Tuesday 30 August 2011

ALD (Japan) အထွေထွေအတွင်းရေးမှုး ကိုလှအေးမောင်နှင့် တွိဆုံခန်း

ကိုလှအေးမောင်သည် ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ရောက်သည်။
၎င်းနောက်ပိုင်း ဂျပန်ရောက် ရခိုင်သားများဖွဲ့စည်းသော ရခိုင်လူမှုရေးအသင်း(ဂျပန်)တွင် ပြန်ကြားရေးမှုးအဆင့်မှ အတွင်းရေးမှုးနှင့် ဥက္ကဌတာဝန်ယူခသည်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်) ဒုတိယအကြိမ်ဖွဲ့ချိန်တွင် ကိုလှအေးမောင် အတွင်းရေးမှုးဖြစ်လာသည်။
၂၀၀၆ ခုနှစ်တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (Association of United Nationalities Japan) တွဲဘက်အတွင်းရေးမှုး (၁) အဖြစ်တာဝန်ယူပြီး ၂၀၀၇ ခုနှစ်တွင် အထွေထွေအတွင်းရေးမှုးတာဝန်ယူသည်။

ကိုလှအေးမောင်သည် တော်လှန်ရေးကဗျာဖြစ်သည့် “အရေးတော်ပုံ ကဗျာ” လုံးချင်းစာအုပ်နှစ်အုပ်ကို ဂျပန်တွင် ထုတ်ဝီပြီးဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် Overstay ကြောင့် ဂျပန်လူဝင်မှုကြီးကြပ်ရေး၏ထိမ်းသိမ်းခြင်းကိုခံရကာ ဂျပန်နိုင်ငံထောင်တွင် ၁၈ လတိတိ ထောင်ချခံရသည်။
ယခုအချိန်ထိ ဂျပန်တွင် တရားဝင်နီခွင့်မရသိမ့်ဘဲ တရားယုန်း၌ အမှုရင်ဆိုင်နီရဆဲဖြစ်သည်။ 
ကိုလှအေးမောင် အတွင်းရေးမှုးအဖြစ်တာဝန်ယူဆောင်ရွက်နီသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)သည် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် တခြားမဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲပြီး ဂျပန်တွင် အားကြိုးမာန်တက်လုပ်ဆောင်နီသော အဖွဲ့အစည်းတခုဖြစ်သည်သာမက ရခိုင်သားများ၏သာရေးနာရေးကိစ္စများအားလည်း တတ်နိုင်သည့်ဘက်က ကူညီဆောင်ရွက်နီသော အဖွဲ့အစည်းတခုဖြစ်သည်။ 
ဂျပန်နိုင်ငံတွင် အီးအီးချမ်းချမ်းနီထိုင်နိုင်သော်လည်း ကိုယ်ကျိုးကိုဖယ်၍ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နီသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အဖွဲ့ဝင်များအားဂုဏ်ပြုလိုသဖြင့် ယခုအပတ်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) မှ အထွေထွေအတွင်းရေးမှုးကိုလှအေးမောင်နှင့် တွိဆုံခန်းကိုဖေါ်ပြလိုက်ပါသည်။

NN ။ လက်ဟိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဂျပန်) ၌ ပဇာတာဝန်ယူထားပါရေလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အထွေထွေအတွင်းရေးမှုးတာဝန်ကို ယူထားပါရေ။

NN ။ ပဇာနှစ်ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ကို ဖွဲ့ပါရေလဲ။
ဖြေ။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ကို ဥက္ကဌဦးထွန်းဝေနှင့် အတွင်းရေးမှုးဦးဇော်မင်းခိုင်ရို့ ဦးဆောင်ပြီးကေ ၂၀၀၃ ခုနှစ်နိုဝင်ဘာလ (၁၆) ရက်နိမှာ ပထမအကြိမ်ဖွဲ့ပါရေ။
ဒုတိယအကြိမ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၁၇) ရက်နိမှာ ဖွဲ့ပါရေ။

NN ။ ပဇာရည်ရွယ်ချက်နန့် ဖွဲ့ပါရေလဲ။
ဖြေ ။ ဖွဲ့ရခြင်းရည်ရွယ်ချက်က အောက်မှာပါရေအတိုင်းပါ။
(က) မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေးနှင့် ဒီမိုကရေစီအခွင့်ရေးများကို အတိအလင်းအာမခံပြီး တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်။
(ခ) ရခိုင်သားရို့၏လူနီမှုအဆင့်အတန်းမြှင့်တင်ရန်။
(ဂ) ရခိုင်သားရို့၏ဓလေ့ထုံးစဉ်၊ စာပီယဉ်ကျေးမှုများကို ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးသိနားလည်နိုင်စီရေး ဖေါ်ထုတ်တင်ပြရန်။
(ဃ) ဂျပန်နိုင်ငံဟိ ရခိုင်သားများစည်းလုံးညီညွတ်ရေးနှင့် လူမှုကောင်းစားရေးကိုဆောင်ရွက်ရန်။
(င) စစ်အာဏာသျှင်စနစ်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်နီသော တိုင်းရင်းသားလူမျိုးများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲဆောင်ရွက်လားရန်ဖြစ်ပါသည်။

NN ။ နိုင်ငံတိုင်းမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဌာနခွဲတိနန့် ဇာပိုင်ဆက်စပ်လှုပ်လျှားနီပါရေလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဗဟို) တော်လှန်ရေးနယ်မြီ (ထိုင်းနယ်စပ်) မှာ ဟိစဉ်ကာလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) နန့် ပြည်ပဌာနခွဲအသီးသီး ဆက်စပ်လှုပ်လျှားမှုဟိပါရေ။ ယခုအချိန်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို) က ဆက်စပ်လုပ်ကိုင်မှုအပိုင်း၊ ညွန်ကြားမှုအပိုင်း အားနည်းဗျာ ခေါင်းဆောင်မှုအားနည်းနီရေလို့ ထင်ပါရေ။

NN ။ ဂျပန်မှာ ဘ၀တူတိုင်းရင်းသားလူမျိုးအဖွဲ့စည်း အတော်အသင့်ဟိစွာကို တွိရပါရေ။
သူရို့နန့် လက်တွဲဆောင်ရွက်မှုတိ ဟိကတ်ပါရေလား။ 
ဟိကေတချက် ပြောပြပီးစီချင်ပါရေ။
ဖြေ ။ ဂျပန်နိုင်ငံမှာ ဘ၀တူတိုင်းရင်းသားလူမျိုးတိနန့် စုပေါင်းဖွဲ့စည်းထားရေ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ Association of United Nationalities in Japan (AUN-Japan) ဆိုစွာဟိပါရေ။
၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုး (၈) မျိုးနန့် ယင်းအဖွဲ့ကို ဖွဲ့စည်းစွာဖြစ်ပါရေ။
ပါဝင်ရေလူမျိုးတိက ကချင်၊ ကရင်၊ ချင်း၊ နာဂ၊ ပလောင်၊ မွန်၊ ရခို်င်နှင့် သျှမ်းဖြစ်ပါရေ။ အခုလက်ဟိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အထွေထွေအတွင်းရေးမှုးတာဝန်ကို ထမ်းဆောင်နီပါရေ။ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့မှာ စုစုပေါင်း အဖွဲ့ဝင် (၂၂၀) ကျော်ဟိပါရေ။

NN။ လက်ဟိကြားနီရရေသတင်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) အတွင်းမှာ ပဋိပက္ခတိ၊ အက်ကြောင်းတိဟိနီလို့ ကြားပါရေ။
ညီလာခံခေါ်ဖို့သတင်းလည်း ကြားပါရေ။
ယင်းချင့် အမှန်ပါလား။
ဖြေ ။ လက်ဟိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ပြည်ပ) အတွင်းမှာ ပဋိပက္ခဟိနီစွာ အမှန်ပါ။
ခေါင်းဆောင်ပိုင်း Direction မှားကေ နောက်လူတိလည်းမှားပါဖို့။
ယှင်းယှင်ပြောကေ Pinion နန့် Washer နီရာမှန်ဖို့လိုပါရေ။
ညီလာခံခေါ်ဖို့ ၂၀၀၅ ခုနှစ်ကပင် ကျွန်တော်ကြားပါရေ။
ဆရာကြီးတချို့ကို တိုက်တွန်းဖူးပါရေ။
ညီလာခံခေါ်ဖြစ်ကေ (ALD Japan) မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ထည့်ဝင်ဖို့လို့ အစည်းဝေးဆုံးဖြတ်ချက်ချထားပါရေ။
ညီလာခံကတော့ (သို့လော သို့လောဖြစ်နီပါရေ)။

NN။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)၏အနာဂါတ်မျှော်မှန်းချက်များ(တနည်းပြောကေ ရှိလုပ်ငန်းစဉ်များ) သိပါရစီ။
ဖြေ ။ ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ဂျပန်)အနေနန့် နောင်အနာဂါတ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရွီးကောက်ပွဲ ကြေငြာစာတမ်းအတိုင်း ဒီမိုကရေစီနှင့်တိုင်းရင်းသားလူမျိုးများအားလုံး နီုင်ငံရေးတန်းတူရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရေးကို မျှော်မှန်းချက်ထားပြီး ဆောင်ရွက်နီပါရေ။
ရှိလုပ်ငန်းစဉ်တိကတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင်များနန့် ရခိုင်အချေသူငယ်များကို လူမှုရေးလုပ်ငန်းတိ၊ အထူးသဖြင့် Social Welfare လုပ်ငန်းတိကို မိမိရို့နိုင်ရေဘက်က ကူညီဆောင်ရွက်လားဖို့ ရည်မှန်းထားပါရေ။

NN။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀-ခုနှစ် ရွီးကောက်ပွဲမှာ ရခိုင်ပြည်အတွင်းမှာ မဲနိုင်ထားရေ ပါတီဖြစ်လို့ လူထုအားအထားရဆုံးပါတီတခုအဖြစ် သတ်မှတ်လို့ရပါရေ။
ရခိုင်လူထုအားကိုးအားထားနန့် မျှော်လင့်ချက်ထားမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဂျပန်) တာဝန်ဟိသူတယောက်အနေနန့် ဇာပိုင်ဆောင်ရွက်လားဖို့ ရည်ရွယ်ထားပါရေလဲ။
ဖြေ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို) ၏ အစိတ်အပိုင်းတခုရာဖြစ်တေအတွက် ရခိုင်လူထုအားကိုးအားထားမှုကို (ပြည်ပ-ဗဟို)က ချမှတ်ထားရေ လမ်းစဉ်နန့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်လားဖို့ ဆုံးဖြတ်ထားပြီး အတိုင်းတာတခုထိ လက်တွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါရေ။

NN။ ရခိုင်ပြည်သူတိကို နောက်ဆုံးဇာဇာပြောချင်ပါရေလဲ။
ဖြေ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ၏ နိုင်ငံရေးလှုပ်လျှားမှုပုံသဏ္ဍာန်စွာ ပါတီဝင်တဦးချင်းစီ၏ နိုင်ငံရေးသဘောတရားခိုင်မာမှုနန့် ဇာနီရာ ဇာအခြေရောက်ရောက် ကြံ့ကြံ့ခံတိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထားရေ အဖွဲ့ဖြစ်လို့ ရခိုင်ပြည်သူများမျှော်လင့်တောင်းတနီရေ နိုင်ငံရေးတန်းတူရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေးအတွက် အောင်မြင်အောင်ထိ မဟာမိတ်အဖွဲ့အစည်းများနန့် လက်တွဲပူးပေါင်းဆောင်ရွက်လားပါဖို့။

(ရခိုင်သားများ ရခိုင်စကားပြောခြင်းဖြင့်ဂုဏ်ယူပါ။ မြန်မာစကားသိပ်ပေတာဘဲ မောင်မင်း။)

No comments:

Post a Comment