Saturday 10 September 2011

ဂျတ်လူမျိုးများ

သာဦးဖြူတယောက် မိုးထစောစော ရွာကသျှင်ပြူပွဲမှာ လုပ်အားဒါနပြူဖို့အတွက် အိပ်ရာစောစောဝင်လိုက်သည်။
အိပ်ရာမ၀င်ခင် ညဇာသား (၄) ချက်တီးလောက်က သူငယ်ချင်းတိနှင့် ရွာကသျှင်ပြူပွဲအကြောင်း ပြောဖြစ်ခသိမ့်သည်။
သူငယ်ချင်းမတိက သာဦးဖြူကို မိုးထစောစော (၄) ချက်တီးမှာ လာနှိုးမည်ဟုပြောသည်။ 

စောစောထရဖို့။ 
ချက်ရဖို့၊ ပြုတ်ရဖို့။ ယင်းအတွက် သာဦးဖြူတယောက် စောစောအိပ်ရာဝင်လားခြင်းဖြစ်သည်။

မိုးထစောစော အိမ်ရှိခြံဝက သူငယ်ချင်းများခေါ်သံကြားမှ သာဦးဖြူတယောက် အိပ်ရာက လန့်နိုးလာသည်။ ယော် (၄) ချက်တောင်တီးယာမလားဂု။
မျက်နှာပရုန်းနရုန်းသစ်၍ အိမ်အောက်သို့ ဆင်းလတ်သည်။ သူငယ်ချင်းတကျိပ် အပြုံးကိုယ်စီနှင့် သာဦးဖြူကို စောင့်ကြိုလျှက်ဟိသည်။
“ဟေး နင်ကကောင်း အအိပ်ပုတ်စွာမလား ဒေကုလိမ္မေ” ဟုလည်းပြောသည်။

ယင်းပိုင်နှင့် ကောင်းမကြာလိုက် သာဦးဖြူ အလှူလုပ်ရာ ရွာမဏ္ဍပ်သို့ရောက်သည်။ 
ရွာကလူတိ တရောင်းရောင်းနှင့် ကကောင်းအလုပ်ချုတ်နီကတ်စွာ တွိရသည်။
ကြက်သွန်ဖျင်ရေလူက ဖျင်၊ အားလူသင်ရေလူက သင်၊ ဒိုင်ထိုးရေလူက ထိုး၊ ၀က်သားချက်တေလူက ချက်။ 
သားဦးဖြုလည်း ကိုယ်တနိုင် သူငယ်ချင်းတိနှင့် လုပ်အားဒါနပြုပါသည်။

အလှူပွဲတွင် သူမကို တဖက်သတ်ကြိုက်နီသော အောင်သိန်းကျော်ဆိုရေ အသားမဲမဲ ထောင်ထောင်မောင်းမောင်း လူပျိုကြီးကလည်း ရစ်သိရစ်ကာလုပ်နီသည်။ 
သျှင်ပြူပွဲ ကောင်းကောင်းစည်သည်။
လူပေါင်းထောင်ချီ၍ လာသည်။ 
ဘုန်းကြီးတရားဟောသံ၊ သူငယ်ချင်းများက သာဦးဖြူကို နတ်ကတ်သွမ်းကတ်သံ၊ လူများရယ်သံ၊ ပြောသံဆိုသံ၊ လော်စပီကာက ရခိုင်တေးခြင်းသံများဖြင့် တပွဲလုံးရောင်းရောင်းသတ် ဆူဆူညံနီသည်။ ထိုအသံများကို သာဦးဖြူတယောက် နားဖြင့်အတိုင်းသားကြားနီရသည်။

အလှူပွဲပြီးလို့ နိခြင်း (၃) ချက်တီးလောက်တွင် ကောင်းကောင်းညောင်းပါလတ်သဖြင့် သာဦးဖြူပင်ပန်းပြီးအိပ်ချင်လာသည်။ 
သူ့သူငယ်ချင်းမများကို အိမ်ပြန်လို့ တရီးတမောအိပ်ချင်ကြောင်းပြောသည်။ 
သူ့သူငယ်ချင်းမများကလည်း "အေး ယင်းပိုင်ဆိုကေ ပြန်လီ၊ ညဇာသားပွဲသိမ်းဖို့ ငရို့လာခေါ်မည်" ဟုမှာလိုက်သည်။ 
သာဦးဖြူ အိမ်သို့ရောက်၍ အိပ်ရာတွင်ခေါင်းချသည်နှင့် ချက်ချင်းအိပ်ပျော်လားသည်။

အမှန်အကန် သူမ၏သူငယ်ချင်းများက မိုးထသား (၄) ချက်တီး သျှင်ပြုပွဲကူဖို့ သာဦးဖြူအားလာနှိုးသောအခါ သာဦးဖြူမှာ ပျောက်ခြင်းမလှပျောက်နီသည်။ 
ရွာလူကြီးနှင့် ရွာသူရွာသားများ ပျောက်ဆုံးနီသော သာဦးဖြူကိုရှာဖို့ အပူတပြင်းစီစဉ်ကတ်ရသည်။
သူမတွင် ရည်စားလည်းမဟိသဖြင့် ခိုးရွာလိုက်စွာလည်း မဖြစ်နိုင်။ 
ခိုးရွာလိုက်လျှင် ရွာဓလေ့အရ ကြက်ပေါင်တိုက်သံကြားရဖို့။ ယင်းပိုင်လည်း တယောက်မကြား။ မဆမသာဦးဖြူအမိကလည်း တယောက်တည်းသမီးအလိမ္မာအတွက် မျက်ရည်နှင့်မျက်ခွက်ဖြစ်လျှက်ဟိသည်။
သမီးသာဦးဖြူဇာသို့ ပျောက်လားခရေလဲ စဉ်းစားမရဖြစ်နီသည်။ 
ရွာသားများက သူမလားတတ် ရောက်တတ်သောနီရာတိုင်းသို့ လိုက်ရှာသော်လည်း လုံးဝမတွိ။
သို့အတွက် ရွာသားများ လူစုလေးစုခွဲလိုက်သည်။ 
အနောက်ဖက်ကို တစု။ အရှိဖက်ကို တစု။ 
မြောက်ဖက်ကို တစု၊ တောင်ဖက်ကို တစု။ ယင်းပိုင် အရပ်လေးမျက်နှာသို့ လေးစုခွဲလျှက် လိုက်ရှာသည်။

မြောက်ဖက်ကအဖွဲ့သည် သာဦးဖြူကို ရွာမြောက်ဖက်အဆုံး ကျွဲကူးမြစ်ကမ်းနဖူး ပြာပင်ဂွတွင် ဆောင့်ကြင်ထိုင်လျှက်တွိသည်။ 
သာဦးဖြူမှာ မျက်စိနှစ်လုံးကြောင်တောင်ဖွင့်လျှက် ဖွတ်ကြင့်ကြင့်နီသည်။
အတွိအကြုံဟိသောလူကြီးများက အဖွဲ့သားများအား အသံတစုံတရာမပြုရန် သတိပီးလိုက်သည်။
ယင်းနောက် အားကောင်းမောင်းသန်အောင်သိန်းကျော်ကို ပြာပင်ထက်သို့ တိုးတိုးတိတ်တိတ်တက်စီပြီး သာဦးဖြူအား နောက်မှဆုပ်ကိုင်လှန့်နှိုးရန် မှာလိုက်သည်။

အောင်သိန်းကျော်လည်း မှာလိုက်သည့်အတိုင်း သာဦးဖြူကို နောက်မှဆုပ်ကိုင်လှန့်နိုးလိုက်ရာ သူမသည် အလန့်တကြား ကျွီး၍ငိုသည်။ 
သိန်းကျော်အောင်မှ နောက်ကအားနှင့်ဖက်ထား၍ သာဦးဖြူမှာ ပြာပင်ထက်က ခုန်ဆင်းမဖြစ်လိုက်။ သာဦးဖြူ ပဇာကြောင်းကြောင့် ပြာပင်ထက်တွင် ဖွတ်ကြင့်ကြင့်နီပါသနည်း။

အကျွန်ရို့ ရခိုင်ကျွန်းရွာများတွင် ဂျတ်လူမျိုးများကိုယုံကြည်သော အယူအဆ အခုထက်တိုင်ဟိပါသည်။ ဂျတ်လူမျိုးများသည် အိမ်၊ လူ၊ တော၊ ပွဲလမ်းသဘင်စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖန်ဆင်းနိုင်စွမ်းဟိကြောင်းယုံကြည်သည်။ 
သာဦးဖြူသည် ယင်းနိ မိုးထသား (၄) ချက်မတီးခင်ကပင် ဂျတ်လူမျိုးများလာရောက်ခေါ်ဆောင်ခြင်းခံရသည်။ 
ပြာပင်ထက်တွင်ထိုင်နီစဉ် သူမ၏စိတ်အာရုံထဲ၌ သူမသည် အိပ်ရာ၌ပင် အိပ်လျှက်ဟိကြောင်း အာရုံရောက်နီသည်။ 
အလှူ၌ သူမတွိကြုံခရသော အဖြစ်အပျက်အားလုံးသည် အမှန်အကန်အဖြစ်အပျက်မဟုတ်။
ဂျတ်လူများက ဖန်ဆင်းထားသော အဖြစ်အပျက်များသာလျှင်ဖြစ်သည်။

မှတ်ချက် ။ ။ အေဇာတ်လမ်းသည် ရခိုင်ကျွန်းရွာတရွာတွင် အဂယင့်ဖြစ်ပျက်ခသော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ 
ဇာတ်ကောင်နာမည်များကို ပြောင်းလဲထားပါသည်။ ဖြစ်ရပ်မှန်။
၂။ ။ကြာဆိပ်အင်းရွာတရွာလုံး ငြိမ်ဆိတ်လျှက်ဟိသည်။ ပုရစ်ချေ၊ မြွီချေ၊ ဖားချေမြည်သံကလွဲလို့ လူသူတိတ်ဆိတ်နီသည်။ 
မြောင်ဘက်င်္သချိုင်းတောက ခဲဝါအူသံများ တချက်နှစ်ချက်ကြားနီရသည်။ အဘောင်ကြာဇံသာတယောက် သဘောက်ခင်းအိပ်ဖို့ပျင်နီစဉ်တွင် ခဲဝါအူသံများထွက်ပါလတ်သည်။ ကြားနီကျဖြစ်၍ အဘောင်ကြာဇံသာ ခဲဝါအူသံများကိုဂရုမစိုက်ဘဲ အိပ်ရာတွင် ဂေါင်းချလိုက်သည်။ ကကောင်းမကြာ လူတစု အဘောင်အိမ်ရှိတန်းခါးကို လာခေါက်သည်။
"အသူရို့လဲ ညဥ့်မိုက်သိုင်ခေါင်" ဟု အဘောင်က မီးလိုက်သည်။
“အကျွန်ရို့ ထိုဖက်ရွာကပါ၊ အကျွန့်မယား ကိုယ်ဝန်ကြင်နီလို့။ ကျေးဇူးပြုလို့ ကူညီပါ"

အဘောင်ကြာဇံသာသည် ဗိန္ဓောလက်သည်တယောက်ဖြစ်သည်။ 
ရွာနီးဝန်းကျင်တွင် သူမ မမွီးပီးခသော လူမဟိ။ 
အသူပင် ကိုယ်ဝန်ကြင်ကြင် အဘောင်ဘားသို့ အပြီးလာကတ်သည်။ အဘောင်က ဇာချိန်မှာလာခေါ်လာခေါ် ပြီး၍လား၍ ကူညီတတ်သည်။
အခုလည်း အဘောင်တယောက် ပရုန်းနရုန်းထပြီး တန်းခါးလားဖွင့်ပီးလိုက်သည်။
အလွန်လှပခန့်ငြားသော လူလတ်ပိုင်းအရွယ် (၅) ယောက်သည် အဘောင်ကို အပြုံးနှင့်ဆီးကြိုလျှက်ဟိသည်။
"အဘောင် အကျွန်ရို့ အင်္ဂရားချိုင်ရွာကပါ။ 
အကျွန့်မယား အချေမမွီးနိုင်လို့ အကူအညီလာတောင်းစွာပါ။
အဘောင် လမ်းလျှောက်ကေ ညောင်းဖို့မှန်းသိလို့ အကျွန်ရို့ ထမ်းကုတင်ပါ တခါတည်းယူလာပါရေ" ဟု လူရွယ်တယောက်က ရှိကိုတလှမ်းတိုး၍ပြောသည်။
"အေး ကောင်းယင့်" ဆိုပနာ အဘောင်လည်း ကုတင်ထက် တက်ထိုင်လိုက်သည်။ 
ထိုရွာသို့ရောက်ဖို့ (၂) ချက်တီးလောက်ကြာသည်။
ထူးဆန်းသည်မှာ ထိုလူရွယ်များသည် တယောက်နှင့်တယောက် စကားလုံးဝမပြော။ 
အဘောင်စိတ်ထဲတွင် “ကကောင်းစကားနည်းရေ အချေတိရာမလား” ဟု စဉ်းစားနီမိသည်။

(၂) ချက်တီးလောက်အကြာတွင် သူရို့ရွာစကို နင်းမိသည်။ 
တရွာလုံး တိတ်ဆိတ်နီသည်။ 
ရွာလယ်ကောင်တည့်တည့် အိမ်တအိမ်မှ မီးရောင်ကိုမြင်ရသည်။
ကျွန်းရွာအတိုင်းအတာအရ ဒေအိမ်သည် လူရတတ်အိမ်ဖြစ်ဖို့များသည်။ 
လူများသည် အဘောင်ကြာဇံသာအား ထိုအိမ်ထက်သို့ ဆောင်ယူလားကတ်သည်။
အိမ်သည် ပျိုင်စီပျိုင်ထောင် အိမ်ကြီးရခိုင်ဖြစ်သည်။
တန်းပျင်းခန်းကိုဝင်သောအခါ အလွန်တရာမွှီးကြိုင်လန်းဆန်းသော အနံ့တမျိုးကို လျှူလိုက်မိသည်။ အဘောင်ကို အသက် (၅၀) ခန့်အရွယ် အမျိုးသမီးနှစ်ယောက်က ဘယ်လက်ခေါင်အခန်းသို့ ခေါ်ဆောင်လားသည်။ 
လူရွယ်များကမူ တန်းပျင်းခန်းတွင် ထိုင်လျှက်စောင့်ကြည့်နီသည်။ 
ဘယ်လက်ခေါင်အခန်းတွင် အသက် (၂၅) ခန့်အရွယ် အလွန်တရာချောမောလှပသော အမျိုးသမီးတယောက် အချေမမွီးနိုင်ဘဲ အော်ညီးလျှက်ဟိသည်။ 
အများမကြာ "အုံးဝန်၊ အုံးဝန်" ဟု အချေငိုသံထွက်လာသည်။ 
တန်းပျင်းခန်းတွင်ထိုင်စောင့်နီသော အဖသေလည်း ကောင်းကောင်းပျော်လားသည်။ အချေမှာ တုတ်တုတ်၀၀ချစ်ဖို့ ကကောင်းကောင်းသည်။
တအိမ်လုံးသား အဘောင်ကို ကောင်းကောင်းကျေးဇူးတင်သည်။

မွီးဖွားပြီးသောအခါ အဘောင်က အိမ်ပြန်ပို့ရန် လူရွယ်များကိုပြောသည်။
ထိုအခါ လူရွယ်များက "အဘောင် သန်းခေါင်လည်းကျော်လားပါယာ၊ အိမ်ကို မိုးထခါ ပြန်ပါဖိ၊ အကျွန်ရို့ အဘောင်အတွက် အိပ်ရာခင်းထားပြီးပါယာ၊ အေမှာ တညအိပ်လိုက်ပါ" ဟုဆိုသည်။ 
အဘောင်လည်း ခရီးညောင်းလာသဖြင့် မိုးထမှပြန်ရန် သဘောတူလိုက်သည်။ 
ထိုအထဲမှ လူရွယ်တဦးသည် အဘောင်အား အိပ်ခန်းထဲသို့ ခေါ်ဆောင်လားသည်။
အိမ်ကလည်းကြီးရေပိုင် အိပ်ခန်းကလည်း ကျယ်သည်။
အခန်း၏နံရံလေးဖက်တွင် မျိုးစိုင်ဘောင်ဆက်ဟုထင်ရသော ဓာတ်ပုံကြီးများ ချိတ်ဆွဲထားသည်။
အိပ်ကုတင်မွိရာကြီးမှာ အလွန်နုညံ့ညက်ညောလှသည်။
အခန်းထဲမှ စံကားနံ့ကဲ့သို့ မဖော်ပြနိုင်သော အနံ့တမျိုးရသည်။ ထိုအနံ့ကြောင့် အဘောင်သည် အိပ်ရာထက်တွင် လှဲလိုက်သည်နှင့်ချက်ချင်း အိပ်ပျော်လားသည်။

ကြာဆိပ်အင်းရွာမှ အဘိုးသာကျော်ဦးသည် ထုံးစံအတိုင်း မိုးထ (၅) ချက်တီးလောက်တွင် အိပ်ရာမှထလိုက်သည်။
မိုးမလင်းခင် သူများထက် အယင်ထမှ နွားချီးမှိုအများကြီးကောက်လို့ရဖို့။
နွားချီးခြောက်များမှ ဖြူဖြုဆွဆွထွက်နီသောမှိုပွင့်များကို ဆောင်းရာသီတွင် စောစောထ၍ အလုအယက်ကောက်ရသည်။
ယင်းအလုပ်ကို အဘိုးတသက်လုပ်စားပါလတ်စွာ။ 

ဒေနိလည်း အဘိုးတယောက် ၀မ်းရီးအတွက် ချမ်းချမ်းနှင့် ပုဆိုးကိုခေါင်းကချုံလျှက် မှိုကောက်ထွက်လာသည်။
ရွာတောင်ဖက် နှစ်ခရီးလောက်လျှောက်ပြီးသောအခါ လယ်စွက်အများကြီးဟိသော ချောင်းနားဖက်သို့ရောက်သည်။ 
အရှိဝါးလေးပြန်လောက်အကွာ လယ်ကန်းသင်းထက်တွင် ထူးထူးဆန်းဆန်း လူတယောက်လဲနီသည်ကို တွိရသည်။
ထိုလူသည် အသက်အားဖြင့် အဘိုးနှင့် ရွယ်တူဟုထင်ရသည်။
အဘိုးသည် ထိုလူနားသို့လားကြည့်သောအခါ သူရို့ရွာက ၀ါကြီးမ အဘောင်ကြာဇံသာဖြစ်နီသည်။ အဘိုးသည် အဘောင်အား သူမလက်မောင်းကိုကိုင်လျှက် "ယော် ၀ါကြီးမ ကန်းသင်းထက်မှာ အိပ်နီရေကာ။ မိုးလင်းယာ ထဖိ" ဟု နှိုးလိုက်သည်။ 

အဘောင်သည် ဗြုန်းဆို ငေါက်စောက်ထလိုက်သည်။
ပြီးနောက် အဘိုးကိုကြည့်လျှက် "ယော်.. ငါဇာကိုရောက်နီရေလဲ။ 
ညက မွိရာထက်မှာအိပ်နီစွာ အခု ကန်းသင်းထက်မှာရာ ရောက်နီရေကား" ဟု ယောင်ယမ်းပြီးပြောသည်။ 
ထိုအခါ အဘိုးသာကျော်ဦးက "ဘလောက်ရယ်ဖို့ကောင်းရေ ၀ါကြီးမလည်းချင့်။ ကန်းသင်းထက်မှာ တုံးစင်းစင်းလို့။
မိုးလင်းကြောင်တောင်ထိ အိပ်နီပြီးကေ" ဟုပြောလျှက် အူဆို့ပါအောင်ရယ်သည်။ 
ထိုအခါမှ အဘောင်သည် ညကတွိကြုံခရသော အဖြစ်အပျက်ကို အတွက်ရသည်။ 
ညက ဂျတ်လူမျိုးများခေါ်ဆောင်ခြင်းခံရသည်ကို အဘောင်ကြာဇံသာကလွဲလို့ တခြားမည်သူတယောက်ကလည်း သိနိုင်လိမ့်မည်မဟုတ်။

အေးမောင် (ရင်အုံတော်ဓာတ်)

ရခိုင်စာပီ မဂ္ဂဇင်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment