Tuesday 6 September 2011

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၇)

လိုင်ရိုးတော် (ဂီဝှါ) ဓါတ်တော်ရောင်ခြည်တော် ကွန့်မြူးသည်ကို ဖူးမြင်ရသူများနှင့်တွိဆုံခြင်း

ရခိုင်ပြည်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၏အနောက်မြောက်ဖက်အရပ် (၁) မိုင်ခန့်အကွာတွင်တည်ဟိသော ဗုဒ္ဓဘုရားသခင်၏လိုင်ရိုးတော်ဓါတ်ကိန်းဝပ်ရာ ကပေါတဂီရိတောင်ပေါ်မှ ဓါတ်တော်တဆူသည် မြတ်ဗုဒ္ဓ၏စစ်မှန်သော ဓါတ်တော်တဆူဖြစ်ကြောင်းကို အထက်တွင် ယှင်းလင်းတင်ပြခပြီးဖြစ်ပါသည်။ ဤဓါတ်တော်သည် ဂေါတမဘုရားသျှင်၏ခန္ဓာကိုယ်မှ ကြွင်းကျန်တည်ဟိနီသော ဓါတ်တော်တဆူဖြစ်သဖြင့် လိုင်ရိုးတော်ဓါတ်တော်မြတ်ကြီးသည် မကြာခဏဆိုသလို ရောင်တော်ကွန်မြူး ဓါတ်တောက်ပါသည်။ ရခိုင်ဘုရင်အဆက်ဆက်လည်း ဤဓါတ်တော်ကြီးကို ခေတ်အဆက်ဆက်ပူဇော်ပြီး ပြုပျင်မွမ်းမံခကတ်ပါသည်။

ကောဇာသက္ကရာဇ် (၁၂၇၀) ခုနှစ်သို့ ရောက်သည့်အခါ ဓါတ်တော်ကြီးသည် ရောင်တော်ကွန့်မြူးသည်ကို ရွာချောင်းကြီးရွာက ရွာသူရွာသားများရို့သည် အံ့ဖွယ်သရဲ ဖူးတွိခရပါသည်။ ယခုလိုင်ရိုးတော်ဓါတ်ရောင်တော် ကွန့်မြူးခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျတွိမြင်ဖူးသော လူနှစ်ယောက်၏ပြောပြချက်ကို တင်ပြဆွေးနွေးဖို့ဖြစ်ပါသည်။ 
လိုင်ရိုးတော်ဓါတ် ရောင်တော်ကွန်မြူးခြင်းကို အာရုံယူပြီး ကုသိုလ် ပွားများနိုင်ကတ်ပါစီ။
ပထမဦးဆုံးရောင်တော်ကွန့်မြူးသည်ကို ဖူးမြင်ခရသူမှာ ပေါက်တောမြို့ ရပ်ကွက် (၃) မြို့နယ် ကျန်းမာရေးဌာနမှ စာရေးကြီး ဦးအေးကျော်အသက် (၅၀) နှစ် ဖြစ်ပါသည်။
ဦးအေးကျော်သည် (၁၉၈၈) ခုနှစ် မေလ (၂) ရက် ည (၈) နာရီအချိန်မှာ မြို့ထဲမှ ဓါတ်တောင်ကျောင်းသို့ ကိစ္စတခုဖြင့်လားရောက်ခပါသည်။
လားရောက်ရာ၌ စစ်တွေမြို့မှ မနောစိတ္တပ္ပဆရာကြီး ဦးမောင်သန်းနှင့် ဦးထွန်းလှစိန်ရို့လည်းပါပါသည်။ 
လမ်းမှာလားနီရင်း ဓါတ်တော်က အရောင်သည် ဖျတ်ကနန့် ဖျတ်ကနန့်လင်းလက်လာသည်ကို တွိရသည်။ 
ဓါတ်တော်၏နပျိုးဖူးနီရာက ရောင်ခြည်တော်သည် ငှက်တောင်ဖြန့်သကဲ့သို့ ဘေးသို့ကား၍ထွက်လာပါသည်။ 
ပြီးလျှင်ရောင်ခြည်တော်သည် နပျိုးဖူးနီရာသို့ပင် ပြန်ဝင်လားပါသည်။ 
ဤသို့ဖြင့် ဘေးသို့ဖြန့်လိုက် ပြန်ဝင်လိုက်ဖြင့် သုံးကြိမ်တိတိဖြစ်ပေါ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွိခရသည်။

နောက်တခါ ဦးအေးကျော်သည် ဓါတ်တော်ရောင်ခြည်ကွန့်မြူးသည်ကို (၁၉၉၉) ခုနှစ် ဆောင်လရာသီမှာ ဖူးမြင်ခရသည်။
သူသည်ကိစ္စတခုနှင့် နီအိမ်မှ ဆီးရုံသို့ ညဇာ (၁၀) နာရီတွင် လားသည်။
ဆီးရုံသို့ရောက်ပြီး ကိစ္စများကိုဆောင်ရွက်ပြီးသည့်အခါ ဆီးရုံမှအနောက်ဖက် လိုင်ရိုးတော်ဓါတ်ဘက်သို့ မမျော်လင့်ပဲ လှမ်းမျော်ကြည့်မိသည့်အခါမှာ ရောင်တော်ကွန့်မြူးနီသည်ကို ဒုတိယအကြိမ် ဖူးတွိခရသည်။ ယခု ဓါတ်တော်ကွန့်မြူးခြင်းသည် ယခင်ကနှင့်မတူပါ။
နပျိုးဖူးနီရာက မာကျူရီမီးလုံးကဲ့သို့ အလင်းထွက်ပေါ်သည်။
ဤအလင်းသည် ငြိမ်လိုက်လင်းလိုက်ဖြင့် ဖြစ်ပေါ်နီခသည်ကို အံ့သြစွာ ဖူးမြင်ခရသည်။

နောက်လိုင်ရိုးတော်ဓါတ်မှ ရောင်ခြည်တော်ကွန့်မြူးခြင်းကို ဖူးမြင်ခရသူတဦးမှာ ဦးသာခိုင် (အသက်-၆၀) ဖြစ်ပါသည်။
ပေါက်တောမြို့ ရပ်ကွက် (၁) မှာ နီပြီး ဈီးထဲမှာ ဆိုင်ရောင်းပါသည်။
သူအသက် (၈) နှစ်သားအရွယ်မှာ ပေါက်တောကျောင်းဆရာတော် ဦးက၀ိန္ဒထံမှာ ကျောင်းသားတပည့်ဘ၀ဖြင့် နီထိုင်ခသည်။
ဆောင်းရာသီတနိမှာ ဆရာတော်ကြီးနှင့် ဦးသာခိုင်ရို့သည် မီးလှုံနီယင်း ညဉ့် (၁၀) နာရီလောက်မှာ ဓါတ်တော်ဘက်ကို ဆရာတော်ကလှည့်ကြည့်မိရာ ဓါတ်တော်ရောင်ခြည် ကွန့်မြူးနီသည်ကို မြင်ရသဖြင့် ဆရာတော်က ဦးသာခိုင်ရို့ကို ချက်ချင်းဖူးမြင်ရန်ပြောလတ်ရာ ဦးသာခိုင်ကိုယ်တိုင် မျက်ဝါးထင်ထင်တွိမြင်ပြီး ဖူးမြင်ခရသည်။ 
ရောင်ခြည်တော်ကွန့်မြူးပုံမှာ ဓါတ်တော်၏နပျိုးဖူးနီရာမှ ရောင်ခြည်တော်သည် ဘေးသို့ကားထွက်လာပြီး ပြန်ဝင်လိုက်ပြန်ထွက်လိုက် (၅) မိနိခန့်ဖြစ်ပေါ်နီခသည်။
ဦးအေးကျော်ဖူးမြင်ဖူးသော ပထမရောင်ခြည်တော်ကွန့်မြူးခြင်းနှင့်တူပါသည်။

ပါရမီတော်အကျိုးကြောင့် ဓါတ်တော်ရောင်ခြည်ကွန့်မြူးသည်ကို ဖူးမြင်နိုင်ကတ်ပါစီဟု စေတနာသန့်သန့်ဖြင့် မိတ္တာပွားများလိုက်ရပါသည်။

နိဂုံး

ရခိုင်ပြည် ပေါက်တောမြို့၏အနောက်မြောက်ဘက်အရပ် ခရီးတမိုင်ကျော်အကွာတွင်တည်ဟိနီသော လိုင်ရိုးတော်ဓါတ်မြတ် စေတီတော်ကြီးသည် သူရိယစက္ကမင်းမှအစပြု၍ တည်ထားကိုးကွယ်လာခသော ဓါတ်တော်တဆူဖြစ်သည်။
ဤစေတီတော်ကြီး၏ မူလဌာပနာကိန်းအောင်းတော်မူရာသည် မြတ်ဗုဒ္ဓဂေါတမ သျှင်တော်၏ခန္ဓာကိုယ်မှ အစုစုပြိုကွဲစွာ တည်ဟိနီခသော ဓါတ်တော်စုများအနက် “လိုင်ရိုးတော်ဓါတ်” ကိန်းအောင်းရာဌာနတခုဖြစ်ပါသည်။ 
ဤဓါတ်တော်တည်ရာစေတီကို တတိယဓည၀တီခေတ် သူရိယစက္ကမင်းကစ၍ တည်ထားခပြီး ဝေသာလီမင်းဆက်၊ လေးမြို့မင်းဆက်၊ မြောက်ဦးမင်းဆက်သို့တိုင် ခေတ်အဆက်ဆက် မွမ်းမံပူဇော်ခကတ်သည်။ 
အင်္ဂလိပ်ခေတ်သို့အရောက်တွင်လည်း ကြေးငွေတတ်နိုင်သော သူဌေးများရွာ လူကြီးများက ရွာသူရွာသားများနှင့် ညီညာစုပေါင်း၍ စေတီကြီးနှင့်တကွ သာသနိကဝေယျာဝစ္စများကို ဆောင်ရွက်လုပ်ကိုင်ခသည်။

ကနိအခါတွင်လည်း မြို့နယ်ဂေါပကအသင်းအဖွဲ့မှ သြ၀ါဒဆရာတော်ကြီးများထံ အကြံကောင်းဥာဏ်ကောင်းများကို ခံယူကာ ဓါတ်တော်ကြီးအပြင် အခြား သာသနိကအဆောက်အဦးများကိုလည်း၊ ကောင်းသည်ထက် ကောင်းလာအောင် တိုးချဲ့ပြုပျင် ဆောင်ရွက်လျှက်ဟိနီပါသည်။ 
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနီဖြင့် ဗုဒ္ဓ၏စေတီတော်ကြီးသည် ရှိဟောင်းသမိုင်းဝင် ဓါတ်တော်တဆူအဖြစ်ဖြင့်လည်းကောင်း၊ မြတ်ဘုရားဂေါတမ သျှင်တော်ခန္ဓာကိုယ်မှကြွင်းကျန်သော ဓါတ်တဆူအဖြစ် တည်ဟိနီပါသဖြင့် ဤလိုင်ရိုးတော်စေတီမြတ်ကြီးအား ကောင်းမွန်စွာပြုပျင်မွမ်းမံခြင်း၊ ရိုသေလေးမြတ်စွာပူဇော်ခြင်းရို့ဖြင့် အစဉ်ထာဝရရွက်ဆောင်နိုင်ပြီး ကုသိုလ် အားထုတ်ပွားများနိုင်ကတ်ပါစီဟု စေတနာသဒ္ဓါဖြင့် နိုးဆော်လိုက်ရပါသည်။

စာဖတ်သူအပေါင်း ဖီးရန်ခပ်သိမ်း ငြိမ်းအီးနိုင်ကတ်ပါစီ။

အသျှင်စက္ကိန္ဒ၊ မင်းပြားမင်းသိန်းဇံ
(၂၀၀၁) ခုနှစ် မေ (၁၁) ရက်နိ

ရခိုင်အလင်းရောင်ဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment