Friday 9 September 2011

ကျောင်းသားမဟုတ်သောကျောင်းသား (နွားကျောင်းသား) အပိုင် (၁) ၀ီးလို့ကျန်လိုက်အိန္ဒီယာ

“၀ီး…..၀ီးလို့ကျန်လိုက်အန္ဒီယာ၊ လီယိုင်ဆောင်ရာလိုက်ပါလာရေ၊ ကမ္ဘာ့အနောက်ဖက်ခြမ်းသို့လေ့…..” သာခြင်းချေတခု အသိအာရုံထဲ စီးဝင်လာသည်နှင့် တပြိုင်နက် “၀ီး…၀ီးလို့ကျန်လိုက်မြို့စစ်တွေ….” သာခြင်းစာသားကို တန်းသတိရလာ၏။
(၁၇) နှစ်ကျော် ၀ီးကွာနီရသော ရခိုင်ပြည်ကြီးကို သတိရလာ၏။ 

မွီးရပ်မြီချောင်းသာကြီးသည် ပန်းချီကားတချပ်ပိုင် စက္ခုအာရုံထဲ ထင်း၍ပေါ်ထွက်လာ၏။
အသက်အရွယ်ကြီးရင့်နီလိမ္မည်ဖြစ်သော  ဖခင်ကြီး၏မျက်နှာအား မြင်နီရ၏။
စာမပါး၊ သတင်းမကြားဖူးရသိမ့်သော ဖခင်ကြီးကို ကိုယ်ချင်စာနာမိ၏။ 
မိဖရို့မည်သည် သားသမီးများအားထားသည့် မောတ္တာတရား ခန်းခြောက်လားသည်ဟူ၍ မဟိ။
စာမလာ၊ သတင်းမကြားသောသားအား ဇာရပ်၊ ဇာဒေသမှာဟိနီလီမှန်း အတိကျ မသိရသော်လည်း အသစ်နယ်စခန်းထဲမှ မကုန်မခန်းနိုင်သော မျှော်လင်းချက်နှင့်အတူ သားအပြန်လမ်းကို မှန်းမျှော်နီလီဖို့စွာ သေချာရေ။
ယေပင်ငြားလေ့ သားဖြစ်သူ၏ဘ၀ကံကြမ္မာကား မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းများဟိရာ အသစ်နယ်စခန်းနှင့် နီးလာရမည့်အစား ကမ္ဘာ့အနောက်ဖက်ခြမ်းသို့ တင်ပို့ခြင်းခံနီရ၏။

ကာလာကတ္တားမြို့၏ နိုင်ငံတကာလီဆိပ်၌ ဗြိန်တိန်နိုင်ငံပေါက်ဖွား ငှက်ဆင်ကြီးတကောင် ဆိုက်ကပ်လျက် လိုက်ပါလားကြမည့်ခရီးသည်များအား ကြိုဆိုလျက်ဟိ၏။
Kolkatta Police Security Control အောက်၌ဟိသော Airport Immigrant Custody လှောင်ခြိမ့်ထဲမှ ပြည်နှင်ဒါဏ်ခံရသော ငှက်ချေနှစ်ကောင်အား ဆွဲထုတ်ယူလာကြ၏။
လုံခြုံရေးအဖြစ် Kolkatta Police Security Control, Airport Security police and Border Security Force မှ တာဝန်ဟိပုဂ္ဂိုလ်များ ၀ိုင်းရန်လိုက်ပါလာကြ၏။ 
လီဆိပ်တခုလုံးဟိ နိုင်ငံတကာ ခရီးသည်များသည် မြောက်များစွာသော ကိုယ်ရံတော်အစောင့်အချှောက်များ ၀ိုင်းရန်လျက်ဟိသော ပြည်နှင်ဒါဏ်ခံရသော ငှက်ချေနှစ်ကောင်အား ၀ိုင်းကြည့်နီကြ၏။

ကာလာကတ္တားအခြီိစိုက် Human Rights Law Network မှ ရှိနီ (Advocate) Debashis Barnajee သည် သူနှင့်အတူကိုင်ဆောင်လာသော- တခါသုံးဆွီဒိန်နိုင်ငံကူးလက်မှတ်၊ လီယိုင်လက်မှတ်များ၊ transit Waiver Request လက်မှတ်များ၊ Refugee Certificates များ၊ United Nations High Commission for refugee-India ၏ Protection Officer မှ ထောက်ခံစာများ၊ Home Department of Govd. of West Bangel မှ Deputy Secretary to the Govd. of West Bangel-Mr Shri A.K Saha ၏ အထောက်အထားများ၊ Deputy Commissioner of Police, Security Control, Security Control Organization  of West Bangel မှ အထောက်အထားစာရွက်စာတမ်းများ၊ Home Department, Government of West Bangel, Joint Secretary ၏ အထောက်အထားများ၊ The Under Secretary to the Gvod. Of India, Ministry of Home affairs ၏ အထောက်အထားစာရွက်စာတမ်းများ၊ order to Deport and exit Permission from High Court အမိန့်စာ၊ Memorandum of Appeal from Original Order စာရွက်စာတမ်း၊ Central and West Bangel Government’s Decision to Allow to Leave for Sweden စာရွက်၊ The Judgement of 1st Court and The judgement of High Court to pushback to own country တရားစီရင်ချက်စာရွက်စာတမ်းများအား တခုချင်းစီယှင်းပြ၍ ၄င်းဖိုင်တွဲများကို ကျန်တော်ရို့အား လွှဲပီးလိုက်၏။ 
နောက်ထပ်လားရမည့် လမ်းခရီးစိုင်ကို ယှင်းပြလျက် ကျန်တော်ရို့အား ဒေါ်လာ (၆၃) ပြားစီ ခွဲပီးလာ၏။

“This’ the first money we have after 4 years in jail.”  ပြုတ်မနုံးမျက်နှာနှင့် ကျန်တော် ပျက်လုံးထုတ်သရော်လိုက်၏။
“I pray you may have more money after reaching Sweden” ရှိနီမှာ မရှက်တရှက်ပြုံလျက် ပြန်ဖြေ၏။
“Ok, lets have coffee or tea before boarding”  ကျန်တော်ဆော်သြလိုက်သည်။ လုံးခြုံရေးတာဝန်ဟိပုဂ္ဂိုလ်နှစ်ဦး၊ ရှိနီနှင့်ကျန်တော်ရို့နှစ်ယောက်စလုံး ကော်ဖီဆိုင်မှ လဘက်ရည်မှာသောက်နီကြယင်း ၀ိုင်ရံလျက်ဟိသော လုံခြုံရေးပုဂ္ဂိုလ်နှင့် ရှိနီရို့သည် ကျန်တော်ရို့နှင့်ပါတ်သက်၍ ဆွေးနွေးနီကြ၏။ 
တချို့ကလည်း အစိုးရအားပြစ်တင်ဝေဖန်ကြ၏။ 
တချို့ကလည်း အိန္ဒီယာဒီမိုကရေစီသည် စစ်မှန်သောဒီမိုကရေစီမဟုတ် ဆိုကြ၏။
ဦးစားပီးဒီမိုကရေစီစနစ်နှင့် ဗျူရိုကရေစီစနစ်နှစ်ခုက စစ်မှန်သောအိန္ဒီယာဒီမိုကရေစီစနစ်အား ချုပ်ကိုင်ဖျက်စီးလိုက်သည်ဟု ဆိုကြ၏။ 

ဘင်္ဂလီဘာသာစကားဖြင့် ပြောဆိုဆွေးနွေးနီကြသော်လည်း သူရို့၏ဆွေနွေးမှုအားလုံးကို သဘောပေါက်လိုက်၏။ 
ထို့ကြောင့် သူရို့၏ဆွေးနွေးမှုထဲ ၀င်၍ ကျန်တော်ဝင်ပြောလိုက်သည် “Indian Democracy is not full democracy. It is 45 number in the list of world democratic countries. So, how can it be genuine. Ya, I agree it is favouritism, not democratism. But in media you are loudly saying India is the biggest democratic country in the world. It is really not true” လုံခြုံရေးအဖွဲ့တခုလုံး မျက်စိမျက်နှာ ပျက်လားကြ၏။ 

သို့သော် ထိုလုံခြုံရေးအဖွဲ့ထဲမှ ဒုတိယတာဝန်ဟိသူတဦးက  “We should not compare with western countries. Situation’s not same and our country has a lot of problems. Our democracy is, we can say totally, copy from British Bureaucracy and still it’s going on. In your case we lost our country’s dignity in the international democratic surface.” အကင်းပါးတတ်သော လုံခြုံရေးတာဝန်ဟိသူ အကြီးဆုံးတယောက်က “lets move, lets move. Boarding already starts” ကြားဖြတ်လိုက်၏။ လီယိုင်ထက်သို့တက်သည့်လက်မှတ် (Boarding Card) ဖြတ်ယူလိုက်ပြီး Emigrant gates များအား အစစ်အဆေးမဟိ ဖြတ်ကျော်လာကြသည်။

နောက်ဆုံး လီယိုင်ထက်မတက်ခင် ဖြတ်ကျော်ရမည့် Emigrant gate ကိုကား ၀ိုင်းရံလိုက်ပါလာကြသော လုံခြုံရေးအဖွဲ့သားများ ၀င်ခွင့်မရသောကြောင့် လုံခြုံရေးတာဝန်ဟိသူများကို တယောက်ချင်း လက်ဆွဲနှုတ်ဆက်၍ ကျေးဇူးတင်စကားများ ပြောပြလိုက်၏။
တံကါးဝနား မျှောင်ရပ်နီသော ကျန်တော်ရို့ရှိနီ ( Debashis Banerje) အားလက်ဆွဲ၍ “Thank you very much and please tell my regards to Director of Human Right Law Network. You tried so hard which could pull off our lives from the graveyard of military junta. You had done great job and had great success.” ကျေးဇူးတင်စကားများဖြင့် နှုတ်ဆက်ယင်း ကိုယ်ခန္ဓာချင်းနွီးထွီးစွာ ဖက်လိုက်ပြီးနောက် လှည့်ထွက်လာ၏။
“As soon as you reach, call me, don’t forget it, Ok” ရှိနီမှ ဖုန်းခေါ်ရန် သတိပီးလှမ်းအော်လိုက်၏။ 
“hti kay cha ထိကေချေ” (ကောင်းဗျာ စိတ်ချ) လက်ထောင်ပြလိုက်၏။

ပလစတိတ်အိပ် တယောက်တလုံနှင့် ကျန်တော်ရို့နှစ်ယောက် လီယိုင်ဟိရာတံခါးနားသို့ လှည့်မထွက်ခင် “Hello Securities..” ရပ်စောင့်ကြည့်နီကြသော လုံခြုံးရေးအဖွဲသားများအား “Good Bye, India. Good Bye India, Good bye…….” အသံတကြီး လက်ပြနှုတ်ဆက်မှုအား လိုက်ပါလားကြမည့် ခရီးသည်များသည် ကျန်တော်ရို့အား ၀ိုင်းလှည့်ကြည့်နီကြ၏ အများအာရုံစိုက်လာမှန်းသိလိုက်သည့်နောက် နောက်တကြိမ်ထပ်အော်လိုက်၏။
“Good Bye India” အော်သံကြားရသော လူအုပ်က မျက်နှာကိုများပြုံ့လျက် “ Par karl ho gija na ki…Mar hta khara ho gija bhai? ဇာလေ..ရူးလားပျာလား၊ ဥနှောက်ပျက်လားပျာလား အစ်ကို” ပြောနီကြ၏။ 
အများအာရုံစိုက်လာမှန်း သိလိုက်ရသည့်နောက် နောက်တကြိမ် ထပ်အော်လိုက်၏။
“Good Bye India”

မိုင်ထောင်ပေါင်းများစွာ ၀ီးကွာသောခရီးကိုပျံသန်းရန် အဆင်သင့်ဖြစ်နီသော ဗြိန်တိန်နိုင်ငံပေါက်ဖွား ငှက်ဆင်ကြီးသည် တာဝီးလမ်းမကြီးသို့ တလှမ်းချင်း လှမ်းထွက်ခွာလာ၏။
လိုက်ပါလာကြမည့် ခရီးသည်များအား လိုက်နာဆောင်ရွက်ရမည် တာဝန်၊ မတော်တဆ အန္ဒရာယ်တခုခုကြုံလာပါက ရင်ဆိုင်ဖြေယှင်းရမည့် နည်းလမ်းများကို အသေးစိတ် တီဗွီမှတဆင့် ယှင်းပြကြေငြာလာ၏။ 

ဧရာမငှက်ဆင်ကြီးသည် တနာရီလျင် မိုင် (၂၀၀) ကျော် အမြန်နှုန်းဖြင့် ပေပေါင်းသောင်းချီမြင့်သောအမြင့်သို့ ခုန်ပေါက်ပျံတက်လိုက်၏။ 
ထိုင်ခုန်နောက်မှီသို့ ကြောမြုတ်လားအောင် ဆွဲယူလိုက်၏။ 
နှစ်လုံးတဖုန်းဖုန်းခုန်လား၏။ ဂေါင်းမူးလား၏။
ကိုယ်ခန္ဓာ၌ အတွင်းအားမဟိမှန်း သိလိုက်ရ၏။ 
လိုအပ်သည့် အမြင့်သို့ရောက်သောအခါ ကာလာကတ္တားမြို့အား တပါတ်ဝဲပျံလိုက်ပြီး သူလမ်းကြောင်းအတိုင်း ဦးတည်ပျံသန်းနီ၏။

ဝိတိုရိယပြတိုက် (Victorious Museum)၊ ဟာဝါရာတံထားကြီး (Hawara Bridge)၊ နှင့် တခြားမြတ်နိုးဖွယ်မြင်ကွင်းများအား အထက်စီးမှ လှမ်းမြင်ရ၏။
လီယိုင်မောင်၊ လီယိုင်မယ်များ သည်ရည်သည်ရက်၊ အဖျော်ရည်များနှင့် နတ်သုတ္တာကဲ့သို့မွှီးကြိုင်သော အစားအသောက်များအား မိုးထက်စာစားသောက်ကြရန် ၀ီငှလာကြ၏။
“Sir, breakfast. Would you like to any juice or soft drink?” “A glass of Brandy and one beer, please” မှာလိုက်၏။ 
ဘရန်ဒီတကျိတ် မျိုသောက်လိုက်သည်။
လေးနှစ်နီးပါး မသောက်မစားဖူသော ဥဏှောက်က ချာလပါတ်လည်လားပါ၏။ 
တဖြည်းဖြည်းချင်း ဂေါင်းရိုင်မူးလာ၏။ 
ဘီယာဗူးကို ရှိကခုန်ကပ် စားပွဲခုန်ချေကိုဆွဲထုတ်၍ တင်ထားလိုက်ပြီး အတွေးးနယ်ချဲ့လိုက်၏။

တသက်လုံးမမိ့မပျောက်နိုင်သော အချေခါလူကြီးသူမရို့ပြောစကားကို သတိရလာ၏။ “စိတ္တလင်ကာလက်သမားငါးရာ ငှက်ဆင်လုပ်လို့ ရခိုင်ပြည်ကထွက်ပြီးလားခလီရေလတ်” အဆိုဟိ၏။ “ငှက်ဆင်” ဆိုသောဝေါဟာရကို အချေခါ လုံးစိပါတ်စိနားမလည်ခပါ။
“ငှက်ဆင်” ၏ အဓိပ္ပါယ်ကို ယှင်းပြပါဆိုလျင် ကျန်တော်ရခိုင်သားတယောက်ဖြစ်ကေလေ့ မယှင်းပြတတ်ပါဟု ရိုးသားစွာ ၀န်ခံရပါလိမ္မည်။
၁၉၉၅ ခုနှစ်က နယူဒေလီ၌ ထရိပူရပြည်နယ်မှ ကျောင်းတက်နီကြသော အိန္ဒိယရခိုင်လူငယ်ရို့နန့် တွိ့ဆုံလိုက်ရသည့်အခါ “ငှက်ဆင်” ဆိုသော ဝေါဟာရကို ယှင်းယှင်းလင်းလင်း သဘောပေါက်လိုက်၏။ 
“Airplane” ကို ထရိပူရရခိုင်ရို့ ငှက်ဆင်ဟုခေါ်ကြပါ၏။ 
ရခိုင်ရို့၏ စစ်မှန်သောရခိုင်ဘာသာစကား၊ ဝေါဟာရများသည် အိန္ဒိယရခိုင်သားများ၊ ဘင်္ဂလားရခိုင်သားများကြား၌  ခါးထောက်ရှင်သန်နီကြပါ၏။ 
သို့သော် ထိုစစ်မှန်သော ရခိုင်ဝေါဟာရများအား ဇာသူတဦးတယောက်မှ စာထက်အက္ခရာ မတင်နိုင်ကြချေ။ 
ခါးထောက်ရှင်သန်နီသော ရခိုင်ဝေါဟာရ၊ စကားစုများသည် ဟိန္ဒူ၊ ဘင်္ဂလီရို့၏ ၀ါးမျိုမှုလောင်ရိပ်အောက်၌ အချိန်တိုကာလအတွင်း ပျောက်ခြင်းမလှ ပျောက်ကွယ်လားရပါလိမ္မည်။ 
ထိုနည်းတူ လက်ဟိရခိုင်ပြည်တွင်း၌ သုံးစွဲပြောဆိုနီကြသည့် ရခိုင်ဘာသာစကားကြား၌ ဗမာဝေါဟာရ၊ စကားစုများကို ငှားယူသုံးစွဲနီကြသည်မှာလေ့ လူမျိုးပျောက်ရမည့် အလွန်ကြီးမားသောအန္ဒရာယ်ကြီး တခုပင်ဖြစ်၏။
ကျန်တော်စီးနှင်းလိုက်ပါလာသော လီယိုင်ပျံကို အယင်ကရခိုင်ရို့ “ငှက်ဆင်” ဟု ခေါ်ကြလီဟန်တူ၏။ 
အကယ်၍ စိတ္တလင်ကာလက်သမားငါးရာရို့၏ ဒန္ဒာရီသည် အကယ်စင်စစ်မှန်ကန်ခပါက စက်ယန္ဒရားဖြင့် ထပျံနိုင်သော “ငှက်ဆင်” သိုမဟုတ် “Air-plane-လီယိုင်ပျံ” ကို ကမ္ဘာမှာ အစောဆုံးတီထွင်ဖန်တီးခသူမှာ ရခိုင်သားဖြစ်နိုင်ဖွယ်ဟိ၏။ ယေကေလေ့သွင့် လက်ဆုတ်လက်ကိုင်ပြန်ရန်ကား ဇာမှာလေး သက်သီအထောက်အထား။

“Hello, good morning passengers. We are flying over New Delhi, the capital of India. We hope you’ve had breakfast. Thanks.” နားဝင်ချိုသာစွာဖြင့် လီယိုမယ်တဦး ကြော်ငြာလိုက်၏။ အို…အေပိုင်နုညံသိမ်မွှီ့ရေ ရခိုင်သူမချေတယောက်ကို ပိုင်ဆိုင်ရကေ ဇာလောက်ကောင်းခီဖို့လေးချင့်။ မယားလိုချင်နီယာလားသိ ငါ။
ကိုယ့်ကိုကိုယ် ပြုံ့မိ၏။

ဆက်မျှော်ပါ။

ခိုင်မြသိန်း (ချောင်းသာကြီး)

ကိုခိုင်မြသန်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment