်လည်းကောင်း၊ မီးလောင်ပြာကျနေဆဲ ပြာပုံထက်တွင် လက်ညှိုးထိုး ရန်စောင်နေကြသည်နှင့်လည်းကောင်း အတူတူသာဖြစ်ပါမည်။
အရှေးခြမ်းမှ မဟာဆိုသူတို့၏ “လူမျိုးကြီးဝါဒ” အား လက်ညှိုးထိုးနေကြစဉ်တွင်ပင် ထို့ ထက်ကြီးသော “လူမျိုကြီးဝါဒ” က အနောက်ဖက် မလွယ်ပေါက်မှ မီးထွန်း၍ ဗြောင်ဝင်ရောက်နေသည်မှာ ကျောချမှ ဓားပြမှန်း သိကြသိအတိုင်းဖြစ်ပါ၏။
သို့ရာတွင် ပေါက်ပင်ကိုင်း၍ ဗျိုင်းနားခြင်းလော..။
ဗျိုင်းနား၍ ပေါက်ပင် ကိုင်းခြင်းလော ကွင်းဆက် သဘော ပတိစ်စသမုဒ်ပါတ်ကိုကား သိရပါမည်။
သိမှသာ ဖြတ်တောက်ဖို့ အခွင့်သာမည် မဟုတ်ပါလား၊ လူမျိုးကြီးဝါဒကို ဖော်ဆောင်ရန် စစ်ကျွန်စံနစ်ကို ကိုင်စွဲခဲ့ရသည်။
စစ်ကျွန်စံနစ်ကို တွန်းကန်ရင်း အစွန်းမရောက်တရောက် မျိုးချစ်ဝါဒများ ပေါ်လာရသည်။
ကိုယ့်ကိုယ်ကို ကာကွယ်နေသူချင်းသည် ဘေးလူချင်းလည်း ချကြသည်မှာ မဆန်းတော့။
ထိုအခါ ညီညွတ်ရေးအစည်းပြေ၍ တိုင်းပြည်လည်း ဖွတ်ဖွတ်ကြေဖြစ်ရရှာသည်။
ယခုနောက်ဆုံးတွင်မူ ဆရာတော်ဇာတိမြေမှ စတင်၍ လူမျိုးကြီးဝါဒီများကိုယ်တိုင် “လူမျိုကြီးဝါဒီ” ရိုဟင်ဂျာ အမည်ခံ စစ်တကောင်း ဘင်္ဂါလီ အရ်ရီကန်နိစတန်များနှင့် လွှတ်တော်အထိ တက်၍ဖြေမနိုင် ရှင်းမရ ဖြစ်နေကြသည်ကို အထူးသတိချပ်၍ အားလုံး နောင်ကြည်လိမ္မာ ညီညွတ်မျှတစွာ တော်လှန်ရေးခရီးဆက်ကြဖို့ လိုအပ်ပြီဖြစ်ကြောင်း အားလုံးကို အသိပေးအပ်ပါသည်။
ဤမှာ တက်ရောက်သူအားလုံးလောက်သည် ၂၀၀၈ ဥပဒေကိုအတည်မပြု ဆန့် ကျင်၍ ၂၀၁၀ အလိမ်ထုပ်ဖြေ ရွေးကောက်ပွဲကို အတုယောင် သတ်မှတ်လျှက် အပြတ်အသတ် ရှုတ်ချခဲ့သူများဖြစ်ကြပါသည်။
သို့ ပါလျှက် သမ္မတကြီး ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ပေါ်တွင် အီမိုးရှင်းများ ဆင်ခြေပွါးကြလျှက် လမ်းထက်ဝက်က အိမ်လှည့်ပြန်ကြမည့်သူများကား တော်လှန်ရေး အစဉ်အလာကောင်းများ ဖြစ်တည်ရာ ဒေလီမှ စတင်၍ မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းနေရပါသည်။
အာဇာနည် အသျှင်၏ တွယ်စရာရှိလျှင် ထိပ်ပြောင်ကို ရှေးကတင်၍ ၀ကွက်ကာတွယ်တတ်ပုံဖြင့် နိဂုံးချုပ်ခဲ့ပါမည်။
၁၂ -၀၉ - ၃၆ နေ့စွဲဖြင့် သူရိယတိုက်သို့ ပေးပို့သော ဦးဥတ္တမကိုယ်တော်၏ မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ဗုဒ္ဓသာသနာ ဆောင်းပါးတွင်(ခရိယန်ဘာသာကို မစွန့်ဘဲ ဗုဒ္ဓဘာသာတွေကို ညာလှိုင်းခြင်းဖြစ်၏၊ တနေ့ကျလျှင် (ထိုစဉ်က သမ္မတ ဒေါက်တာ) ဘမော်သည် (ဗုဒ္ဓဘာသာတွေဆီက မဲရမယ်ဆိုရင်) ကတုံးရိတ်၍ ဘုန်းကြီးလုပ်ပြပြီး၊ ဗမာပြည်ကြီးကို အယုံသွင်းလျှက် ကလိမ်ချလိမ့်ဦးမည်။ သတိထားကြ)။
ဟူ၍ ဖြစ်ပါသည်။
ကျေးဇူးရှိလို့  ကျေးဇူးဆပ်ရမှန်းသိကြသည် ဒေလီရောက် ရခိုင်လူငယ်များမှ ကမကထပြု၍ ပူဇော်ထိုက်သူ (အသျှင့်)အား ပူဇော်ဂုဏ်ပြုခြင်းကို မြန်မာနိုင်ငံသားများ အားလုံးကိုယ်စား တက်ရောက် အားပေးကြသည့် ဒေလီက ဘ၀တူများအားလုံးအား အထူးတလည် မေတ္တာပို့ ၍ ယခုကဲ့သို့ ဆုတောင်းပေးခဲ့ပါသည်။
“အမှန်တရားအတွက် ဆက်လက် ရှင်သန်၍ သတ္တိကို လက်တွေ့ ချသုံးခြင်း ဗျတ္တိဖြင့် အောင်ပွဲရ အေးချမ်းနိုင်ကြပါစေ၊ ဆရာတော့် အထိမ်းမှတ်နေ့မှာ ဆရာတော့်စိတ်ဓါတ်မျိုး မွေးကြပါစို့ ”
အသျှင် အရိယ၀ံသ (ခေတ္တ။
အာသံပြည်)
ရခိုင်ပြည်အမျိုးသားကောင်စီဆိုဒ်မှ ကူယူထားပါသည်။

No comments:
Post a Comment