Thursday 27 October 2011

သမိုင်းပီးတာဝန်ဟူသည်

“အသိတရားသည် လူတိုင်းအတွက်အရေးကြီး၏။ ထိုအသိတရားတို့တွင် တိုင်းပြည်နှင့်လူမျိုးအကျိုးကို လိုလားမှု အသိတရားသည် လူသားဖြစ်စဉ်အတွက် အလွန်အရေးကြီး၏”
ဒေနိန့်ကမ္ဘာကြီးသည်(Modern Usage)ခေတ်သစ်အသုံးစကားအရ (Globalization) ကမ္ဘာကြီးသည် ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်နိန်ရေအဖြစ်အပျက်တိ၊သတင်းအချက်အလက်တိကို အဆင့်မြင့်ရေနည်း ပညာ(IT)တိအသုံးပြုပနာ တစ်ချက်ချေအတွင်း သိနိုင်မြင်နိုင်နားလည်နိုင်ရေ ကွန်ယက်စနစ်တိနန့် စုပေါင်းဖွဲ့စည်းထားရေ နိုင်ငံတခု၊ကုမ္မဏီတခုနှင့်အလားသဏ္ဍာန်တူပါသည်။ 
ဆိုလိုသည်မှာ ကမ္ဘာကြီး သည် ကျွန်တော်ရို့ထင်ထားစွာထက် မယုံကြည်နိုင်လောက်အောင် တိုးတက်ပြောင်းလဲလျှက်ရှိသည်။ 
ကျွန်တော်ရို့ နိန်ထိုင်ရေ (Developing Countries) ဖွံ့ဖြိုးတိုးတက်နေဆဲနိုင်ငံတိ ပတ်ဝန်ကျင်မှာ တောင် တခါတခါ ကမ္ဘာကြီး၏တိုးတက်ပြောင်းလဲလာမှုတိကို အံ့သြမင်သက်မိရရေဆိုကေ အဂေါင့် ဂေါင့်တိုးတက်နိန်ရေ (Developed Countries) ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတိပတ်ဝန်ကျင်မှာ ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှုတိသည် ကျွန်တော်ရို့အတွက် အိပ်မက်ထဲမှာမြင်နိန်ရစွာလား၊ မျက်လှည့်ပြနိန်စွာ လား ထင်မှတ်ရအောင် ကြီးကျယ်မည်ထင်ပါသည်။ 
ထိုကဲ့သို့ ကမ္ဘာကြီးသည် မယုံကြည်နိုင်လောက် အောင်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှအခြားတစ်ဘက်မှာလည်း ဆုတ်ယုတ်ပျက်စီးမှုတိက တား ဆီးလို့မရအောင် ကြောက်စရာကောင်းနိန်ပါသည်။ ထိုအထဲတွင် “ဘာသာစကား” ဆုတ်ယုတ်ပျောက် ကွယ်လာမှုတိသည် မဖွံ့ဖြိုးမတိုးသိမ့်ရေလူမျိုးအတွက် (Genocide) လူမျိုးပြုန်းသတ်ဖြတ်ခြင်းခံနိန်ရ ရေအလား ကကောင်းကြောက်စရာကောင်းရေ အန္တရာယ်တစ်ခုဖြစ်ပါသည်။
လူမျိုးတမျိုး၏ဘာသာစကားတခုသီဆုံးပျောက်ကွယ်လားကေ ယင်းနောက်ကွယ်မှာ ယင်းလူမျိုးတိနန့် ပတ်သတ်တေ ချစ်စရာကောင်းပြီး တန်ဖိုးဖြတ်မရနိုင်ရေ ဓလေ့ရိုးရာယဉ်ကျေးမှုအမွီအနှစ်တိ၊ ခေတ် အဆက်ဆက် မျိုးဆက်တိအများကြီးရင်းပနာ လက်ဆင့်ကမ်းထိန်းသိမ်းလာရေ သမိုင်းရာဇ၀င်၊ အမျိုး သားစရိုက်လက္ခဏာတိအားလုံးသည် သီးဆုံးပျောက်ကွယ်လားတတ်ပါသည်။ အကြောင်းက လူမျိုးတ
မျိုး၏အမျိုးသားစရိုက်လက္ခဏာ၊ အမျိုးဂုဏ်၊ဇာတိဂုဏ်နှင့်သမိုင်းယဉ်ကျေးမှုးအမွီးအနှစ်များကို စာပီ ဖြင့်သာရွီးသားဖော်ပြ၍ မှတ်တမ်းတင်တတ်သောကြောင်းဖြစ်သည်။ “လောကတွင်လူမျိုးဟုပေါ် လာလျှင်ဘာသာစကားရှိရမည်။
ဘာသာစကားပျက်ယွင်းကလူမျိုးလည်းပျက်ယွင်းမည်။ ဘာသာစကား ပျောက်ကွယ်က လူမျိုးလည်းပျောက်ကွယ်မည်။”
ထို့ကြောင့် ဘာသာစကားသည် လူမျိုးတမျိုး၏ပင်မ အသက်သွီးကြောပင်ဖြစ်သည်။ ဒေနိန့်ခေတ်ကာလရခိုင်ပြည်သည် လူမျိုးခြားတို့၏လက်အောက်တွင် သူ့ကျွန်ဘ၀ဖြင့် ရပ်တည်နိန်လာခဲ့သည်မှာ နှစ်ပေါင်းသုံးရာကျော်လောက် ကြာမြင့်ခဲ့ပြီဖြစ်၏။ 
ထိုကာ လတစ်လျှောက်တွင် ရခိုင်လူမျိုးတို့၏အမျိုးသားစရိုက်လက္ခဏာနှင့်စာပီယဉ်ကျေးမှုအမွီအနှစ်များ သည် လူမျိုးခြားတို့၏အမျိုးမျိုးသောဖိနှိပ်ချုပ်ချယ်မှုအောက်တွင် အစိတ်စိတ်ကြွီပွခဲ့ရပြီဖြစ်သည်။
ရခိုင် လူမျိုး၊ ရခိုင်စာပီဟု ပြည်ထောင်စုသမိုင်းတွင် လက်မမထောင်နိုင်လောက်အောင် ရခိုင်အက္ခရာအရွီး အသားနှင့်ရခိုင်ဘာသာစကားသည် တိမ်မြုတ်ပျောက်ကွယ်ခဲ့ရသည်။
ခေတ်သစ်ရခိုင်လူငယ်များအဖို့ ရခိုင်အက္ခရာအရွီးအသားနှင့်ရခိုင်စာပီဟူသည်မှာ မည်ကဲ့သို့နည်းဟု မိန်းစရာအဖြစ်သာတည်ရှိနိန် တော့သည်။
ဤသို့ဖြစ်ရသည့်အကြောင်းရင်းများကို စီစစ်ကြည့်မည်ဆိုပါက (၁) လူမျိုးခြားတို့၏လွှမ်းမိုးမှုခံနိန်ရခြင်း ၊(၂) ဒေသတွင်း ဖွံ့ဖြိုးမှုအားနည်းခြင်း (၀ါ) အုပ်ချုပ်သူများက တမင်တကာမဖွံ့ဖြိုးမတိုးတက်အောင် ဖန်တီးထားခြင်း၊ (၃) ရခိုင်အက္ခရာအရွီးအသားနှင့်ရခိုင်ဘာသာစကားကို အသုံးပြုခွင့်မရအောင်ပြုလုပ် ထားခြင်း (၀ါ)ရခိုင်ဘာသာစကား၏လက်တွိ့အသုံးဝင်မှု၊ အသုံးပြုမှုအားနည်းခြင်း စသောအခြေခံ အ ကြောင်းတရားများကို တွိ့ရမည်ဖြစ်သည်။ မိမိလူမျိုးဘာသာစကားများ၏အားနည်းမှုပျောက်ကွယ်မှု ကြောင့် ဒေနိန့်ခေတ်ကာလရခိုင်လူငယ်များသည် မိမိလူမျိုးတို့၏ကြီးကျယ်ထင်ရှားခဲ့သော သမိုင်းအ ဖြစ်အပျက်၊ ရခိုင်သမိုင်းရာဇ၀င်ထဲက သူရဲကောင်းများ၊ ပညာရှိများအကြောင်းကိုသိရှိခွင့်မရတော့ပေ။ ထိုအစားလူမျိုးခြားတို့၏စိတ်ကြိုက်ပြုပြင်ဖန်တီးထားသော သမိုင်းအလိမ်အညာများကိုသာသင်ယူနိန်
ကြရသည်မှာ အလွန်ရင်နာစရာကောင်းပါသည်။ သမိုင်းများကိုလိမ်ညာဖုံးကွယ်ခံနေရခြင်းသည် အနာ ဂါတ်ကို သစ္စာဖောက်ခံရခြင်းပင်ဖြစ်သည်။
ဤကဲ့သို့အခြေအနေများအောက်တွင် မွီးဖွားကြီးပြင်းလာ ရသောရခိုင်လူငယ်များအနေဖြင့် ရခိုင်စာပီသည် သူရို့ဘ၀တိုးတက်ဖို့အတွက် အရေးမပါ၊ အရေးမကြီး ဟုဆိုလာလျှင် ကျွန်တော်ရို့ မည်ကဲ့သို့ဖြေကြားကြပါမည်နည်း။ 
အကြောင်းက ယနိန့်ခေတ်သစ်ရခိုင် လူငယ်အများစုသည် ဗမာစာပီအရီးအသားနှင့်ရင်းနှီးကျွမ်းဝင်၍ ဗမာစာပီအရီးအသားဖြင့်ပင် ယဉ်ပါး နိန်ကြသူများဖြစ်သောကြောင့်ပင်တည်း။
ထိုလူငယ်များကို ပြောင်းလဲလာအောင်ပြုလုပ်ဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စရပ်တော့မဟုတ်ပါ။
ထိုအတွက် ကျွန်တော်ရို့သည် အချိန်ယူ၍ စနစ်တကျကိုင် တွယ်တတ်ဖို့လိုအပ်ပါသည်။
ပထမဆုံး ထိုလူငယ်များကို မိမိလူမျိုးသမိုင်းကြောင်းများနှင့်ရင်းနှီးကျွမ်းဝင်လာအောင်ပြုလုပ်ပေးဖို့လို အပ်ပါသည်။ သမိုင်းကြောင်းများကို သဘောပေါက်နားလည်လာသည့်အခါ မိမိရို့လူမျိုးတွင်လည်း စာပီ၊ ဘာသာစကားရှိကြောင်း သူတို့ကိုအသိပေးဖို့လိုအပ်ပါသည်။ ထိုဘာသာစကားသည်လည်း လူမျိုးတမျိုး၏အသက်သွီးကြော့ဖြစ်ကြောင်း၊ စာပီယဉ်ကျေးမှုသည် လူမျိုးတမျိုးအတွက်မည်မျှ လောက်အရေးကြီးကြောင်း၊ ရခိုင်လူမျိုးတိုင်းတွင် မိမိရို့လူမျိုးတည်တံ့ခိုင်မြဲဖို့အတွက် မိမိစာပီကို ထိန်း သိမ်းစောင့်ရှောက်ဖို့တာဝန်ရှိကြောင်းများကို သူတို့အားအသိတရားဖြစ်စေဖို့လိုအပ်ပါသည်။ ထိုအခါမှ သာလျှင် နားလည်သဘောပေါက်မှုအတူ ရခိုင်လူမျိုးတိုင်း နှလုံးသွီးထဲတွင် လည်ပတ်နေသောမျိုးချစ် စိတ်သည် မိမိရို့လူမျိုးကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက် အသိတရားကိုဖြစ်လာစေမည် ဖြစ်သည်။ 
ထိုသို့မဟုတ်ပဲ ရခိုင်စာပီကို ထိန်းသိမ်းဖို့လိုသည်၊ စောင့်ရှောက်ဖို့လိုသည်ဟု မည်မျှပင် ပြောနေစေကာ လူငယ်များစိတ်ဝင်စားလာလိမ့်မည်မဟုတ်ပေ။ လူတိုင်းသည် မိမိလူမျိုး၊ မိမိဘာသာ စကားကို ချစ်မြတ်နိုးကြသည်ဟု ကျွန်တော်အမြဲယုံကြည်သည်။ ချစ်မြတ်နိုးသည့်အလျောက်မိမိလူမျိုး မိမိဘာသာစကားတိုးတက်အောင်မြင်နိန်သည်ကိုလည်း မြင်လိုကြပါသည်။
ထိုကဲ့သို့ လူငယ်များ၏ အမျိုးချစ်သောစိတ်ဓာတ်ကို စနစ်တကျချဉ်းကပ်၍ ပြုပြင်ပြောင်းလဲပေးဖို့လိုပါသည်။
ကျွန်တော်ရို့အတွက် ၀မ်းသာစရာကောင်းသည်က ယခုနောက်ပိုင်း ပညာတတ်၊ပညာရှိရခိုင်လူငယ် များသည် ရခိုင်စာပီနှင့်အရီးအသားကို စိတ်ဝင်စားမှုများပြားလာကြသည်ကိုတွေ့နိန်ရပါသည်။
ထိုအ တွက် ကျွန်တော်ရို့တွင် ရခိုင်စာပီပြန်လည်ရှင်သန်လာရေနှင့်ရခိုင်စာပီအရီးအသားကျယ်ပြန့်လာရေး သည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပလျှက်ရှိနိန်ပါသည်။
ရှီ့ဆက်ပြီး ဒေထက်မက တောက်ပလာအောင် ကြိုးစားဖို့လိုအပ်ပါသည်။
တည်တံ့ခိုင်မြဲသော ဘာသာစကားတခုဟူသည် ၄င်းဘာသာစကားကို နိန့်စဉ်နန့်အမျှပြောဆိုသုံးစွဲရေ လူသစ်တိများပြားလာခြင်းဖြစ်သည်။ ပြောဆိုသုံးစွဲသောလူသစ်တိများလာလီလီ ဘာသာစကားသည် လည်း ပိုကျယ်ပြန့်လာလီပါ။ 
ပြောဆိုသုံးစွဲမှုနည်းပါးလာလျှင် အနာဂါတ်တချိန်တွင် ထိုလူမျိုး၏ဘာ သာစကားသည် သီဆုံးပျောက်ကွယ်လားဖို့အခြေအနေဖြစ်သည်။
ဤနေတွင် http://thearakanesemeetingpoint.com ၏ရခိုင်စာပီရှင်သန်နိုးထလာရေးနှင့်ရခိုင်စာပီ ကျယ်ပြန့်လာရေးအတွက် အရေးပါသောအခန်းကဏ္ဍအကြောင်းကို အနည်းစီချေ တင်ပြလိုပါသည်။ ကျွန်တော်သည် ၂၀၀၉ခုနှစ်မှစ၍ ဒေ၀က်ဘဆိုဒ်ကို စတင်သိရှိခွင့်ရခဲ့သည်။ ၀က်ဘဆိုဒ်ထဲစာရေးလို လျှင် ရခိုင်လိုသာရီးရမည်ဟု စည်းကမ်းသတ်မှတ်ချက်များရှိသည်။
အစပထမတွင် ကျွန်တော်အတွက် ကကောင်းကြီး အခက်ကြုံခဲ့သည်။ 
အကြောင်းက ကျွန်တော်ရို့သည် ဗမာစာအရီးအသားနှင့်ရင်းနှီး၍ ဗမာစာအသုံးအနှုန်းဖြင့် ယဉ်ပါးလာသူများဖြစ်ကြောင့်ဖြစ်သည်။ 
တလကျော်ကျော်လောက် ကျွန်တော် စာတပုဒ်မျှ မရီးဝံ့ခဲ့ပါ။ 
ဤကာလများတွင် ကျွန်တော်သည် ရခိုင်လိုစာရီးသားရန် မိမိကိုယ်ကိုယ်ယုံ ကြည်မှုတည်ဆောက်ခဲ့ရသည်။
သို့သော် ကျွန်တော်နားလည်သဘောပေါက်လာသောအခါတွင် ရခိုင် သားတစ်ယောက်အနေဖြင့် ရခိုင်လိုစာရီးသားရခြင်းသည် မခက်ခဲ့ကြောင့်တွိ့လာရသည်။
ရခိုင်လိုရီး သားထားရေစာတိကို သေသေချာချာဖတ်ရှုလေ့လာခြင်းဖြင့် ရခိုင်လိုစာရီးသားတတ်ဖို့ရန် မခက်ခဲ့ ကြောင့်ကို တခြားသော ကိုယ့်ရခိုင်သူချေ၊ရခိုင်သားချေတိကိုလည်း သိစီလိုပါသည်။ ထို့ကြောင့် Arakanesemeetingpoint(AMP) ကို ရခိုင်သားတိုင်းဝင်ရောက်လေ့လာသင့်ကြောင့်အကြံပြုလိုပါ သည်။
ရီမြင့်မှကြာတင့်သည်။ 
စာပီမြင့်မှလူမျိုးတင့်သည်။
စာပီဟူသည် ပညာ၏ဒုတိယအမည်တမျိုးဖြစ်သည်။ လူမျိုးတမျိုး၏စာပီယဉ်ကျေးမှုမြင့်မားသည်နှင့်အမျှ ထိုလူမျိုးသည် လောကအလယ်တွင် တင့်တယ် သည်ဟုဆိုသည်။
ဒေနိန့်ကာလ ရခိုင်စာပီယဉ်ကျေးမှု ဖုံးကွယ်ခံနိန်ရ၍ (၀ါ)တိမ်မြုတ်ပျောက်ကွယ်နိန် ၍ ရခိုင်လူမျိုးတို့၏အမျိုးသားစရိုက်လက္ခဏာ၊ဇာတိဂုဏ်၊ဇာတိမာန်သည် ပျောက်ကွယ်လုဖြစ်နိန်ပါ သည်။
ဤအရေးကို နားလည်သဘောပေါက်သော ရခိုင်သားတိုင်းအနေဖြင့် မိမိလူမျိုး၊မိမိစာပီကို ထိန်းသိမ်းကာကွယ်ဖို့ရန် မိမိရို့နိန့်စဉ်ဘ၀တွင် ကိုယ့်ရခိုင်စကားကိုပြောလို့၊ ရခိုင်လီသံ၊ ရခိုင်အခေါ် အဝေါ်ဝေါဟာရအသုံးအနှုန်းတိနန့် ရခိုင်စာပီကိုအသုံးပြုရီးသားကတ်ပနာ ရခိုင်လူမျိုးဖြစ်ရစွာကို ဂုဏ် ယူတတ်ဖို့လိုအပ်ပါသည်။ မျိုးဆက်သစ်ရခိုင်လူငယ်ချေတိကိုလည်း ဒေအသိတရားတိကို လက်ဆင့် ကမ်းပီးပနာ မိမိလူမျိုးမိမိစာပီကိုထိန်းသိမ်းကာကွယ်ဖို့ ဇာသူပီးပီးမပီးပီး မိမိကိုယ်ပီးထားရေ သမိုင်းပီး တာဝန်တရပ်အနေဖြင့် ကြိုးစားကတ်ဖို့လိုပါသည်။
“ရခိုင်လူမျိုးဖြစ်ရစွာကို ဂုဏ်ယူပါမှ ရခိုင်လူမျိုးဖြစ်ရခြင်း၏တန်ဖိုးကို နားလည်နိုင်မည်ဖြစ်သည်”
ပုဏ္ဏား (၀ရာဇ်မြီ)
 
ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်နိုင်ငံ)

No comments:

Post a Comment