Wednesday 19 October 2011

ကုလာတန်စီမံကိန်း ပြီးစီးပါက ထောင်နန့်ချီရေ ပြည်သူတိ အလုပ်လက်မဲ့ဖြိုက်လားနိုင်

စစ်တွေ။   ။ကုလားတန်မြစ် ဖွံ့ဖြိုးရေးစီမံကိန်း ပြီးစီးလားပါက ကုလားတန်မြစ်ကို မှီပနာ လုပ်ကိုင်စားသောက်နိန်ကတ်တေ ပြည်သူတိ အလုပ်လက်မဲ့ဖြိုက်လားနိုင်ကြောင်း သိရသည်။
ကုလားတန်မြစ်ကို အသုံးပြု၍ ဒေသခံတိ ငါးဖမ်းခြင်းနန့် တခြားရီလုပ်ငန်းတိကို လုပ်ကိုင်နိန်ကတ်တေအတွက် စီမံကိန်း ပြီးစီးလားပါက အဆိုပါ အခွင့်အရေးတိ ပျောက်ဆုံးလားနိုင်ကြောင်း ကျောက်တော်မြို့မှ မြို့ခံတစ်ဦးက ပြောပြသည်။
“ကျနော်ရို့လေ့လာမိသလောက်ဆိုကေ ဒေစီမံကိန်းရာ ပြီးစီးလားဖို့ဆိုကေ မြစ်ကိုမှီလို့ လုပ်ကိုင်စားသောက်နိန်ကတ်တေ တံငါသည်တိ လုပ်ပိုင်ခွင့်ရဖို့မဟုတ်ဗျာယ်၊ မြစ်ကြောင်း ရှင်းလင်းရေးတိ လုပ်ပလိုက်ဖို့ဆိုကေ ငါးဖမ်းသမားတိ လုပ်လို့ကား ရဖို့မဟုတ်ဗျာယ်၊ ဒေမြစ်ကိုမှီပနာ လုပ်နိန်ကတ်တေ လူတိလည်း အလုပ်လက်မဲ့ဖြိုက်လားနိုင်ပါရေ”လို့ ပြောသည်။

မြစ်ကြောင်း ရှင်းလင်းရေအခါ  မြစ်အတွင်း တံငါသည်တိအတွက် ငါးဖမ်းရေလုပ်ငန်းတိ ရပ်လားနိုင်ကြောင်း သူကဆက်ပြောသည်။
“ကျနော်ရို့သိရသလောက်ဆိုကေ  တန် ၆၀၀၀ ရှိရေ ရီယိုင်တိ လားဖို့ဆိုခါ ရီအနက်တူးရဖို့လေ၊  သောင်တိကများခါ ကျောက်စွယ်တိကိုလဲ ဖောက်ခွဲရဖို့၊ ယင်းကြောင်း မြစ်မာလုပ်စားနိန်ကတ်တေ လူတိတော့ အလုပ်လက်မဲ့ မဖြစ်လို့ ပြောလို့ရဖို့လားယေ“လို့ ဆိုသည်။
ထို့အပြင် ကုလားတန်မြစ်၏ သဘာဝ သယံဇာတတိလည်း အဆိုပါ စီမံကိန်းကြောင်း ပျက်စီးလာနိုင်ကြောင်းလည်း လေ့လာသူတိက ဆိုပါရေ။
ကုလားတန်မြစ် အထက်ပိုင်း ပလက်ဘက်ပိုင်းအတွင်း ရီတိမ်သောင် ၃၀ ကျော်နန့် ရီကြောင်းရှိ ကျောက်စွယ် ၁၀ကျော်ကို ဖောက်ခွဲရဖို့ ဖြိုက်ပြီးကေ ကုလားတန်မြစ်အတွင်း ကုန်စည် သယ်ယူပို့ဆောင်ဖို့အတွက် တန် ၂၆၀ရှိ ရီယိုင် ၁၀ စင်း ကိုလည်း တည်ဆောက်ဖို့ရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်းက စတင်ရေ ကုလားတန်မြစ် ဖွံဖြိုးရေးစီမံကိန်းကို အိန္ဒိယနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြိုက်တေ ESSARက  အကောင် အထည်ဖော် နိန်စွာဖြိုက်ပြီး ကန်ဒေါ်လာ ၆၂၉သန်းကျော် အကုန်ကျခံကာ တည်ဆောက်ဖို့ စီမံကိန်းဖြိုက်တေလို့ သိရပါရေ။
အဆိုပါ စီမံကိန်းရေ ရခိုင်ပြည်အတွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှု၏ ဒုတိယ စီမံချက်ဖြိုက်သည်။ ပထမစီမံကိန်းကို တရုတ်နိုင်ငံက ဦးဆောင်နိန်စွာဖြိုက်ပြီး  ဒုတိယမှာ အိန္ဒိယက ကြိုးပမ်းနိန်ခြင်း ဖြိုက်သည်။
ရခိုင်ပြည်တွင်း အင်းအားကြီးနိုင်ငံတိက ရင်းနှီးမြုပ်နှံမှုတိရှိကေလဲ  ဒေသခံရခိုင်တိမှာ အလုပ်လက်မဲ့ ပြဿနာက တိုးလာနိန်ဆဲဖြိုက်တေလို့ စစ်တွေမြို့တစ်ဦးက သုံးသပ်သည်။
“စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းရို့ အကြောင်းကိုတော့ သတင်းစာတိမှာ ကောင်းဖတ်ရရေ အလုပ်အကိုင် အခွင့်အလမ်းတိ ရလာဖို့ စရေအကြောင်းတိ၊ ဇာကဟုတ်ခီဖို့လဲ၊ လုပ်ငန်းခွင်တိုင်းမှာ သူ့လူနန့်သူ၊ အလုပ်ရဖို့စွာထား၊ ကျောက်ဖြူရို့မှာဆိုကေ ဗမာကုမ္ပဏီတိမှာ လူတိတစ်ခါတည်းပါပြီးသား၊ ရခိုင်တိကိုဆိုကေ အောက်ခြေသိမ့်ချေလောက် ရာရှိရေ”လို့ သုံးသပ်ပြသည်။
လက်ရှိမှာရေ ကုလားတန်စီမံကိန်းကြောင်း လေးမြို့ချောင်းအတွင်း ကမ်းထောင်းတိ ပြိုကျပျက်စီးလာကြောင်းကို လေးမြို့ချောင်း ဒေသခံတစ်ဦးက ပြောပြသည်။
“ဒေမှာက ကျောက်စရစ်တိထုတ်တေ၊ ကုလားတန်စီးမံကိန်း၊ စစ်တွေဆိပ်ကမ်းမှာ အသုံးပြုရေ၊ ယင်းပိုင် ကျောက်စရစ်တိ ထုတ်ဖန်များလို့ လေးမြို့ချောင်းမှာ ကမ်းထောင်းတိ ပြိုကျလာဗျာ၊ နောက်ငါးနှစ်ဆိုကေ လေးမြို့ချောင်းဒေသ အတွက်စိုးရိမ်ရရေ “လို့ အဆိုပါ ဒေသခံက ပြောသည်။
ကုလားတန် စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ အပြီးသတ် ဆောင်ရွက်ဖို့ စီစိုင်ထားပြီး စစ်တွေ ဆိပ်ကမ်းအတွက် ဆီးရုံ အနောက်ဘက်ရှိ  အင်းပေါက်ဝနန့် စစ်တွေဖောင်တော်ကြားအတွင်း   ကမ်းနားလမ်းမှာ  အဆိုပါဆိက်ကမ်းကို တည်ဆောက်နိန်စွာ ဖြိုက်သည်။

“ဆိပ်ကမ်း ဆောက်ဖို့ သတ်မှတ်ထားရေနိန်ရာက တန် ၄၀၀၀ ရှိရေ စစ်တွေဖောင်တော်နန့် အပါးချေဆောက်ပါဖို့၊ တန် ၆၀၀၀ ရှိရေ ဆိပ်ခံတံတားနန့် ချဲ့ကပ် တံတား တစ်ခုပါပါဖို့ ၊ ပွိုင့်နန့်မဆိုင်ပါ၊ ပွိုင့်ကမ်းခြီက အလွတ်ပါရာ၊ အဂုကလက်ရှိ စစ်ဆွေဖောင်တောင်နန့်ကပ်ပနာ လုပ်နိန်စွာပါ၊ ပွိုင့်ထိမရောက်ပါ”လို့ အဆိုပါလုပ်ငန်းခွင့်နန့် နီးစပ်သူတစ်ဦးက ပြောပြသည်။
အဂုအခါ စီမံကိန်းအတွက် ကမ်းခြီကို မြီသားတိနန့် ဆည်ဖို့ခြင်း၊ သဲဖို့ခြင်းစရေလုပ်ငန်းတိ ဆောင်ရွက်မှုအဆင့်ရာ ရှိသိမ့်ကြောင်း သိရသည်။
စီမံကိန်းအရ မြစ်တွင်းလားလာဖို့ ရီယိုင်တိအတွက် အလျား ၅၂ မီတာ၊ အကျယ် ၁၅. ၂ မီတာရှိရေ ဆိပ်ခံတံတား တခု၊ တန် (၆၀၀၀) ရှိ အလျား ၂၀၉ မီတာ၊ အကျယ် ၃၅. ၂ မီတာရှိ ဆိပ်ခံတံတား တစ်ခုနန့် အလျား ၁၀၄ မီတာ အကျယ် ၉.၅ မီတာရှိ ချဉ်းကပ် ဆိပ်ခံ တံတား တခု စုစုပေါင်း  ဆိပ်ခံတံတား သုံးခု ရှိလာဖို့ဖြိုက်ကြောင်း သိရသည်။
စစ်တွေဆိပ်ကမ်းက တဆင့်  စစ်တွေနန့် ပလက်ဝထိ မြစ်ကြောင်းလမ်းရေ ၂၂၅ ကီလိုမီတာ (၁၄၀ မိုင်) ရှိပြီးကေ ၆၂ ကီလိုမီတာ (၃၈မိုင်) ရှိရေ နယ်စပ်အဝီးပြီးလမ်းမအဖြိုက် ပလက်ဝမြို့ကနိနှ် တဆင့်  အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖက် မီဇိုရမ်ပြည်နယ် နယ်စပ်သို့တရောက် ဆက်သွယ်ဖောက်လုပ်ဖို့ ဖြိုက်ကြောင်း သိရသည်။
စစ်တွေမြို့နန့် ပလက်ဝမြို့နယ် စက်ပြတ်ပြင်ကျေးရွာ အကြားကို ရီကြောင်းလမ်းအဖြိုက် ကုလားတန်မြစ်အတိုင်း အသုံးပြုဖို့ဖြိုက်ပြီးကေ စက်ပြတ်ပြင်ကတဆင့် အိန္ဒိယနိုင်ငံ အရှ့မြောက်ဖက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ကုန်းလမ်းအဖြိုက် အဝီးပြီးလမ်းမ ဖောက်လုပ်ပနာ အသုံးပြုလားဖို့ ဖြိုက်သည်။
အဆိုပါ စီမံကိန်းကို အိန္ဒိယအနိန်နန့် ၁၉၉၈ ခုနှစ်ကပင် ကမ်းလှမ်းမှုရှိခရာ  ၁၉၉၉ ခုနှစ်မှာ  မြန်မာနိုင်ငံက  အတည်ပြု လက်ခံခပြီးကေ ၂၀၀၈ခုနှစ် ဧပြီလမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အိန္ဒိယ ခရီးစိုင်မှာ  နှစ်နိုင်ငံသဘောတူ လက်မှတ်ရီးထိုးခစွာဖြိုက်ကြောင်း သိရသည်။ 

ရခိုင်အကြောင်းတဇိတဇောင်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment