Wednesday 19 October 2011

ရေလာ ၊ ရဲ၊ လ၀က များကဖမ်းဆီးလာလျှင်ကာကွယ်မည့်နည်းလမ်းများ

မြန်မာနိုင်ငံ၏ပြောင်လဲလာသောနိုင်ငံရေး နှင့် မလေးရှားစိုးရ၏ ပြောင်းလဲလာသော ပေါလစိ ဂယက်သည် နှစ်သောင်းကျော်သော မလေးရှားရောက်ရခိုင်လူမျိုးများ၏ ဘ၀ကို တိုက်ရိုက်ထိပါးလျှက် ရှိသည်ကားအမှန်ပင်။
ရခိုင်အများစု့၏ စိတ်ထဲတွင် မသေချာ မရေရာ စိုးရိမ်ခြင်းများနှင့်ပြည့်နှက် နေပေသည်။ မလေးအစိုးရမှဖမ်းဆီလာလျှင်မည်ကဲ့သောကာကွယ်ကြရန် ထွက်ပေါက်ရရန်နည်းလမ်းများ ရှာဖွေလိုကြသည်။
မှန်ကန်သောလမ်းညွှန်မှု့နှင့် သမာသတ်ကျပြီး ကိုယ်ကျိုးမကြည့် အများအတွက်ံဦးဆောင်မှုပေးနှိုင်မည် ဆိုပါလျှင် ထွက်ပေါက်ကောင်းများ ရရှိနှိုင်သည်။ မကြာမှိကာလက သမတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသားများ ပြစ်မှု့ကျူးလွန်ခြင်းမရှိပါက မြန်မာနိုင်ငံသို့ ပြန်လာနှိုင်ကြောင်း လွှတ်တော်တွင်ပြောကြားခဲ့သည်။ 
အခြားတဖက်တွင်ဦးသိန်းစိန်အစိုးရက ဘင်္ဂလားတွင်းရှိနေသည့် မူဆလင်ဒုက္ခသည် နှစ်သောင်းရှစ်ထောင် နှင့် ထိုင်းမြန်မာနယ်စပ်မှ သိန်းနှင့်ချီရှိနေသော ဒုက္ခသည်များကို ပြန်ခေါ်ရန် ကမ်းလှမ်း ခဲ့ပေသည်။
ဦးသိန်းစိန်အစိုးရသည် ၂၀၁၃ ခု့နှစ်တွင် အာစိယံဥက္ကဋဖြစ်ဖို့ အမှတ်ကောင်းယူနေချိန်တွင် မလေးရှားရှိ တသိန်းနီးကပါးသောမြန်မာ ဒုက္ခသည်များကိုပြန်ခေါ်ရန် မျက်စိကျ လျှက်ရှိသည်ကား အမှန်ပင်ဖြစ်သည်။
အောက်တိုဘာလ ၁၈ ရက်နေ့က မလေးရှားပြည်ထဲရေးဝန်ကြီး မစ္စတာဟူစိန်က မြန်မာအကျဉ်းသား ၁၀၀၀ ကို မြန်မာနိုင်ငံသို့ပြန်ပို့ရန် ဦးသိန်းစိန်အစိုးရ၏ ဒု့-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်တွေဆုံ သဘောတူခဲ့သည်။ 
နောက်မြန်မာနိုင်သား ဖမ်းဆီးသူများအားလုံးကိုမြန်မာနိုင်ငံသို့ပြန်ပို့ရန် သဘောတူစါချုပ် လက်မှတ် ရေးထိုခဲ့ကြသည်။ 
၎င်းပြန်ပို့မည့် အကျည်းသား ၁၀၀၀ သည်ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသူများ မဟှုက်ကြောင်းယူအင်ကအတည်ပြု့ပြောကြာခဲ့သည်ဟု၎င်းဝန်ကြီးက ဆင်သတင်စါကို ပြောကြားခဲ့သည်။
မလေးရှားလူ့အခွင့်အရေး အဖွဲအစည်းများကထိုသောပြန်ပို့ခြင်းကို ချုပ်ချကန့်ကွက်ခဲ့ကြသည်။ (နောက်ခံအကြောင်းရင်း) ယခု့နှစ်ဆန်းပိုင်ကသည်းကပင် မလေးအစိုးရက 6-P စိန်မန်ကိန်းကို မေလကတည်းက ချမှတ်ကာ အကောင်အထည်ဖေါ်ခဲ့ပေသည်။ 
ထိုစိမန်ကိန်းကို ပြည်ထဲရေးဝန်ကြီး ဟိဆဟင်မူဒိဟူစိန် ကဦးဆောင်သည်။
၎င်းစိမန်ကိန်းတွင် ၁) မှန်ပုံတင်ခြင်း၊ ၂) တရာဝင်လုပ်ပေးခြင်း၊ ၃) လွတ်ငြီမ်းချမ်းသာခွင့်၊ ၄) လေ့လာကြပ်မှတ်ခြင်း ၅) အရေးယူခြင်း နှင့် ၆) ဖမ်းဆီးပြန်ခပို့ခြင်းတို့ပါဝင်သည်။ 
ယခုကာလသည် ထိုစိမနိကိန်း၏ အဆင့် ၃ နှင့် အဆင့် ၄ တွင်ရောက်ရှိနေပြီဖြစ်သည်။
မကြာခင် အဆင့် ၅ နှင့် ၆ ကိုအကောင်အထည်ဖေါ်ပါတော့မည်။
အောက်တော်ဘာလ ၁၅ ရက်ထုတ်မလေး အင်ဆိုက်တာ သတင်းတွင် ရေလာ၊ ရဲ၊ လ၀က၊ ကြေးရေလေ တပ်သား စု့စု့ပေါင်း လေးသိန်းဖြင့် တနိုင်ငံလုံးတွင်ရှာဖွေဖမ်းဆီးအရေးယူ ပြန်ပို့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ကပြောကြားခဲ့သည်။ ထိုအရေးယူဆောင်ရွက်ခြင်းများမတိုင်ခင် လုပ်ငန်းရှင်များကို နောက်ဆုံးရက်သပ်မှတ်ပြီး မှတ်ပုံတင်ခြင်းပြု့လုပ်ပေးမည်ဟု့ဖေါ်ပြထားသည်။ (မလေးရှားရေညက်ရခိုင်များအခြေအနေ) ရခိုင်အများစု့သည် ရာဘာခြံ၊ဆီအုံးခြံ၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့်စါးသောင်ဆိုင်များတွင် အလုပ်လုပ်ကြသည်။ 
ပေးရပ်၊ပါဟန်း၊ဂျိုဟော၊ပိနာမ်၊ ကတပ်၊ဆလင်းကွားနှင့်၊ ကလင်တန်းပြည်နယ်များတွင် လုပ်ကိုင်စါးသောက်လျှက်ရှိကြသည်။ 
၂၀၀၄ ခု့ စါရင်အရ ရခိုင် ၅၃၂၀ ANC-S & ARRC တွင်မှတ်ပုံတင်ခဲ့သည်။ ၂၀၀၅-၂၀၀၆ တွင် ၉၈၁၅ ယောက်ထိလူဦးရည်တောပွားလာခဲသည်။ ၂၀၀၇-၂၀၀၈ တွင် ၁၄၅၀၀ ဥိးနှင့် ၂၀၀၉-၂၀၁၀ စါရင်းအရ ရခိုင်၂၁၀၀၀ ဦးရည်စာရင်းပေးခဲ့ကြသည်။
၇၀ ရာခိုင်နှုန်းမှာ အသက် ၁၉ နှစ်မှ ၃၅ ထိဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ အသက်လေးဆယ်ကျော်ဖြစ်သည်။ 
အမျိုးသမီး ၆ ရာခိုင်နှုင်းနှင့်အချေ၊ မသန်စွန်းးသူ ၄ ရာခိုင်နှုန်းရှိပါသည်။ ၄၅ ရာခိုင်နှုန်းမှာ အလုပ်အတည်တကျရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာ ပျံကျ ရွှေပြေင်းလုပ်ကိုင်ကြကာ၊ ၄၅ ရာခိုင်နှုန်းမှာ အလုပ်လပ်မဲ့နှင့် ကြုံရာလုပ်ကိုင်စါးသောက်ရပ်တည်နေ ကြရသည်။ ၂၀၀၄ က ၂၀၁၀ ထိ ယူနင်ရရှိသူခန့်မှန်းခြေစါရင်းမှာ တစ်သောင်းနီးကပါးရှိသည်။ 
ကျန် ၁၁၀၀၀ မှာ တရားဝင်စါရွက်စါတမ်းမရှိသူများဖြစ်ကြသည်။ 
အနေ့လျှင် အနည်းဆုံး ၁၀ ဦးမှ ၁၅ ဦးထိ ဆေးရုံဆေးခန်း ကိုပြသကြရသည်။ ၃ လလျှင် အသုဘ ၄ လောင်းမှ ၅ လောင်းထိချပေးကြရသည်။
နေ့စဉ်ဖျမ်းမှ ၃ ဦးမှ ၅ ဦးနှုန်ထားဖြင့် ဖမ်းဆီထောင်ချခံနေကြရသည်။ 
ထောင်ကျခံရသူ ၁၀၀ လျှင် ယူနင်ဖြင့်လွတ်မြောက်လာသူ ၃ ဦးမျှသာရှိသည်။ 
ယခု့အခါတွင် မလေးရှားထောင်ကန့်များတွင် ရခိုင် ၆၀၀ ကျော်ထိမ်းသိမ်းခံနေကြရသည်။ တလလျှင်အနည်းဆုံး အချေ ၂ မှ ၃ ဦးထိမွေးဖွားလျှက်ရှိပေသည်။ တနေ့လျှင်ယူအင်နှင့်ဆက်စပ်လုပ်ဆောင် ရသူ ၈ ဦးမှ ၁၅ ဦးထိရှိသည်။ (ကာကွယ်နှိုင်သည့်နည်းလမ်းများ) အကယ်၍မလေးအစိုးရမှပိတ်တိုက်စစ်ဖမ်းလာလျှင် ရခိုင်လူမျိုးများဒုက္ခရောက်ကြမည်မှာသေချာသည်။ ပြည်သူနှင့်အဖွဲအစည်းကင်းကွာနေပြီဖြစ်သည်။ အယုံအကြည်ကင်းမဲ့နေပြီဖြစ်သည်။ အထူးသဖြင့် တခြားပြည်နယ်များရှိရခိုင်သူရခိုင်သားများနှင့် ရခိုင်ရုံးသည်လုံးဝဆက်စပ်မှု့မရှိတောပေ။ 
ရုံးနားတ၀ိုက်မှရခိုင် များသည်လဲရုံးအပေါ်တွင် လုံးဝစိတ်ဝင်စါးမှု့မရှိတော့ကြောင်းတွေရပေသည်။ 
ယူအင်၊ အင်ဂျီအို၊ နိုင်ငံတကာနှင့် ရခိုင်နိုင်ငံရေးအဖွဲအစည်းများနှင့် ဆက်သွယ်မှု့များမှာနည်းပါးလာသည်။ဤအချက်များသည်ကောင်းသောလ က္ခဏာများမဟှုပ်ပေ။ 
ယခု့အချိန်တွင် မျိုးချစ်ပြည်ချစ်ခေါင်းဆောင်လူငယ်များကိုဖေါ်ထုပ်ကြရမည်။ နယ်မြေတာဝံခန်များ ကိုတင်မြှောက်ကြရမည်။ လူဦးရည်စါရင်း၊လိပ်စါ၊ဖုန်းနံပါတ်၊ ရဲစခန်း၊ လ၀က ရုံးများကိုမလေးတနိုင်ငံလုံးတွင် စု့ဆောင်းရမည်။ နယ်မြေတာဝံခန်များကို မြို့အလိုက်၊နေရာအလိုက်ထိုလူဦးရည်စါရင်းများကိုပေးထားရမည်။ လူထု့အားလုံးကို ၄င်းတို့ဆက်သွယ်နှိင်မည့် တာဝံခန်ဖုန်းနံပါတ်ကိုပေးထားရမည်။ ဆက်သွယ်ထိန်းချုပ် ရေးရုံးအခု့ဖွင့်လှစ်ရမည်။
ထိုရုံးမှ ယူအင်၊ အင်ဂျီအို၊ နီုင်ငံတကာသံရုံးများ၊ တိုင်းရင်းသားအဖွဲအစည်းများ၊ ရခိုင်အဖွဲအစည်းများ၊ နယ်မြေတာဝံခန်များ၊ နယ်စွန်နယ်ဖျားရခိုင်များနှင့်ဆက်သွယ်ကာ ကူညီပေးရမည်။ ရိက္ခာထောက်ပံရေးအဖွဲ၊ ဆေးဝါးအဖွဲ၊ သတင်းမိဒီယာအဖွဲ၊ ဆက်သွာယ်ရေးအဖွဲတို့ကိုဖွဲစည်းရမည်။ 
အချိန်အားဖြင့် ၂ လ အတွင်းအပြီးလုပ်ဆောင်ပြင်ဆင်ထားရပေမည်။ ထိုသောမပြင်ဆင်ထားပါက ၂၀၀၄ခု့ကကဲသော မလေးအာနာပိုင်များတောနင်ရှာလာသည့်အခါ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တောထဲပုန်း၊ ထိုင်းပြန်နှင့် လုပ်မိလုပ်ရာလုပ်တပ်ကြပေသည်။
ကြိုတင်ပြင်ဆင်ခြင်းသည်အကောင်းဆုံး ကာကွယ်ခြင်းပင်ဖြစ်သည်။
ထိုသောပိတ်တိုက်စစ် ဖမ်းလာပါက နိုင်ငံတကာ၊ အတိုက်အခံပါတိများ၊ရှေ့နယ်များကောင်စီ၊ အင်ဂျီအို၊ နှင့်ယူအင်ကို အခြားတိုင်းရင်းသားများနှင့်တိုင်ပင်ကာ အကူအညီတောင်းခြင်းဖြင့် ၁) ယူအင်မရသူများယူအင်လျှောက်ထားခွင့်၊ ၂) ယူအင်ရပြီးသူများအလုပ်လုပ်ခွင့်ပါမစ်ကဒ်၊ ၃) နီုင်တကာတွင်အမြန်ဆုံးအခြေချနေထိုင်ခွင့် များကိုတိုက်ယူကြရပေမည်။ နောက်ဆုံးလုံးဝတိုက်၍မနှိုင်တော့လျှင် ရခိုင်တော်လှနန်ရေးနယ်မြေများသို့ထွက်ခွာရန်နှင့် သြစတေးလျှားနိုင်ငံကိုဘုတ်နှင့်ထွက်ခွာခိုလှုံခွင့်ယူရန်တိုင်ပင်ပြင်ဆင်ထားရပေမည်။ ကိုယ့်အားကိုကိုးကာ အကျပ်အတည်းနှင့်အတူပေါ်လာမည့်အခွင့်အရေးများကို စု့ပေါင်းရယူနှိုင်ကြပါစေ။  


၂ ထပ်တိုက်ကပြုတ်ကျပြီး ခြေနှစ်ချောင်းလံးကျိုးပြီး စီတိရာဝမ်းဆေးရုံတွင်ကု့သနေသော ရခိုင်လူနာတဦးပုံ 

လေးဝတီးဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment