Tuesday 4 October 2011

" ကံမကောင်းခရေ သံယောဇဉ်လက်ကျန်ခါးခါးတိ"

မင်းဘက်က အမှန်ဒေပိုင်လုပ်ပခမှတော. ငါ.ဘက်ကဇာများ ဆက်ပြောလို.ရဖို.သိလဲယေ။
မင်းဘက်ကလက်ပြခရေပိုင် ငါလဲချန်နိန်လိုက်စွာရာ။
တစ်ယောက်လဲမရှုံး။
ရှုံးခစွာက ငါ.အချစ်တိပါ။
လူတစ်ရာမှာ ၉၉% ကအချစ်ဦးနဲ.လက်တွဲမရဆိုစွာကိုသိရေ။ 
၁%ဆိုရေလူတိက ကံကောင်းရေ ကံတရားထဲမှာပါနိန်လာ။ 
ယပိုင်ဆိုကေ ငါက ဒေကံတရားထဲမှာ မပါနိုင်စွာက မင်းလုပ်ခရေ လုပ်ရပ်တိကြောင်.ရာ။ 

ဟန်ဆောင်ခမိရေ အချိန်တိကို သတိရရေမင်း။
မင်း ငါ.အနားက ဖြတ်လားခရအချိန်တိုင်း ငါခေါင်းစောင်းလို.မကြည်.ခကေ.လဲ မင်းနောက်ကုန်းကို မှုန်မှုန်ဝါးဝါးမြင်ရရေ အချိန်မှ ငါရပ်နိန်ရေ နေရာကလှည်.ပြန်ဖြစ်တေ။
ယင်းအချိန်ကလေ ငါ.ဦးနှောက်ထဲကရာ အချက်ပြမီးနီရာ မပြခကေ ငါရှေ.ဆက်တိုးမိဖို.ထင်ရေ။
ငါ.ဦးနှောက်က ပြခရေအချက်ပြမီးတစ်ချက်ကြောင်. ငါ.ပန်းတိုင်ကို ဒေကုထက်ထိ အဖော်မဲ.စွာ လျှောက်နိန်ရရေ။

မင်းသိလာ ငါလေ လွန်ခရေ ၆နှစ်လောက်က ဇာအချိန် ဇာနေရာမှာ မင်းဇာအင်္ကျီကို ၀တ်ခရေဆိုစွာကို ငါဒေကုထက်ထိ အသေးစိပ်မှတ်မိနိန်သိရေ။ မင်းကျေနပ်လာ။ 
ငါလေ မင်းကို ဒေကုထက်ထိ ချစ်နိန်တုန်းသိ။
ငါ.အတွက် အဟောင်းဆိုစွာ မရှိခရေတွက် အသစ်ဆိုစွာလဲ ရှိလာဖို.မဟုတ်။ မင်းက ငါ.ရင်ထဲက ပုံရိပ်ချေတစ်ခုပါ။ 
ယကေ.လေ ကြိုတော.ပြောလိုက်မေ။ 
မင်းနဲ.၀ီးရလို. ဒေကုထက်ထိ နောင်တမရဖူးသိ။
ဟုတ်တယ် ဘ၀က နှလုံးသားတစ်ခုတည်းနဲ.တည်ဆောက်ထားစွာက မဟုတ်လေ။
ဦးနှောက်သာမပါကေ လူဖြစ်ဖို.သိလား။ ယင်းနဲ.လို. ငါ.ခံစားချက်တိကို ဒေကုထက်ထိ မျိုသိပ်ထားခစွာ။


တစ်ခါတစ်ခါ ငါ.အချစ်တိကို အလိုလိုက်ချင်ရေ။ 
မင်းပခုံးထက်မှာ မှီပလိုက်ချင်ရေ။
မင်းနဲ.တူတူလားပြီးကေ မင်းလက်မောင်းကို တွဲထားချင်ရေ။ မင်း ဆုံးဖြတ်ချက်အောက်မှာ ငါနိန်ချင်ရေ။
မင်းတေးခြင်းဆိုရေ အသံကို ကြားချင်ရေ။
မင်းအကြည်.တိကို လွမ်းမိရေကာ။ အရင်က ရင်ခုန်သံတိကို ပြန်ပနာ အောက်မိန်.ရေ။ နောက်ထပ် ပြန်မရနိုင်ရေ  အရင်ကအချိန်တိထဲက မင်းငါ.နောက်က တကောက်ကောက်လိုက်နေခရေ အချိန်တိကို အရူးတပိုင်း တမ်းတမိရေ။


မင်းလဲငါ.ကို မနှောင်ဖွဲ.ခရေပိုင် ငါလဲမင်းကို မနှောင်ဖွဲ.ခ။ 
ယင်းသံယောဇဉ်ဆိုရေ  ကြိုးချေတစ်ခုရာ မချည်နှောင်ခကေ ငါရို.တိ အဂုပိုင် နာကြင်ရဖို.မဟုတ်ကာ။ 
ယင်းရင်ခုန်သတိကလဲ ဒေကုပြန်ပနာ ရှင်သန်နိုင်ဖို.သိလား။ 
အမှားအမှန်ကိုလေ ငါလေ မိန်.ထားချင်ရေ။ အေဘောင်တိထဲမှာ နိန်ရစွာ ကျဉ်းကျပ်လာပါတေမင်း။ 
အရူးတိပိုင် အော်ပလိုက်ချင်ရေကာ။
ဒေအောင်မြင်မှု  ဒေမျော်လင်.ချက် ဒေဆုံးဖြတ်ချက် ဒေပန်းတိုင်းတိကို ဇာလုပ်ရဖို.လဲ။ ဒေချင်.တိက ငါ.အထီးကျန်ခြင်းတိထက်
 ကောင်းနေလို. ငါ ဒေချင်.တိကို လှဲပခစွာလားလို.  ဆုံးဖြတ်ခရေ ငါ.စိတ်ကိုငါလဲ တစ်ခါတစ်ခါ နားမလည်မိ။


ငါမမိန်.နိုင်ကာမင်း။ 
ဒေကုလဲအိပ်ရာက စောစောချေထပြီးကေ စာကြည်.ရဖို.ဆိုပြီးကေ ထလာစွာ။
ကော်ဖီဖျော်ပြီးစွာနဲ. စာအုပ်ကိုဘေးမှာထားပြီးကေ မင်းကိုသတိရနိန်ပြန်ဗျာလ်။ 
ယပိုင်ဆိုကေ ဇာလုပ်ရဇို.လဲ ဇာတိဆက်လုပ်ရဖို.သိလဲ။ တစ်ယောက်တည်းရာ အမြဲတမ်းနိန်ခစွာရာ။ ဇာဖြစ်လို. မင်းကို တောင်.တနိန်ရလေမသိ။


ဘလော.တစ်ခုပိုင်ဆိုင်ရစွာကိုလဲ ကကောင်းဝမ်းသာရေမင်း။ 
အရင်ဆိုကေ  ငါ.ဒိုင်ယာရီချေက သနားဖို.ကောင်းနိန်ရေ။ 
အလွမ်းတိနဲ. တည်ဆောက်ထားရေ  ဇာအရာမဆို လှပနိုင်ဖို.လား။ ဒိုင်ယာရီလဲ အတူတူရာမနား။
  ဒေဘလော.က ငါ.ရဲ. ဒုတိယမြောက် ဒိုင်ယာရီဖြစ်လာရေ။
ငါပြောချင်စွာ ပြောလို.ရရေ။ ရွီးချင်စွာရွီးလို.ရရေ။ ဒေဘလော.ကို လက်ဆောင်ပီးခရေ အစ်ကို ကိုလဲ ကျေးဇူးတင်ရေ။


အပြင်မှာလဲ တစ်ယောက်လဲမရှိ။ အွင်လိုင်းမှာလဲ တစ်ယောက်လဲမရှိ။ 
ငှက်ချေတိတောင် မနှိုးသိရေ ဒေအချိန်တိ ကမ္ဘာလောကကြီးမှာ ငါတစ်ယောက်တည်းဆိုရေ အသိက ငါ.အထီးကျန် စိတ်ကို ပိုအားကောင်းစီရေကာ။
ဇာမှာလဲမင်း ဇာကိုရောက်နိန်လေ ဇာတိလုပ်နိန်လေ။ မမြင်စွာ မတွီ.စွာ အသံမကြားရစွာ နှစ်တိဇာလောက်ကြာဗျာလ်လေ။ ယကေ.လဲ ငါ.ရင်ထဲမှာ အရင်အတိုင်းရာ။


"မခေါ်ဘဲ လာခရေမင်း
မတောင်.တဘဲ ရောက်လာခရေ အချစ်တိ
မဖိတ်ဘဲ ၀င်လာခရေ. အလွမ်းတိ
သီမတတ် ဖိစီးနိန် နာကြင် စိတ်တိ
မနှင်ဘဲ ထွက်လားပြန်ရေမင်း



ဟန်ဆောင်ခြင်းတိနဲ. နိန်ရရေ ငါ.ဘဝ
မြွီတိပိုင် အရီခွံ ခွါပလိုက်ချင်ရေ
ငါ.အလွမ်းတိကို မင်းသိဖို.မဟုတ်
ပေါက်ထွက်လာရေ ငါ.သံစိုင်တစ်ချို.ရာ

ငါ.တွက် သံယောဇဉ်လက်ကျန် ကျန်သိလာမင်း
လက်ကျန်တိများ ကျန်လို.ရှိခကေ ဒေလူကိုစွန်.ကြဲလို.ရသိရေ
ဒေတစ်ခါ အားလုံးကို တစ်ခါတည်းနဲ. မော.ပါရစီ။ "


တစ်ခါတုန်းက မင်းဆီသို...............................................
 
နန်းစံဖြူးဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment