Monday 15 August 2011

မြန်မာရန်ကြောင့် ရမ်းဗြဲကျွန်းမှ ထွက်ပြီးလာရသော ရခိုင်ကဗျာတပုဒ်

ကံဆိုမိုးမှောင်၊ ကျယင်းနှောင်၍၊ ပြည်ထောင်ရက္ခ၊ ချက်မြှုပ်မှလျှင်၊ များလှရန်စွယ်၊ အန္တရာယ်ကို၊ ယှောင်ဖယ်လိုဘိ၊ ထိုအသိကြောင့်၊ မိမိနီရာ၊ ဖောင်းခါးရွာက၊ လျှင်စွာအပြီး၊ လောင်လှီကြီးနှင့်၊ ခရီးရီပြင်၊ သီဒါခွင်ကို၊ ---------၊ ရီနီဆိုးကြမ်း၊ ငါးမန်းငါးဆင်၊ ငါးဘုရင်လည်း၊ လောင်းတွင်လာကပ်၊ ရန်မူလတ်၍၊ သတ်မည်အယောင်၊ ခေါင်းကိုထောင်လျှက်၊ မျောလာငြားကျင်၊ ရင်ဆိုင်တွိရ၊ ငိုမိရ၏၊

ပြည်မှအထွက်၊ အနောက်ဘက်သို့၊ တည်လျှက်လောင်းကို၊ နီညိုညိုတွင်၊ လီချိုပြင်းထန်၊ ထလတ်ပြန်၍၊ မမှန်ဥတု၊ ရာသီလုချိန်၊ မိုးမငြိမ်ဘဲ၊ ထသည့်လှိုင်းဆိုး၊ ယက်ခေါက်ကျိုးကာ၊ အိမ်မိုးခေါင်သွင်၊ တောင်ယောင်ထင်၏၊ 

သမုဒ္ဒရာ၊ ခရီးမှာမူ၊ များစွာဖီးရန်၊ အတန်တန်ကြောင့်၊ ကြံဖန်ကြိုးကုတ်၊ နောက်ပြန်ဆုတ်လည်း၊ အယုတ်များစွာ၊ မသမာနှင့်၊ ဆိုင်ကာဖီးတွိ၊ သီနိစီဖို့၊ လားမိလားရာ၊ လားလီပါသော်၊ ကြီးစွာရန်မီး၊လှိုင်းလီကြီးနှင့်၊ ခရီးထွက်လာ၊ ငါးရက်ကြာသည်၊ ကျွန်းသာအနောက်သို့ရောက်လီရေ၊၊

ထွက်လာပြီးနောက်၊ ကျွန်းသို့ရောက်လည်း၊ ၀မ်မြောက်စရာ၊ မဟိပါတည်း၊ ကျွန်းမှာကျွန်းရိုင်း၊ တောခြုံဆိုင်း၍၊ အုံမှိုင်းထူထပ်၊ ကြားမလပ်ပဲ၊ ထွီးညှပ်ယှက်ပွီ၊ -----၊ များသည်သရဲ၊ တောကျွဲမြွီကျား၊ ဖီးရန်များကာ၊ ဟိငြားမကန်၊ ကျွန်းရိုင်းမှန်၏၊ တန်တန်ရန်သူ၊ ရီ၌မူလည်း၊ တောဆူမီးကျောင်း၊ ကြောက်ဖွယ်ကောင်း၏၊ တကြောင်များထူ၊ ကြွက်ရန်သူလည်း၊ ဆူပူသောင်းကျန်း၊ တောခြုံလွှမ်း၍၊ စိတ်နွမ်းမအီး၊ ထိုရန်မီးကြောင်း၊ အသီးအနှံ၊ ဆုံးရပြန်သော်၊ စားရန်ဝမ်းစာ၊ မလောက်ပါ၍၊ ရန်ခါဆက်ပြတ်၊ ထမင်းငတ်၏၊ လိုက်လတ်ဝိဘက်၊ ထိုဒဏ်ချက်မှ၊ ကျွတ်ထွက်စီလို၊ တောင်းဆုဆိုရေ၊ နောင်ကိုသတိ၊ ၀ဋ်မငြိအောင်၊ အသိဓမ္မ၊ ဟိကတ်မှရာ၊ လွတ်ဟိပါမည်၊ တောရိုင်းထဲတွင်၊ ဖီးကိုမြင်၍၊ ပြန်ချင်သောဇော၊ သဘောပေါ်မိ၊ အာရုံဟိလည်။၊


မရွိနိုင်ပါ၊ သီတာခြားသည်၊ ဇာမှာဇာသို့၊ လားဖို့လမ်းပင်၊ မှန်းမမြင်ဘဲ၊ အရှင်ငရဲ၊ ရခိုင်ခွင်ကို၊ ပြန်ဝင်ရေးကား၊ တွေး၍မရ၊ ဘ၀ဇာပိုင်၊ အေလူရို့မှာ၊ မတွိနိုင်ပါ၊ ထွက်လာချိန်တွင်၊ စိတ်ဘ၀င်လည်း၊ မရွှင်ညှိုးနွမ်း၊ မျက်ရည်သွန်းလျှက်၊ တတမ်းတတ၊ ရိပန်းလှ၏၊ ထွက်ရအခက်၊ နီအခက်နှင့်၊ မသက်မသာ၊ လားရပါလျှက်၊ ဆရာသျှင်ကောင်း၊ ရွာဦးကျောင်းက၊ ဦးနန္ဒကို၊ မလျှောက်ခရ၊ တရက်မျှနှင့်၊ စုရအိမ်ဝန်၊ ဆန်ဆီငပိ၊ ဆုံကျမွိနှင့်၊ ၀ါစိမျိုးမှန်၊ ပိုက်ကွန်ယက်သဲ့၊ စုံအောင်ထည့်၍ ၊ မမိမကျန် ၊ ယူရပြန်၏ ၊ ဆိုးလှဇာတာ၊ ချက်မြှုပ်ရွာတွင်၊ နီချင်ပါလည်း၊ မနီခရ၊ ထွက်ပြီးရရေ ၊ ဒုက္ခဖုံဖုံ၊ ခံရပုံကို၊ စိစုံသိရန်၊ ရွီးရပြန်သည်၊ အမှန်ငါရို့ပွဲတွိတည်း၊

အပြည့်အစုံကို ၀ရာဇ်မြီမဂ္ဂဇင်း အမှတ် (၃) တွင် ရှာဖတ်၍ မပြည့်စုံသည်များကို ဖြည့်စွက်ပီးစီချင်ပါသည်။ 

ရခိုင်တခွန်းမပါသော ရခိုင်ဝံသာနုစာပီမဂ္ဂဇင်းမှ ဗြန်းစိကာရသတ်ပုံများကို ပြန်လည်တည်းဖြတ်ထားပါသည်။

Arakan music မှ ကူယူထားပါသည်။

No comments:

Post a Comment