Thursday 29 September 2011

သမိုင်းဆက်အိမ်ပြန်ခရီး




ငါအမှောင်ကို တွန်းပဏာ အလင်းရှိရာကို ရုန်းထွက်ကြည့်နီရေ ။
အပြည့်ဖုံးနီရေ အမှောင်က ကကောင်းကောင်းကြီး ထူရေကာ ငါထိုးလိုကို မဖှောက်နိုင် ။ 
ငါ့အသက်ရူသံကို ငါပြန်ကြားဗျလ် ငါ့ကိုယ်ငါ ကြောက်စိတ်ပူးကပ်မိရေ အဖြစ်။ 
ဒေညမှာ ကိုယ်ကိုယ် ကို ပြန်ကြောက်မိရအောင် ငါ့အခန်းချေက တိတ်ဆိတ်နီရေ ။
ဖုန်းခေါ်သူမရှိ လာစားပြောရေ လူမရှိ ရယ်သံမရှိ စကားသံ မရှိစွာရာ မဟုတ် တခြားအသံတစ်ခုလည်း မရှိ ။ 
တိတ်ဆိတ်နီလိုက်စွာ အပ်ကျကေတောင် ငါ့အခန်းမှာ ပြန်ကြားရဖို့ထင်ရေ။
ဒေပိုင်အချိန်မျိုးမှာ တစ်ခုတော့ ၀န်ခံချင်ပါယင့် ငါ့ရင်ဘတ်မှာ အလွမ်းဆိုရေ မိုးကြိုးတစ်လက် အိပ်မပျော်အောင် ညတိုင်း ပစ်ခတ်တယ်။ 
ငါလည်း ခံယူချက်နဲ့ ခံစားချက်ကြားမှာ လူတစ်ကိုယ်လုံး ပျက်လက်မျောနီဗျလ် ။

နင်ဇာမှာလည်း နင်ဇာကိုရောက်နီလေ နင်ဇာတိလုပ်နီလေလို့ ငါမှာ မေးပိုင်ခွင့်က မရှိဗျလ်ကာ။ 
ငါ့က မေးလည်းမမေးချင်ဝေ ။ 
ငါမာနကိုတော့ ငါပိုင်ပါသိမ့်ရေ ။ 
ငါ့စိတ်ခံစားမှုကိုတော့ ငါထိန်းချုပ်ကြည့်ချင် ပါသိမ့်ရေ။ 
ငါဆိုရေ ငါကိုယ်ငါ့မှ မပိုင်ကေ ငါလူတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုစွာ ဟုတ်ဖို့သိမ့်လားချင့် ။အရာအားလုံးက ငါကိုယ်တိုင်ဆုံးဖြတ်ချက် ထုတ်ပြန်ပီးခစွာတိရာ ။
ငါ့သမိုင်းအတွက် ငါက တရားသူကြီးဖြစ်တယ် ။

ငါဆုံးဖြတ်ချက်မှာ အမှားပါခကေ ယင်းအမှားက ငါ့ခံယူချက်ရာ ဖြစ်လီဖို့ ၊ ငါလုပ်ဆောင်ချက်တီက နင်နားမလည်နိုင်ရေ ပုစ္ဆာတစ်ပုဒ်ဆိုကေ ယင်းပုစ္ဆာက နင်နားမလည်းရေ ဘာသာတစ်ရပ်ရာ ဖြစ်လီဖို့ ၊ ဒေအမှားတီအတွက် ငါ့မှာတော့ တောင်းပန်းစကား တစ်ခွန်းလည်းမရှိ ၊ နားမလည်းနိုင်ရေ လူတစ်ယောက် ရှေ့မှာ စကားခွန်းပေါင်းသောင်းချီ လီကုန်ခံဗျလ် ငါမပြောချင်ဗျလ်ဝေ အချိန်ကုန်မခံချင်ဗျလ်ဝေ ။ နင်ပျော်ရေ အရပ်မှာ နင်ကျန်လိုက် ။
နင်ကျေနပ်နီရေ အရပ်မှာ နင်ဘ၀ကို နင်ဆက်ပြီး မျောကျန်လိုက်။
နင့်အယူဆနဲ နင်ခံယူချက်တီအတွက် ငါကတော့ ၀င်မစွပ်ချင်ပါ အေကေလည့် ငါ့ကိုတော့မထားပါကေ့ ။

ငါကိုယ်ငါ့ ဇာသူလေ၊ ငါဇာလုပ်သင့်လေဆိုစွာ သိလာရေတစ်နီ ငါအရပ် ငါဌာနကို ငါပြန်ရာဖို့နန်းရာ။ ငါ့ရင်ဘတ်မှာ ပြောချင်ရေ စကားတီ ၊ ငါ့မျက်လုံးမှာ တောင်ဆိုးနီရေ တောင်းဆိုချက်တီကို နင်မသိချင်ယောင်ဆောင်နီခရေ ။ 
ငါနားလည်းပါရေ နင်သိခကေ နင်နားလည်းခကေ နင်ဘ၀အညွန့် နင်သင်ကြားတတ်မြောက်ထားလီသမျှ နင်မိဘ ကုန်ခလီသမျှ နင့်မိဘ အ၀န်းအ၀ိုင်း မျှော်လင်ထားသမျှ သဲထဲ ရီသွန်ဖြစ်လားလီဖို့စွာကို နင်ကြောက်တယ်။ 
အေ ငါလည်း ငါ့ခံယူချက်ကိုမစွန့် ငါ့အမိအဖ ဆန္ဒ အတိုင်း ငါ့အရပ်ကို ငါပြန်ဖို့ဗျလ် ။ 
အရိုးဆွဲမြေဇာပုံထဲက စောင့်နီရေ အဖိုးအဘောင်းရို့ ငါရို့မိသားစု အိမ်အပြန်ကို ငါဖြည့်မှ သူရို့လည်း ကျွတ်ဖို့ ။ နင်ကျန်နီခ လည်း ငါခွင့်လွတ်တယ်။ 
ငါရို့နှစ်ယောက် နှစ်သဘောတူလမ်းခွဲ ခစွာရာ ။ 
ဒေအတွက် အပြစ် ဆိုရေ စကား ငါရို့ကြားမှာ မချန်ထားခ၊ ငါရို့နှစ်ယောက် သမိုင်းပီးတာဝန်အရ သားကောင်းသမီးကောင်း ပီသဖို့အတွက် ငါရို့ရင်ဘတ်က အချစ်ကို မပြောပလောက်တေ ခစားမှုချေ တစ်ခုလိုရာ မှတ်ထားလိုက်ဖိ ။

ငါ့ကရခိုင်လူမျိုး ဖြစ်တေ။ အေကေလည့် ငါ့မွှေးရပ်ကို ငါ့စွန့်ခစွာ ကကောင်းကြာလားဗျလ်။ 
ငါ့မှာ ရခိုင်ဆိုရေ သွီးတော့ရှိယင့် ရခိုင်နာမည်အစစ်တော့ရှိယင့် အမိလည်း ရခိုင် ၊ အဖလည်း ရခိုင်ရာ အေကေလည်း ငါ့ပါးစပ်က ရခိုင်စကားကို မပြောတတ် ။ 
ပြောတော့ပြောတတ်ဒေ။ 
ဖဖြောင့်တတန်းက မထွက် ။
တောင်သတ်လိုက် မြောက်သတ်လိုက် ဟိုရောက်အေရောက်ပြီးမှ ထွက်လာရေ ။ 
လူပြောခံလည် ဂရုမစိုက်ခစွာလည်း ကကောင်းကြာခဗျလ်။ 
နင်စဉ်းစားကြည့် ငါ့မှာမွေးလာဖို့ မျိုးဆက်က ဇာစကားကို ဆက်ပြောလီဖို့ လည်း ။
ဇာလူမျိုးလို့ခံပြီး ဇာကျောင်းစာကို သင် ၊ဇာလူမျိုးကို သုံးဖို့လည်း။ ငါရို့နှစ်ယောက် အမိလည်း ရခိုင် အဖလည်း ရခိုင် ဖြစ်ယင့် အေကေလည်း မွေးလာရေ မျိုးဆက်က hello mama . hello dad . how are you . I wanna drink . what is arakan ? ယင်းပိုင်အမေးခံချင်လို့လား ။ 
နင်ကရခိုင် ရခိုင်ပြည်ပေါက်တော့မဟုတ် ။ 
မိဘ ကောင်းခလို စကားကိုပြောတတ်ရုံတတ်စွာရာ ။ 
နင်ရခိုင်ကို ချစ်မှန်းလည်း ငါသိရေ ။ ငါကရခိုင် ရခိုင်ပြည်ကြီးထွက်တော့မဟုတ် မွေးရာပါစကားမို့လို တတ်စွာရာ ငါရို့နှစ်ယောက်မျိုးဆက်က ငါ့ရိုချစ်သလောက်တောင် ရခိုင်လူမျိုးကို မချစ်နိုင်ကေ ခက်ခက်ခဲ့ခဲ့ ငါရိုမိဘ ရခိုင်ကို ယူစွာလည်း အကျိုးတော့မရှိဗျလ် ။ 
ငါရို့ ကိုယ်မြေကို ပြန်ကတ်မယ်လို ပြောရရေ စကားက နင်ဘ၀ ဂုဏ်ရောင်လွှင့်နီချိန် နင်ဘ၀အညွန့် တက်ကောင်းတုံး အညွန်ချိုးရေလို့ နင်ထင်ချင်ထင်လိမ့်မယ်။
မဟုတ်ကေ နင်အညွန်တော့ တက်နီဖို့ နင်မျိုးဆက်၊ နင်လူမျိုးအဆက်တော့ ပြတ်လီဖို့စွာကို ငါရင်လီးရေ။ 
မိုင်ပေါင်းများစွာ အချိန်ပေါင်းများစွာ ငါရို့ပျံခဗျလ် အခုအချိန်တန်ဗျလ်ဝေ ကိုယ်အရပ်ကို ငါရို့ပြန်ပြီးပျံသင့်နီဗျလ်။ 
ဇာကိုဘဲရောက်ရောက် ဇာဘဲဖြစ်နီနီ ငါ့ရို့ အမျိုးမဖျက်သင့်။အမျိုးဖျက်သူလည်း မဖြစ်သင့် အားပီသူလည်းမလုပ်သင့် ။ 
နွားကွဲလို ကျားဆွဲခံရရေ ။ 
လူတိုင်းရာ ရေကြည့်ရာ မြက်နုရာမှာ နီကတ်ဖို့ဆိုကေ ကိုယ်မြေဟောင်း နဲ့ အိမ်ကို ဇာသူဇောင့်ဖို့လည်း ငါရို့ ကိုယ်အိမ်ကိုယ်ပြန်စောင့်ကတ်မယ် ။ 
ဟောင်းနီရေ အေမြေကြီးကို လားစောင့်ကတ်မယ် ။ 
အဖိုးသျှင် အဘောင်ရှင်ရို့ အရိုးကို လာ ဂါရ၀ါပြုစောင့်ရှောက်ဂတ်မယ်။ 
သမိုင်းမှာ ငါ့ရို့က အမျိုးဆက်ကို စောင့်ရှောက်သူ ဖြစ်ချင်ကေ လူမျိုးတူကို ယူတိုင်းလာဝေ ။ 
ငါရို့အိပ်ကို ပြန်ကတ်မယ်။
ငါ့ရို့ ကိုယ်မြေကို ကိုယ်ပြန်ကတ်မယ်။


မှတ်ချက် ။ ။ ကြိုးစားပန်းစား ရခိုင် စာတစ်ပုဒ် ရေးကြည့်ခြင်းဖြစ်ပါရေ။ 
အမှားနှင့် လိုအပ်ချက် ခံယူချက်နှဲ အရေးအသားမှာ အကျွန့်၏ ညံဖျင်းမှုရာ ဖြစ်ပါရေ 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment