Friday 23 September 2011

ရခိုင်ရို့ အမျိုးသားညီညွတ်ရေးကို ဇာပိုင်တည်ဆောက်လားကတ်ဖို့ လဲ

ArakanesePoliticalUnity
ရခိုင်ရို့ အမျိုးသားနိုင်ငံရေးညီညွတ်မှုကို ဇာပိုင်တည်ဆောက်လားကတ်ဖို့ လဲ

သမိုင်းစာမျက်နှာတိကိုလှန်ကြည့်လိုက်ကေ ရခိုင်ရို့ ရေ မွီးရာပါဂုဏ်သိက္ခာတိနန့်  ကိုယ့်ကံကြမ္မာကို ကိုယ်ရို့ ဖန်  တီးနိုင်ပြီးကေ ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ခရေ လွတ်လပ်တေ လူမျိုးတစ်မျိုးဘ၀နန့် နှစ်ပေါင်းထောင်ချီ ပနာ ဒေကမ္ဘာမြီထက်မှာ ရပ်တည်လာခကတ်စွာကို တွိရရေ။

၁၇၈၄ ခုနှစ်မှာ ဗမာပဒေသရာဇ်ဘုရင်ဘိုးတော် မောင်ဝိုင်းက ရခိုင်ပြည်ကို မတရားကျူးကျော်ဝင်ရောက်သိမ်းပိုက်ပနာ ရခိုင်လူမျိုးကို လူမျိုးတုံးလားအောင် အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီးကေ ရခိုင်ရို့ စာပီအမွီအနှစ်တိကို ဖျက်ဆီးလိုက်လို့ ရခိုင်လူမျိုးရေ ဘက် ပေါင်းစုံက နိမ့်ကျပျက်စီးလားရပြီးကေ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာသိမ်ငယ်ပနာ ကမ္ဘာ့လူ့ ဘောင်မှာ ၀င်တိုးလို့  မရ ရေ အဆင့်ကိုရောက်လားခရစွာရေ အေဂုခေတ်အချိန်ကာလထိပင် ဖြစ်တေ။

ရခိုင်လူမျိုးတိ ဆင်းရဲမွဲပြာကျ နာလန်ထူပြန်မထနိုင်အောင် ပုံစံအမျိုးမျိုးနန့်  အုပ်ချူပ်တေအစွန်းရောက်ဗမာအမျိုးသားရေးဝါဒီ အဆက်ဆက် က ဂုတ်သွီးစုပ်နှိပ်စက် ထားရေအတွက် ရခိုင်ရို့ လက်ဟိအခြေအနေရေ ဆင်းရဲခြင်းငရဲအိုးထဲကိုကျပနာ ကမ္ဘာ့ မြီပြင်ထက်မှာ မျိုးတုန်းပျောက်ကွယ်လားဖို့  အဆင့်ကိုတောင် ရောက်ပါလတ်ရရေ။
ကမ္ဘာ့ဘောကဗေဒပညာသျှင်အများစုက ဆင်းရဲမွဲပြာကျခြင်းကို လူတိကဖန်တီးလုပ်ထားစွာ ဖြစ်တေ (Poverty is man-made.) လို့  တညီတညွတ်လက်ခံထားကတ်တေ။ နိုင်ငံရေးသိပ္ပံပညာသျှင်အများစုကလေ့ လူမျိုးတစ် မျိုးကို လူမျိုးတစ်မျိုးက ကိုလိုနီကျွန်ပြုအုပ်ချူပ်ထားခြင်းရေ အအုပ်ချူပ်ခံလူမျိုးအတွက် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးဆိုင်ရာကပ်ဆိုးကြီးဆိုက်ရောက်ခြင်းပင် ဖြစ်တေလို့  ပြောကတ်ပြီးကေ အအုပ်ချူပ်ခံဘ၀က လွတ် မြောက်ခါမှရာ တိုးတက်ခွင့် လွတ်လပ်ခွင့်တိ အားလုံးကိုရလာဖို့ လို့  ထောက်ပြကတ်တေ။
ပြင်သစ်စာရွီးဆရာ နိုင်ငံရေးအတွေးအခေါ်ပညာသျှင် ရူးဆိုးက ၁၇၆၂ ခုနှစ်မှာ ရွီးခရေ သူ့ စာအုပ် လူမှုစာချူပ် (The Social Contract) မှာ နိုင်ငံခြားသား ဘုရင် တစ်သီးပုဂ္ဂလ္လ ဇာသူပင်ဖြစ်ဖြစ် အုပ်ချူပ်တေအစိုးရကို စစ်မကြေငြာဘဲ တိုင်းသူပြည်သားတိကို ဒမြတိုက်၊သတ်၊ဖမ်းချူပ်စွာတိလုပ်ခြင်းရေ ရန်သူကမဟုတ်ဗျာယ် တောပုန်းဒမြရာလို့  ထောက်ပြရွီးခရေ။
(The foreigner, whether king, individual, or people, who robs, kills or detains the subjects, without declaring war on the prince, is not an enemy, but a brigand.)   ဆယ့်ရှစ်ရာစုမှာ တိုင်းပြည်နိုင်ငံနန့် လူမျိုးတိ လိုက်နာ ကျင့်သုံးဖို့  နိုင်ငံတကာဥပဒေတိ ထွန်းကား နိန်ကေလေ့ ဒေကျင့်ဝတ်ဥပဒေတိကို ချိုးဖောက်ပြီးကေ ဗမာပဒေသရာဇ်တိက ရခိုင်ပြည်ကို စစ်မကြေငြာဘဲ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ပနာ အပြစ်မဟိရေ ရခိုင်လူထုကို အစုလိုက်အပြုံလိုက် သိန်းချီပနာ သတ်ဖြတ် ခခြင်းရေ လူစိတ်ပျောက်တေ တောပုန်းဒမြအကျင့်ကို ကျင့်လိုက်ခြင်းပင် ဖြစ်တေ။ ရာစုခေတ်ကာလတိ ပြောင်း ပါလတ်ကေလေ့ ဗမာအုပ်ချူပ်တေလူတန်းစားတိ၏အစွန်းရောက်စရိုက်ဆိုးက ပြောင်းလို့ မလားဘဲ တောပုန်း ဒမြ၀ါဒပေါ်လဆီတိနန့် ရာ ရခိုင်ပြည်နန့် ရခိုင်လူထုကို အေနိန့်  ထက်ထိ ဂုတ်သွီးစုပ်နှိပ်စက်အုပ်ချူပ်ထားစွာကို တွိရရေ။
တဖက်မှာ ဒီမိုကရေစီအရီခြုံထားရေ ဗမာတိက စစ်အာဏာသျှင်စနစ်ကြောင့် ရခိုင်ပြည်နန့် ရခိုင်လူမျိုး ဒေပိုင် အဖြစ်ဆိုးတိနန့် ကြုံတွိနိန်ကတ်ရပနာ မြန်မာတစ်နိုင်ငံလုံးလေ့ဆင်းရဲနိန်ရပါရေလို့  ဆင်ခြီဆင်လက်တိပီးပနာ ဒီမိုကရေစီရာပြောင်းလားကေ ရခိုင်သားရို့ လေ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတိရလာဖို့ လို့  ၀ါဒဖြန့် ချီစည်း ရုံး လာနိန်စွာရေ ဆယ်စုနှစ် (၂) စု ကာလကို ကျော်ပါလတ်တေ။ အမှန်က ဗမာပေါ်လစီမဟာဗျူဟာနန့်  ဗမာ မဟုတ်တေလူမျိုးတိ၏ အမျိုးသားလွတ်မြောက်တော်လှန်ရေးတိ ဂေါင်းမထောင်လာနိုင်အောင် ဒီမိုကရေစီစနစ် ကို အသုံးချပနာ ပုံစံတကျလိမ်နိန်ခြင်းရာ ဖြစ်တေ။  
        နိုင်ငံရေးစနစ်နန့်  လူမျိုးစရိုက် ယိုင်ကျေးမှုကို တခြားစီမမြင်သင့်လို့  ကမ္ဘာ့နိုင်ငံရေးစာပီတိက ထောက်ပြ ပြောဆိုပါရေ။
ဒေစကားနန့်  တိုင်းတာပနာ အဓိပ္ပါယ်ဖွင့်ရဖို့ ဆိုကေ ဒေနိန့် ကာလ တစ်ကမ္ဘာလုံးက ရွံနိန်ကတ် တေ ဗမာအစွန်းရောက်စစ်စနစ်ရေ အာကာထက်က သူ့ ဖာသာသူ လူးကျလာခြင်းမဟုတ်ပဲ ဗမာလူမျိုးက ဖန်တီးလိုက်ခြင်းရာ ဖြစ်ပါရေ။
ဗမာတိ၏လူမျိုးရေးအစွန်းရောက်ဝါဒ၊ လူမျိုးရေးမုန်းတီးမှု၊ အမြင်ကျိုင်းမြောင်းမှု၊ ခေတ်နောက်ပြန်ဆွဲမှုတိကြောင့် ဗမာစစ်စနစ်ပေါ်ထွန်းလာပြီးကေ ဗမာတိက တိုက်ရိုက်တမျိုး သွယ်ဝိုက်လို့  တဖုံ ကန်ထောက်ခံပီးထားကတ်လို့  အေနိန့် အေကာလအထိ ဒေဗမာစစ်စနစ်က သက်ဆိုးရှည်နိန်ခြင်းပင် ဖြစ် တေ။
မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းကေ အားလုံးကောင်း လားပါဖို့ ၊ စစ်မှန်ရေပြည်ထောင်စု တည်ဆောက်နိုင် ကေ ရခိုင်သားတိလေ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး နိုင်ပနာ နိုင်ငံရေးစီးပွါးရေးအခွင့်အရေးတိရလာပါဖို့  လို့  ရရိုးချေထင်မြင်ယူဆနိန်ကတ်ခြင်းရေ အားနည်းချက်ဖြစ်လာပနာ ဗမာတိ၏နည်းမျိုးစုံနန့်  လိမ်ခြင်းကို ခံလာ ကတ်ရရေ။ 

ဗမာသမိုင်း နန့်  ဗမာလူမျိုးစရိုက်ကို လေ့လာကြည့်လိုက်ကေ တန်းတူရေး၊ တရားမျှတခြင်း နန့်  ငြိမ်းချမ်းရေးကို လိုလားပနာ နိုင်ငံရေးအာဏာကို မတူကွဲပြားရေ လူမျိုးတိကြားမှာ မျှဝီ ကျင့်သုံးလားဖို့ ဆိုရေ သဘောထားဆန္ဒချေတိ တခုပိုင်လေ့မဟိစွာကို တွိနိန်ရပါရေ။
        ရက်ပြတ်ထာဝရမှန်နိန်ဖို့ စွာတခုက ရခိုင်လူမျိုးရေ ဗမာတိအုပ်ချူပ်မှုအောက်မှာ (ဇာနိုင်ငံရေးစနစ်ကိုပင် ကျင့်သုံးသုံး) ဟိနိန်ရေ ကာလပတ်လုံး တစ်ခါချေလေ့ လူ့ ဂုဏ်သိက္ခာ လူ့ အခွင့်အရေးပြည့်ဝပနာ လူရောင် တောက်လာဖို့ မဟုတ်ပါ။
ဗမာက ရခိုင်သားကို တိုးတက်ဖွံ့ ဖြိုးခွင့်ပီးဖို့ မဟုတ်ပါ။
               ရခိုင်ရို့ အတွက် ဗမာအောက်မှာ ဘ၀မဟိ အနာဂတ်မဟိ ဆိုစွာကို သိလို့  ရခိုင်အမျိုးသားနိုင်ငံရေး ဂေါင်းဆောင်တိ အဆက်ဆက်ရေ ဗမာကိုလိုနီကျွန်ဘ၀က ရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ဖို့  တိုက်ပွဲဝင် လာကတ်တေ။ သီးခြားလွတ်လပ် အချူပ်အခြာအာဏာပိုင် ဒီမိုကရေစီထွန်းကားရေ ရခိုင်လူထုတိုင်းပြည်သစ် ပြန်ပနာ ထူထောင်နိုင်ဖို့  ရခိုင်အမျိုးသားတော်လှန်ရေးကို မျိုးဆက်နန့် ချီပနာ ဆင်နွဲလာကတ်တေ။
     ကမ္ဘာ့နိုင်ငံရေးသမိုင်းဖြစ်စိုဉ်တိအရ ကိုလိုနီကျွန်ဘ၀က လွတ်မြောက်ဖို့  အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု (၀ါ) လူထုတော်လှန်ရေးရာ ဟိရေ ဆိုစွာကို ရခိုင်ဂေါင်းဆောင်တိအဆက်ဆက် သဘောပေါက်နားလည်ခကတ်လို့  အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကို အကောင်အထည်ဖော်ဖို့  မဟိမဖြစ်လိုအပ်တေ အမျိုးသားနိုင်ငံရေး ညီညွတ်မှု ကို တောင်းဆိုပါလတ်ကတ်တေ။
 ရခိုင်ရို့ အမျိုးသားညီညွတ်ရေးကို လက်တွိကျကျ ဇာပိုင်တည်ဆောက်လားကတ်ဖို့ လဲ ဆိုရေ နိုင်ငံရေးလုပ်ငန်း စိုဉ်နန့် ပတ်သက်လို့  ဇာချင့်တိလိုအပ်လေ ဆိုစွာကို လေ့လာကြည့်လိုက်ကေ အရေးကြီးရေ အချက် (၃) ချက်ကို တွိလာရပါရေ။
၁။ ရခိုင်ရို့ ဘာသာစကားစာပီ
ရခိုင်ရို့ ဘာသာစကားစာပီကို အားသစ်လောင်းပနာ တိုးတက်ဖွံ့ ဖြိုးအောင် လုပ်ဆောင်ခြင်းရေ ရခိုင်အမျိုးသား ညီညွတ်ရေးကို လက်တွိကျကျတည်ဆောက်ခြင်းအတွက် အလိုအပ်ဆုံးအချက်တခုကို အကောင်အထည် ဖော်ခြင်းပင် ဖြစ်ပါရေ။ ၁၉ ရာစု ပြင်သစ်အတွေးအခေါ်ပညာသျှင် တုတ်ဗေးလ် (Alexis de Tocqueville)  က ဘာသာစကား၏ချိုင်နှောင်ထားမှုက လူတိကို အခိုင်ခန့် ဆုံးနန့် အရှည်ကြာဆုံး ညီညွတ်စီနိုင်ရေ လို့ ပြောခရေ။ ("The tie of language is perhaps the strongest and the most durable that can unite mankind.") ဘာသာစကားရေ လူတိညီညွတ်မှုအတွက် အသက်သွီးကြောဖြစ်တေပိုင် လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာလေ့ ဖြစ် တေ။ 

ဘာသာစကားက လူတစ်ဦးတစ်ယောက်ချင်းစီ၏ ဆင်ခြင်တုံတရားဖွံ့ ဖြိုးမှုကို အထောက်အကူပြုပီးရေ ပိုင် လူ့ အဖွဲ့ အစည်း၏တန်ဖိုးနန့် ယိုင်ကျေးမှုဆိုင်ရာစံ လေ့ဖြစ်တေ။
ဘာသာစကားကို အခြီမခံထားဘဲ လူမျိုး တစ်မျိုး အမျိုးသားနိုင်ငံရေးညီညွတ်မှုတည်ဆောက်လားဖို့  မဖြစ်နိုင်ရေပိုင် လူမျိုးတစ်မျိုး၏အဆင့် အတန်းကို ဘာသာစကားစာပီထွန်းကားခြင်းနန့် ရာတိုင်းတာကတ်တေ။အတိုချူပ်ပနာပြောရဖို့ ဆိုကေ အမျိုးသားနိုင်ငံရေး ညီညွတ်မှုကို လက်တွိကျကျ တည်ဆောက်ဖို့  ဘာသာစကားက မဟိမဖြစ် လိုအပ်ပါရေ။ 
      ရခိုင်သားက ကိုယ့်အမင်ရခိုင်စာကို လစ်လျူရှုခြင်းရေ ရခိုင်အမျိုးသားညီညွတ်ရေးကိုတည်ဆောက်လားဖို့  ငြင်းပယ်ခြင်းပင် ဖြစ်တေ။ လူမျိုးတမျိုးတာရှည်တည်တံ့ဖို့  ဘာသာစကားစာပီက အဓိကကျရေပိုင် လူမျိုး တမျိုး တိုးတက်ဖို့  ဘာသာစကားစာပီက လမ်းညွှန်ပြပီးရေ။ စာပီမြင့်ကေ လူမျိုးတင့်ရေ ဆိုစကားပိုင် လူမျိုး တမျိုး ၏ယိုင်ကျေးမှုအဆင့်အတန်းကို စာပီထွန်းကားခြင်းနန့် ရာ တိုင်းတာကြည့်ကတ်တေ။
 ဘာသာစကားစာက လူမျိုးတမျိုး၏အမျိုးသားညီညွတ်ရေးကို ဖန်တီးပီးနိုင်ရေပိုင် အမျိုးသားနိုင်ငံရေး နိုးကြားမှု နန့်  အမျိုးသားလွတ်မြောက်ရေးကိုပါ မျိုးစိချပီးနိုင်ရေ။ ဘင်္ဂလီစာလှုပ်ယှားမှုက ဘင်္ဂလီလူမျိုးကို လွတ် မြောက်စီပြီးကေ ဘင်္ဂလားဒေရှ့် နိုင်ငံပေါ်ထွန်းပါလတ်တေ။ ဗမာစာလှုပ်ယှားမှုကလေ့ ဗမာအမျိုးသားနိုင်ငံရေး နိုးကြားမှုကို ဦးတည်လားပနာ အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀က လွတ်မြောက်လာပြီးကေ အေနိန့် ထက်ထိ နိုင်ငံ ရေးအာဏာကိုချူပ်ကိုင်ထားနိုင်ပနာ ဗမာမဟုတ်တေ လူမျိုးတိကိုဗမာပဒေသရာဇ်ကိုလိုနီစစ်စနစ်နန့်   ဂုတ်သွီး စုပ်အုပ်ချူပ်နိန်စွာကို တွိမြင်နိုင်ရေ။
  နိဂုံးချူပ်ပြောရဖို့ ဆိုကေ ရခိုင်အမျိုးသားနိုင်ငံရေးညီညွတ်မှုကို လိုလားရေရခိုင်သားရခိုင်သမတိုင်း ရခိုင်စာကို ဖွံ့  ဖြိုးတိုးတက်ရှင်သန်လာအောင် လုပ်လားသင့်ပါရေ။
၂။ လူထုက နိုင်ငံရေးမှာ ၀င်ပါခြင်း
               နိုင်ငံရေးတော်လှန်ရေးလှုပ်ယှားမှုမှာ လူထုပါဝင်မှုများလီလီ တော်လှန်ရေးနိုင်ငံရေး အောင်မြင်ဖို့  ပါးလီလီလို့  ပြောရပါဖို့ ။ လူထု၏နိုင်ငံရေးနိုးကြားမှုရေ အမျိုးသားတော်လှန်ရေးအတွက် အခြီခံရင်းမြစ်တေပိုင် အမျိုးသား နိုင်ငံရေးညီညွတ်မှုအတွက်အင်အားလေ့ ဖြစ်ပါရေ။
လူအများစုက နိုင်ငံရေးထဲမှာ ၀င်ပါရေ နိုင်ငံရေး အဆောက်အအုံ (the participant polity) စွာ အမျိုးသားနိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်ပီးရေပိုင် နိုင်ငံရေး ပန်းတိုင်ကို အရောက်လှမ်းလားနိုင်ရေ အခြီခံအုတ်မြစ်လေ့ဖြစ်ပါရေ။
ရခိုင်လူထုက ရခိုင်နိုင်ငံရေးကို စိတ်ဝင်စားမှုမဟိကတ်ကေ ရခိုင်ရို့ နိုင်ငံရေးလောကစွာ လူနှစ်ယောက်တစ်ပိုင်း နန့်  တခုကိုလေ့ခရီးမရောက်ပဲ နိန်ရာတကာမှာ အောက်ကျနောက်ကျဖြစ်ပနာ အမျိုးသားညီညွတ်ရေးကို တခု ပိုင်လေ့တည်ဆောက်လို့ ရလာနိုင်ဖို့ မဟုတ်ပါ။ 

ရခိုင်သား ရခိုင်သမ တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ကိုယ်ကျိုးစီးပွါး ကိုယ်လွတ်ရုန်းတတ်တေစိတ်တိကို စွန့် လွှတ်ပနာ အမျိုးသားဘုံအကျိုးစီးပွါးနန့် ကိုယ့်လူမျိုး လွတ်မြောက်ဖို့  ရခိုင်နိုင်ငံရေးထဲမှာ ၀င်ပါပြီးကေ အမျိုးသားနိုင်ငံရေးကို လက်တွဲလုပ်ဆောင်လားကတ်ခြင်းက အမျိုးသားညီညွတ်ရေးကို လက်တွိကျကျအကောင်အထည်ဖော်ခြင်းပင် ဖြစ်ပါရေ။
နိုင်ငံရေးအပင်စိုက်ခါမှရာ နိုင်ငံရေးအသီးအပွင့်တိကို ဆွတ်ခူးစားလာနိုင်ဖို့  ဖြစ်တေပိုင် နိုင်ငံရေးနိုးကြားမှုနန့်  ရခိုင် တစ်ယောက်ဖြစ်ခြင်း၏မွီးရာပါတာဝန်ဝတ္တရားကို တာဝန်ခံတာဝန်ယူပနာ ရခိုင်လူမျိုးလွတ်မြောက်ရေး အမျိုးသားနိုင်ငံရေးလှုပ်ယှားမှုထဲကို ၀င်ပါခြင်းက ရခိုင်လူထုလိုချင်ရေ မြင်ချင်ရေ နိုင်ငံရေးညီညွတ်မှုကို တည်ဆောက်ခြင်းပင် ဖြစ်တေ။
ပုဂ္ဂလိကကိုယ်ကျိုးအတ္တအတွက် ကိုယ်လွတ်ရုန်းထွက်တတ်တေစိတ်ထက် အမျိုးသားဘုံရည်မှန်းချက်အတွက် အနစ်နာခံစွန့် လွှတ်ခြင်းနန့် တိုက်ပွဲဝင်လားခြင်းက အမျိုးချစ်ခြင်းကိုလက်တွိပြခြင်းပင် ဖြစ်တေ။ 
တရုတ် အမျိုးသားဂေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်က တသီးပုဂ္ဂလမှာ ဇာလောက်လေ့ လွတ်လပ်ခြင်းမဟိ။ နိုင်ငံတစ်နိုင်ငံမှာရာ ပြီးပြည့်စုံရေလွတ်လပ်ခြင်းဟိရေ လို့ ပြောခရေ။ (An individual should not have too much freedom. A nation should have absolute freedom.)
  နိုင်ငံရေးစွာ စိတ်ဝင်စားဖို့ မကောင်း.. နိုင်ငံရေးလားလုပ်လို့ တခုချေလေ့ဖြစ်လာဖို့ မဟုတ်… နိုင်ငံရေးလုပ်ကေ ပြဿနာများရေ လို့  ထင်မြင်ယူဆပနာ မျက်မှောက်နိုင်ငံရေးရီစီးကြောင်းနန့်  နိုင်ငံရေးလောကကို ရှောင် လား ခြင်းရေ ကိုယ့်လူမျိုးနန့် ကိုယ့်ရခိုင်ပြည် ဗမာကိုလိုနီစစ်ပဒေသရာဇ်စနစ်ဆိုးကြီးထဲမှာ နစ်မြှပ်ပနာ ကျွန်သက် ရှည်အောင် လုပ်လိုက်ခြင်းပင် ဖြစ်တေ။
          
အနှစ်ချူပ်ပနာ ပြောရဖို့ ဆိုကေ ကိုယ့်လူမျိုးအသက်ကို ကယ်တင်ဖို့  ကိုယ့်လူ့ အဖွဲ့ အစည်းကို ခေတ်မှီ လွတ်လပ် တိုးတက်ဖွံ့ ဖြိုးလာ အောင်လုပ်လားဖို့  အမျိုးသားနိုင်ငံရေးလုပ်ငန်းစိုဉ်ကြီးထဲမှာဝင်ပါခြင်းရေ ကြီး ကျယ်မြင့်မြတ် တေတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်တေပိုင် အမျိုးသားညီညွတ်ရေးကို အကောင်အထည် ဖော် ခြင်းလေ့ ဖြစ်ပါရေ။

၃။ လူသားရင်းမြစ်
လူသားအရင်းအမြစ်ကင်းမဲ့နိန်ခြင်းရေ အေဂုကာလရခိုင်ရို့ ရင်ဆိုင်နိန်ကတ်ရရေ ပြဿနာအစစ်ပင် ဖြစ်တေ။ လူသားအရင်းအမြစ်ကို နိုင်ငံရေးဘောဂဗေဒပညာသျှင်တိက  စွမ်းရည်၊ အတတ်ပညာ၊ နည်းပညာနန့်  အသိ ပညာတိ ပြည့်စုံဟိနိန်ခြင်းလို့  အဓိပ္ပါယ်ဖွင့်ဆိုကတ်တေ။
ရခိုင်ရို့ မှာ အဖွဲ့ အစည်းတိဖွဲ့ ကတ်ပြီးကေ အဖွဲ့  အစည်းကို အဖွဲ့ အစည်းနန့် တူအောင် စီမံခန့် ခွဲအလုပ် မလုပ်နိုင်ခြင်းက လူသားအရင်းအမြစ်ချို့ တဲ့နိန်ခြင်းကို ဖော်ပြရေ။
ဗမာကိုလိုနီပဒေသရာဇ်စစ်စနစ်ဆိုးက စနစ်တကျဖျက်ဆီးထားခြင်း၏အကျိုးဆက်က ရခိုင်ရို့ ရေ အသိမွဲ ပညာမွဲ နည်းပညာမွဲ ငွေကြေးမွဲရေ အနိန်အထားကို ရောက်နိန်ကတ်ရပနာ အောက်ကျနောက်ကျ လူညွန့် တုံး လူတောမတိုးဖြစ်ပါလတ်ရရေ။
အဂုပိုင် ရခိုင်သားရို့ အနုချေထွက်လာသမျှကို ဗမာဆိတ်ကြီးက ဆွတ်ခူးစားနေခြင်းကို ခံနိန်ကတ်ရရေ ကာလမှာ ဇာပိုင်လူသားအရင်းအမြစ်တိ တိုးပွါးလာအောင် ရခိုင်ရို့  တည်ဆောက်လားကတ်ဖို့ လဲ။
  လူသားအရင်းအမြစ်တိုးများလာအောင်တည်ဆောက်ဖို့  လုပ်သင့်ရေနံပါတ်တစ်အချက်က အမျိုးသားနိုင်ငံရေး ယုံကြည်ချက်ကို အသွီးအသားဦးနှောဏ်ထဲမှာ မြှပ်ဝင်စိုက်ထူလိုက်ခြင်းပင် ဖြစ်တေ။ အင်္ဂလိပ်အတွေး အခေါ် ပညာသျှင် ဂျွန်စတူအက်မေးလ် က ယုံကြည်မှုနန့် လူတစ်ယောက်ရေ ကိုယ်ကျိုးအတ္တ ရာဟိကတ်ရေ အယောက်ပေါင်း တစ်သိန်း၏အင်အားနန့်  ညီမျှလားတူရေ လို့  ပြောဖူးရေ။ ("One person with a belief is equal to the force of 100,000 who have only interests." ) ရခိုင်ပြည်နန့် ရခိုင်လူမျိုး ဗမာကိုလိုနီစစ်ကျွန်ဘ၀က လွတ်မြောက်အောင် ပီးဆပ်အနစ်နာခံပနာ တိုက်ပွဲဝင်လားဖို့ ဆိုရေ ယုံကြည်မှုကို လက်ကိုင်ထားရေ ခံယူချက်အပြည့်နန့် သံဓိဌါန်ချထားကတ်တေ ရခိုင်မျိုးဆက်သစ်ချေတိက ကိုယ်စွမ်းကိုယ်စ အရည်အချင်းတိမြှင့်တင်လားပြီးကေ ရခိုင်လူ့ အဖွဲ့ အစည်းလိုအပ်နိန်ရေ လူသားအရင်းအမြစ်တိ ဖြည့်ပီးပနာ ရခိုင်အမျိုးသားနိုင်ငံရေးညီညွတ်မှုကို  တည်ဆောက်လားကတ်ရပါဖို့ ။

ဇာနိန်ရာ ဇာဒေသ ဇာအရပ် ဇာတိုင်းပြည်ကိုပင် ရောက်ရောက် ဗမာကိုလိုနီစစ်ပဒေသရာဇ်ကျွန်ဘ၀မှာ နစ်နိန်ရ ရေ ရခိုင်ပြည်နန့် ရခိုင်လူထုကို ကယ်တင်ဖို့ နိုင်ငံရေးတော်လှန်ရေးဂေါင်းဆောင်သစ်တိ ဖြစ်လာအောင် လုံ့ လ စိုက်ကြိုးစားအားထုတ်လားရဖို့  ဆိုရေ ဆုံးဖြတ်ချက်နန့်  ရခိုင်လူ့ ဘောင်က တောင်းဆိုနိန်ရေ လူသား ရင်းမြစ် ကို ဖြည့်ပီးလားခြင်းရေ ကြီးမြတ်တေအမျိုးသားတာဝန်ကို ထမ်းဆောင်ခြင်းပင် ဖြစ်တေ။

နိဂုံး
   အချူပ်အခြာအာဏာပိုင်အမျိုးသားနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ပါလတ်တေ နိုင်ငံရေးအစိုင်အလာ၊ နိုင်ငံရေး အတွိအကြုံ၊ နိုင်ငံရေးဖြတ်သန်းမှုတိ ဟိနိန်ခကတ်ကေလေ့ ရခိုင်ရို့ လက်ဟိအခြေအနေရေ ဘက်ပေါင်းစုံက နိမ့်ကျပျက်စီးပနာ တခုပိုင်လေ့ လက်ကိုင်မရရေ အနေအထားကိုရောက်နိန်ရေ။ 
ပြုပြင်ပြောင်းလဲမှုလုပ်ရဖို့  အရေးကြီးဆုံးလိုအပ်ချက်တခုက အမျိုးသားနိုင်ငံရေးညီညွတ်မှုကို တည်ဆောက်ဖို့ ပင် ဖြစ်တေ။

ဆိုဗီယက်ယူနီယံဟောင်း၊ ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်းရို့ ပိုင် ပြည်ထောင်စုအရီခြုံပနာ ဗမာလူမျိုး က တခြားလူမျိုးတိကို ကျွန်ပြုကိုလိုနီလုပ်ထားခြင်းရေ နိဂုံးချူပ်လားဖို့ တာစူပါလတ်တေ ကာလသစ်မှာ ရခိုင်ရို့  လွတ်မြောက်ခြင်းကို ရခိုင်ရို့ ဖန်တီးနိုင်ဖို့  တော်လှန်ရေးနိုင်ငံရေးစစ်ရေးအရ ပြင်ဆင်ထားကတ်ဖို့ လိုအပ်ပါ လတ်တေ။
နှစ်ယောက်တစ်ပိုင်းရာဟိရေ နိုင်ငံရေးတော်လှန်ရေးသမားတိကြားက ရီပေါ်ဆီညီညွတ်ရေးမျိုး၊ ညီညွတ်ကတ် ပါလို့  ပဇာ့ကပြောပနာ လက်တွိလုပ်ဖို့ မိန့် နိန်ရေ အဖြစ်ဆိုးတိကို စွန့် လွှတ်ပြီးကေ ဆင်းရဲချမ်းသာလူတန်းစား မရွီး ရခိုင်တစ်မျိုးသားလုံးပါပနာ လူထုဦးဆောင်ရေ လူထုတော်လှန်ရေးကိုဆင်နွဲတိုက်ပွဲဝင်လားဖို့  ရခိုင်စာလှုပ် ယှားမှုကို အရှိန်မြှင့်၊ နိုင်ငံရေးနိုးကြားမှုနန့် နိုင်ငံရေးထဲကိုဝင်၊ လူသားအရင်းအမြစ်ဖွံ့ ဖြိုးလာအောင် ပြုပြင် ပြောင်းလဲလားခြင်းရေ ရခိုင်အမျိုးသားနိုင်ငံရေးညီညွတ်မှုကို လက်တွိကျကျ တည်ဆောက်ခြင်းပင် ဖြစ်တေ။ ။

ခိုင်အောင်အောင်
၂၅၊ ၀၇၊ ၂၀၁၁ 
 ရခိုင်သားကြီးစာပီဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment