Thursday 1 September 2011

ရိုးဆွီးမြာတိုင် ဧရာမခိုင်

ရခိုင်ဂေါင်းတုံး၊ ဗမာသုံး မျိုးပြုံးအောင်ကြံ
ပေါင်းဖျက်တရားခံ၊ လိုက်လံစီးစစ်၊ ရှိကြောင်းနောက်ဖြစ်
သူတပါးအကြိုက်၊ ဖြစ်ရတဖန်၊ ကျောင်းကန်သိမ်ပုထိုး၊
စေတီအုပ်ကျိုး၊ ကျောက်ရိုးမကျန်၊ လက်ညှိုးညွှန်သည်။

ညွှန်သည်လက်ညှိုး၊ ထိုးသည်မလွဲ၊ ခွဲစိတ်တူးရှာ၊
ကျောက်မျက်ရတနာ၊ မြပဒေသာ၊ စိန်ပဒေသာ၊
ရတနာကိုးပါး၊ သွမ်းလုပ်ထား၊ မြတ်စွာဘုရား၊
ကိုယ်တော်ပွား၊ တပါးမဖိတ်မချန်၊ ယူကြပြန်သည်။

ယူလီမငြား၊ ဗမာစစ်သား၊ နိုင်ငံရပ်ခြား၊
လက်လီလက်ကြား၊ ရောင်းစားဈီးစုံ၊ မျိုးဂုဏ်သက်သွီး၊
ဖျက်ဆီးထိုခါ၊ မျိုးလက်ရာ၊ လက်ရာမျိုးရိုး၊
တစိုးမကျန်၊ မျိုးမာန်စိတ်ကျိုး၊ မြာတိုင်ရိုးဆွီး၊
ဖာထီးမရ၊ ပုလုတ်ကျသည်။

ကျသည်ပုလုတ်၊ သွီးစုပ်ဖောက်ပြန်၊ ပြားတန်ဆယ်တန်၊
ရာတန်ထောင်တန်၊ ထောက်လှမ်းလုပ်ကြံ၊ စားခွက်ကြွင်းကျန်၊
လျှာရည်သိမ်းပြန်၊ ရိုးကြွင်းကျန်ကိုက်၊ ခိုက်ရန်သူဖြစ်၊
တဂစ်ဂစ်၊ သျှစ်ရပ်မျက်နှာ၊ နီစရာဇကာ၊ ခြံကာမဟိ၊
ကြောက်စိတ်စိမ့်ဝင်၊ သန်ဖက်သဘင်၊ ပွဲကြီးဆင်သည်။

ဆင်သည်ပွဲကြီး၊ နဂါးစီးလျက်၊ တုတ်ဓါးသံလျှက်၊
လူသတ်လက်နက်စုံ၊ ကတ္တားအဖုံဖုံ၊ ရိုးတောင်ကျော်ခုန်၊
ကြံစုံမျိုးမစစ်၊ ဖမချစ်သား၊ သားစိမ်းငါးစိမ်းစား၊
ကြီးထွားဖုတ်ကောင်၊ သွားစွယ်ထောင်၊ သရဲသဆီမျှောင်၊
နတ်သျှောင်ဂေါင်းစွပ်၊ ချွတ်မကျွတ်၊ မကျွတ်ထိုခါ၊
မှော်တတ်ဆရာ၊ နတ်ကောင်းဆရာ၊ ဗုံမပါ-နှဲမပါ၊
ကျီးဖြူရွာမှာ၊ အုံ....ဖွ..သုံးခါ၊ မာန်းမှုတ်ရာ၊
သူဆက်လေးခါ၊ မတတ်သာ၊ လင်းပြာဖုတ်ကြီး၊
ဓါးကြီးထမ်းလျက်၊ အိမ်ဦးထွက်၊ ခြံပျက်မဏ္ဍိုင်၊
ဧရာမခိုင်၊ ရခိုင်မှန်သား၊ ပြီးလွှားထိုခါ၊
တောတွင်းမှာ၊ ကြံရာမတတ်၊ သွားပုတ်လီလွှတ်၊
ချင်းချင်းသတ်သီ၊ ဇာတိမျိုးကြီ၊ စည်းဖောင်ပျက်သည်။

ပျက်သည်ဖောင်စည်း၊ နိုင်ငံရေးမုန်တိုင်းထဲ၌၊ လူးနစ်မွန်းမြုတ်၊
သူ့ကိုသူသမုတ်၊ ငါရာအဟုတ်၊ အမှန်လုပ်ပြ၊
ကျီးပုတ်ကုလားကျ၊ ပြုပြမိတ်ဆွေ၊ စစ်တကောင်းနယ်သား၊
ဘင်္ဂလီကုလားအား၊ ရောင်းစားပထ၀ီ၊ ညက်ညက်ကြီ၊
လွှတ်လီသွားပုတ်၊ အံ့ဖွယ်လူယုတ်၊ သမုတ်ပြည်သူ၊
ကျွက်ကျွက်ဆူ၊ လူသူမကြိုက်၊ ဖဲ့ပစ်တိုင်ပြည်၊
သူကြံစဉ်၊ တိုင်းပြည်ရေးထက်၊ ၀မ်းရေးခက်၊
ကိုယ်ကောင်းစားကျက်၊ သူ့တွက်သူကြံ၊ ကြွင်းကျန်လူမိုက်၊
ခိုက်ရန်သူဖြစ်၊ အပြစ်လုပ်ကြံ၊ ခွဲထွက်ပြန်လည်၊
ပြန်လည်ခွဲထွက်၊ သွီးစက်စိမ့်ယို၊ ထိုမျှလက်နက်၊
လုယက်ထွက်ခွာ၊ ကြံခါတသက်၊ ပျက်တချက်၊
“အို...သူသက်မချစ်၊ မျိုးချစ်ရာဇာ၊ အန္တမာန်-နီကိုဘာ၊
ကျွန်းသာသွီးသောင်ပြင်၊ သမိုင်းတွင်ကျန်၊” လူဖျင်းဖျက်ဉာဏ်၊
လိုက်လံစီစစ်၊ နောက်ကြောင်းရှိဖြစ်၊ ရွီးထုတ်ပစ်ရမည်။

ပစ်မည်ရွီးထုတ်၊ တသုတ်မကျန်၊ ဆန်ခါကြွင်းချန်၊
လူမှန်မျိုးချစ်၊ နွံမနစ်အောင်၊ နောင်လာနောင်သား၊
မှတ်လောဤစာ၊ သင်ခန်းစာတည်း။.....။..........။

ကောဇာသက္ကရာစ် (၂၀၀၄) ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နိ၊ အိန္ဒီယာနိုင်ငံ ကာလကတ္တားဒေါင်ဒေါင်ဆန္တာထေင်းတွင်း၌ ဤကဗျာရတုအား ရွီးစပ်၍ပြီးစီးပါ၏။
ဘုရား၊ တရား၊ သင်္ဃာ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရခိုင်ပြည်သူအပေါင်း ကောင်းကြောင်းမင်္ဂလာ အောင်ကြောင်းဖြာစီသတည်း။
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment