Tuesday 30 August 2011

စကားပုံများ

ကျားကိုကြောက်လို့ သျှင်ကြီးကိုး သျှင်ကြီးကျားထက်ဆိုး
ဗူးဆိုကေ ဖရုံမသီး
မချိလို့သွားခြဲ ရယ်ယောင်ထင်
မိုးပွဲမှ လယ်ထွန် သူခိုးပြန်မှ ကျင်ကွင်းပြ
လူမွဲကို နတ်မြင်
မြတ်ဖို့လားနှင်းခံ တပွာယော့
မျောက်လက်ထဲမှာ သပြာရယှောင်
ဂေါင်းတုံးချင်းအတူတူ သူတော်က တမူးအပိုလျှူ
အိုးမလုံ အုံပွင့်
ခြင်ထောင်ထဲက ပစိကိုက်ပြ
ကျားရှိရောက်ခွီး ဂြိမ်သီသီ
နောက်ကျကေ လင်းတမှာအရိုး လူမှာအိုး
အရိပ်ပြလို့ အကောင်မမြင်
ပေါ်စခရမ်းသီး ထပ်ချင်းညီး
စွပ်လိုက်က ဖြောင့်ဖြောင့် ချွတ်လိုက်က ကောက်ကောက် (ခွီးပတုန်း)
ရွှေအိုးလည်းမြင် သားလည်းရှင် (သုဝဏ္ဏသာမ)
မိုးလင်းလားခရေ ခဲဝါပိုင်ယှောင် ကြောင်တိကြောင်တောင်
လိပ်ကြုံစွာ လိပ်ရာသိ
ဖျာလိပ်ခေါင်းဝင် ခွီးထက်ဆိုး
ကျင်သန်အို ကြက်နှင်မရ
လိပ်ကို ရီကူးသင်ပိုင်
လူများလို့ ပွဲမစည်
လူနှင့်ပေါင်း ကောက်ညှင်းပေါင်းလည်း မကောင်း
ချောင်းမြောင်မကြွင်း ကြွက်တွင်းမကျန် ရန်ကိုယှင်း
တမိန့်ခံ တသံတည်း
ရီမချိုးဘဲ သနပ်ခါးမနှိမ်းကဲ့
ဆိပ်ကျပ်လို့ ဆင်ချောင်
ဆင်ပိန်ကေလည်း ဆိတ်ထက်သန်
အဆောက်ထက် အမောက်ကြီး
အိမ်ကလဆွီး မောင်းကာကြီး
ကြီးလီ ချဉ်လီ သံဖရာသီး
မုဆိတ်ထက် သွားရှည်
မျက်ကန်း မှန်ပြ
နှမ်းတစိနှင့် ဆီမဖြစ်
တဖောင်ဝါးကို တလုံးတည်းနန့် မကန်ကဲ့
နီမြင့်လီ အရူးသဲလီ
ဝကန်
ပရွက်စိတ်ကမလာဘဲ သကာက အပြန်လား
အားနာကေ ၀မ်းကြီးရေ
ထမင်းမစားဘဲ ၀ရေ
ထမင်းညီးယာလား
ထမင်းကို ၀အောင်စားထား
မိုးကောင်းတုန်းခါ ရွာရာရွာ
သီချင်ရေနွား တောနားယောင်
ဆူအောင်ကစောင့် နပ်အောင်မစောင့်
စိတ်ကောင်း အခေါင်းကျန်
ကိုယ်ထွန်နွား အဘိုလား အမလားမသိ
မောင်းမောင်ချစ်စွာ ငါဆိရေ
ငပိလိုလား ဆားလိုလား
ယောက်မတုံးလားယာ
မပွင့်ဘဲ မသီး
မပြော မပြီး မတီး မမြည်
အလုပ်မဟိ ကြောင်ရီချိုး
လင်လိုချင်လို့ ၀မ်းခဲကွန်ဆောင်
ခိုးစားစွာ ဖုံးမရ
အ၀ီးကလာ ရဲရဲ
အိမ်ကိုရောက် မဲမဲ
ငါ့သမီးလှရေဆို စာန်ဂိုးထက်မှာ တက်လို့က
သိရာသိစီ မမြင်စီကဲ့
မရွတ်ပိုင် အဖျားချူး
အကောင်ကြီးလို့ အလီးမစီး
မစားရဘဲ ယနာနာ
စားခါငကျော် ယော်ခါငကျီး ထောင်မှာကျ လကန်းကြီး
နတ်ကြမ်းကို ပတ်ကြမ်းနန့်လိုက်
အရည်များ အဖတ်ပါ
သူ့အရိုးနန့် သူ့ကိုထိုး
အိပ်နီစွာလား မှိတ်နီစွာလား
လိုက်လီ ၀ီးလီ
မှိုရမျက်နှာ
ပုရစ်မျက်နှာ ပြုတ်မနူး
ကြည့်လိုက်ကေ ကြဲစီကြဲစဲ
စပါးကောင်းကေ ထောင်
မညင်းကောင်းကေ လဲ
တနပ်စာကို တသက်စာထင် ခွီးအမြင်
ဝါကြီးမပေါင်းယင့် ၀ါကြီးစားယင့်
နတ်ပြည်ပြ ကြွက်တွင်းမြင်
ကြိုက်စွာက တယောက် လိုက်စွာက တယောက်
တကိုင်တည်း ငပိ
ခွီးရုးကို စိုးမတိုက်ကဲ့
မျောက်ပြလို့ ဆန်တောင်း
စားရက သကာ မစားရက ငပြာ
ဆန်စိုင်တိုင်း ကျမွိမလိုက်နိုင်
ဒဿဂီရိပိုင် ဂေါင်းဆယ်လုံး
ကာလီမယ်တော်ပိုင် လက်ဆယ်ချောင်းပါမှ
အလှဆင် မျောက်ဖြစ်
ဆံပင်က အမြစ် မုဆိတ်က ထွက်
လောင်းနံ ထုံးသုတ်
ဘုရားကို ရွှေကပ် မယားကို ရွှေဝတ်
ပြောခါ ဒီမိုကရေစီ
လုပ်ခါ လီမိုကရေစီ
ပြောခါ ချစ်ကြည်ရေး၊ လုပ်ခါ နဖူးပြဲ ဒူးကွဲ
မှားမှန်းသိခါ ၀မ်းကြီးယာ
အသွင်ချင်းတူကေလဲ့ အသံချင်းမတူ (ဖားနှင့် ခြင်္သေ့)
အရောင်ချင်းတူကေလဲ့ အကောင်ချင်းမတူ (ဆင်နှင့် ချီးပိုး)
အာရီယံလည်း အသားမဲ
မဲရာမဲလည်း ဆီခဲ
ပါရမီကျင့် သကြားမင်း ဒယောမရ ထွက်ပြီးဖို့ကျ
တောင်ကအောက်ချင်း ပြားကိုဆင်း
ပြားကလူလည်း အယူလွဲလို့
တောကြိုတောင်ကြား ၀င်လတ္တံ (ရခိုင်ရာဇ၀င် ၉၉ လတ္တံ)
အိမ်အောက်က အိမ်ထက်ကိုလူးကျ
အလားမတော် တလှမ်း
အစားမတော် တလုပ်
(ကျုပ်ကျွံကေ လှုပ်မကျွတ်
နှုတ်လွန်ကေ ဖြုတ်ထုတ်သတ်)
ကြောင်မွီးကေ ခွီးမဟုတ်
ခွီးမွီးကေ ကြောင်မဟုတ်
မပုတ်ပဲ မနံ
ဆတ်ချောင်း ဆင်လာ
ကြီးကေလည်း ဈီးနည်း (ဘူးသီး၊ သခွားသီး)
ပြောင်တိုင်းလည်း သံမဟုတ်
ကျည်ကုန် သနတ် တုံးပိုင်းထက်လီး
ဝါးတုတ်ကို စေတီမှတ် တနိ သုံးခါ ရှိခိုး
မကောင်း ကျောင်းပို့
လှုပ်လီ မြုတ်လီ
ပိန္နဲသီးဒုတ်သတ်
မသိသူ ကျော်လား သိသူ ဖော်စား
ဇာတိနာ ဖျောက်မရ
ဗျိုင်းပိုင် လီခံလို့ သားပေါက်
အိုးကိုကြည့် ခွက်ကိုမြင်
ဆရာမပြ ငပိဖုတ် နည်းမကျ
အိမ်သျှင်ကို မျောက်နှင်
ကိုယ်မွီးဇပ်ခွီး ကိုယ့်ပြန်ကိုက်
မျောက်သစ်ကိုင်း လက်လွတ်
လိပ်ကို ရီမှာလွှတ်
ကဏန့်ပိုင် ဘေးတိုက်လား
လပ ကဏန့်
ကဏန့်ကို ဒီးဒုတ်သောက်ယှောင်
အပေါက်ရှာမရ
မရခါ ဆံကိုင် ရခါ ခြီကိုင်
ဝက်ကို အစာကျွေးခြင်းသည် ချစ်၍မဟုတ်
ပေါ်လောင်းတက်စီး
တက်လာအစိုးရ ငါ့အစိုးရ
ကျင်ကိုင်မည်ဆို ထိုင်နီရေ
ဓါတ်ပုံရိုက်ကေ ဂိုက်ချေနန့်
ပေါင်တံလှုပ်လှုပ် ဇီးကွက်ရုပ်
ပညာဟိ ဂျိဝိဂျီဝါ
နဖူးပြောင်ပြောင် ထိပ်ပြောင်ပြောင်
ဆိတ်လစိကို ဆီဆွတ်ယောင်
လုပ်ပိုင်မဖြစ်လျှင် ဖြစ်ပိုင်လုပ်မည်
ငါလုပ်ယှောင် မလုပ်ကဲ့ ငါပြောယှောင် လုပ်
လမ်းမသိ ခွီးနောက်ကလိုက်
ထုတ်မှာသတ် ယောက်မှာသတ်
ရန်သူလားကေ ဇာမှာလဲ ဇာမှာလဲ
ရန်သူလာကေ အဘာလဲ အဘာလဲ
လင်းဆွဲပိုင်ယှောင် မြီကြီးကို ကောင်းခင်ထင်
အယင်ခါ ကျင်သန် အခု ဖင်ခံ
လွတ်လပ်ရေးလိုချင် ရခိုင်စာကိုသင်
ရခိုင်စကားတည်တံ့မှ ရခိုင်သားလည်း တည်တံ့မည်

No comments:

Post a Comment