Saturday 20 August 2011

ရက္ခိုင်စကားပြင် ကျောက်စာတချပ်

ရက္ခိုင်စာပီတွင် ရတု၊ ဘွဲ့၊ ဧခြင်း၊ သာခြင်း၊ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်းရို့ အများကြီးဟိသည့်ပိုင်ယှောင် ရက္ခိုင်စကားပြင် အရွီးအသားဖြင့် ရွီးထားသော ဇာတ်တောများ၊ နိပါတ်တော်များ၊ ကျောက်စာ၊ မော်ကွန်းများလည်းဟိပါသည်။ 

ရက္ခိုင်ရို့တွင် မြန်မာရို့က “စကားပြေ” ဟု ခေါ်သော ကဗျာလင်္ကာကဲ့သို့ ကာရန်ယူရန်မလိုသော အစီအကုံးမျိုးကို “စကားပြင်” ဟု ခေါ်ကြောင်း လူကြိးသူမများ ပြောစကားကို ကြားဖူးပါသည်။

သို့သော် ယခုအခါ၌မူ မြန်မာစာပီနှင့် အက္ခရာအရောအနှောဟိလာသည်က တကြောင်း၊ ကိုယ်ရို့ရခိုင်စာပီကဏ္ဍကို သမိုင်းဝင်မသုံးနိုင်သည်က တကြောင်း၊ ထို့ကြောင့် “စကားပြင်” ဟု မခေါ်ကတ်ဘဲ စကားပြေဟုပင် ဟောလေ့ဟိလာပါသည်။

ရက္ခိုင်ရှိမူအရ ပြောသောစကားရို့ကို အကျွန်ုပ်ရို့သည် ကိုယ်ရို့စာပီအတွက် ခိုင်မာစွာ ဘောင်သတ်မြှင့်တင်လာအောင် ပြန်၍သုံးနိုင်အောင် ကြိုးစားရမည်ဖြစ်ပါသည်။

ထို့ပြင် အကျွန်ုပ်ရို့ ရက္ခိုင်ယဉ်ကျေးမှုတွင် အမျိုးခြားရို့ စာပီယဉ်ကျေးမှု အများကြီး ဝင်ရောက်ရောနှောလျှက် ဟိနီသိမ့်မည်ဖြစ်ပါသည်။

(၁၃၂၃) ခု၊ ဒုတိယတန်ခူးလထုတ် (၁၉၆၁-ခု၊ မေလထုတ်) ခေတ်ရှိဆောင်စာစောင် အတွဲ (၁)၊ အမှတ် (၂)၊ စာမျက်နှာ (၅) တွင် မောင်တန်သျှင်ရွီးသော “ဖောက်ပြန်နီသော ရခိုင်စကားအချု့” ဆောင်းပါး၌ ဖော်ပြထားသကဲ့သို့ ရခိုင်စကားပြော  လောကတွင် ဖောက်ပြန်နီသော စကားများဟိလာရာ အကျွန်ုပ်ရို့အဖို့ ယင်းသို့သော စကားများကို ရှာ၍စီးစစ်ကာ ပယ်ထုတ်သင့်က ပယ်ထုတ်ပစ်ရမည်ဖြစ်ပါသည်။

တဆက်တည်း၌ ထိုသို့ ပစ်လိုက်သောနီရာတွင် “မူမှန်သောစကားများကို အစားထိုးရမည်ဖြစ်ပါသည်။ သို့သော် စာပီနယ်မြီကျယ်ပြန့် လာစီရန်အတွက် သိမ်းသွင်းရန်လိုအပ်မည့် စကားများကိုမူ ဆင်ဆင်ခြင်ခြင် စဉ်းစား၍ လက်ခံသိမ်းယူရမည်ဖြစ်ပါသည်။

ယခု အကျွန်ုပ်တင်ပြမည့် ရက္ခိုင်စကားပြင် ကျော်စာမှာ မြောက်ဦးခေတ် အလယ်ပိုင်း၌ ရွီးထိုးထားခသော ကျောက်စာတချပ်ဖြစ်ပါသည်။

ယင်းကျောက်စာတွင် ရွီးထွင်းထားသော အက္ခရာပုံစံမှာ ယခုခေတ်တွင်သုံးနီသော ရက္ခိုင်အက္ခရာပုံစံဘက်သို့ တရက်ထက်တရက်၊ တနိထက်တနိ ပြောင်းနီတုန်းကာလဖြစ်ပါသည်။ (ရ၊ န၊ အ၊ စ) စသော အက္ခရာတလုံးနှစ်လုံးလွဲ၍ ကျန်အက္ခရာများမှာ ယခုခေတ်သုံးအက္ခရာနှင့် တူနီပြီဟု ဆိုနိုင်ပြီးဖြစ်သည်။

ကျောက်စာ၏စကားပြင် အရွီးအသားကို မူရင်းအတိုင်းတင်ပြဆိုလျှင် ဤကဲ့သို့ဖြစ်ပေသည်။

(သက္ကရာဇ် ၁၉၅၅ ခု တပို့တွဲလဆန်း ငါးရက် ၄ နိ နရာဓိပတိ ရွှေနန်းသျှင် မိန့်တော်မူသော ဝါဆိုဝ်လတွင် အလိုတော်ပြည့်မည်ဟူ၍ ဆိုသည်မှန်သောကြောင့် ပု​ဏ္ဏမဏိဓေါက်ကို ကင်ပြင်ရွာတွင် ဟိန်ဒုသော ရောနှောမောအဝင် ၅ သျှည်း ၃ ပဝါ လှူတော်ပြုသည် လယ်ကို သာစိုင်မြီဆက်စာစီဟူ၍ ကိပဲထာသည်၊ ရှိတော်ခံ ငရှုအ ငရဲနှစ်ယောက် အသံချသည် သံကျသံပေါက်ထက်ပြင်အတောင်အမှတ်မယူ ပီ၏) ထိုမူရင်းကို ရက္ခိုင်စကားပြင်ဖြင့် တဖန်ဖော်ပြရမည်ဆိုလျှင် (သက္ကရာဇ် ၆၅၅ ခု၊ တပို့တွဲလဆန်း ငါးရက် ၄ နိ၊ နရောဓိပတိ ရွှေနန်းသျှင်မိန့်တော်မူသော ဝါဆိုလတွင် အလိုတောပြည့်မည်ဟု ဆိုသည်မှန်သောကြောင့် ပုဏ္ဏားမဏိဓါတ်ကို ကင်းပြင်ရွာတွင် ဟိန်ဒူသော ရောမောနှောအဝင် ၅ သျှည်း၊ ၃ ပဝါ လှူတော်ပြုသည်။ 

လယ်ကို သားစိုင်မြီးဆက်စားစီဟူ၍ ကမ္ဗည်းထားသည်။

ရှိတော်ခံ ငရှူအာ၊ ငရဲ နှစ်ယောက်အသံချသည်။
သံကျအပေါက်ထက်ပြင် အတောင်းအမှက်မယူ ပီး၏) ဟူ၍ ဖြစ်ပါသည်။
စာအရွီးအသားမှာ ရက္ခိုင်စကား၊ ရက္ခိုင်အက္ခရာဖြစ်သည်။

“သားစိုင်မြီးဆက် စားစီ” ဟူ၍ “အတောင်းအမှတ်မယူ ပီး၏” စသည်ဖြင့် ရက္ခိုင်အသုံးအနှုန်း၊ ရက္ခိုင်မူ မှန်မှန်ရွီးထားသော အရွီးအသားဖြစ်သည်။

ဤကျော်စာကို ၁၉၅၂-၅၃ ခုထုတ် ရခိုင်တန်ဆောင်မဂ္ဂဇင်း၌ မြောက်ဦးမြို့၊ ကျောက်စာပညာဟိ ဆရာကြိးဦးသာထွန်းက ဆောင်းပါးရွီး၍ တင်ပြဖူးပါသည်။ 

ယင်းဆောင်းပါးတွင် ဤကျောက်စာကို ‘နရာဓိပတိမော်ကွန်း’ ဟု နာမည်ပီးထားပါသည်။
ဤမော်ကွန်း၏အဓိပ္ပာယ်မှာ သက္ကရာဇ် ၉၅၅ ခုနှစ်၊ ဘဝသျှင် နရာဓိပတိ မင်းဖလောင်းကြီးသည် ပုဏ္ဏားမဏိဓေါတ် ပုရောဟိတ် ဟောကြားချက်အတိုင်း ဝါဆိုလတွင် အလိုတော်ပြည့်သဖြင့် ပုရောဟိတ်အား ကင်းပြင်ရွာတွင် လယ်အပိုင်စားပီးသည်။ 

ပုဏ္ဏားအားပီး သောလယ်ကို ပုဏ္ဏား၏သားစိုင်မြီးဆက်တိုင်အောင် စားစီရမည်။

လယ်မှရသော ကောက်ပဲသီးနှံရို့ကိုလည်း ရှိတော်ခံသူရဲငရှူအာ၊ ငရဲ၊ နှစ်ယောက်က ကောက်ခံ၍ ပုဏ္ဏားအားအပ်ရမည်။

ထိုသူရဲ ရှိတော်ခံနှစ်ယောက်သည် သံတော်ချသည်ထက်အပြင် တခြားအတောင်းအမှတ် ဘာဘ်စားခြင်း၊ တံစိုးလက်ဆောင်ယူခြင်း မလုပ်ရ) ဟု အမိန့်ထုတ်ထားခြင်းကို ရွီးထိုးထားသော မော်ကွန်းကျောက်စာဖြစ်သည်။

ဤကျောက်စာကို လေ့လာခြင်းအားဖြင့် ရက္ခိုင်သက္ကရာဇ် ၉၅၅ ခု၊ မြောက်ဦးခေတ် အလယ်ပိုင်းကာလက ရက္ခိုင်စာကို အခိုင်အမာသုံးလျက်ဟိကြောင်း၊ အက္ခရာပုံစံမှာလည်း အခုခေတ်သုံး ရက္ခိုင်အက္ခရာနှင့် အလွန်တူနီပြီးဖြစ်ကြောင်း၊ အခုခေတ်သုံး ရက္ခိုင်အက္ခရာမှာ ယင်းအက္ခရာမှ ပြောင်းလာသော အက္ခရာဖြစ်ကြောင်းကို သိနိုင်မည်ဖြစ်ပါသည်။

ထိုမှ တဆက်တည်း အခုခေတ်သုံးအက္ခရာမှာ ရှိရက္ခိုင်အဇူအဇာကပင် သုံးလာလတ်သော ရက္ခိုင်စာပီအက္ခရာ ဖြစ်ကြောင်းသိနိုင်ပါသည်။

(ဥက္ကာမင်းညို)

မှတ်ချက်။ ။ ဤကျောက်စာကိုလေ့လာကြည့်ခြင်းဖြင့် (နိ) လား (နေ့) လား၊ (ပီး) လား (ပေး) လားဆိုသည်ကို အတိအကျ လေ့လာတွိသိနိုင်ပါသည်။

“ရခိုင်ပြည် သီးခြားလွတ်လပ်ရေး” ဟု အာခေါင်ကွဲအောင် ကျွီးအော်နီပြီး ကိုယ့်ရခိုင် (နိ) (ပီး) (လား) (တွိ) (သွီး) (မွှီး) (ဝီး) (အီး) စသည်ဖြင့် ကိုယ်ပိုင်ရခိုင်ဝေါဟာရများဟိပါလျှက်သားနှင့် ယောက်ဖစကားဖြစ်သော (နေ့) (ပေး) (သွား) တွေ့) (သွေး) (မွှေး) (ဝေး) (အေး) စသည်ဖြင့် ယောက်ဖဝေါဟာရများဖြင့် ရွီးထားသောစကားကိုပင်လျှင် ရခိုင်စာဟု အသျှင်ခံကာ အရှက်မဟိ ခိုးယူသုံးစွဲနီသူ (ဂေါင်းကွဲ ထိပ်ပေါက်) များကို လမ်းတိုင်းကြောင်းတိုင်းမှာ မျက်နှာပြာပြာ အော့အံချင်စရာ မြင်တွိနီရပါသည်။ 

တိုင်းပြည်နှင့်လူမျိုးကို ရောင်းစားလို့ ခြီခန့်သိမ့်လား ဂေါင်းကွဲထိပ်ပေါက်များ။

No comments:

Post a Comment