Sunday, 2 October 2011

ရခိုင်မျိုးဆက်လူငယ်များသို့

ရခိုင်မျိုးဆက်လူငယ်များသို့-
ငါရို့ရခိုင် လူငယ်ချေတိ အရင်ကနန့်စာကေ အမျိုးသားရေး အခန်းဂဏ္ဍတိမှာ ပိုမိုပါဝင်လာကတ်စွာကို ကြားသိရလို့ ၀မ်းသာပီတိဖြစ်ရစွာအမှန်ပါရာ။ 
ရခိုင့်အနာဂတ်စွာ ရခိုင့်မျိုးဆက်တိလက်မှာရာ ယှိပါရေ။ 
တဆက်တည်း သတိထားဆင်ခြင်စရာ အနီနန့် ရခိုင်လူငယ်ချေတိကို အထူးတင်ပြချင်စွာတော့ ယှိဘါရေ။ ဇာလေ့ဆိုကေ အထူးသဖြင့် ပြည်ပမှာ လုပ်စားနီကတ်တေ ကိုယ်ကျိုးယှာ အယောင်ဆောင်မျိုးချစ် နိုင်ငံရေးသမားဆိုရေလူတိ အသုံးချ စတေးမှုတိကိုတော့ခါ အထူးသတိယှိဖို့ လိုဘါရေကား။ 
ဇာဖြစ်လို့ဆိုကေ ဒေမျိုးဆက်လူငယ်ချေတိစွာ ရခိုင့်အနာကတ်အတွက် တန်ဖိုးမဖြတ်နိုင်လို့ဖြစ်ပါရေ။ 
နိုင်ငံရေး၊ အမျိုးသားရေးကို ဗန်းပြပနာ ကိုယ်ကျိုးယှာ ကြီးပွါးနီကတ်တေ လူတိယှိနီစွာကိုလေ့ သိမြင်ကတ်တေအတိုင်းရာ။

အောက်သားတိကို ဖါးပနာ နိုင်ငံတကာအလှူရှင်တိဘါးက အထောက်အပံ့ရဖို့အတွက် နိုင်ငံရေး စတန့် အမျိုးမျိုးထွင်ပနာ လုပ်စား နီကတ်တေလူတိ ဟိနီစွာလေ့ ရခိုင်တိုင်းအသိဘါရာ။ 
ယင်းချင့်ကြောင့် ရခိုင်မျိုးဆက်ချေတိစွာ ဒေပိုင် လူတစု တဖွဲ့က အသုံးချမှုတိကိုလေ့ ဥဏ်အမျော်အမြင်ကြီးစွာ သတိယှိဖို့ အထူးပင်လိုအပ်နီပါရေ။ 
အဖွဲ့တဖွဲ့ကို ရာသက်ပံချုပ်ထားပနာ ငါမပါမပြီး ငါသာလူကြီး ငါသိငါတတ်လုပ်ပနာ နေရာတိုင်းမှာ ကိုယ်ထင်ပေါ်ဖို့ ကိုယ်ကျိုးကိုသာကြည့် အမျိုးသားအတွက်ဆိုပနာ အယောင်ဆောင်အော်နီစွာတိကိုလေ့ သိနီမြင်နီရကတ်စွာရာမလား။ 
ဒေပိုင်လူတိ အလုပ်အကိုင်မဟိပါပဲ ဇာကဖေးသာရလို့ မိသားစုဝမ်းရေး ကျောင်းနီကတ်စွာပါလဲ။
တချို့ဆိုကေ တိုက်တိကားတိနဲ့ ပဒေသရာဇ်ဆန်ဆန် ဘ၀င်လေဟတ် ရပ်တည်နီကတ်စွာကလေ့ ဇာကရရေ ငွေးကြေးတိပါလဲဆိုစွာ ရခိုင်မျိုးဆက်ချေတိ အထူးစဉ်းစားကတ်ပါလီ။
ဒေပိုင်လူတိကို သိနီရမြင်နီရစွာ ကကောင်းပင် ရွံယှာစက်ဆုတ်စရာပင်တကား။ 
ဒေပိုင်လူတိကို မဖယ်ယှား မသုတ်သင်နိုင်သရွေ့ကတော့ ရခိုင်တိကျွန်သက် ဒေထက်ရှည်ဖို့ဆိုစွာ ပြောနီဖို့မလိုပါရာဒေ။

ဂုလေ့ မလေးယှားမှာ ရခိုင်သား၊သမချေတိ ဒုက္ခဆင်းရဲခံပနာ စုဆောင်းကောက်ခံထားရေ ငွေကြေးချေစကေတပွေကိုကား ဇာပိုင်လူတိက ဇာပိုင်ကိုယ်ကျိုးယှာပါရေလေ့ ဆိုစွာ သိမြင်ကတ်ရရေအတိုင်းပါရာမလား။ 
လက်တွိအနေအထားတိထဲက စကေတပွေကို သိမြင်အောင် ထောက်ပြပြောဆိုစွာပါရာ။ 
မတော်မတရား လုပ်နီမှုတိကိုမပြောပဲ အကောင်းမြင်လို့ကားမရနိုင်။ အမျိုးသားရေးအတွက် အကျိုးယုတ်ကေ ဇာလူမဆို ဖယ်ယှားရဖို့ကသာ စစ်မှန်ရေ အမျိုးသားရေးတာဝန်ဖြစ်တေ။ 
လူတစုံတယောက်ကို မနာလိုမှုနန့် အပုတ်ချမှုကိုရာမလုပ်အပ်။ အမျိုးသားရေး လက္ခဏာကိုထိခိုက်ပနာ ကိုယ်ကျိုးယှာရေလူတိကို ဖယ်ယှားဖို့တာဝန်စွာ အမျိုးသားရေး တာဝန်ဖြစ်တေ။

နောက်ဆုံးပြောချင်စွာက ရခိုင်မျိုးဆက်တိစွာ အဖက်ဖက်ကနိမ့်ကျနီရေ ရခိုင်လူထုအတွက်၊ ရခိုင်ပြည်အတွက်ရာဖြစ်ပါစီ။
အယောင်ဆောင်ကိုယ်ကျိုးယှာ နိုင်ငံရေးသ္မားဆိုရေ လူတစု တဖွဲ့က သူရို့ထင်ပေါ်လိုမှု ကြီးပွါးလိုမှုအတွက် စတေးခံရရေ ဘ၀မျိုးမရောက်ဖို့ ခေတ်လူငယ်ချေတိပီပီ ပညာအမြော်အမြင်နန့် သတိယှိကတ်ဖို့ တိုက်တွန်းလိုက်ပါယင့်။

မျိုးချစ်သစ္စာဖြင့်
မျိုးမြတ်

No comments:

Post a Comment