Tuesday 30 August 2011

ကျွန်ဇာတ်ကို အခမဲ့ကူလီထမ်းခြင်း

ဘင်္ဂလားဒေခ်ျ့နိုင်ငံတွင် ရခိုင်လူမျိုးမပပျောက်ရေးစီမံကိန်းအဖြစ် (ကံဂိုဏ်း၊ ဒွါရဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း) အစဟိသော မြန်မာဘာသာရေး(ဂိုဏ်းဂန) များမှ အမွီဆက်ခံရခိုင်သံဃာတော်များဦးစီး၍ မြန်မာဂိုဏ်းဝင်ဘုန်းတော်ကြီးကျောင်းများ၌ ရခိုင်စာပီသင်ကြားရေးကို ဦးစီးဆောင်ရွက်နီကြောင်းသတင်းကြားသိရပါသည်။
မကြာခင်က ၄င်းမြန်မာဂိုဏ်းအောက်ခံ ဆရာတော်ကြီးများက မဟားစိုးရခိုင်ရွာတွင် အစည်းအဝေးပြုလုပ်ကြောင်းသတင်းကြားသိရပါသည်။
ထိုအစည်းအဝေး၌ မြန်မာလိုလားသူဂိုဏ်းအုပ်စုက မဲအများအနိုင်ရသဖြင့် ဆရာကြီးမောင်ဘသိန်းရွီးသားပြုစုသော (ရခိုင်သင်ပုန်းကြီး) စာအုပ်ကိုပါယ်ချ၍ လက်ဟိမြန်မာစစ်အစိုးရက ပြဌာန်းထားသော မြန်မာကျောင်းသုံးသင်ပုန်းကြီးကိုပင် ဆက်လက်သင်ကြားပို့ချမည်ဟု သတင်းရဟိပါသည်။ 
ထို့ကြောင့် လေ့လာသူများက (ယင်းပိုင်ဆိုကေ ရခိုင်စာဖြစ်လာဖို့ကမဟုတ်၊ မြန်မာစာရာဖြစ်ဖို့။
ရခိုင်ချေတိလည်း များမကြာ မြန်မာ (ဗမာ) ချေတိဖြစ်လီကတ်ဖို့ယာ) ဟု စိုးရိမ်စိတ်ဖြင့် ဝေဖန်သုံးသပ်နီကတ်ပါသည်။
သို့သော် ဆရာတော်ကြီးများမှာ မြန်မာဘာသာရေးဂိုဏ်းဂနများ၏အစွယ်အပွါးဖြစ်သည်ကတကြောင်း၊ မြန်မာလိုလားသည်က တဖုံ။
မြန်မာစစ်အစိုးရဘားမှာ မျက်နှာလိုမျက်နှာရဖြစ်ချင်သည်တကြောင်း စသည်ဖြင့် ရခိုင်ကျောင်းသုံးစာအုပ်ကို ပါယ်ချ၍ မြန်မာကျောင်းသုံးစာအုပ်ကိုရာ ပို့ချဖို့ ဆုံးဖြစ်ကြောင်းသိရပါသည်။
(ယင်းပိုင်ဆိုကေ ရခိုင်စာသင်ကြားရေးလို့ ဂေါင်းစဉ်တတ်ဖို့က မလို၊ မြန်မာစာသင်ကြားရေးလို့ ဂေါင်းစဉ်တပ်ကေ အစွာဖြစ်ဖို့လဲ) လို့ ပြောသောအခါ ရခိုင်လူထုဝေဖန်စွာလာဖို့စွာကိုကြောက်လို့ (ရခိုင်စာပီသင်ကြားရီး) ဟု ဘန်းပြနာမည်တပ်ကြောင်းသတင်းကြားသိရပါသည်။ 
ယင်းသို့ ရခိုင်လူမျိုးများအတွင်း အထူးသဖြင့် မြန်မာဂိုဏ်းဂနများဖြစ်သော(ကံဂိုဏ်း၊ ဒွါရဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း) ၏အစွယ်အပွားသံဃာထုအကြား ကျွန်စိတ်ဓါတ်များအလွန်ပြင်းထန်နီပါသဖြင့် (မကြာခင်ရခိုင်လူမျိုးကွယ်ပျောက်ဖို့ဗျာ) ဟု လေ့လာသူများက ထင်မြင်ယူဆနီကြောင်းကိုလည်း သတင်းကြားသိရပါသည်။

arakanmusicဆိုဒ်မှ ကူယူထားပါသည်။

No comments:

Post a Comment