Monday 12 September 2011

မောင်လူကြီးအား banned မည့်ကိစ္စ အဖိုးသျှင်၏သဘောထားအမြင်

မောင်လူကြီးအား banned မည့်ကိစ္စ အဖိုးသျှင်၏သဘောထားအမြင်
--------------------------------------
aphoshun said: (မောင်လူကြီး) AMP မှ banned မည့်ကိစ္စကို အကျွန်ုပ်သဘောမတူပါ။
အကျွန်ုပ် တုန့်ပြန်စော်ကားသူ ကာယကံသျှင်၏သဘေားထားကိုလည်း ရယူစီလိုပါသည်။
(မောင်လူကြီး) AMP ၌ပင် ဆက်လက်ဟိနီစီလိုပါသည်။

နှစ်ဦးနှစ်ဖက် လူသိသျှင်ကြားတရားဝင်တောင်းပန်ပြီးမှ အကျွန်ုပ်အသာတကြည်နှုတ်ထွက်ပီးပါမည်။ သို့သော် ယခုလောလောဆယ်၌ အကျွန်ုပ်၏ Account ကို lift လုပ်ရန်မလိုပါ။ 
lift လုပ်လျှင်လည်း အကျွန်ုပ် ၄င်း Account ဖြင့် ၀င်ရောက်နိုင်မည်မဟုတ်ပါ။ (မောင်လူကြီး) သဘောထားကိုရယူပြီးပါက အကျွန်ုပ်အား ချက်ချင်းအကြောင်းကြားလိုက်ပါ။ 
အကျွန်ုပ်လည်း တပြိုင်တည်း (အဖိုးသျှင် Account) ဖြင့် တောင်းပန်ပါမည်။ 
တောင်းပန်ပြီးသည်နှင့် (အဖိုးသျှင် Account) ကို ပြန်ဘန်းလိုက် (သို့မဟုတ်) Delete လုပ်နိုင်ပါသည်။

(AMP) ၌ အကျွန်ုပ် ဆက်လက်တည်ဟိမည်မဟုတ်ကြောင်းကိုလည်း လုံးဝကတိပီးပါသည်။

(မောင်လူကြီး) နှင့်လည်း ကြီးသောအမှုငယ်စီ၊ ငယ်သောအမှု ပပျောက်စီဖုန်းဖြင့်ပြော၍ ပြေလည်လားစီလိုပါသည်။ 
စင်္ကပူမှ AMP အဖွဲ့ဝင်တချို့ သူ၏ဖုန်းနံပါတ်အားသိမည်ထင်ပါသည်။
ကြားဝင်၍ ညှိနှိုင်းပီးစီလိုပါသည်။ 
အကျွန်ုပ်၏ဖုန်းနံပါတ်ကို phoesun ထံမှတဆင့်ရယူနိုင်ပါသည်။

မခိုင်ခိုင် (New York) ဖုန်းနံပါတ်ကိုသိလျှင်လည်း မခိုင်ခိုင်အားလည်း ဖုန်းဆက်၍တောင်းပန်ပါမည်။ သို့သော် မခိုင်ခိုင် (New York) က မိမိမည်သူမည်ဝါဖြစ်သည်ကို ပြောပြရန်လိုပါသည်။

(အဖိုးသျှင်) 

ရခိုင်စာပီ မဂ္ဂဇင်းဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment