
အဂုတစ်လော ရွာဦးကျောင်းသို့ ရောက်လာသူတိမှန်သမျှ ကပ္ပိယကျော်ခေါင်က အစပြုပနာ လူတိုင်းလူတိုင်းတိ စကားဝိုင်းကို သတိထားမိသလောက် ပြန်ပြောပြရဖို့ဆိုကေ၊ လာဖို့ ၂၀၁၂- ခုနစ် ဒီဇင်ဘာလ ၂၁ ရက်နိ့ရောက်ကေ ကမ္ဘာကြီးပျက်ဖို့ယာဆိုရေ စကားတိကို မကြားချင်အဆုံး ကြားနီရရေကား၊ အေစကားတိ ဟာ ဇာလောက်မှန်ကန်မှူတိ ရှိရေ မရှိရေကို သိချင်စိတ်န လေ့လာကြည့်လိုက်တေခါ၊ အဟုတ်ကား အေကမ္ဘာကြီး ပျက်စီးချိန်နီးနီယာဆိုပနာ ကောက်ချက်ချမိခပါရေ။
ယေကေလေ့ ကပ္ပိယကျော်ခေါင်ရိုတိ ပြောဆိုနီရေပိုင် ၂၀၁၂- ခု နစ်ကိုရောက်စွာနန့် လုံးဝ အေကမ္ဘာကြီး မပျက်စီးနိုင်သီးဆိုစွာကို ရွာဦးကျောင်းဆရာတော် တာဝန်ယူရေလို့ မုချ ပြောဆိုနိုင်ပါရေ၊ ဇာဖြစ်လို့လည်း ဆိုကေ=အေဘဒ္ဒကမ္ဘာမှာ အရိမိတ္တေယျဘုရားတောင်ပွင့်တော်မမူသီးပါကား၊ ဘုရားလေးဆူရာ ပွင့်သီးရေ၊ ဘုရားငါးဆူပွင့်တော်မူဖို့အတွက် ဧကန်မုချ ဗျာဒိတ်တော် ရရှိထား ရေကြောင့်လို့ ဘာသာရေးရှူထောင့်က ပြောဆိုနိင်လို့ရာမနား။
နောက်တနည်းပြောဖို့ဆိုကေ အေကမ္ဘာပျက်သတင်းကို NASA အဖွဲ့က တရားဝင် ထုပ်ပြန် ထားစွာလည်းမရှိသီးခြင်း၊ လွန်ခရေ နိုဝင်ဘာလကမှ ကမ္ဘာအနီးကို တဗျင်းနီးကပ်စွာ ဖြတ်သမ်းလခရေ ဂြိုဟ်တစ်လုံးကို ကမ္ဘာသို့ အနီးကပ်ဆုံးမရောက်ခင် ၁၅- နာရီအလိုလောက်မှ သိလိုက်ရခြင်း တို့ကို ထောက်ဆပနာ အေကမ္ဘာပျက်ဖို့ဆိုရေ အရေးကို ကျန်ခရေ ၂၆- နှစ်ခန့် (၁၉၈၃) ခုနစ်လောက် ကတည်းက NASA က သိထားနင့်ပနာ ထိုင်ချန်ထားခရေဆိုရေ သတင်းတိလည်းလုံးဝ ဖြစ်နိုင်ခြေမ ရှိခြင်း၊ စသည် အကြောင်းတရာမတိကြောင့်ရာ လုံးဝ မဟုတ်ကြောင်းကို ရွာဦးကျောင်းဆရာတော် အတိအလင်း ပြောဆို နိုင်စွာရာ၊ ပျက်စီးဖို့ဗျာယ်ဆိုရေ စကားတိကို ဇာကြောင့်ပြောဆိုနိုင်လဲဆိုကေ အဂုပိုင် ကောလာဟလတိ ဖြစ်ထွန်းနီရစွာတိဟာ ဗုဒ္ဓဘာသာ ရှု့ထောင့်က ကြည့်ဖို့ဆိုကေ ကမ္ဘာပျက်ဖို့ နိမိတ် လက္ခဏာတိလို့ ဆိုနိုင်ရေ ကပ္ပကောလာဟလ တစ်ခုရာဖြစ်ပါဖို့ရေမနား။
ယေပြီးကေ ကမ္ဘာကြီးဧကန်မုချပျက်ဖို့ယာဆိုကေ နစ်ပေါင်းတစ်သိန်းအလိုလောက်က စပနာ အဂုပိုင် ကောလာဟလတိ ပေါ်ထွက်တတ်တေဆိုစွာကို ဗုဒ္ဓစာပီတိမှာ လေ့လာမှတ်သားဖူးပါရေ။
အဂုတလော ရပ်ထဲရွာထဲတိမှာ ပြသနီကတ်ရေ ဒါရိုက်တာ ရိုလန်အီမာရစ်ခ်ျ ရိုက်ကူးထားရေ Godzilla, Independence Day, The after tomorrow, 2012, ရုပ်ရှင်ကားတိဆိုစွာလေ့ နောင်နစ်ပေါင်း တစ်သိန်းလောက်ကိုရောက်တေခါ အေကမ္ဘာကြီးပျက်စီးဖို့ယာဆိုရေ အရိုက်အယောင် နိမိတ်လက္ခဏာတိရာ ဖြစ်ပါလိမ့်မေ။
တနည်းဆိုရဖို့ဆိုကေ ကပ္ပကောလာဟလ ကမ္ဘာပျက်ဖို့ နိမိတ်လက္ခဏာတိသာဖြစ်သီးကြောင်းဆိုပနာ မှတ်ချက်ချရဖို့ဗျာယ်မနား။
သိပ္ပံပညာရှင်တိက လောကမှာ မဖြစ်နိုင်စွာ မရှိ မဖြစ်သီးစွာရာရှိရေ ဆိုပနာ ပြောဆိုကတ်တေ၊ ယင်းစကားတိကို ရွာဦင်္းကျောင်းဆရာတော်က အဂုပိုင်ပြန်ပြောလိုက်ချင်ပါရေ၊ ဖြစ်ပြီးရေအရာတိ မှန်သမျှဆိုစွာလည်း မပျက်စီးနိုင်ရေဆိုစွာမရှိ မပျက်စီးသီးဆိုစွာရာရှိရေ လို့။
အေစကားတိကို အရမ်းကာရော ပြောကြားခြင်းမဟုတ်ပါ၊ ဗုဒ္ဓဘုရား ဟောတော် မူခရေ အနိစ္စာ ဝတ သင်္ခါရာ- ဆိုရေ စကားကိုထောက်ပနာ ပြောဆိုလိုက်စွာပါယာ။ ယေကေလေ့ကမ္ဘာပျက်ဖို့ အရေးကိုတွေးပနာ ကြောက်နီကေ တက်တီးတိုးငှက်ချေပိုင် ကောင်ကင်ကြီးပြိုကျပျက်စီးဖို့ဆိုစွာကို ကြောက်ပနာ တဗျာင်းသေးငယ်ရေ မိမိ၏ ခြီထောက်ချေတိကို အာကာသို့ထောင်ပနာ အိပ်နီစွာနတူဖို့ယာကား။
အေကမ္ဘာကြီး ဂဂေါင်းပျက်ဖို့ယာလို့ဆိုရေသော်မှ အနည်းဆုံး နစ်ပေါင်း တစ်သိန်းအထက် နီရဖို့သီးဆိုစွာကို ရွာဦးကျောင်း ပရိဿတ်တိကို တင်ပြလိုက်ပါရေ။ ယေကေလေ့ =အေကမ္ဘာကြီး ဂဂေါင် မပျက်သီးပါ။
No comments:
Post a Comment