ရခိုင်လူမျိုးတို့သည် အရှေ့ပြည်က မြန်မာများကို “ဗမာ - အောက်သား” ဟု
ခေါ်ဝေါ်ပြောဆိုလေ့ရှိကြသည်မှာ ယနေ့ထက်တိုင်ဖြစ်၏။
ခေါ်ဝေါ်ပြောဆိုလေ့ရှိကြသည်မှာ ယနေ့ထက်တိုင်ဖြစ်၏။
ရခိုင်တို့သည် မြန်မာကို အဘယ်ကြောင့် “ဗမာ - အောက်သား” ဟု ခေါ်ဝေါ်ခဲ့ကြပါသနည်းဟူမူ
ဤအကြောင်းကို အမှန်အတိုင်း ရေးသားတင်ပြရလျှင် ဤသို့ဖြစ်ပါသည်။
ဤအကြောင်းကို အမှန်အတိုင်း ရေးသားတင်ပြရလျှင် ဤသို့ဖြစ်ပါသည်။
ဗမာခေါ်မြန်မာတို့သည် ရခိုင်၊ ပျူ၊ မွန်တို့လောက် အမျိုး၊ ဘာသာ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊
အနုပညာ စသည်တို့သည် ရှေးမကျခဲ့။
အနုပညာ စသည်တို့သည် ရှေးမကျခဲ့။
ရခိုင်၊ ပျူ၊ မွန်တို့အောက် များစွာ နောက်ကျပြီးမှ ပေါ်ပေါက်လာခဲ့ကြသော လူမျိုးဖြစ်သောကြောင့် “ဗမာ- အောက်သား” ဟု ရခိုင်တို့က ယနေ့တိုင် အောင်ခေါ်ဝေါ်ပြောဆိုခဲ့ကြခြင်းဖြစ်ပါသည်။
စာပေအနေဖြင့်မူ ခရစ်အေဒီ ၁၁၁၃ မှ ၁၁၇၄ သို့ရောက်နေသည့်တိုင်အောင်
မည်သည့်စာပေကိုအသုံးပြုရေးသားသည်ဟု တိတိကျကျမယ်မယ် ရရ မရှိကြသေးဘဲ
ယောင်ဝါးဝါးရိုနေကြပုံကို “ဒေါက်တာသန်းထွန်း” ကသူ၏ “ခေတ်ဟောင်းမြန်မာရာဇဝင်” စာ-၂၅၌
“စရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မြန်မာတို့သည် မွန်ယဉ်ကျေးမှုကို မှီငြိမ်းပြု၍ သီးခြားယဉ်ကျေးမှု
ထူထောင်ရန်အားထုတ်ဆဲဖြစ်ကြောင်းတွေ့ရသဖြင့်ကြားကာလဖြစ်သည်ဟု ဆိုရချေမည်။
မည်သည့်စာပေကိုအသုံးပြုရေးသားသည်ဟု တိတိကျကျမယ်မယ် ရရ မရှိကြသေးဘဲ
ယောင်ဝါးဝါးရိုနေကြပုံကို “ဒေါက်တာသန်းထွန်း” ကသူ၏ “ခေတ်ဟောင်းမြန်မာရာဇဝင်” စာ-၂၅၌
“စရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မြန်မာတို့သည် မွန်ယဉ်ကျေးမှုကို မှီငြိမ်းပြု၍ သီးခြားယဉ်ကျေးမှု
ထူထောင်ရန်အားထုတ်ဆဲဖြစ်ကြောင်းတွေ့ရသဖြင့်ကြားကာလဖြစ်သည်ဟု ဆိုရချေမည်။
သကဋ၊ ပါဋ္ဌိ၊ မွန်နှင့် မြန်မာတို့နှင့် ကျောက်စာများကို ဤကာလအတွင်းရေးထိုးခဲ့သည်ကို တွေ့ရသဖြင့်
မွန်ဘာသာအစား မြန်မာဘာသာကိုမသုံးစွဲမီ မြန်မာတို့ဋ္ဌသည် မည်သည့်ဘာသာကို
သုံးရမည်ကိုမသိသဖြင့် ယောင်ဝါးဝါးရှိနေကြပုံကို ပြသည်ဟုထင်မိ၏။”
မွန်ဘာသာအစား မြန်မာဘာသာကိုမသုံးစွဲမီ မြန်မာတို့ဋ္ဌသည် မည်သည့်ဘာသာကို
သုံးရမည်ကိုမသိသဖြင့် ယောင်ဝါးဝါးရှိနေကြပုံကို ပြသည်ဟုထင်မိ၏။”
ဟူ၍ အမှန်အတိုင်း ထင်မြင်ချက်ပေးထားခဲ့ပါသည်။
မြန်မာသမိုင်းဆရာတို့က မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟုယူဆကြ၏။
ပျူစာမှဆင်းသက်ရိုးမှန်လျှင် ပျူစာမှသည် မြန်မာစာဖြစ်လာရန် “ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲ
ပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး” ရှိရပေမည်။
ယခုအခါ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို “ရာဇကုမာရ်ကျောက်စာ” ကသက်သေခံလျက်ရှိနေပါသည်။
ရာဇကုမာရ်ကျော်စာ၌ ပါဋ္ဌိ၊ မြန်မာ၊ ပျူ၊ မွန်ဟူ၍ စာပေလေးမျိုးဖြင့်
တစ်ပြိုင်တည်းရေးထိုးထားသည်ကိုတွေ့ရှိနိုင်ပါသည်။
ရာဇကုမာရ်ကျော်စာ၌ ပါဋ္ဌိ၊ မြန်မာ၊ ပျူ၊ မွန်ဟူ၍ စာပေလေးမျိုးဖြင့်
တစ်ပြိုင်တည်းရေးထိုးထားသည်ကိုတွေ့ရှိနိုင်ပါသည်။
ယင်းကျောက်စာမှာ အကြောင်းအရာတစ်ခုတည်းကို စာပေးလေးမျိုးဖြင့် တစ်ခေတ်တည်းတွင်
ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟူသော အဆိုမှာ
ခိုင်လုံသောအထောက်အထားမဟုတ်ချေ။
ခိုင်လုံသောအထောက်အထားမဟုတ်ချေ။
အလားတူစွာ မွန်စာမှ ဆင်းသက်လာသည်ဟုဆိုပြန်ဖို့ကလည်း ယင်းကျောက်စာမှာပင်
မွန်စာလည်းပါရှိနေပြီးဖြစ်သောကြောင်းတည်း။
မွန်စာလည်းပါရှိနေပြီးဖြစ်သောကြောင်းတည်း။
ယနေ့အထိ လူတို့သည် ပျုစာကိုကောင်းစွာရေရေလည်လည် ဖတ်တတ်သူဟူ၍ မရှိသေးချေ။
အဘယ်ကြောင့်ဆိုသော် ပျူသည် ရခိုင်နှင့်မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့ကြသော
လူမျိုးများဖြစ်နေသောကြောင့်တည်း။
အဘယ်ကြောင့်ဆိုသော် ပျူသည် ရခိုင်နှင့်မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့ကြသော
လူမျိုးများဖြစ်နေသောကြောင့်တည်း။
ဒေါက်တာသန်းထွန်းက သူ၏ “ခေတ်ဟောင်းမြန်မာရာဇဝင်” စာ-၁၂၂ တွင်” ထိုလေးရာစုတွင်
စာရေးနည်းပညာကို ပျူတို့ရကြလျက် မွန်နှင့် ရခိုင်တို့က ခြောက်ရာစုတွင် ရနေပြီးဖြစ်လျက်
နောင်အခါမြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံးထံမှ နည်းကိုမှီလျက် “တစ်ဆယ့်တစ်ရာစု” တွင်
ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်။
စာရေးနည်းပညာကို ပျူတို့ရကြလျက် မွန်နှင့် ရခိုင်တို့က ခြောက်ရာစုတွင် ရနေပြီးဖြစ်လျက်
နောင်အခါမြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံးထံမှ နည်းကိုမှီလျက် “တစ်ဆယ့်တစ်ရာစု” တွင်
ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်။
“ဟူ၍ ကောက်ချက်ချရေးသားထားခဲ့ပါသည်။
သူ၏ကောက်ချက်ကိုမြန်မာတို့အဖို့အမှန်ဟုယူဆနိုင်စရာရှိသော်လည်းရခိုင်တို့အဖို့မှာမူကားလက်ခံနိုင်စရာအကြောင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ပျူယဉ်ကျေးမှုထက် ရခိုင်စာပေယဉ်ကျေးမှုက များစွာရှေးကျသောကြောင့်ဖြစ်သည်။
ရှေးကျကြောင်းကို ရခိုင်ယဉ်ကျေးမှုအထောက်အထားများက သက်သေခံလျက်ရှိသည်။
ရခိုင်လူမျိုးတို့သည် ဒင်္ဂါးကိုသွန်းလုပ်ပြီး ဗြဟ္မီအက္ခရာဖြင့် စာတန်းရေးထိုးသောအချိန်ထိ ပျူလူမျိုးတို့သည် စာကိုမရေးတတ်သေးချေ။
တိုင်းပြည်ကိုအုပ်ချုပ်သူမင်း၏ အမည်နာမရေထိုးပါရှိသော ပျုဒင်္ဂါးဟူ၍လည်း ယနေ့တိုင်အောင် တစ်ခုတစ်လေမျှ မတွေ့ရှိကြသေးပေ။
ဤအချက်ကိုက ပျူတို့သည် ရခိုင်တို့ထက်ယဉ်ကျေးမှုအားဖြင့် များစွာနောက်ကျလျက်ရှိကြောင်း ခိုင်လုံသောအထောက်အထားပင်ဖြစ်သည်။
ဗမာ-အောက်သားတို့သည် မြန်မာစာကို ပျူထံမှရသည်ဟုဆိုချင်ကြသည်။ ထိုသို့ဖြစ်လျှင်ပျူစာကိုဖတ်သတ်ရပေမည်။
ယခုအခါ ပျူစာကိုလည်းမဖတ်တတ်။
အချို့က မွန်တို့ထံက ရသလိုလို ထင်မြင်ချက်ပေးကြပြန်သည်။
သို့သော် မွန်စာကိုလည်းမဖတ်တတ်။
မြန်မာတို့သည် ရခိုင်တို့ရေးထားသော “ရခိုင်စာ” ကိုတော့ ဖတ်တတ်ကြ၏။
ရခိုင်တို့ပြောသော “ရခိုင်စကား” ကိုလည်းအကုန်လုံးမဟုတ်သည့်တိုင်အောင် နားလည်သင့်သလောက်နားလည်ကြ၏။
အမှန်က ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများကို သေသေချာချာလေ့လာကြည့်ပါက “ရခိုင်သံဖြင့်ရေးသားထားသော ရခိုင်စာပေအသုံးအနှုန်းများကိုသာ” တွေ့ရှိကြရပါသည်။
ထို့ကြောင့် မြန်တို့သည် မြန်မာစာကို ပျူနှင့် မွန်တို့ထံမှရသည် ဟူသောအဆိုကို စဉ်းစားစရာတွေ အများကြီးရှိလာပါတော့သည်။
ရခိုင်သံဖြင့်ရေးသားထားသော အောက်ပါပုဂံခေတ် ရခိုင်ဝေါဟာရအသုံးအနှုန်းများကို လေ့လာကြည့်ခြင်းအားဖြင့် “မြန်မာစာပေ၏ စီဆင်းလာရာမြစ်ဖျား” ကိုရှားဖွေတွေ့ရှိနိုင်ကြလိမ့်ဟုထင်မြင်ယူဆမိပါသည်။
ရခိုင်အသံ၊ ပုဂံခေတ်ကျောက်စာနှင့် ဘာသာပြန်
၁။ ရဟန်သင်္ဃလာ =ရဟန်းသံဃာ
၂။ မင်းဆြာ = မင်းဆရာ
၃။ ပင်သကူ = ပံသုကူ
၎။ လှိယ် = လှေ
၅။ ရိယ်မှုတ် = ရေမှုတ်
၆။ လင်ပန်း = ဗျပ်
၇။ မ္လေ = မြေ
၈။ အတုမဟိသော = အတုမရှိသော
၉။ ခ္လူပန်း = ခြူးပန်း
၁၀ ပြသတ် = ပြာသာဒ်
၁၁။ တောင်ပ္လုန်ခရိုန် = တောင်းပြုန်းခရိုင်
၁၂။ သင်တွယ် = သင်းတွဲ
၁၃။ မ္လိယ်တူ = မြစ်သား
၁၄။ မ္လိတူ = မြေဒူး
၁၅။ ပေါက္ကံ = ပုဂံ
၁၆။ က္လစွာ = ကျစွာ
၁၇။ ကြာသပတိယန်နိယ် = ကြသပတေးနေ့
၁၈။ သတ်ခြင်ဖ္လင် = သတ်ခြင်းခြင့်
၁၉။ သခုဟိသော = ယခုရှိသော
၂၀။ သုကြာနိယ် = သောကြာနေ့
၂၁။ ခြုပ်မ = ခယ်မ
၂၂။ ခြုယ်မ = ချွေးမ
၂၃။ အစ်ကို =အကို
၂၄။ အစ်မ = အမ
၂၅။ ပန်စင် = ပဉ္ဇင်း
၂၆။ ကခြီယ်သည် = ကချေသည်
၂၇။ ပညာမဟိယ်သော = ပညာမရှိသော
၂၈။ သစ္စာမဟိယ်သော = သစ္စာမရှိသော
၂၉။ အလှူပိယ်လိုဝ်သော = အလှူပေးလိုသော
၃၀။ သင်္ဃာတိုင် = သံဃာတော်
၃၁။ အကြွမ်ဝင် = အကျွမ်းဝင်
၃၂။ ဟိထသော = ရှိထသော
၃၃။ ဤယ်သူ =ထိုသူ
၃၄။ ပတ္တမြာစာတီကိုဝ် = ပတ္တမြားစေတီကို
၃၅။ လှူခ၏ = လှူခဲ့၏
၃၆။ မ္လိယ်ဖ္လူ = မြေဖြူ
၃၇။ခြိယ်လက်ဖြတ်သော = ခြေလက်ဖြတ်သော
၃၈။ ခြိယ်သို့ခ္လ၏ =အခြေသို့ချ၏
၃၉။ ဖုန်တန်ခိုင် = ဘုန်းတန်းခိုး
၄၀။ အမိ၊ အဖ = အမေ၊ အဖေ
၄၁။ သင်္ဃာတိုင်ကိုဝ် ခြိယ်ဆိယ်ရိယ်၊ = သံဃာတော်ကိုခြေဆေး၍၊
လယ်ဆိယ်ရိယ်၊ ခ္လိစ်ရိယ်၊ လက်ဆေး၍၊ ခြစ်၍၊
သောက်ရိယ်-။ သောက်၍-။
၄၂။ ညှန်ဆယ်တတ်သော = ညှင်းဆဲတတ်သော
၄၃။ ငီညွတ်စွာ = ညီညွတ်စွာ
၄၄။ အရှေ့လားသော် = အရှေ့သွားသော်
စသည်ဖြင့် သိသာရုံမျှ ဖော်ပြပေးလိုက်ပါသည်။ အလားတူ ရခိုင်ဝေါဟာရအသုံးအနှုန်းတို့မှာလည်း
များစွာကျန်ရှိနေပါသေးသည်။
များစွာကျန်ရှိနေပါသေးသည်။
(အရှင်ကုသလ (ငွေသဇင်) ရေးသားသော ရခိုင့်ဌာနီလရာသီ စာ- ၉၆၊ ၉၉)
အခု ရခိုင်သမိုင် ရခိုင်ဆောင်းပါးတီကိုဖတ်ရလို ကောင်းကောင်းဝမ်းသာပါယင့်
ReplyDelete