Saturday 1 October 2011

ကြိုးသုံးချောင်းတီးရေ ဂီတသံစဉ်

၁၉၉၅ခုနှစ်မှာ နာမည်ကြီးတယောဆရာ အဲ့ဇ ဟတ် ပါလ်မန်း(Itzhak Perlman)နယူးယောက် မြို့ လင်ကွန်းစင်တာ အဲလ်ဗာရီဖဲ့ချာခန်းမ (Avery Fisher Hall) မှာဂီတ ဖြေ ဖျော် ပွဲ တစ်ခု တင် ဆက်ခပါရေ။
ပါလ်မန်းက ပိုလီယိုရောဂါသယ်ဖြစ် လို့ ဖျော်ဖြေဖို့စင်မြင့်ထက်ကိုတရွိ့ရွိ့နန့်ဒရွတ် တိုက် ဆွဲ လားနိန်ရ ပါရေ။
တယော ထိုး ဖို့ ခုံ ထက် ကို ရောက် တေ အခါ ဂျိုင်း ထောက် နှစ် ဖက်က ဘေး ဖယ်၊ခြီ မှာ ကပ်ထား ရေ ဒေါက် တိ ကိုဖြုတ် ၊ ခြီ ထောက် တိကိုလက်နန့်ဆွဲ ပနာအနိန်ချရ ပါရေ။
ပရိတ် သတ် ကတော့ခါပါလ်မန်းလုပ်နိန်သမျှကိုစိတ်ရှည် လက် ရှည်နန့် တတိတ်ဆဆိတ် ငေးကြည့်နိန် ကတ်ပါရေ။
ပါလ်မန်းကတယောကိုဆွဲယူပနာ တစ်ချက်နှစ် ချက် ထိုးကြည့်ပါရေ။
အပြီးကေ တီးဝိုင်း ဆရာ ဖက်ကို လှည့်ပနာအဆင်သင့်ဆို ရေ သဘော နန့်ခေါင်း ညိတ်ပြ လိုက်ပါ ရေ။
ပရိတ်သတ် ကတော့ခါ ကမ္ဘာ ကျော် တယော ဆ ရာ ထိုးရေ ဂီတ သံ စဉ်ကို နားထောင်ဖို့မီးကိုရီနန့် သတ်ပလိုက်တေပိုင် တိတ်ဆိတ် ငြိမ် သက် လားပါယင့်။
တယောစထိုးလိုက်လို့လက်ကွက်နှစ်ကွက်လောက်ရာရှိပါသိမ့်ရေ။“ဒေါက်”ဆိုပနာတယောကြိုးတစ် ပင် ပြတ်လားခပါရေ။

ပရိတ်သတ်နားထဲမှာတော့ မိုးကြိုးပစ်သံကိုကြားရလိုက်တေပိုင်ပါ။ ပရိတ်သတ်တိက တယော အ သစ် တစ်ခု မဟုတ်ကေ ကြိုးအသစ်တစ်ချောင်းလှဲဖို့အတွက် ပါလ်မန်းလားဖို့လာဖို့ ကြာရေ အချိန် ကိုမှန်းဆပနာ စိတ်ပျက်လားကတ်ပါရေ။
ယကေလေ့ ပါလ်မန်းစွာ ပရိတ်သတ်တိထင်ထားစွာပိုင် လုံးဝမလုပ်ခပါ။
ပါလ်မန်းတုံ့ခနဲ တစ် ခေါက် ရပ်လားခပါရေ။
မျက်စိကိုမှိတ်ပနာ တနားငြိမ်လားပါရေ။
အပြီးကေ တီးဝိုင်းဆရာကို ပြန်တီး ဖို့ အချက်ပြလိုက်ပါရေ။
သံစုံတီးဝိုင်းကြီးကလည်း ရပ်လားခရေနိန်ရာက ပြန်ဆက်တီးပါရေ။
ပါလ် မန်း က တယောကို ကိုယ်စိတ်ထပ်တူထပ်မျှ ကျပနာ စွမ်းအားပြည့် ပြန်ထိုးလိုက်ပါရေ။
တကမ္ဘာ လုံးက ကြိုးသုံးချောင်းနန့် တယောထိုးလို့ မဖြစ်နိုင်ဆိုစွာကို ပါလ်မန်းက မသိချင်ယောင် ဆောင်ပနာ မျက်ကွယ်ပြုလိုက်ပါရေ။
နောက်ဆုံး တယောသံရပ်လားရေအချိန်ထိ တခန်းလုံးတိတ်ဆိတ်ငြိမ်သက်နိန်ပါရေ။
ပရိတ်သတ် တစ်ယောက်လက်ထဲက ရီဗူးပြုတ်ကျသံ”ဒိန်း” ခနဲ အသံ  ခန်းမတစ်ခုလုံးကို ပျံ့နှံ့လာမှရာ ပရိတ် သတ်တိ အသက်ဝင်လာကတ်ပါရေ။
လက်ခုသြဘာသံတိက ခန်းမထဲမှာ မဆုံးနိုင်အောင် ပျံ့ ထွက် လာပါရေ။
ရင်ထဲက အံ့သြမှုကို မထိန်းနိုင်လို့ အော်သံကျွီးသံတိပါ ရောယောင်ပါ နိန် ပါယင့် ။
မျက် ရည်သုတ်ပနာ လက်ခုသြဘာပီးရေလူတိက မရွီမတွက်နိုင်အောင်ပါ။
ယင်းနိ့ က ပါလ်မန်းတီးခရေ ကြိုးသုံးချောင်းတယော ဂီတသံစဉ်လောက်ကောင်းရေ ဂီတ လက် ရာ စွာ ကမ္ဘာမှာ တခါလေ့ မရှိခဖူးပါ။
ပါလ်မန်းစွာ အပြုံးမျက်နှာထက်က ချွေးတိကို သုတ်ပနာ ပရိတ်သတ်တိကို ငငြိမ်နိန်ကတ်ဖို့ လက်ပြ လိုက်ပါရေ။
အပြီးကေ တည်ငြိမ်အီးချမ်းရေ မျက်နှာနန့် ” လုံးဝမဖြစ်နိုင်ရေအချိန်မှာ ဂီတသံစဉ် တစ်ခု ကို ရအောင် ဇာပိုင်ညှစ်ထုတ်ရဖို့လဲဆိုစွာ အနုပညာသမားတိ တာဝန်ပါ။” လို့ပြော လိုက်ပါရေ။
ဘ၀သင်ခန်းစာ ။       ။
ကျွန်တော်ရို့စွာလည်း တယောဆရာတိပိုင်ဗျာလ် ဘ၀မှာ ဇာကိုလုပ်လုပ် ကြိုးလေးပင်နန့်တီးရရေ တယောပိုင် သံစဉ်ကောင်းဖို့အတွက် အစစအရာရာ ကိုပြင်ဆင် လား ကတ်ပါ ရေ။လုပ်ယင်းကိုင်ယင်းပြင်ယင်းဆင်ယင်းနန့်တယောကြိုးတစ်ပင်ပြတ်လားခရေပိုင်၊ ကိုယ် အားကြိုးမာန် တက်ပြင်ဆင်ထားစွာတစ်ခု ကိုယ့်ဘ၀မှာ မချွတ်ယွင်းနိုင် မပြည့်စုံလာနိုင်လို့ ဇာသူ ပြောနိုင်ပါဖို့လဲ။
မပြည့် စုံကေပင် ငါ့အလုပ်မဖြစ်နိုင်ဗျာလ်လို့ ထင်မှတ်နိန်ကတ်ဖို့အစား ပါလ် မန်းတီး လားခရေပိုင် ရှိစွာနန့် အ ကောင်းဆုံးကိုလုပ်လားကတ်ပါမေ။
ကြိုးသုံးချောင်းနန့်တီးလိုက်တေ ဂီတသံစဉ်စွာ ကြိုးလေးချောင်းနန့်ပုံမှန်တီးနိန်ရေ ဂီတသံစဉ်ထက် အဆ ထောင်သောင်းပိုကောင်းပနာ ဘ၀ဂ်ထိတိုင်အောင် ချီးကျူးသြဘာခံရနိုင်ရေဆိုစွာကို သတိပြု ကတ်ပါ။ လုံးဝမဖြစ်နိုင်ရေအချိန်မှာ အကောင်းဆုံးဂီတသံစဉ်တစ်ခုကို ရအောင်ညှစ်ထုတ်ရဖို့စွာက ကျွန်တော်ရို့ တာဝန်ပါ သူငယ်ချင်းရို့…။
KWKhaing(AMP)
 
Arakanfolksဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment