Saturday 10 September 2011

ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း အပိုဒ် ၅

၂၈ (ပြောပြမည်လေ၊ ထွေထွေရပ်ရပ်၊ မောင်ကညွှန်၍၊ မှန်အမှားနှင့်၊ စကားရပ်ကို၊ သိကတ်လီယောင်၊ ရောက်လာသူလေ၊ ပျိုဖြူများမှာ၊ ရွှီနားထောင်ပါ) ဟု ဆိုထားပါသည်။
(ရပ်) နှင့် (ကတ်) ကာရံယူထားသည်ကို တွိရပါသည်။ (ကတ်) ဆိုသောဝေါဟာရသည် ရခိုင်ဝေါဟာရစစ်စစ် ဖြစ်ပါသည်။

ရှိဟောင်းစာပီများတွင် (ကတ်) အသုံးအနှုံးအလွန်နည်းပါသည်။ အကျွန်ုပ် ဤသာခြင်း၌ရာ တွိဖူးပါသည်။ ထို့ကြောင့် ဤသာခြင်းသည် ရခိုင်စာပီကဏ္ဍအတွက် အလွန်အရေးကြီးပါသည်။

ထိုသို့ဆိုရခြင်းအတွက် ကျန်အချက်အလက်များကိုလည်း ညာဏ်မှီသလောက်၊ လက်လှမ်းမှီသလောက် ဆွေးနွေးပါမည်။

မှတ်သားရန်တချက်မှာ ရှိဟောင်းပီစာများ၌ (နန့်) ကို (နှင့်) ဟု ရွီးပါသည်။ အသံထွက်သောအခါ ရမ်းပြည့်သံဖြင့် (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု အသံထွက်ပါသည်။ ထို့ကြောင့် အကျွန်ုပ်ရို့ (နှင့်) ကို ဖတ်သောအခါ (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု ဖတ်နိုင်ပါသည်။

ဤသာခြင်းတွင် (ကတ်) တခုတည်းမဟုတ်ပါ၊ (ကြ) အသုံးအနှုံးကိုလည်း တွိရပါသည်။ ထောက်ပြပါမည်။ (ပူဇာဝန္တ၊ ဆယ်ချောင်းရုံ၍၊ လက်စုံမိုးကေ၊ ရှိခိုးကြလည်း) ဤအပိုဒ်တွင် (၀န္တ) နှင့် (ကြ) ကို ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်မှာ (ကျေးဇုဟုန်နှင့်၊ ဂုဏ်ကြီးမြတ်၍၊ အထွဋ်တင်ကြ၊ အနန္တဟု) ဆိုရာတွင်လည်း (ကြ) ကို တွိရပါသည်။ (ကြ) နှင့် (ကတ်) မှာ အဓိပ္ပါယ်အတူတူဖြစ်ပါသည်။ ရှိဟောင်းပီစာများ၌ (ကြ) ကို ပိုအသုံးများပါသည်။

နောက်တပိုဒ်တွင် (တသီးမှတ်ကြ၊ စွန့်ကြဲလှုကေ၊ ဟူသမျှကား၊ ကာမာဝါစရ၊ ကျမ်းကပြဆို) ဟု (ကြ) နှင့် (မျှ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (အဖြာဖြာနှင့်၊ ဘာသာကွဲကြ၊ စိတ်အယူမှာ၊ မတူကြဘဲ၊ ဗုဒ္ဓဟောကြား) ဆိုပြီး (ကြ) နှင့် (ဗုဒ္ဓ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (ဗုဒ္ဓဘာသာ၊ စိုင်အလာမှာ၊ ခိုင်မာယူကြ၊ စရဏဟု) ၄င်း၊

(နောက်ထပ်)

(၁) ဥတုအဟာရ၊ အီးအပူလျှင်၊ ညီတူမျှ၍၊ ပေါင်းကြစပ်ခါ၊
(၂) ဓါတ်အစာကို၊ ချိန်ခါနိည၊ မမုန်းအောင်ပင်၊ သုံးဆောင်ကြ၍၊ ပါစကပူဓါတ်၊
(၃) အတူတကွ၊ သန့်ယှင်းယောင်လျှင်၊ လုပ်ဆောင်ကြသော်၊
(၄) ရှည်ကြာသမျှ၊ ထဲဘ၀င်မှာ၊ စွဲဝင်ကြဖို့၊
(၅) ရှိဝယ်ကာလ၊ ပေါရဏဖြင့်၊ ပြောကြတုံလစ်၊
(၆) ထဲဘ၀င်မှာ၊ မရွှင်မပျ၊ ပဒုမ္မာလေ၊ ရွှီကြာပန်းကို၊ နီလှမ်းကြယောင်၊
(၇) ခြင်ကုလားရို့၊ ကိုက်ငြားကြပြန်၊
(၈) ဖျားပြန်ကုန်ကြ၊ လက္ခဏာကို၊ ခွဲကာခြား၍၊ ရွီးသားပြလည်း၊ ရောက်ကြနားခံ၊
(၉) ပေါင်းသဟာလေ၊ လာသမျှရို့၊ မှတ်ကြပေ၍၊
(၁၀) မြဲထွေနိစ္စ၊ ခြင်ဆိုးရန်ကို၊ မကျန်ကြွင်းအောင်၊ နှိမ်နင်းကြဖို့
(၁၁) အများသူလေ၊ ဖြူနှမရို့၊ မှတ်ကြပေနှောင်း၊
(၁၂) တတ်ပညာကို၊ ကြီးစွာလုလ’၊ ဇွဲစိတ်ထူ၍၊ သင်ယူကြဖို့၊ မောင်ကပြောမည်၊
(၁၃) ဖိုးတန်လှစွာ၊ သမိုင်းလာနှင့်၊ ပညာသိပ္ပ၊ အဖုံဖုံလေ၊ ပျောက်ကုန်ဆုံးကေ၊ ပျက်ပြုန်းကြလို့၊ သိပ္ပများစွာ၊
(၁၄) ပေါကြွယ်သုတ၊ အဖုံဖုံနှင့်၊ ပြည့်စုံကြသော်၊ ညာဏပဏ္ဍိ၊
(၁၅) ရွှီရခိုင်လေ၊ ယိုင်နှမရို့၊ သိကြစီရန်၊
(၁၆) အရာတဖုံ၊ သပြာဂုဏ်နှင့်၊ ပြည့်စုံကြဖို့၊ ညွှန်ပြအံ့ငှာ၊
(၁၇) ၀ိရိယညာဏ်၊ အရင်းခံ၍၊ လုပ်ကြံပြီးမှ၊ ဓနဟုံနှင့်၊ ပြည့်စုံကြသော်၊
(၁၈) တ၀မ်းမူကေ၊ တအူဖွားသို့၊ စကားနှုတ်ချို၊ မမုန်းကြဘဲ၊ ဆုမ္မဆိုလို့၊
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ စသည်ဖြင့်
(ကြ) ကာရံအရွီးအသားများကို တွိရပါသည်။

(ကတ်) ကို
(ပြည်နိဗ္ဗူကို၊ ဆုယူညောင်းလို့၊ တောင်းကတ်ရမည်)၊ (ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ) ဟု တွိရပါသည်။ ဤနီရာတွင် (မှတ်) နှင့် (ကတ်) ကာရံယူထားသည့်အတွက် (ကတ်) အရွီးအသား လုံးဝအစစ်အမှန်ဖြစ်ပါသည်။

ပြီးလျှင် နောက်ထပ်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဟူ၍၄င်း၊
(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဟု၍၄င်း၊ ဤနီရာတွင် (လတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၃) ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ၊
(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဤနီရာတွင် (ပြတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၅) (ကြီးသောသူက၊ ငယ်သူများကို၊ သနားကတ်၍၊ အလတ်ရွယ်တူ၊ ချင်းချင်းမူလေ) ဤနီရာတွင် (ကတ်) နှင့် (လတ်) ကာရံယူထားပါသည်။

ထိုသို့ (ကတ်) အသုံးနှုံးများကိုလည်း တွိရပါသည်။

ဤနီရာတွင် စာရွီးသူ တစိချေတင်ပြလိုသည်မှာ အခုခေတ်လူငယ်များသည် (ကတ်) ကို အသံလိုက်ပြီး (ဂတ်) ဟု ရွီးနီကတ်သည်ကို တွိရပါသည်။ ထိုသို့ရွီးခြင်းသည် မှားသည်ဟုဆိုချင်ပါသည်။

(ကတ်) ကို အသံထွက်သောအခါ ရှိကစကားလုံးကိုလိုက်၍ (ကတ်) (သို့မဟုတ်) (ဂတ်) ဆိုဗျာ အသံထွက်ပါသည်။ ထိုသို့ နှစ်သံထွက်စာလုံးများကို ရွီးသောအခါ (က၊ ခ၊ ဂ၊ ဃ၊ င) အုပ်စုငါးလုံး၏ ပင်ရင်းကိုယူပြီး ရွီးရပါသည်။ သို့မဟုတ်ပါက တနီရာတွင် (ကတ်) တနီရာတွင် (ဂတ်) ဟု ရွီးမည်ဆိုလျှင် ကကောင်း အရုပ်ဆိုးပါသည်။ အမျိုးမျိုးအဖုံဖုံဖြစ်လားပါသည်။

၎င်းကို ယှောင်ကွင်းနိုင်ရန် ရှိပညာဟိများက အမြော်အမြင်ဖြင့် စိုင်းစားရွီးသားခခြင်းဖြစ်ပါလိမ့်မည်။

ဥပမာပြရမည်ဆိုလျှင် (စားပြီး သောက်ပြီးပျာယ်လား) ဆိုသော မိမိရို့ပြောနီကျစကားကို အသေအချာ လေ့လာကြည့်စီချင်ပါသည်။

(စားဗြီး၊ သောက်ပြီး) ဟု အသံထွက်သည်ကို တွိရပါမည်။ (စား) နောက်က (ဗြီး) သံထွက်ပြီးလျှင် (သောက်) နောက်က (ပြီး) မူရင်းအတိုင်းသံထွက်ပါသည်။ သို့သော် စာရွီးသောအခါ အဓိပ္ပါယ်တူသောစာလုံးများကို ကွဲပြားမှုမဟိအောင်၊ ထိုတမျိုးဒေတမျိုးမဖြစ်အောင် (ပြီး) တခုကို မူတည်ထားပြီး ရွီးကတ်ရပါသည်။

အခုသေက ပြောခသည့်အတိုင်း (ပ၊ ဖ၊ ဗ၊ ဘ၊ မ) ဆိုသော အုပ်စုငါးလုံး၏ ပင်ရင်းကို ပုံသီထားရပါသည်။ ထို့ကြောင့် မြန်မာစာမှာသော်၎င်း၊ ရခိုင်စာမှာသော်၎င်း ပင်ရင်း (ပ) ကို ပုံသီထားပြီး (ဗြီး) ကိုပါယ် (ပြီး) ကို သုံးရခြင်းဖြစ်ပါသည်။

သို့သော် (ဗြီး) (Run) ကြိယာအတွက်မူကား (ဗြီး) ဟု သုံးစွဲ၍ မှာမည်မထင်ပါ။ (ပြီးမြောက်တေ) ဟုအဓိပ္ပါယ်ရသော (ပြီး) မှာသာလျှင် (ဗြီး) (ပြီး) ဟု နှစ်သံကွဲလာသည့်အတွက် ပင်ရင်း (ပ) ကိုအရင်းပြု၍ (ပြီး) ဟု ပုံသီထား ရွီးရခြင်းဖြစ်ပါသည်။

၎င်းကို သင်္ခန်းစာယူပြီးလျှင် အကျွန်ုပ်ရို့၏ (ကတ်) နှင့် (ဂတ်)၊ (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကို ပြေလည်အောင် ဖြေယှင်း၍ရပါသည်။ ယေမှရာ ခေတ်သစ်ရခိုင်စာကို နောင်လာလတ္တံသောသူများ အရှည်တည်တံ့လက်ခံပါလိမ့်မည်။

သို့မဟုတ်ပါက မြန်မာစာရာကောင်းရေ စနစ်ကျရေဆိုဗျာ သူတပါးအထင်ကြီးဝါဒ၊ မိမိကိုယ်မိမိ မလေးမစား အထင်သေးဝါဒနှင့် သူများနောက် ကောက်ကောက်ပါလားပါလိမ့်မည်။ ရခိုင်သားမှာ တိုင်းလည်းပျောက်၊ ပြည်လည်းပျောက်၊ စာလည်းပျောက်၊ လူမျိုးပါပျောက်ဖို့ကိန်း ဆိုက်ပါလိမ့်မည်။

ဆက်၍ဆွေးနွေးရမည်ဆိုပါသော် အခုသေကပြောခသော (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး)၊ (ပြီး) နောက်က (ဗျာယ်) ဟု အသံထွက်ရပါသနည်း။

ဤနီရာတွင် တစိကေ ဆွေးနွေးချင်ပါသည်။ ရခိုင်စာမှာ ဗျည်းသုံးဆယ့်သုံးလုံးကို စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဗြန်းစိကာရ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။

(ဥပမာ)

(၁) က၊ ခ၊ ဂ၊ ဃ၊ င
(၂) စ၊ ဆ၊ ဇ၊ စ်၊ ည
(၃) တ၊ ထ၊ ဒ၊ ဓ၊ န
(၄) ပ၊ ဖ၊ ဗ၊ ဘ၊ မ
(၅) ယ၊ ရ၊ လ၊ ၀၊ သ

ဆိုသောဖွဲ့စည်းမှုတွင် ပထမအတန်း၌ အစအဆုံး (က) နှင့် (င)၊ ဒုတိယအတန်း၌ အစအဆုံး (စ) နှင့် (ည)၊ တတိယအတန်း အစအဆုံး (တ) နှင့် (န) စတုတအတန်း အစအဆုံး (ပ) နှင့် (မ) ပဉ္စမအတန်း အစအဆုံး (ယ) နှင့် (သ) စာလုံးများသည် အသတ်စာလုံးများဖြစ်ပါသည်။

ဥပမာ- (ကြက်၊ ချောင်း၊ ချစ်၊ ပြည်၊ တတ်၊ ကန်၊ ချပ်၊ လမ်း) ဟု တွိရပါလိမ့်မည်။

ပိုယှင်းအောင် (က၊ စ၊ တ၊ ပ) ကို အကျွန်ုပ် (ရှိတန်းအသတ်) ဟု သုံးပြီး (င၊ ည၊ န၊ မ) ကို (နောက်တန်းအသတ်) ဟု သုံးပါမည်။

အထက်တွင်ပြောခသည့် (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး) ဟု အသံထွက်ရပါသနည်း။

(အဖြေက)

(က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) နောက်ကပါလာသော (ပြီး) ကို မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) နောက်ကပါလာသော် (ပြီး) ကို (ဗြီး) ဟု အသံထွက်ပါသည်။

ဇာဖြစ်လို့လဲဆိုသော် (က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) များသည် သံတိုသံပြတ်ဖြစ်ပါသည်။ (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) များသည် သံရှည်သံပွားပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ်အသတ်သည် သုံးသံမပွားပါ။ (င၊ ည၊ န၊ မ) သံရှည်သံပွားအသတ်သည် သုံးသံပွားပါသည်။

(ဥပမာ)

(ကြက်၊ ကြက့်၊ ကြက်း) (ချစ်၊ ချစ့်၊ ချစ်း) (တတ်၊ တတ့်၊ တတ်း) (ချပ်၊ ချပ့်၊ ချပ်း) ဟု သုံးသံပွား၍ မရပါ၊ သို့သော် (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) (ချောင်၊ ချောင့်၊ ချောင်း) (ပြည်၊ ပြည့်၊ ပြည့်) (ကန်၊ ကန့်၊ ကန်း) (လမ်၊ လမ့်၊ လမ်း) များသည် သုံးသံပွား၍ရပါသည်။

(သုံးသံပွား၍မရသော) သံတိုသံပြတ် အသတ်များနောက်ကပါလာသော (ပြီး) သည် မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (သုံးသံပွား၍ရသော) သံရှည်သံပွားအသတ်၊ (သို့မဟုတ်) (အ၊ အိ၊ အု၊ အေ၊ အဲ၊ သြ၊ အံ၊ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားများနောက်ကပါလာသော (ပြီး) သည် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ဥပမာ။ (သတ်ပြီး ခွတ်ပြီး သုတ်သင်ဗြီးလို့ စားဗြီး) လားခဗျာယ်။

(သတ်) နှင့် (ခွတ်) သည် သံတိုသံပြတ်အသတ်ဖြစ်သည့်အတွက် (ပြီး) ဟု မူရင်းအတိုင်းအသံထွက်ပြီး (သင်) သည် သံရှည်သံပွား (စား) သည်သရဖြစ်သည့်အတွက် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ အသံထွက်ကိုကျည်းလိုက်၍ ရွီးလို့မဖြစ်ပါ။ ပညာဟိ သတိဖြစ်ခဲ နှလုံးမူဖို့လိုပါသည်။

(၅) (ယ၊ ရ၊ လ၊ ၀၊ သ) အတန်းရာ ချွင်းချက်ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် (ယ) သည် သံရှည်သံပွားအသတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

အထက်ကပြခသည့် ဥပမာပိုင် (ကတ်) နှင့် (ဂတ်) (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကိုလည်း ထိုနည်းအတိုင်း ယှင်း၍ဖြစ်ပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ် (ရှိတန်းအသတ်) များနောက်ကပါလာသော (ကတ်) ကို (ကတ်)၊ (ပျာယ်) ကို (ပျာယ်) ဟု မူရင်းအတိုင်းအသံထွက်ပြီး (င၊ ည၊ န၊ မ) သံရှည်သံပွား (နောက်တန်းအသတ်) နှင့် (အ အိ အု အေ အဲ သြ အံ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားနောက်ကပါလာသော (ကတ်) ကို (ဂတ်)၊ (ပျာယ်) ကို (ဗျာယ်) ဟု အသံပြောင်းထွက်ပါသည်။

(ဥပမာ)

(စားဂတ် သောက်ကတ်ပါ)

(စား) သည် သရဖြစ်သည့်အတွက် (ဂတ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ် ဖြစ်သည့်အတွက် (သောက်) နောက်ကပါလာသော (ကတ်) ကို မူရင်းအသံထွက်အတိုင်း (ကတ်) ဟု အမှန်အသံထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ ပင်ရင်း (က) အက္ခရာကိုပုံသီထားပြီး (စားကတ် သောက်ကတ်ပါ) ဟု ရွီးရခြင်းဖြစ်ပါသည်။

ထိုနည်း၎င်း (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဆိုသောစကားတွင်လည်း
(စား) သည် သရဖြစ်၍ (ဗျာယ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ပျာယ်) ဟု မူရင်းအတိုင်း အသံထွက်ရခြင်းဖြစ်ပါသည်။

(အိပ်နီကတ်ပျာယ်) ဟူသော စကားတွင် (နီ) သည် သရဖြစ်၍ နီနောက်ကပါလာသော (ကတ်) ကို (ဂတ်) ဟု အသံပြောင်းထွက်ပါသည်။

(ကတ်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ကတ်) နောက်က (ပျာယ်) သည် မူရင်းအတိုင်း (ပျာယ်) ဟု အသံထွက်ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ

(စားပျာယ် သောက်ပျာယ် အိပ်နီကတ်ပျာယ်) ဟု ပင်ရင်းအက္ခရာများနှင့် ရွီးရခြင်းဖြစ်ပါသည်။

ဖတ်သောအခါ (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဟု အသံထွက်လားပါလိမ့်မည်။ (အသံထွက်အတိုင်း လိုက်ရွီးနီစရာမလိုအပ်ပါ။)

(ကတ်) အရွီးအသားနှင့်ပတ်သက်၍ ဓည၀တီနိဂုံးရွာများသာမိုင်းသာခြင်းမှ ဥပမာပြရပါသော်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဆိုသော ၀ါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော် (ကတ်) ရှိက (ပြု) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဆိုသောဝါကျ၌ (ကတ်) သည် (ကတ်) ဟု မူရင်းအတိုင်း အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော (ကတ်) ရှိက (မှတ်) သည် သံတိုသံပြတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

(၃) (ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ) ဆိုသည့်ဝါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (စား) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဆိုသောနီရာတွင်လည်း (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (သင်) သည် သံရှည်သံပွားဖြစ်သောကြောင့်ဖြစ်ပါသည်။

ယလောက်ဆိုလျှင် (ဂတ်) ပြဿနာနှင့်ပတ်သက်၍ လုံလောက်မည်ဟုထင်ပါသည်။

စာရွီးသောအခါ (ကတ်) ဟု ပင်ရင်းသံဖြင့် ရွီးကတ်ရမည်ဖြစ်ပါသည်။ (ဂတ်) ဟု မရွီးအပ်ပါ။ ကောင်းစွာမှတ်သင့်ပါသည်။

(နောက်တခု သိရန်တချက်မှာ)

ရခိုင်စကားတွင် စကားပြောသောအခါ ရိုးရိုးဝါကျများ၌ (တေ) သို့မဟုတ် (ရေ) နှင့် အဆုံးသတ်သည်ကို သတိပြုမိပါလိမ့်မည်။

ဥပဒေသက အထက်ကပြခသည့်အတိုင်း သံတိုသံပြတ်အသတ်နှင့်ဆုံးသောဝါကျသည် (တေ) နှင့်ဆုံးပြီးလျှင် သံရှည်သံပွားအသတ် (သို့မဟုတ်) သရသျှစ်လုံး၊ ယင်း၏မူပွားများနှင့် ဆုံးသောဝါကျများသည် (ရေ) နှင့် အဆုံးသတ်ပါသည်။

(ဥပမာ)
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းမှ (ရေ) နှင့်ဆုံးသော ၀ါကျများကို တင်ပြပါမည်။

(၁) ကိုးပါးဂုဏ်ကို၊ အာရုံမှတ်လို့၊ ခိုးအပ်ပါရေ။
(၂) စိတ်ဘ၀င်မှာ၊ ထင်အောင်ပွားကေ၊ ထားသင့်ပေရေ။
(၃) လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးကေ၊ ရှိခိုးကောင်းရေ။
(၄) ဘ၀ကွယ်၍၊ သင်္ချေခြားလည်း၊ ဖော်စားနိုင်ရေ။
(၅) ရုပ်နှင့်နာမ်လျှင်၊ ဖန်ဖန်ထပ်လို့၊ ဖြစ်တတ်ပါရေ။
(၆) မလွဲရန်ကေ၊ နည်းမှန်ကျဖို့၊ ပြောရရေနှောင်း။
(၇) ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ။
(၈) ကြီးမြင့်ချမ်းသာ၊ အလီလီကေ၊ စည်းစိမ်မြတ်ကို၊ ရအပ်ပါရေ။
(၉) စောဗုဒ္ဓာက၊ မြွက်ခါကြားကေ၊ ဟောထားရေလေ။
(၁၀) အယူမှန်ကို၊ တဖန်လိုက်လို့၊ လုပ်ထိုက်ပေရေ။
(၁၁) ကျမ္မာမှုသည်၊ မှန်မချွတ်ကေ၊ ဖြစ်တတ်ပေရေ။
(၁၂) ရှိဟောင်းပီစာ၊ မြဒိုးဝေ၏၊ ရွီးသည့်ကျမ်းမှာ၊ ညွှန်းလို့ပါရေ။
(၁၃) ရှည်ဝီးကြာတင်၊ ရှိဆရာရို့၊ သညာထားကေ၊ ငှက်ဖျားတွင်ရေ။
(၁၄) သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ။
(၁၅) ကျမ္မာသူလေ၊ လူတယောက်ကို၊ ကိုက်ဖောက်သောခါ၊ ငှက်ဖျားနာလျှင်၊ ဖြစ်တတ်ပါရေ။
(၁၆) ရှိသူမွန်ရို့၊ ကျမ်းဂန်များမှာ၊ ညွှန်းထားရေလေး။
(၁၇) ရှည်လျှားကာလ၊ မပျက်နိုင်ဘဲ၊ စိုင်မပြတ်ကေ၊ သိမှတ်ရရေ။
(၁၈) ကောင်းမွန်စိတ်ကေ၊ စာရိတ္တနှင့်၊ ပြည့်ဝညီစွာ၊ ကြီးတသွယ်လေ၊ ငယ်အလတ်ရို့၊ လုပ်အပ်ပါရေ။
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ။
(၂၀) ဆီးကွမ်းယာကို၊ လှမ်းကာစားကေ၊ ရပ်နားရေလေး။
(၂၁) နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ။

စုစုပေါင်း (၂၁) ကြောင်းကို တွိရပါသည်။

(တေ) ကို သုံးသော ၀ါကျများကို ထုတ်ပြရလျှင်

(၁) ကမ္ဘာပြင်ကို၊ အသျှင်မြတ်မှာ၊ စိုးလတ်တေဟု၊
(၂) ယင်ကြောင့်သာလျှင်၊ ရောဂါညှက်မှာ၊ ကူးစက်တေနှောင်း။
(၃) လူသားအန္တရာယ်၊ ခြင်ကိုက်မူလျှင်၊ အပူများ၍၊ ဖျားတတ်တေဇု၊
(၄) ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု၊
(၅) အနည်းငယ်လျှင်၊ သံခေပဖြင့်၊ ပြောပြလိုက်တေ။
(၆) အမှိုက်ပုံနှင့်၊ တောခြုံများလည်း၊ ခြင်ပွားတတ်တေ။
(၇) တခြားပြည်ရွာ၊ လူများစွာ၏၊ ဘာသာစကား၊ အက္ခရာနှင့်၊ ပညာများပါ၊ သင်ကြားအပ်တေ။

စုစုပေါင်း (၇) ကြောင်းကို တွိရပါသည်။

သုံးသပ်ရမည်ဆိုပါသော် (ရေ) နှင့်ဆုံးသော ၀ါကျများမှာ (ရေ) ရှိကပါလာသော (၁) ပါ (၂) ပေ (၃) ကောင်း (၄) နိုင် (၅) ပါ (၆) ရ (၇) ပြန် (၈) ပါ (၉) ထား (၁၀) ပေ (၁၁) ပေ (၁၂) ပါ (၁၃) တွင် (၁၄) တွိ (၁၅) ပါ (၁၆) ထား (၁၇) ရ (၁၈) ပါ (၁၉) လှ (၂၀) နား (၂၁) ပီး ဆိုသောစကားလုံးများကို သတိထားမိပါလိမ့်မည်။

(ပါ၊ ပေ၊ ရ၊ ပါ၊ ထား၊ တွိ၊ လှ၊ နား၊ ပီး) ဆိုသောစကားလုံးများသည် သရဖြစ်ပြီး (ကောင်း၊ နိုင်၊ ပြန်၊ တွင်) ဆိုသောစကားလုံးများသည် သံရှည်သံပွားအသတ်များဖြစ်သည့်အတွက် ၄င်းဝါကျများသည် (ရေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

(တေ) နှင့်ဆုံးသော ၀ါကျများတွင် (တေ) ရှိကပါလာသော

ဝါကျ (၁) လတ် (၂) စက် (၃) တတ် (၄) လတ် (၅) လိုက် (၆) တတ် (၇) အပ် ဆိုသော စကားလုံးများကို တွိရပါလိမ့်မည်။

(လတ်၊ စက်၊ တတ်၊ လိုက်၊ အပ်) ဆိုသောစကားလုံးများသည် သံတိုသံပြတ်ဖြစ်သည့်အတွက် ၄င်းဝါကျများသည် (တေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

ဇာဖြစ်လို့ (တေ) နှင့် (ရေ) မှာ (တေ) အသုံးနည်းရေလဲဆိုပါသော် (တေ) သည် သံတိုသံပြတ်နောက်တွင် သုံးသဖြင့် ဦးရေတွက်စစ်သော် သံတိုသံပြတ်အသတ်သည် သံရှည်သံပွားကဲ့သို့ သုံးသံပွားမရသဖြင့် ဦးရေသုံးဆနည်းရခြင်းဖြစ်ပါသည်။

နောက်တချက်က (ရေ) ကို သရစာလုံးနောက်က တွဲသုံးသည့်အတွက် (ရေ) မှာ (တေ) ထက် ဦးရေပိုများခြင်းဖြစ်ပါသည်။

ယင်းလောက်ဆိုလျှင် ရခိုင်စာတွင် (ပြီး) (ကတ်) (ပျာယ်) (တေ) (ရေ) ဆိုသောအသုံးများကို ယှင်းပြီးဖြစ်ပါလိမ့်မည်။

(ဂတ်၊ ဗျာယ်) လက်တွိကြုံနီရသောပြဿနာ (နှစ်ပါး) ကိုလည်း ဖြေယှင်ပြီးဖြစ်ပါလိမ့်မည်။


(ရခိုင်ပေါင်းကူး သာလှဦး)

ရခိုင်စာပီ မဂ္ဂဇင်းမှ ကူယူထားပါသည်။

No comments:

Post a Comment