Sunday 16 October 2011

မြန်မာ စစ်အာဏာရှင်တွေ တိုင်းပြည်ကို ဘယ်မှာ ထားခဲ့သလဲ

နယ်ချဲ့လက်လက်အောက် လွတ်လပ်ရေးရအောင် တပ်မတော်က တိုက်ယူခဲ့သည်။ တိုင်းပြည်ချောက်ထဲ ကျခါနီး ကယ်တင်ခဲ့သည်။ 
တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်။ 
တိုင်းပြည်ကို စစ်တပ် ကသာ ချစ်သည်။ 
အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်သည်။ 
နယ်ချဲ့ရန်ကို ကာကွယ်ဖို့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ 
တပ်မတော်သည်သာ အဖ၊ တပ်မတော်သည်သာအမိ။ 
ဘေးပြော တာ မယုံ နဲ့ သွေးပြောတာကိုယုံ။
ဒို့တာဝန် အရေးသုံးပါးတွေ  (၁၂) ပါး တွေ ကို စာအုပ်တိုင်းမှာ မရိုက်မနေရ၊ သီချင်းခွေတွေမှာ မထည့် မနေရ။ 
လမ်းတကာမှာ အနီရောင် ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီးတော့ လိမ်ညာ ဟစ်ကြွေး ခဲ့ကြတဲ့ စစ်အာဏာရှင်တွေက နှစ်ပေါင်း ၆၃ နှစ် အုပ်ချုပ် လိုက်တဲ့အခါ ကမ္ဘာ့ အမွဲဆုံး တိုင်းပြည် စာရင်းကို ရောက်သွား ခဲ့တယ်။
ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်။
ငတ်မွတ် ခေါင်းပါးမှုနဲ့ ပညာ မတတ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို သန်းချီတဲ့ ရွှေ့ ပြောင်း အလုပ်သမားတွေ အဖြစ် ထွက်ခွာသွားကြရတယ်။
စစ်အာဏာရှင် အုပ်ချုပ်တဲ့ကာလ တလျှောက်လုံး တိုင်းသူ ပြည်သားတွေကို ၀ါဒမှိုင်းတွေ တိုက်၊ မဟုတ်တဲ့ သတင်းလိမ်တွေနဲ့ လှည့်ဖြား အုပ်ချုပ်ခဲ့တယ်။ 
မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ တိုင်းရင်းသားပေါင်းစုံ တို့က  ဗိုလ်ချုပ်အောင်ဆန်း နဲ့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ  တန်းတူရေးနဲ့ လူ့အခွင့်အရေးတွေကိုတောင်းဆို ခဲ့ကြတယ်။  ပါးစပ်နဲ့တောင်း မရတော့ လက်နက်ကိုင် ခဲ့ကြတယ်။ 
မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံး လာခဲ့တာကြောင့် ပြည်တွင်းစစ်မီးဟာ လွတ်လပ်ရေးနဲ့ အတူတူ ပေါ်လာခဲ့တယ်။
တမြေတည်းနေ တရေ တည်းသောက် တနိုင်ငံတည်းသားချင်း သတ်ဖြတ် ခဲ့ကြရတယ်။  ဒီလိုဖြစ်မှာကို စိုးရိမ်းလို့ ကြိုတင်မြင်လို့  လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ဖာသယ်လို နိုင်ငံမျိုး ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ 
ယခုလက်ရှိ အနေ အထားမျိုး ရောက်လာမယ် ဆိုတာကို ကြိုတင် သိရှိခဲ့ကြသူတွေ၊ ထောက်ပြ ပြောဆိုခဲ့တဲ့ သူတွေကို ထောင်ချပစ်တယ်။ 
သတ်ပစ်တယ်။ 
ပညာတတ် အတော် များများ နိုင်ငံခြားကို ထွက်ခွာ သွား ကြတယ်။ 
စစ်ဗိုလ်ချုပ်ကြီးတွေ အမှန်တရားကို လုံးဝ ဥပက္ခာပြုပြီး တိုင်းပြည်ကို  လုံးဝဖျက်ဆီး ပစ်လိုက် ကြတယ်။
မြန်မာပြည် မြေပုံကို ကြည့်ပါ။ 
ဘင်္ဂလား ပင်လယ်လယ်အော်နဲ့ ရခိုင်ပြည်ကို တရုတ်လက်ကို ထိုးအပ်လိုက်ပြီ။ 
မြန်မာပြည်ရဲ့ အဓိက အသက် သွေးကြော ဖြစ်တဲ့ ဧရာဝတီ မြစ်ကြီးကို တရုတ်လက်ထဲ ထိုးအပ်လိုက်ပြီ။ 
သံလွင်မြစ်လည်း ထို့အတူ။ 
မြန်မာ နိုင်ငံသား တိုင်းရင်းသားတွေ ပိုင်ဆိုင်ရမယ့် အရာဟူသမျှ ကုလားနဲ့ တရုတ် လက်ထဲ ကို ရောက်သွားပြီ ဆိုတာ လက်ရှိ အနေအထားတွေက သက်သေခံနေပြီး ဖြစ်ပါတယ်။
ရခိုင်ရိုးမ၊ ပဲခူးရိုးမနဲ့ ရှမ်းရိုးမ တွေထဲက ရှိသမျှ သစ်တွေကို  အထိန်းအကွပ်မဲ့ ခုတ်လှဲလိုက်တာ ပြောင်သလင်း ခါသွားခဲ့ပြီ။ 
ရခိုင်ရိုးမက ကျွန်းနဲ့ ပျဉ်းကတိုးသစ်တွေ အကုန်လုံးကို ဗိုလ်ချုပ်ကြီတွေနဲ့ တောင်ကုတ်မြို့က နာမည်ကြီး လူတစ်ဦး တို့ပူးပေါင်းပြီး အကန့် အသတ်မဲ့ ခုတ်ပြီး တော့ ဘင်္ဂါလားဒေ့ရှ် နိုင်ငံကို ရောင်းခဲ့ပြီ။ ခုလည်း ရောင်းဆဲဖြစ်တယ်။
နောက်ဆုံး ဖြစ်စဉ်တစ်ခုက ကချင်နဲ့ ရှမ်းနယ်စပ်မှာ ရှားပါး သစ်ပင်တွေကို အမြစ်ပါ တူးပြီး အပင်လိုက် တရုတ်ဘက်ကို ပြောင်းရွှေ့နေတယ်။ 
အမျိုးတုန်း လုပ်တာပဲ။ 
ရခိုင် ပြည်နယ်က ပင်လယ် ငါးဖမ်း လုပ်ငန်းတွေ တရုတ် လက်ထဲမှာ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ကျောက်စိမ်း နဲ့ ပတ္တမြား လုပ်ကွက်တွေ၊ လုပ်ကိုင်ခွင့်တွေက တရုတ် လက်ထဲမှာ။ တနင်္သာရီနဲ့ အခြားနေရာကော။
ဘယ်သူတွေလက်ထဲမှာလဲ။
ကပ္ပလီ ပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ ငါးတွေကို ဘယ်သူတွေ ၀င်ဖမ်းနေသလဲ၊ တိုင်းပြည် သယံဇာတတွေကို ဘယ်သူတွေ ရောင်းစားခဲ့ကြသလဲ။ ရောင်းစားနေကြသလဲ။ 
ဒေသခံတွေ လက်ပိုက်ပြီး ကြည့်နေရတယ်။
မြိုကြီးတွေက စက်မှုဇုံတွေ ပိုင်ဆိုင်မှု မှန်သမျှ တရုတ် လက်ထဲမှာ။ 
ရန်ကုန်မြို့က  အဝေးပြေး ကားဂိတ်တွေ၊ ရန်ကုန် ဘုရင်နောင် ကုန်စည်ဒိုင်တွေနဲ့ ပွဲရုံတွေက တရုတ် လက်ထဲမှာ။ စီပွားရေး လုပ်ငန်းကြီးတွေ မှန်သမျှ တရုတ်နဲ့ ကုလား လက်ထဲမှာ။ ရှမ်းပြည်နဲ့ မန္တလေး တရုတ် သိမ်းထားခဲ့တာ ကြာပြီ။ 
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူသီးတောင်နဲ့ ရသေ့တောင် တို့ကို ဘင်္ဂါလီ ကုလားတွေ သိမ်းထားတာ ကြာပြီ။ 
အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ပြီး လာဘ်စားမှုတွေနဲ့  ဆရာတပည့် မွေးပြီး တိုင်းပြည်ကို ဖျက်ဆီး ပစ်ခဲ့ကြပြီးဖြစ်တယ်။
လူဦးရေး အလွန်အမင်း ထူထပ်တဲ့ အိမ်နီးချင်း တရုတ်နဲ့ ကုလားတို့တွေဟာ မြန်မာတွေထက် အရင်းအနှီး အရရော နည်းပညာအရပါ အဆပေါင်းများစွာ သာလွန် နေပြီး ဖြစ်ပါတယ်။ 
ဒီလူမျိုးကြီးတွေက လက်ရှိ အရာရာနိမ့် ကျနေတဲ့ မြန်မာတွေနဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးကို သွားရည် မကျဘဲ နေမလား။
ရခိုင်ပြည်နယ် ကျောက်ဖြူ  စီးပွားရေးဇုံနဲ့ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်ပြီးတော့ တရုတ်နိုင်ငံ ကူမင်းထိ သွယ်တန်းတဲ့ ဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးတွေ အကြောင်းပြပြီး သန်းချီတဲ့ တရုတ် တပ်တွေ  ၀င်မလာဘူးလို့ ဘယ်သူ အာမခံနိုင်သလဲ။ 
ဗမာပြည် နေရာ အနှံ့မှာ တရုတ်တွေ ရင်းနှီးမြှုပ်နှံ ထားရှိပြီး ဖြစ်တယ်။ 
မြန်မာ တပြည်လုံး တရုတ်တွေ ရှေ့ပြေးတွေ ရှိနေလေတော့  ဗမာပြည်ကို တရုတ် သိမ်းဖို့ ခက်ခဲ နိုင်ပါအုံးမလား။
မြန်မာ စစ်တပ်က နှစ်ပေါင်း (၆၀) ကျော် ဘာလုပ် ခဲ့လဲ။ 
ငွေပေးနိုင်သမျှ တရုတ်တွေနဲ့ ကုလားတွေကို တိုင်းပြည် ထဲကို အကန့်သတ်မဲ့ တင်သွင်းခဲ့တယ်။ ဝ
င်ခွင့်ပြုခဲ့တယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေး မြို့မှာ တရုတ်စာနဲ့ တရုတ်စကား မတတ်ရင် ဘာမှ လုပ်ကိုင်လို့ မရတော့ဘူး။ 
အနောက်ဖက် ရခိုင်ပြည်နယ် မှာကော ဘင်္ဂါလီ လူမျိုးတွေက ရခိုင်ပြည် လူဦးရေရဲ့လေးပုံ တစ်ပုံလောက် ရှိသွားခဲ့ပြီ။ (၁၉၈၁) ခုနှစ် သန်းခေါင် စာရင်းအရဆိုရင် မောင်တောမြို့နယ်မှာ လူ ၁၀၀ မှာ (ရခိုင်အပါအ၀င် အခြား တိုင်းရင်းသား) (၇) ဦးသာ ရှိပါတယ်။ 
ဘူးသီးတောင် မြို့နယ်မှာ လူ ၁၀၀ မှာ (ရခိုင် အပါအ၀င်အခြား တိုင်းရင်းသား) (၁၁) ဦးသာ ရှိတယ်လို့ မြန်မာအစိုးရ တရားဝင် ကြေညာ ခဲ့ပါတယ်။ 
စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲမြို့ တွေမှာလည်း သီခြား ရပ်ကွက်တွေနဲ့  ဘင်္ဂါလီတွေ အများကြီးပါ။ 
(အနီးဆုံး ဥပမာ ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်နေ့က အစိုးရ ကုန်လမ်း ပို့ဆောင်ရေး (တောင်ကြီး) ပိုင် တီအီး (၂၁) ကားကြီးနဲ့ ကလေးငါးဦး အပါအ၀င် ဘင်္ဂါလီ (၁၄) ဦးကို စစ်တွေက နေပြီးတော့ ရန်ကုန်ကို တင်လာခဲ့တယ်။ မှော်ဘီ အမှတ် (၄) လမ်းဆုံ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးမိခဲ့တယ်။ 
ဗမာစကား တစ်လုံးမှ မတတ်ဘူး။ ပြည်တွင်းထုတ် ၀ီကလီးမှာ ဖေါ်ပြထားတယ်။ 
ဒီသတင်းကို ပြည်ပမီဒီယာတွေမှာ ဖေါ်ပြတာ နည်းပါး ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပ မီဒီယာ အများစုက ဘင်္ဂါလီ လူမျိုးလို့ မသုံး ချင်လို့လည်း ဖြစ်နိုင်ပါတယ်။
ကော့သောင်းလောက် ရောက်လာရင်တော့ နာမည် ဆွဲစည်း ပစ်လိုက်ကြမယ်။  ပြည်ပရေဒီယိုတစ်ခုကတော့ ကာယကံရှင် မိသားစုနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုရဲ့ အသံ ဘာမှမပါဘဲ နိုင်ငံခြားက ရိုဟင်ဂျာ အရေးလှုပ်ရှားနေသူ တယောက် ပြောတာနဲ့ ဒီနေ့ မနက်က ထုတ်လွှင့် သွားသေးတယ်။
ပြည်ပမှာ ခေတ်စားနေတဲ့ ရိုဟင်ဂျာ နာမည်ကို အထူး ခံတွင်း တွေ့နေ ကြပုံပါပဲ။ ပြည်ပက ဗမာတွေနဲ့ အခြား တိုင်းရင်းသားတွေ အတော် များများက  ရိုဟင်ဂျာ အမည် သုံးစွဲတာကို ရခိုင်တွေက မကြိုက်ကြဘူး။ 
ဒါတွေကို ပြည်ပက သိကြပါတယ်။ သိသိကြီးနဲ့ သုံးတော့ ဘာဖြစ် မလဲ။ 
ဒီလိုပဲ ပြောကြပါတယ်။ 
ရခိုင်တွေက လူ့အခွင့်အရေးကို နားမလည် သလိုလို၊ ရိုင်းစိုင်း သလိုလို၊ ရခိုင်တွေက အမြင် ကျဉ်းမြောင်းသယောင် ပျက်ရယ် ပြုချင်ကြတာ ကိုလည်း စိတ်မကောင်းစရာ တွေ့ရ ပြန်တယ်။
ရိုဟင်ဂျာ အမည်သစ်ကိစ္စဟာ နောင်တစ်ချိန်မှာ ဗမာတပြည်လုံး ရှင်းမရတဲ့ ပြဿနာ ဖြစ်လာမယ်ဆိုတာကို  မြန်မာအစိုးရ သိပါတယ်။ 
ဒါကြောင့် စစ်အစိုးရ အဆက်ဆက်လည်း အသိမှတ် မပြုခဲ့ကြဘူး။ 
လက်မခံ ခဲ့ကြဘူး။
ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ပြည်ပက ဗမာအပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ ပြည်ပ အချို့မီဒီယာတွေ ခုထိ အလေးနက် မတွေးကြ သေးတာလား၊ အခွင့်အရေး တခုခုကြောင့် မသိချင်ယောင် ဆောင်နေတာလား ဆိုတာကိုတော့ ကာယကံရှင် တွေသာသိပါမယ်။
မြန်မာ စစ်အာဏာရှင်တွေဟာ ခေတ်ပညာတတ်နဲ့ ပညာရှိတွေ တိုင်းပြည်ရဲ့အဖူးအညွန့်တွေကို ပွက်ပွက် ဆူနေတဲ့ ရေနွေးပူနဲ့ လောင်းပစ်ခဲ့တယ်။ တရုတ်ကုလား သန်းချီပြီး သွင်းပစ်ခဲ့တယ်။
တိုင်းပြည်မှာ ရှိသမျှ မြေပေါ်မြေအောက် သယံဇာတတွေကို ရောင်းစား သွားခဲ့တယ်။ 
ရေတွက်မရနိုင်တော့တဲ့ နိုင်ငံပိုင် ရွှေငွေနဲ့ ကျောက်သံ ပတ္တမြားတွေကို နိုင်ငံတကာ ဘဏ်တွေမှာ အပ်နှံထားပြီးဖြစ်တယ်။ သူတို့ စိတ်တိုင်းကျ လုပ်ပြီး ဖြစ်ချင်ရာဖြစ်တော့ကွာ ဆိုပြီး တိုင်းပြည်ကို တရုတ် လက်ထဲ ၀ကွက် အပ်ခဲ့တော့တယ်။
စက်တင်ဘာ (၁၈) ရက်နေ့ မနက်ပိုင်းက အာအက်အေ က ထုတ်လွှင့်တဲ့ အင်တာဗျူး တခုမှာ ပြည်တွင်းမှ  စာရေးဆရာကြီး လူထု ဦးစိန်ဝင်းက “မန္တလေး မှာ (၇၀) ရာခိုင်နှုန်းလောက် လူတွေက ဗမာစကားကို လုံးဝ မပြောတတ်တဲ့ မျက်နှာစိမ်း  တရုတ်တွေ လုံးဝ လွှမ်းမိုး ထားလိုက်ပြီ။ 
စီးပွားရေး အချက်အချာ နေရာတွေမှာ တရုတ်စာနဲ့ အင်္ဂလိပ်စာပဲ ရှိပြီ။ ဗမာစာနဲ့ ဗမာဆိုင်တွေ မတွေ့တော့ဘူး။ 
တရုတ်ကိုလိုနီ ဖြစ်တော့မယ်။
ဒီလို လူမှုရေးအရ နယ်ချဲ့မှုနဲ့ စီးပွားရေးအရ နယ်ချဲ့မှုတွေဟာ အလွန် ကြောက်စရာ ကောင်းတယ်။ 
နောက် နှစ် (၂၅/၃၀) မှာ ဧရာဝတီ ပျောက်သွားမှာ ဖြစ်သလို ဗမာ လူမျိုး၊ ဗမာနိုင်ငံ ဗမာမြေပုံ ဆိုတာလည်း ပျောက်ကွယ် သွားနိုင်တယ်“ လို့ ပြောဆို သွားပါတယ်။
အလားတူပဲ ခု ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော် မှာ ရခိုင်အမတ် ဒေါက်တာအေးမောင်ကလည်း   “ကျနော်တို့ တွေဟာ နိုင်ငံရေး တခု ပြဌာန်းခံ ပြည်နယ် လေးတစ်ခု မဖြစ်သွားဖို့ လိုပါတယ်။ 
သတိပြု ဆင်ခြင်ရမယ့် အန္တရာယ်တွေက စီမံကိန်းကြီး တွေရဲ့နောက်မှာ ရှိနေတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်’’ ဆိုပြီး ၀ီကလီးဂျာနယ်ပါ ပြောဆိုချက်ကိုလည်း  ဆရာ လူထုဦးစိန်ဝင်းက ကိုးကား ပြောဆို သွားခဲ့တယ်။
ရက်ပိုင်းအတွင်းမှာ လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှာ လျှပ်စစ် ဓာတ်အားတွေ သုံးမကုန်လို့ ရောင်းရတာလို့ ဗြောင်လိမ်သေးတယ်။ 
စိုက်ပျိုးရေးကို အခြေခံ၍ တခြားစီးပွားရေးများကိုလည်း…လို့ (၂၃) နှစ်တိုင်တိုင်  တကြော်ကြော် အော်နေ ခဲ့တယ်။ 
မြန်မာပြည်မှာ နှစ်စဉ် ဓာတ်မြေသြဇာ လိုအပ်ချက်က မက်ထရစ် တန်ချိန် (၃) သန်း။ မြန်မာပြည်မှာ နှစ်စဉ်ထုတ်လုပ်နိုင်တာက တန်ချိန် လေးသောင်းခန့်တဲ့။ 
ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင် (လယ်/ စိုက် ၀န်ကြီး) အပြောကို ကိုးကားပြီးတော့  သြဂုတ်လ (၉) ရက်နေ့က ပြည်တွင်းထုတ် ၀ီကလီ ဂျာနယ်မှာ ရေးထားတယ်။
အသေးစိတ် ရေးရင် ဆုံးတော့မှာ မဟုတ်တော့ဘူး။ 
ဆေးရှိတဲ့ ဆေးရုံနဲ့ ပါမစ်ကိစ္စတွေ အခြားဟာတွေကို ပြောရင်  ပြောမဆုံးပေါင် ဖြစ်မယ်။ 
မိမိတို့ လုပ်တာ ကိုင်တာတွေ မှားနေပြီ။
ပြောချင် တိုင်းပြောလို့ မဖြစ်။
လုပ်ချင်းတိုင်း လုပ်လို့ မဖြစ်တော့ဘူး။ 
လိမ်ချင်တိုင်း လိမ်တာတာတွေကို ရပ်သင့်ပြီ။ 
အမြင်မှန် ရပြီး တိုင်းပြည်ကို တိုးတက် စေချင်သူတွေနဲ့ စစ်မှန်ပြီး ဘက်မလိုက်တဲ့ ပညာရှင်တွေရဲ့ အကြံကောင်း ဉာဏ် ကောင်း တွေကို ယူပြီးတော့ ပြည်သူ အမှန်တကယ် ရွေးကောက် တင်မြှောက်တဲ့ အစိုးရ တရပ်နဲ့ မြန်မာပြည်ကို ထူထောင် သင့်ပါပြီ။
မွဲပြာကျနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကံကြမ္မာဟာ မြန်မာနိုင်ငံသားတွေ လက်ထဲမှာ မရှိတော့ဘူး။
ဗြိတိသျှ လက်အောက်က လွတ်မြောက်ဖို့ နှစ်တစ်ရာကျော် ကြာခဲ့တယ်။ တစ်နိုင်ငံတည်းသား မြန်မာ စစ်အာဏာရှင် (စစ်တပ်) အုပ်ချုပ်တာကို နှစ်ပေါင်း (၆၀) ကျော် ခံခဲ့ပြီဖြစ်တယ်။ 
လက်ထပ်ဖို့ ဇနီးလောင်း မရှိဘဲ သွေးသား ဆာလောင် မွတ်သိပ်နေတဲ့ တရုတ် အမျိုးသားတွေရဲ့ အန္တရာယ်ကလည်း မလွယ်။
ကမ္ဘာ့ အင်အားကြီး တရုတ်နိုင်ငံ လက်ခုတ်ထဲကိုသာ ရောက်သွားလို့ကတော့ မြန်မာ နိုင်ငံဆိုတာ ပြတိုက်ထဲမှာပဲ တွေ့ရတော့မယ်။. . . မတွေးဝံ့၊ ရေးဝံ့တော့ပါဘူးဗျာ။ …………..
ကျော်သောင်း
စက်တင်ဘာလ (၁၉) ရက်၊ ၂၀၁၁

ArakanReviewဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment