Saturday 15 October 2011

ဂီရိခြေရာကောက်ကြောင်း

တစ်ကြိမ်တခါမျှ မမြင်ဖူး မတွေ့ဖူးသော မြင်ကွင်းများ၏အစအနလေးမျှကိုတွေ့ရကတည်းကပင် ရင်သည် မအေးမြတော့ပေ၊ကြည့်ပါလေ……


သစ်ပင်များ ပင်စည်ကြီးများ ဗိုင်းဗိုင်းလဲကျနေလျှက်၊ တပင်တလေမဟုတ် ရှိသမျှ အပင်တွေအားလုံး အတုံးအရုန်းပင် ၊ မောင်းနေတဲ့ ကားလမ်းဝဲယာ တလျှောက် အားလုံးဟာကျိုးပြတ် ကြွေဆင်းလျှက်ပဲ အုန်းပင်တွေ အပိုင်းပိုင်းပြတ်လျှက်၊ ကွမ်သီးပင်တွေ၊ သီဟိုဠ်ပင်တွေ တချို့အပင်ငယ်လေးတွေ အရွက်တရွက်မှ မကျန်တော့ဘူး ၀ါးပင်တွေအရုံလိုက်အပုဒ်လိုက်လဲကျနေပုံတွေဟာတောပျက်ကြီးတခုရဲ့အစကိုဝင်လာနေရသလိုပဲ.ကျောက်ဖြူ မြို့ဆိုတာ ဒီလိုပဲ ခြောက်ကပ်နေမလား ဟိုးးးအအယင်က တွေ့ခဲ့ရတဲ့ ကျောက်ဖြူဟာ ဘယ်ရောက်သွားပြီးလဲ ဆိုရလောက်အောင် အားလုံး ပျက်စီးကုန်ပြီး။ ဆက်မောင်းနေတဲ့ ကားကလဲ တောလမ်းမှာ မောင်းနေရတဲ့ အတိုင်းပဲ နိမ့်လိုက်မြင့်လိုက် ဆောင့်လိုက် ခုန်လိုက် လူးလိုက် စောင်းလိုက်နဲ့ နေပူထားတဲ့ အချိန်နဲ့ လမ်းတလျှောက်လုံး ဖါထေးထားတဲ့ မြေသားတွေကို ဝိတ်နဲ့ကားတွေ နင်းထားတော့ အမှုန့်ဖြစ်ပြီး တံခါးမလုံ ဖုန်စုပ်မပါတဲ့ express ကားကြီးထဲမယ် လူက ငြီးငွေ့လာပြီး မြင်ကွင်းတွေကလဲ ဘယ်လိုမှ စိတ်ချမ်းသာစရာ မရှိတော့ စိတ်ကပိုငြီးငွေ့သွားလာတယ်။ မြင်လာရတာတွေ အားလုံးက မကြည့်ပဲ နေလဲ မြင်နေရတာပဲ ကျောက်ဖြူမြို့ပြင်က စစ်တပ်ကြီးတွေရဲ့ တံတိုင်းအလဲပြိုသွားတွေ၊ သစ်ပုံကြီးလို ဟိုတစု သည်တစ်စု ပြန့်ကျဲနေတဲ့ အိမ်တွေ၊ ခေါင်မိုးတချို့မှာတော့ တာပေါ်လင်လေးတွေနဲ့ အစိမ်းရောင် ဝေ့လွင့်လွင့်လေး မြင်နေရတယ်။
မြင်သမျှကိုသာ ဓာတ်ပုံရိုက်မယ်ဆိုလျှင်လည်း ဆုံးနိုင်မယ် မဟုတ်ပေ။ ရှေ့ဆက် ဘာတွေ မြင်ရမလဲ ဆိုတာကို မှန်းဆယင်း အတွေးကပြတ်တောက်ပြတ်တောက်နဲ့ပေါ့ သတိထားမိလိုက်မှ ကျောက်ဖြူမြို့ရောက်ပြီး ဆိုတော့မှ သိမိလိုက်တယ်။
မြို့လယ်ခေါင် ပညာရေးကောလိပ်နားက ဖြတ်သွားရတော့ ဘာမှမရှိဘူး ခြံစည်းရိုးတွေ ခေါင်မိုးတွေ၊ဓာတ်တိုင်တွေ လဲလို့..ပြတ်လို့ မီးကြိုးတွဲလောင်းနဲ့ နီယွန်မီးတွေ အကွဲအပြဲ၊ မုဒ်ဝတွေကျိုးပဲ့ နေရာတော်တော်များဟာ အမှိုက်ပုံကြီးလိုလို ဘာလိုလို။
စီးလာတဲ့ ဆိက္ကားသမားလေး အိမ်အခြေအနေကို မေးကြည့်တော “ မိုးစရာတောင် မရှိသေးပါဘူး” တဲ့ ..။ အိမ်ဆောက်ဖို့ကြိုးစားပါလားဆိုတော့ တနေ့တာဝမ်းစာက ပိုအရေးကြီးပါတယ်လို့ သူက ပြန်ပြောပါတယ်။
…အိမ်ဘယ်လို ပြန်ဆောက်မလဲ ဆိုတော့ မသိသေးဘူးတဲ့…။
ညနေကျတော့ဒေသခံဆရာတော်တွေ ရင်းနှီးကြတဲ့လူတချို့နဲ့ အထိနာဆုံး မြို့ပေါ်ရပ်ကွက်များသို့လေ့လာရေး ထွက်ကြတော့ တာဘောင်အကျိုးဘက်ဆီအယင်ရောက်ကြတယ်၊ အနံ ပေ (၃၀၀)လောက်ကျယ်တဲ့ကွင်းပြင် ကြီးကို တဖက်တချက်ပိတ်ထားတဲ့ ပုဇွန်လှောင်ကန်ကြီးလိုပဲ…အတွင်းဘက်ခြမ်းက မြေသား တာဘောင် အပေါက် တွေ ကိုမြင်ခဲ့ရတယ်။
ပင်လယ်ကမ်း စပ်ဘက်ခြမ်းကတော့ အမြင့်(၅)ပေ ဒု(၈)ပေ လောက်ရှိတဲ့ ကျောက် သား တာ ဘောင် အားလုံးဟာ တစစီ ပြိုလဲနေတယ်။
အဲဒီလောက်ရှည်တဲ့ တာဘောင်ကြီးကျိုး သွားလောက် တဲ့အထိထန်တဲ့ လှိုင်းကလဲ...ဘယ်လောက် ပြင်းမလဲ တွေးကြည့်ပေါ့….လယ်ကွင်းတွေ ကြည့်မဆုံးဘူး တွေ့တဲ့ကောက်ရိတ်သူမ တယောက် ကို မေးကြည့်တော့ နွားစားဖို့ရိတ်တာပါ၊လယ်အားလုံးကတော့သုည်းသွားပြီ၊ ဧကပေါင်းအများကြီးပဲ..အဲဒီအနီးနားကဘုန်းတော်ကြီး တပါးကိုမေးကြည့်တော့ အမြင့်(၈)ပေခွဲရှိတဲ့ကျောင်း ရေပ်ါမှာ(၆)လက်မလောက်ပဲ ကျန်တယ် လို့ပြောတယ်.. ဒီရပ်ကွက် မှာ အိမ်ခြေ ဘယ်လောက်ရှိလဲ မေးတော့ ၄၀၀ ကျော်တဲ့……တခြားရပ်ကွက်တွေကော ပါသေးလားဆိုတော့ ဟိုတစ်ဖက် အစွန်ရပ်ကွက်ကလဲ ဒီလိုပဲ တဲ့…..အကူညီတွေ ဘာရလဲ ဆိုတော့ ၊ ဆန် (၆) လုံးရယ်၊ တချို့ တာပေါ်လင် ၆ ပေ၊ ၁၀ ပေ တစရယ်၊ ရေသန့်နည်းနည်းရယ်၊ ဒါပဲ တဲ့ သူတို့တွေ နေတဲ့ အိမ်တွေကြားထဲ ရေအိုင်ကြီးလိုလို ဖြစ်နေတယ် ရေတွေက ဒီလိုပဲလားဆိုတော့ ခုမှ ၀ပ်ကျန်ခဲ့တာ တဲ့…..ဆားငန်ရေတွေ ဆိုတော့ ပုပ်ကုန်ပီ ခေါင်မိုးက မလုံ နေ့ခင်းဆိုပူ၊ ညဆို နှင်းတွေယို၊အဖိုးအို အဖွါးအိုတွေ ဆို ဘယ်လို နေမလဲ……တချက်ကလေး တွေးကြည့်မိတော့..လေပူကို ခပ်ပြင်းပြင်းလေးသာ ရှိုက်မိသွားတယ်….. စကားသံအဖြစ် တော့ ဘာမှ ထွက်မလာဘူး ကိုယ်ကိုယ်တိုင်က ဘာမှ မဟုတ်တော့ ဘာမှအဖြေမရဘူး ၊ လိုက်က်ပြပေးတဲ့ ရပ်ကွက်သားတယောက်ကို ပြန်လှည့်ကြည့်မိတော့ အကျီ င်္ ဗလာ ကျင်းနဲ့ သမီးလေးကို ချီကာ အားငယ်နေတဲ့ ညှိုးရော်ရော် မျက်နှာလေးပေါ်မတော့ ကိုယ်ချင်းစာတဲ့ လက်တဖက် ပေါ်လာလို့ အားရှိပုံလေးကိုရေးရေးလေးတွေ့ရပြန်တယ်၊ သမီးလေးကို မုန့်ဝယ်ပေးရင်း သားအဖနှစ်ယောက်ကို ဓာတ်ပုံရိုက်တော့ပျော်နေလိုက်တာကျေးဇူးတင်ပါတယ်လို့စကားဆိုတော့ရ ပါတယ် ကိစ္စမရှိပါဘူးအကူညီလိုရင်ပဲ ပြောပါ…ဆိုပြီး သူ့ခမျာ ကျေနပ်နေပုံလေး ကို အမှတ်ရမိပါသေးသည်။
တကယ်လှူဖြစ်တော့လဲ ငွေပမာဏသာ များ၍ လက်ခံရသော လူထုအတွက် အလွန်နည်းသော ပမာဏမျှလောက်သာ မိမိတို့ကပေးကမ်းနိုင်သည်။ လိုအပ်ချက်တွေက မေးမကြည့်လိုက်နဲ့ အများကြီးဆိုမှ အများကြီးပါ၊ နဂိုချို့တဲ့ တဲ့ ဘ၀တောင် နာလန်မထသေး၊ ကြမ္မာဆိုးကြီးကထပ်ဝင်၊ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ တောင်တွေးမရဘူး ၊ ငေးကြည့်နေကြတဲ့ခလေးငယ်တွေရဲ့ မျက်ဝန်းတွေက အထင်တကြီး ဖြစ်လွန်းနေတယ်။
ကင်မရာလဲ မမြင်ဖူးဘူး ထောင်တန် အထပ်လိုက်ကြီးလဲ မမြင်ဖူးဘူး၊သူတို့တွေလဲ ဒီလို လှူနိုင်သူတွေ ဖြစ်ချင်ကြမှာပဲလို့ တွေးမိတော့ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေအားလုံးကို လေးစားမိပါသေးတယ်။
ရင်မောခဲ့ရတဲ့ ခံစားမှုလေး နဲ့ပဲ အဲဒီနေ့ ညမှောင်မှောင်ကြားထဲမယ် ချိုင့်ခွက်တွေပေါ ဒလိမ့်ခေါက်ကွေးများ၊ လဲကျတော့မလားလို့ စိတ်တထင့် ထင့် နဲ့ သူများနိုင်ငံ မီးထိန်ထိန် လင်းနေပုံလေးကို တွေးမိတော့ ပြုံးမိသွားသည်၊မချိပြုံးသာဖြစ်ပါသည်။ မနက်ဝေလီဝေလင်းအချိန်မှာနယ်ကိုခရီးဆက်ဖို့စောစောအိပ်ရာကထ,မျက်နှာသစ်ပြီးတော့ဆိုက္ကားခေါ်အထုတ်
အပိုးတွေပြင်ကြဆင်ကြတယ်။ ကျောက်ဖြူဆရာတော်ကတော့အလုပ်အများဆုံးပဲမနက်ဆွမ်းတွေစီစဉ်၊ သူ့ ကျောင်းကဆရာလေးတွေကျောင်းသူလေးတွေလည်းညအိပ်ပျက်ကြရတာပေါ့အထူးသဖြင့်ထီဆရာတယောက်အစောကြီးနိုးနေတာကပြဿနာ၊လေးနာရီအိပ်ရာထကြမယ်ပြောထားတာကိုသုံးနာရီလောက်ကတည်းကလာနှိုးတော့ညကလဲခရီးရောက်ရောက်ချင်းမြို့ဆင်ခြေဖုံးရပ်ကွက်တွေတွင်းလမ်းလျှောက်ထားရတာဆွေးနွေးအစီစဉ်ချတာနဲ့ညနက်မှအိပ်ရာဝင်ရတာနဲ့ဆိုတော့အဲဒီမနက်အိပ်ရာထရတာတော်တော်ခက်ခဲပါတယ်၊ဒါပေမဲ့အလှူ သွားလုပ်မယ်ဆိုတဲ့အသိလေးကြောင့် တက်ကြွနေတယ်။
စက်လှေဆိပ်ကိုရောက်တော့ စက်လှေကူညီတဲ့ ဦးခင်အေးက အဆင်သင့်စောင့်နေလေတယ်။ သူလဲ မအေးဘူး အစောကြီး ရေစစ်ဆိုတော့ သူ့စက်လှေကို ညကတည်းက ရေနက်နိုင်တဲ့နေရာဆီရွှေ့ထားရတယ် အဲဒါနဲ့ လောင်းသေးသေးလေး တစီးနဲ့ စက်လှေကြီးဆီ သွားကြရတယ်။
အားလုံးအဆင်သင့်ဖြစ်တော့ကျောက်ဖေါ်ပြီးတော့ခရီးစထွက်ကြတယ်။
မနက်လေနုအေးကချမ်းစိမ့်စိမ့်နဲ့ရခိုင်ပြည်ရဲ့ဆောင်းအရသာကိုခံစားယင်းအတွေးကတော့ဂီရိခြေရာ လေးတွေရှာဖွေတွေးနေမိတယ်…..။ တရွေ့ရွေ့ခုတ်မောင်းနေသောမော်တော်ထက်မှမြင်ရသောမြင်ကွင်း တွေက အားလုံး ပြောင်တလင်းလို့ပဲ ပယ်လင်ပြင်ကြီးထဲဟိုတစုသည်တစုခေါင်းပြုကြည့်နေကြသလိုတောင်တွေအားလုံးဟာအမှိုက်ပုံဖြစ်နေတယ်။ နေရောင်ထွက်လာတော့ မနက်ဆွမ်းစားကြတယ် ပဲဟင်းရည် ငါးခြောက်ကျော်ချက်နဲ့ ဒေသအခေါ် ရွှေထမ်ငးကတော့မြိန်လိုက်တာကမှသတိတရပဲ၊ စားပြီးတော့ကျောက်ဖြူဆရာတော် မမေ့မလျော့သယ်လာတဲ့ tea mix သောက်ကြရပြန်တယ် ၊ “အားလဲနာတယ် ဒါပေမဲ့သောက်လိုက်တော့မယ်” ပြောတော့ ထီဆရာကြီးက သူမျက်မှန်အသာလေးပင့်ပီးကွမ်းသက်တန်း ရင့်သန်တဲ့ သွားဖွေးဖွေးတွေ ပေါ်အောင် ပြုံးယင်း ဘုန်းကြီးတွေက ဒီလိုပဲ တဲ့...သူ့ဆရာ ကျောက်ဖြူဘုန်းကြီး မျက်စောင်းပစ်တော့ သူကတခါ ပြန်ပြောပြန်တယ် “ဒဲ့ပြောရင်လဲ ဒီလိုပဲ”တဲ့အားလုံးပြုံးဖြစ်ကြပါသေးသည်။
၉းနာရီခွဲလောက်မှာပင်လယ်ထဲကတောင်ကျွန်းလေးတစ်ကျွန်းပေါ်တက်ပီးစက်လှေဆရာဟင်းသွားဝယ်တော့ခလေးတွေအတွက် သကြားလုံးတွေ ပေးလိုက်ကြတယ် ခလေးတွေ ပျော်ရွှင်ကြတာ အဝေးက လှမ်းမြင်ရတယ် ကျွန်းကပြန်လာတော့ အသီးအနှံနဲ့ကမ္ဘာ့ရှားပါး ရေငါးတမျိုးကို လှူလိုက်ကြတယ် ငွေပေးလို့မရပါဘူး သူတို့က အရှင်ဘုရားတိုကို ရွာပေါ်ကြွပီးဆွမ်းလက်ခံစေချင်ကြတာဘုရားတဲ့ ။
နေ့လည် ၁၂ နာရီမှာ ကမ်းထောင့်ကြီးကို ရောက်ကြပြီးတော့ဆန်နှင့် ဓနိများအဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားပေးသူ ဦးခင်ထွန်းနှင့်ဇနီးတို့မှ တဆင့်ကျ သင့်ငွေများ ပေးချေပြီး ။
တပ်ရွာသို့ ခရီးဆက်ကြတယ် ရေလမ်းကြောင်းဖြင့် သွားနိုင်ပေမဲ့ တာဘောင်ဆည်ထားတော့ လှေဖြတ်မရဘူးဖြစ်တယ် အဲဒါနဲ့ပဲ ခြေကျင်လျှောက်ခဲ့ကြရတယ် ၂ နာရီလောက် ခရီးကို ရွှံ့တော ဘွတ်တောထဲ ဆင်းလိုက် ရေတွေကူးလိုက် ခရီးဆက်ကြရတယ် ချောင်းလေးတခုတွေ့တော့ လှေသမားကို အော်ခေါ်ယူရတယ် လှေစီးဖို့ ဆင်းရတာ ဘွတ်ထူတော့ အ၀တ်တွေ ကွန်ပျူတာ အိတ်တွေ ငွေထည့်ယူလာတဲ့အိတ်တွေအားလုံးဗွတ်ပေကုန်ပါလေရောချက်ချင်း ရေနဲ့ဆေးတော့ တယောက်ကပြောတယ် ဆွေးသွားလိမ့်မယ်ဒီရေကရေငံနော် တဲ့။
နေတော်တော်လေးစောင်းမှရွာထိပ် တောရကျောင်းလေးကို ရောက် ကြတယ်ရွာလူကြီးတချို့ကြိုနေတာတွေ့ရတယ်။
သူတို့ကတရွာလုံးမှာရေကန်မရှိတော့ဘူး ရေသောက်လို့မရ တော့ဘူး၊တောကျောင်းလေးကတွင်းငယ်လေးကိုသာမှီခိုနေရကြောင်း ပြောပြကြတယ် သွားကြည့်တော့လဲ တကယ်နောက်နေလိုက်တဲ့ ရေက မြေခဲကို အရေဖျော်ထားတဲ့ အတိုင်းပဲအဲဒီရေကိုသောက်ကြရတယ်တဲ့…ရင် တော့ မောသွားတာပဲ ရွာကိုဝင်တော့ တီးသံမှုတ်သံလေး ကြားရတာ ဘာလဲလို့မေးတော့ သူတို့ သတင်းမကျွတ်ရသေးဘူးဆရာမကန်တော့ကြရသေးဘူးတဲ့အဲဒါနဲ့ဒီနေ့လုပ်ကြတာလို့ပြောပြကြတယ်။ ဘုန်းတော်ကြီးကျောင်းသို့ ရွာထဲက ဖြတ်သွားရတော့ အဲဒီရွာကိုကာထား တဲ့ ရေကာတာကြီးကျိုးပြီး အိမ်တွေ ကြားထဲဝင်တဲ့ရေတွေဟာခုထိကိုမခမ်းသေးပဲရှိနေတာတွေ့ရတယ။
ရေပုပ်ကိုလှောင်ထားသလို ဖြစ်နေတဲ့ကြား ထဲမှာ အိမ်တွေကတော့မြင်မကောင်းစရာပဲ။
အဲဒီအတွက် မတည်ငွေ တသိန်းလှူခဲပြီးတော့ ချက်ချင်းကို ပြန်လာခဲ့ကြတယ် အပြန်မှာတော့ ရေပြည့်ချိန်မို့ ပဲ့ချိတ်ကလေး တစင်းနဲ့ လိုက်ပို့တယ် ညကလဲမှောင်လိုက်တာ ပိန်းပိန်းပိတ်၊ လက်နှိပ်ဓာတ်မီးအရောင်လေးနဲ့ လာကြရတယ်။ ဆိပ်ကမ်းတံတားမှာစက်လှေခေါင်မိုးကသေးတော့ တခြားစက်လှေကြီးတစီးပေါ် တက်အိပ်ကြရ တယ်။
မနက်လေးနာရီထိုးတော့နိုးပြန်ပီ ဘယ်သူမှတ်လဲ ထီဆရာပဲ.”ထတော့ မနက်လင်းပီ” တဲ့ခရီးဆက်ကြတယ် လမ်းကလဲမသိ ညကလဲမှောင်လမ်းမှာကျောက်ဆောင်တွေလဲပေါ ဆိုတော့လမ်းပြတယောက်အကူညီယူကြရ တယ်။
မနက် (၈) နာရီခွဲလောက်မှာ ပြင်ဝန်းရွာနဲ့ ကိုက် ၃၀၀ ဝေးမယ်ထင်တာပဲ တောင်မော်နားလေးမှာ စက်လှေကဘယ်လိုမှမောင်းလို့မရတော့ဘူး စက်ကိုတင်လေငြိမ်လေစက်လျှော့လိုက်ရင်နောက်ဆုပ်သွားတယ်။
မိနစ် ၃၀ လောက်မောင်းနေလိုက်တာဘာမှ အရာ မထင်ဘူး နောက်တော့ ဦးခင်အေးရဲ့ ညဏ်နီ ညာဏ်နက်နဲ့ စက်လှေကို ဟိုလိုလှည့်လိုက် ဒီလိုလှည့်လိုက် လုပ်ပီး မောင်းမှ တရွေ့ရွေ့လွတ်သွားတယ် အဲဒီတုန်းကသာ လေနည်းနည်းလောက်တိုက်ပီး လိုင်းလေး ပေါ်လိုက်လို့ကတော့ ပြန်တွေးကြည့်ပြီး ပြောဖြစ်ကြသေး ၊ ရွာကိုရောက်တော့ ပစ္စည်းတွေသယ်ဖို့ကိစ္စကို ဦးခင်အေးကိုလွှဲလိုက်ကြပြီးတော့ဘုန်းတော်ကြီးကျောင်းသို့ သွား ကြတယ် ကျောင်းကတက်လမ်းပိတ်နေတယ်၊ ခေါင်မိုးမှာလဲ အမိုးမရှိဘူး ကြယ်မြင်လမြင်ပဲ ဆရာတော်ကတော့
ဒီသိမ်သာ မရှိခဲ့ရင် အဲဒီနေ့ မိုးနဲ့ လေ အရှိန်ကြောင့် အားလုံး သေသွားနိုင်တယ် လို့ ပြောပြတယ်။
ဆရာတော်ကို ၀တ္ထုလှူပီးတော့ ရွာတပတ်လှည့်ကြည့်ကြတော့ အားလုံးက ပြောင်တလင်းနေတာပဲ၊ တချို့လူတွေကသစ်မရှိလို့ကွမ်းသီပင်တွေကို ခုတ်ညပီးတော့ ကုံးညားတွေ လုပ်နေကြတာ တွေ့တယ်၊အားလုံး ကတော့မြေကြီးပေါ်မှာပဲနေကြတယ်ခလေးတွေကဖုန်အလူးလူးနဲ့ကျန်းမာရေးဆေးပေးခန်းလဲတာပေါ်လင်အမိုး နဲ့ပဲ ယာယီလုပ်ထားရတာတွေ့တယ်။
သစ်ပုံတွေ ပေါ်တက်နင်းသွားရတာ သံစူးမှာတောင်ကြောက်ရတယ်။
အဲဒီဒေသမှာတာဝန်ကျတဲ့ မြန်မာ စစ်တပ်အရာရှိ တပ်ရင်းမှူးကို အလှူလာလုပ်ကြောင်း အကြောင်းကြားတော့ လိုအပ်တာတွေနဲ့သူတို့လဲဝိုင်းကူပါကြောင်း၊လာလှူပေးကြတာကောင်းမွန်ပါကြောင်းပြောပြတယ်။ ပိုက်ဆိပ်၊ပြင်ချောင်း၊ပြင်ဝန်းအုပ်စုတခုလုံးအတွက်တနေရာတည်းလူစုလိုက်ပီးတော့လှူကြတယ်။တခွက် ဆွမ်း ယူလာ ကြတဲ့ဟင်းပေါင်းစုံဆွမ်းဝိုင်းကလဲ အဲဒီနေ့လည်အတွက်တော်တော်ပဏာရတယ်။
ဆွမ်းကိစ္စပြီးတော့ လမ်းတလျှောက်နဲ့ မုန်တိုင်းတိုက်တုးက ရထားလိုက်တဲ့ပုံတွေ ရှာလာတာကို ပြတော့ Lep top ကိုဝိုင်းအုံကြည့် ကြတော့ဦးက၀ိန်လေးခမျာအမှောင်နည်းလို့ သင်းပိုင်လေး ကာပီးတော့ ပြရရှာတယ်၊ အဖွါးကြီးတွေကို ဟိုသည် မေးကြည့်တော့ သူတို့ဘ၀မှာ ဒီမုန်တိုင်းလို အခါလွန်မှ ဖြစ်တာ ဆိုးကျိုးများတာ မတွေ့ဖူးဘူးတဲ့ ဘာမှ မကျန်တော့ပါဘူး တဲ့။ တကယ်လဲ ဘာမှ မကျန်တော့ဘူး စက်လှေ အပိုင်းအပြတ်တွေ၊ အိမ်တိုင်ငုတ်တိုတွေ အမှိုက်ပုံတွေပဲ ရှိတယ် တောင်ကြားမြောင်ကြားထဲကို လှိုင်းအဟုန်လေ အဟုန်နဲ့ ပါသွားတဲ့ လှေတွေကတော့ ရေထဲပြန်ရောက်စရာအကြောင်းမရှိတော့ဘူး ၊ကမ်းနားပေါ်တင်သွားတဲ့စက်လှေအချို့ကိုတော့ ပြန်ပြင်ပြီး ရေချနေကြတာတွေ့ရတယ်။ နေ့လည် ၁၂ နာရီခွဲမှာ ခရီးပြန်ထွက်ကြတယ် ကျွန်းသာယာ ငပသုန်ကိုပေါ့လေ၊ လမ်းမှာ ရွာတရွာတွေ့တ အိမ်ခြေက ၂ ဆောင်စက်လှေ အပိုင်းအပြတ်တွေတော့တွေ့တယ် တခြားအိမ်တွေကောလို့ မေးတော့ သွားပီတဲ့ အဲလိုနေရာမျိုးမှာ မနေရဲတော့ဘူးပေါ့၊ လှူချင်တာစက်လှေကလဲကပ်လို့မရလှေကလဲမရှိ နောက်ဆုံး မထူးပါဘူး ဦးခင်အေးရေ ကမ်းနားနီးနီးသာ ပြန်မောင်းလို့ ပြောပီး ငွေလှူခဲ့ရတယ်။
ပါလာတဲ့ ကြွတ်ကြွတ်အိပ်လေးမယ် ပိုက်ဆံကိုထည့်၊ နံ့သာတိုင်အိပ်ကို အရှည်ကြီးငင်ပြီးတော့ ထင်းချောင်းနဲ့ပူးချည်၊ လှေဦးက ရပ်ပြီးတော့ အမျိုး သမီးကြီးနှယောက် ရပ်နေတဲ့ ကမ်းဆီကို အရောက် ပစ်ပေးလိုက်ရတယ် ရေနားအလွန်လေးမှာ သွားကျလို့ တော်သေး အိတ်နဲ့ထည့်လိုက်တာ၊ အအေးပုလင်းတွေ ပစ်ပေးကြတယ်၊ လမ်းတလျှောက်တွေ့တဲ့ လူတွေ အားလုံးကို အအေးဘူးတွေ သကြားလုံးထုပ်၊ မုန့်ထုပ်တွေ ပစ်ပေးနဲ့ လှူရတဲ့ဖြစ်ရတာတော် တော် ပျော် စရာ ကောင်းပါသည်။
ဆက်မောင်းတော့ မြစ်လယ်ကောင်တွင်း မျှောလာတဲ့ သစ်တုံးတစ်တုံးနဲ့ စက်လှေပန်ကာသွား တိုက်လိုက်တာစက်လှေကနှေးသွားရောကောက်သွားလို့တဲ့ ၊တော်တော်နေစောင်းလောက်မှကျွန်းသာယာ ရွာကို ရောက်ကြတယ်။
ရွာအ၀င်လမ်းမှာ ရေတပ် သင်္ဘောက ခေါ်လို့ သွားကပ်တော့ ဆရာတော်တွေတွေ့တယ်လေ သွားကြပါတဲ့၊ရွာကိုဝင်ဦးမယ်ဆိုတော့ရဲဘော်နှစ်ယောက်ထည့်လိုက်မယ်တဲ့ ရေကူးဝတ်စုံတွေ ၀တ်ဆင်ပြီးတော့ လိုက်လာကြတယ်၊ စက်လှေကို ရပ်ပီး လက်လှော်လှေကလေး ခေါ်ရတယ်၊ အဲဒါနဲ့မှ တစ်ဆင့် သွားကြရတယ်။ ရွာမှာတော့ အမှိုက်ပုံပဲ ရွာတောင်ဘက်နားလေးမှာတော့ ဖျင်တဲ ဖြူဖြူလေး အလုံးတစ်ရာလောက် တွေ့တယ် ။
အုန်းပင် ရိုက်မိလို့ ခေါင်းဒဏ်ရာ ရသွားတဲ့ ရွာသားတယောက်ကို သတင်းမေးပြီးတော့ ငွေလှူခဲ့ကြတယ်။
ဘုန်းကြီးကျောင်းကလဲ မုဒ်ကအစ လဲပြိုနေတာပဲ တွေ့တယ်၊ ဆရာတော်ကို ငွေလှူ၊ ပြီးတော့ပြန်လာ ညမိုးချုပ် မှကျောက်ဖြူမြို့သို့ ပြန်ရောက်ကြတယ်။
နောက်တော့မှ သိရတာက စက်လှေပန်ကာ တစ်ရွက်ကျိုးပြီးတော့ ကျန်နှစ်ရွက်လဲကောက်သွားတော့စွဲထားတဲ့မူလီတွေပြုတ်ထွက်လာလို့ထပ်ပီးတော့ နောက်ငါးမိနစ်လောက်သာ ပင်လယ်ထဲ ကြာနေမယ်ဆိုရင် ဒုက္ခရောက်နိုင်တယ် ပြောတယ်လို သိရတယ်။
ပင်လယ်လေ ဆားခိုးမိထားတဲ့ အရှိန်ရယ် နေပုံတဲ့ အရှိန်ရယ်၊ ခရီးပန်းတဲ့ဒဏ်ရယ် ပေါင်းပေမဲ့ ပြန်ရောက်တာ စောစောတော့ နားချိန်မရသေးပဲ Internet Cafeသို့ပြေးရသေးရသမျှသတင်းလေးတွေကိုကြိုးစားပို့ရတယ်။ကွန်နက်ချန်ကမရတချက်ရတချက်။ ည ၁၂ နာရီကျော်မှ ပြန်ရတယ်။
ဆိုက္ကားသမားကို ပြန်ကြည့်တော့မှ မပြန်ပဲ စောင့်နေတာပဲ ဆိုတာ သိရတော့ အားနာလိုက်ရတာ။
ဆိုက္ကားလေး တငြိမ့်ငြိမ့်နဲ့ ကျောင်းပြန်တဲ့ ခရီးတလျှောက်ဟာ မုန်တိုင်းဒဏ်ခံဒေသတွေက အိမ်ပြိုတွေကံပျက်တွေ တာဘောင်အကျိုးတွေ လှေအပိုင်းအပြတ်တွေ ဒဏ်ရာရတဲ့ သတင်းတွေ၊ လူသေတဲ့အ ကြောင်းတွေနဲ့သူတို့ပြန်လည်နာလန်ထလာဖို့အခြေနေတွေအရှည်ကြီးတွေးမိတော့…..ဟူး…ခနဲ…..လေပူတစ် ချက်ရှိုက်မိသွားတယ်..သွားခဲ့ရတဲ့ခရီးတထောက်ကမြင်ကွင်းအားလုံးဟာရင်သို့မငြိမ်းချမ်းစေသောအရာများ သာဖြစ်နေလေသည်။ အဲဒါနဲ့ဆက်ပြီးတော့ဘယ်လိုလှူရင်ကောင်းမလဲဘယ်လိုအကြံညာဏ်တွေရှာရင်ကောင်း မလဲစသဖြင့်တသီတတန်းကြီးတွေးမိရင်းအတွေးနယ်ချဲ့မိသမျှအိပ်ပျော်သွားတော့မှပဲဂီရီခြေရာကောက်ကြောင်း တွေ ခဏတာ ထွက်ခွါသွားလေသည်။ ဒုက္ခသည်တွေအတွက်အားလုံးဝိုင်းဝန်းလှူဒါန်းနိုင်ကြပါစေ
ကရုဏာ

ရခိုင်ပြည်အမျိုးသားကောင်စီဆိုဒ်မှ ကူယူထာူပါသည်။

No comments:

Post a Comment