Wednesday 28 September 2011

ထိုအရပ်၌ ပွင့်သော ပန်းများ




ဆောင်းလီဝင် ချမ်းအီးစ ည သန်းခေါင်းယံ သုံးနာရီထိုးခါနီးနီးမှာ တိုက်လာရေ လီတိက အေးမြလို့ နိန်ပါရေ။
နှင်းမှုန်နှင်းစက် အတိအတွေ့ တိက မျက်နှာကို တိုက်ခိုက်လိုက်တိုင်း လီတသုတ်ပြီး တစ်သုတ်ကို ဘာသာပြန်ရင် အတိတ်ကိုလွမ်းယင်း လမ်းလျှောက်နိန်ရစွာကလည်း ပြောမပြတတ်အောင် ပျော်ရွှင်လို လာပါရေ။
မွန်းကျပ်မှုတိ ကြားထဲမှာ သဘာဝဆန်ရေ အရသာချေကို မြတ်နိုးတသသ ဖြစ်ကာ ပျော်ရွှင်လို နိန်ရေအချိန်၊ ကိုယ်အလုပ်နှင့် ကိုယ် မအားလပ်ကပ်လို မတွေ့ရ မမြင်ရ လူတိအားလုံး တစ်စု တစ်စည်းတည်း ညသန်းခေါင်ကျော်အောင် ပန်းခြံထဲမှာ လှမ်းလျှောက်နိန်ရစွာကလည်း စိတ်လွပ်ပေါ့ပါးလို နိန်ပြန်ပါရေ။ 
ယင်းပိုင်အချိန်မှာ ပြောရင်းဆိုရင်း လှမ်းလိုက်ရေ ခြေလှမ်းတွီ တုံ့ဆိုင်းရပ်လားအောင် ရနံ့တစ်ခု ညို့ယူဖမ်းဆုပ်လိုက်စွာ ခံလိုက်ရပါရေ။
အိုးဘုရား ဘုရား ဥစ္စာစောင့်များ ရှိလာဂု....

ဖြစ်နိုင်ဖို့လား စိတ်က ထင်စွာလားလို့ စိတ်က ယုံထင်ကြောင်ထင် ခွဲမရကေလည်း သေသေချာချာ ယင်းရနံ တစ်ခုကို ဆက်ရနိန်ရေ။ 
မြင်သမျှ ရုပ်ဝတ္တုတိကလည်း နောက်ဆုံးပေါ် မိုးမျှော်တိုက် ပေါင်းများစွာ ပတ်လည်း မှာ ၀န်းရံထားပါရေ ။ 
ပန်းခြံတစ်ခုထဲမှာ တွီရသမျှ အရာများသည် ခေတ်မှီအောင် လူများဖန်တီးထားရေ အကောင်းတကာ့ အကောင်းဆုံးများကို သာ အစုလိုက်အပြုံလိုက် တွီနိန်ရပါရေ။
အလှငါးများရောင်းစုံ လှုးလာ ကူးခပ်နိန်ရေ လူလုပ် ပေတစ်ရာကျော် စမ်းချောင်းတစင်းသည် ရေစီးသံတစ်ဝါးဝါးမြည်ကာ စီးဆင်းနိန်ပါရေ။ 
အကျွန်အသိစိတ်က သေသေချာချာကို သိပါရေ ။ 
ယင်းရနံဆိုစွာ နစ်ပေါင်းများစွာ ရှင်းနီးလာရေ ရနံဖြစ်လို့ ကိုယ်နှခေါင်းက ပင်ကိုယ် အသိတရား လှံ့ဆော်မှုကို ခံယူပြီး ခြေလှမ်းတီကို သစ်ပင်ခြုံတော့ထဲကို ထိုးဝင် လိုက်ပါရေ။
သူငယ်ချင်းတိက အထူးအဆန်းဖြစ်နိန်ရေ အကျွန်ကိုကြည့်ကာ နောက်ကနိန်လိုက်လာကပ်ပါရေ။ ယင်းအချိန်မှာ ဆောင်မနက်ခင်း လေတစ်ချက် ထပ်တိုက်လိုက်ပါရေ ။
အသွေးထဲက အီးစက်မေးခိုက်လားကေလည့် ရနံလာရာလမ်းကို သေချာစွာ အနံ့ခံလို့ ရလိုက်ပါရေ။

ဆယ်ပေပတ်လည်ကျော် လောက်ကျယ်ရေ စံပယ်စိုက်ခင်းတစ်ခု၊ အများပြည်သူ ပိုင် ပန်းခြံထဲမှာ အလှစိုက် စိမ်းစိုလှပနိန်ရေ အပင်တုတ်ကြီးတိ ကို တအံတသြ တွီလိုက်ပါရပါရေ။
စံပယ်ပန်းအဖူးပေါင်း ပင်လုံးကျွတ် ဖူးလို သင်းထုံလှပနိန်စွာ တသက်နှင့် တကိုယ် တစ်ခါလည် မမြင်ဖူးခရေ မြင်ကွင်းတစ်ခုကို အေနေရာမှာ တိရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးခပါ ။ 
စံပယ်ဆိုစွာ ပန်းကုံးအဖြစ်ရာ အများကြီး မြင်ဖူးခကေလည့် အေလောက်ပန်းခင်းအကြီးကို တစ်ခါ လည်း မမြင်ဖူးခပါ။ 
ပန်းမခူးရ ဒဏ်ငွေငါးရာ ဆိုစွာတောင် မရေးမစိုက်ဘဲ ပန်းခူးလိုက်ပါရေ။
ကြည်လင်လာရေ စိတ်နလုံးတိနှင့် ဆက်လျှောက်လာသမျှ လမ်းတစ်လျှောက်မှာ ရှူလို့ မ၀ရေ ဒေါန ပန်းခင်းတန်း တစ် ခု ၊ ဇလပ်ပန်းရုံများ ဟိုနား အေနား တစ်စု၊ နှင်းဆီပန်းခင်း တိကို လည်း ထပ်ပြီးကေ တွီရပါသိမ့်ရေ။
ယုံတမ်းစကားလို ရာ ထင်ချင်ကေ ထင်လိုက်ပါ နှုံးလို ခေါ်ရေ ပင်စိမ်း အပင်ကိုလည်း အလှစိုက်ထားစွာကို တအံ့တသြ တွီရပါရေ။ 
ဟင်းချက်ကေ ထည့်ဖို နည်းနည်းခိုးရအောင်လို တောင် ပြောကတ်ပါသိမ့်ရေ။ 
ဧကရာဇ် အပင်အပုများ တမြို့လုံး အုန်းအုန်းကျွတ် ပွင့်နိန်ရေ အရပ်ဒေသကို ကြည့်ပြီး ကိုယ်မြို့ ကိုယ်နိုင်ငံကို လည်း အထင် သေးချင်မိပါရေ။ 
ကိုယ်ရို့ပြည်မှာ ရှားပါစရင်းဝင်နိန်ရေ အပင်တိ ကို သဲဂန္ဒာရ ထဲမှာ အရောင်အသွေးစုံနိန်ရေ ပန်းဥယာဉ်ထဲမှာ အဆင်းမရှိကေလည်း အသွေးရှိရေ ပန်းတိကြောင်း ပိုမိုလှပနိန်စွာကို လူတိသတ္တိတောင် ထားမိပါဖိုလားချင့် ။ 
တန်းဖိုးထား ရကောင်းမှန်းတောင် သိကတ်ပါဖို့လားချင့် အေထက်မက အဖိုးတန်းအပင်ပေါင်းမြောက်မြားစွာ ကြားမှာ သာမှန်အရပ်သူ တစ်ယောက်အဆင်းဖြင့် ဆိုးဝါးလှစွာသော ရာသီဥတုအောက်မှာ မွှီးမြဲမွှီးတုံး လှမြဲလှတုံး သဘာဝတရားနှင့် အနီးစပ်ဆုံး အပင်များကို တွေ့လိုက်ရခြင်းက ကိုယ်အမျိုးကိုယ်အဆွေတွီကို ပြန်တွီလိုက်ရရေပိုင်း ပျော်ရွင်မှုကို ဖော်မပြနှိင်အောင် ဖြစ်မိပါရေ...မိန်းကလေး ဖြစ်ရေ သဘာဝလိုရာ ထင်ပါယင့်...

အေအရပ်ဒေသက လူတိ လူလုပ် စမ်းချောင်း ခြုံတောချေတိ စရေ သဘာဝပန်းမာန်တိကို တကူးတက စိုက်ပျိုးထိန်းသိမ်းပြ ထားစွာ ကို အံသြမိပါရေ။ 
အစီအရီ စိုက်ပျိုးထားရေ သဲဂန္ဒာရသစ်ပင်များ နှင့်ရောင်စုံမီးပန်းများအောက် လှချင်တိုင်းလှပနိန်ရေ အေပိုင်နေရာမျိုးမှာ အေမပြောပလောက်တေ ပန်းတိကိုများ စာဖွဲ့နိန်ရေလို ထင်စရာရှိပါရေ...ကိယ်တိုင်းပြည်မှာတော့ လမ်းဘေးမှာ သပြေကိုမစိုက်ပါ အေမှာ လူလားလမ်းဘေးမှာ သပြေပင်ချေတိကို ယင်းပန်းခြံထဲမှာ စိုက်ထားပါရေး ။
အေ ဘာဝတရားနှင့် အမြဲဆက်စပ်နိန်ရေ အပင်ချေတိ၊ ပင်ကိုယ်ဘသာဝကိုယ်က အမွှေးရနံ့ထူးခြားစွာ ရှိရေ အဖိုးတန်းအပင်ချေတိက ပိုတန်ဖိုးရှိရေလို ထင်မိပါရေ။
.. မျိုးစပ်အပင် ဇာအပင်ကို မဆိုးအလွယ်တကူ ၀ယ်လိုရကေလည်း အေအနံ့တိက ရွှေပီးလိုတောင် ၀ယ်မရစွာပါကို...

အကျွန်၏ ၀ါသာနာ ထဲမှာ ပန်းစိုက်တတ်ရေ အကျင့်ကို အငယ်ချေကတည်း ကပင် အကျင့်ရှိပါရေ။ ခြံတစ်ခုလုံး ကို ခြုံတောဖြစ်အောင် ငွေးကြေးမကုန်ဘဲ အလွယ်တကူ ရသမျှ အပင်တိုင်ကို စုစိုက် ထားလိုအားမရဘဲ ဘုရားစင်အောက်ကို ပန်းအိုးရောက်လို ငါအိမ်ကို တောထအောင် လုပ်နိန်စွာမနားချင့်လို့ မေမေဒေါသနှင့် ကြုံဖူးခပါရေ။ 
ဂမုန်းပင် ပါရာ လဒ်လာဘထိုးရေလို့ အလျှောက်ကောင်းလို့ အထောင်းသက်သာ ဖူးခပါယင့်။ 
လက်လှမ်းမှီရာ အနီးအ၀န်းကျင်က တွီ့သမျှကို စိုက်ထားစွာရာဖြစ်လို့ သာမာရိုးကျ သဘာဝပန်းများနှင့်ရာ ရင်းနှီးခပါရေ။
စံပယ် ၊ခရေ၊ စံကားစိမ်းရို့ပိုင်းအမွှေးနှံပါရေ ပန်းတိကို အများကြီးနှစ်သက်ခပါရေ။
ဇလပ်ပန်း သနပ်ခါးပန်းကို အမြတ်တနိုး ချစ်ဖူးခပါရေ။
အခုတောခါ ယင်းချင့်တိစွာ အိမ်မက်ပိုင် နောက်ပြန်လှည့်ကြည့်ရေ အတိတ်တစ်ခု အဖြစ် ကျန်ခဗျလ်လို့ မေ့မေ့ပျောက်ပျောက် လွမ်းစရာချေတိ လို ထင်ဖူးခလီသမျှ အေနေရာမှာ တွီလိုက်ရစွာကတော့ခါ မကြုံဖူး မြင်ဖူးမယှုံ လို့ရာ ဆိုချင်ပါရေ...

အခုရောက်နိန်ရေ နိန်ရာသည် သဲဂန္ဒာရမြို့ပြပေါင်းများစွာထဲ အိုအေစစ်လို့ ထင်စားခေါ်ထားရေ မြို့ချေတစ်မြို့မှာ မိုင်းပေါင်းများစွာ ရှည်လျားလှသည့် ကမ်းခြေလမ်း တစ်လျှောက်ကို ဆောက်လုပ်ထားရေ ပန်းခြံတစ်ခုက အဖြစ်အပျက်ချေ တစ်ခု ကို ရီးထားခြင်းဖြစ်ပါသည်။ 
ယင်းမြို့သည် ဒူဘိုင်းမြို့ပိုင် အပေါ်ယံအလွှာများဖြင့် မွန်းကျပ်နိန်ရေ မြို့ပြဆန်ရေ မြို့တစ်ခု မဟုတ်ဘဲ လူသားများ အေးချမ်းစွာ နေထိုင်ရန် အလွန်သင့်လျော်သော မြို့ပြတစ်ခု ဖြစ်ပါရေ။
စိန်းပန်းပင်များနီရဲနိန်အောင် ပွင့်သော မြို့လည်း ဖြစ်ပါရေ။ 
ယူအေအီနိုင်ငံ၏ နန်းစိုက်ရာ မြို့လည်း ဖြစ်ပါသည် ။ 
အပင်မျိုးစိတ် တော်တော်များများကို ရှာဖွေစိုက်ပျိုးထားပါရေ။ 
စိုက်ပျိုးရေးနည်းပညာမှာ အီစီရေး နိုင်ငံရေ အကောင်းဆုံးလို ပြောသံကြားဖူပါရေ ။ 
ရီဝပ်ရေ စိမ့်မြေကိုတောင် အပင်စိုက်ပြီးကေ တစ်မြို့လုံးက စိမ်းစိုနိန်ရေလို့  ကြားဖူးခပါရေး အေကလည်း မရောက်ဖူးပါ။ 
ရိုးရှင်းသော လှပသော နေချင်ဖွယ်ဖြစ်သော အသွင်အပြင်များနှင့် ဇွန်ပလောင်သီးအပင်များ နေရာတကာမှာ စိုက်ပျိုးထားပါရေ အကြောင့် ခရီးသွားယင်း ဆောင်ပါးချေတစ်ပုဒ် ကိုယ်ညီအစ်ကို မောင်နှမများအတွက် ….

စောစစ် (ခတ္တ အဘူဒါဘီ)
၈.၁၂.၂၀၀၉ 

sawsite galleryဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment