Tuesday 23 August 2011
ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ၏ ရပ်တည်ချက်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေငြာချက်
၁။ ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) ကို ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နိတွင်ဖွဲ့စည်းကာ အမျိုးသမီးနှင့်ရင်သွီးငယ်များ၏ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊မတန်းတူရေး၊ မြန်မာနိုင်ငံဒီမိုကရေစီရေးနှင့် အမျိုးသားလွတ်မြောက်ရေးလုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်လာနိုင်စီရန်ရည်ရွယ်၍ လက်ဟိ (RWU) ဥက္ကဌ ဆရာမစောမြရာဇာလင်း၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းခသော အမျိုးသမီးအဖွဲ့အစည်းတခုဖြစ်သည်။
၂။ ရခိုင်အမျိုးသမီးများအစည်းအရုံးသည် မိမိရို့အဖွဲ့၏ဦးတည်ချက်နှင့်ပန်းတိုင်အတွက် မိမိရို့ကိုယ်တိုင် လွတ်လပ်စွာတွေးခေါ်လျက် အမျိုးသားများသြဇာလွှမ်းမိုးမှုမှကင်းလွတ်စွာ လုပ်ဆောင်ကြိုးစားနီသော ရခိုင်သမိုင်းစဉ်၌ ပထမဆုံးပေါ်ပေါက်လာသည့် အမျိုးသမီးအဖွဲ့အစည်းဖြစ်သည်။
၃။ ဥက္ကဌစောမြရာဇာလင်းသည် ဤအဖွဲ့အစည်းစတင်မပေါ်ပေါက်မှီကပင် သူမဟိနီခသော ရခိုင့်နိုင်ငံရေးတပ်ပေါင်းစုမှ ဘ၀တူအမျိုးသမီးများကို စည်းရုံးလှုံ့ဆော်ကာ အမျိုးသမီးအဖွဲ့အစည်းတခု ဖွဲ့စည်းထူထောင်ရန်ကြိုးစားခသော်လည်း ထိုအမျိုးသမီးများ၏အဖ၊ သားလင်၊ အစ်ကို၊ မောင်စသည့် အမျိုးသားရို့၏ပယောဂမှ မကင်းလွှတ်နိုင်သောကြောင့် ဥက္ကဌစောမြရာဇာလင်း၏ရည်ရွယ်ချက်မှာ ကြိမ်ဖန်များစွာပျက်စီးခံခရသည်။ ထိုကြားထဲမှပင် သူမ၏ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်နိုင်စီရန် နောင်တွင် သူမဟိနီခသော (ALD) ပါတီအ၀ိုင်းအ၀န်းမှ ရဲမေနှင့်ရဲဘော်သားမယားများ၊ အခြားသောဒုက္ခသည် အမျိုးသမီးများကိုစည်းရုံးကာ အောင်မြင်စွာဖွဲ့စည်းနိုင်ခခြင်းဖြစ်သည်။
၎။ အဖွဲ့အစည်းကို မွီးဖွားခါစတွင် လူမမယ်သား၊ လူလားမြောက်ရေးအတွက် အဖွဲ့နှင့်နီးစပ်သော (ALP) ပါတီမှ ရဲဘော်၊ ခေါင်းဆောင်အချို့မှ စိတ်အားထက်သန်စွာ ပံ့ပိုးကူညီမှုများပီးခသည်။ 
ဤသည်ကို ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) မှ ထာဝရသမိုင်းမှတ်တမ်းတင်လားမည်ဖြစ်သည်။
၅။ သို့သော် (RWU) သည် မိမိရို့ဦးတည်ချက်ပေါက်မြောက်အောင်မြင်ရေးအတွက်လုပ်ဆောင်ရာ၌ လွတ်လပ်စွာတွေးခေါ်လျက် မိမိရို့အမျိုးသမီးများ၏ဆန္ဒအတိုင်းသာလျှင် ကြိုးပမ်းလုပ်ဆောင်လာခပေသည်။ 
(RWU) သည် မည့်သည့်ပါတီ၏လက်အောက်ခံမှမဟုတ်ကြောင်းနှင့် မည်သည့်အမျိုးသားများ၏သြဇာခံမှမဟုတ်ကြောင်းကို အဖွဲ့၏ဖွဲ့စည်းအုပ်ချုပ်ပုံတွင် အတိအကျဖေါ်ပြထားသည့်အပြင်၊ အစည်းအဝေးများတွင်လည်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
၆။ သို့သော်လည်း (ALP) ပါတီနှင့်နီးစပ်ခမှုနှင့်၊ ပါတီမှသားမယားတချို့ပါဝင်နီမှုအပေါ်တွင် (RWU) အား ပါတီလက်အောက်ခံဖြစ်သည်ဟု အမျိုးသားရခိုင့်ပါတီအသိုင်းအ၀ိုင်းမှ သံသယမကင်းစွာ ယောစွပ်ပြောဆို လက်ခံနားလည်ထားဆဲဖြစ်သည်ကို (11/10/07) နိစွဲဖြင့် မိမိရို့ထံရွီးပို့သည့် (ANC) ဗဟိုအလုပ်အမှုဆောင်ဆိုသူ ခိုင်စံလင်း၏စာအရ ပွင့်လင်းစွာသိမြင်လာရပါသည်။ ၄င်းစာပါအဓိကအကြောင်းမှာ (RWU) နှင့် (AWWA) အမျိုးသမီးအဖွဲ့အစည်းများသည် ပါတီနိုင်ငံရေးကင်းယှင်းကာ လွတ်လပ်သော အမျိုးသမီးအဖွဲ့အစည်းကြီးတရပ်ဖြစ်လာစီရေးအတွက် ညှိနှိုင်းဆွေးနွေးရန် (ANC) မှ ခိုင်စံလင်းနာမည်ဖြင့် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
၇။ ဤကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ရလျင် မိမိရို့ (RWU) သည် ရခိုင်အမျိုးသမီးထုတရပ်လုံးကို ကိုယ်စားပြုလုပ်ဆောင်နီခြင်းဖြစ်သည့်အပြင် အဖွဲ့အစည်း၏အဖွဲ့ဝင်ဖြစ်ခွင့်မူအရဆိုလျှင်လည်း ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင်လိုသူ မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုး၊ မည်သည့်ပါတီမှ အမျိုးသမီးများမဆို ၀င်ရောက်နိုင်ခြင်းဟိသည်ဟု အတိအကျဖေါ်ညွှန်းထားဟိပေသည်။ ထို့အပြင် ရခိုင်ပြည်မှ အမျိုးသမီးထုတရပ်လုံးပါဝင်လာစီရေးအတွက်လည်း တစိုက်မတ်မတ်ကြိုးစားဆောင်ရွက်လျှက်ဟိသည်။
၈။ ထိုသို့အလျှောက် မိမိရို့အဖွဲ့အစည်းထဲတွင် ရခိုင်နိုင်ငံရေးပါတီအဖွဲ့အစည်းအားလုံးနီပါးမှ အမျိုးသမီးများပါဝင်သည့်အပြင် ဘာသာခြားအမျိုးသမီးအချို့လည်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်လျှက်ဟိသည်။
(AWWA) ဆိုသောအဖွဲ့သည် တရားဝင်ထုတ်ပြန်ချက်လည်းမဟိ၊ မည်သည့်လုပ်ဆောင်မှုမှလည်းမဟိ၊ မည်သူကမည်သို့ တာဝန်ယူ၍ မည်သည့်အလုပ်ကို လုပ်နီသည်ကိုလည်း မည်သူမျှမသိချေ။
(AWWA) ဥက္ကဌဟု ယခင်ဟိခသူမှာလည်း (RWU) ၏ ရိုးရိုးအဖွဲ့ဝင်တဦးသာလျှင်ဖြစ်သည်။
ရုပ်မဟိဘဲ နာမ်သာဟိနီသော (AWWA) ဆိုသည့်အဖွဲ့၏ပဂတိဖြစ်နီပုံကို ဆန်းစစ်ခြင်းအားဖြင့် ထိုအဖွဲ့သည် အမျိုးသမီးထု၏ဆန္ဒ၊ လိုအပ်ချက်အရ ပေါ်ပေါက်လာသောအဖွဲ့မဟုတ်ဘဲ အမျိုးသားများမှ အကြောင်းကြောင်းပေါ်မူတည်၍ ဖန်တီးဖွဲ့စည်းပီးထားသော အမည်ခံအဖွဲ့ဖြစ်ကြောင်းထင်ရှားသည်။
(RWU) ၏ လှုပ်လျှားဆောင်ရွက်နီမှုများကို အမြဲသိနီရပါလျက် (ANC) မှ အမျိုးသမီးရေးကိုအဖြေရှာရေးအတွက် နမ်သာဟိနီသောအဖွဲ့တခုနှင့် တန်းတူရည်တူသဘောထားကာ ဖိတ်ခေါ်လာခြင်းအပေါ် မိမိရို့မှ များစွာစိတ်မသက်မသာဖြစ်ရပါသည်။
ထို့အပြင် (၉) နှစ်တာကာလပတ်လုံး တိုင်းပြည်နှင့်လူမျိုးအတွက် မတန့်တမ်းလှုပ်လျှားနီကတ်သော မိမိရို့ရခိုင်အမျိုးသမီးများအစည်းအရုံး၏ကြိုးပမ်းမှုကို မျက်ကွယ်ပြုခြင်းဖြစ်သည်ဟုလည်း ခံစားမိပါသည်။
ထပ်၍ အယှင်းဆုံးဆိုရပါမူ မိမိရို့သည် ရခိုင်ပြည်မှ အမျိုးသမီးထုတရပ်လုံးပါဝင်လာစီရေးအတွက် ကြိုးစားနီခြင်းဖြစ်ပြီး ဖွဲ့စည်းပုံပါစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသော မည်သည့်အမျိုးသမီးများကိုမဆို အဖွဲ့ဝင်ဖြစ်ရန် အစဉ်ကြိုးပမ်းလျှက်ဟိပေသည်။ ဆက်လက်၍လည်းကြိုးပမ်းလားမည်ဖြစ်ပါသည်။
၉။ သို့ဖြစ်၍ ဤတရားဝင်ထုတ်ပြန်ချက်ကို ထုတ်ပြန်သည့်နိမှစ၍ (RWU) အား ပါတီလက်အောက်ခံ၊ ပါတီနှင့်မကင်းလွတ်သည့်အဖွဲ့အစည်းတခုအဖြစ် ဆက်လက်ပြောဆိုလာပါက ထိုပြောဆိုမှုသည် (RWU) ကို မတရားဖျက်လိုဖျက်ဆီးပြောဆိုမှုသာဖြစ်သည်။ 
ရခိုင်သက္ကရာဇ် - ၁၃၆၉ ခုနှစ်၊ တန်းဆောင်ဘုန်းလဆန်း (၁၁) ရက်
ခရစ်သက္ကရာဇ် - ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နိ
ဗဟိုကော်မီတီ
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်
Arakanmusicမှ ကူယူထားပါသည်။
No comments:
Post a Comment